သေဆုံးသွားတဲ့ အရသာကို မြည်းစမ်းနိုင်မယ့် ထိုင်းက ကော်ဖီဆိုင်

သေသွားခဲ့ရင်ဘယ်လိုမျိုးလဲဆိုတဲ့အတွေအကြုံကိုလိုချင်တယ်ဆိုရင်တော့ထိုင်းနိုင်ငံကကော်ဖီဆိုင်လေးမှာကော်ဖီသွားသောက်နိုင်ပါတယ်။ကော်ဖီဆိုင်မှာအခေါင်းတွေ၊လူအရိုးစုတွေနဲ့အလှဆင်ထားပြီးတော့စိတ်ပါရင်အခေါင်းထဲဝင်အိပ်နိုင်ပါတယ်။ အကယ်၍များသင်ဟာညကအရက်သောက်တာများပြီးအရက်နာကျနေတာကိုသက်သာစေချင်တာဆိုရင်အဲ့သည့်ကော်ဖီဆိုင်လေးကိုသာသွားလိုက်ပါ။အဲ့သည့်ဆိုင်လေးမှာကော်ဖီကိုသာမကအခြားဖျော်ရည်မျိုးစုံကိုလည်းရရှိနိုင်ပါတယ်။မွေးဖွားလာခြင်း၊ကြီးပြင်းလာခြင်း၊နာကျင်ခြင်းနဲ့သေခြင်းတရားတွေဆိုဒီကော်ဖီဆိုင်မှာရရှိနိုင်တယ်မီနူးတွေဖြစ်ပါတယ်။ မိနစ်အနည်းငယ်လောက်အခေါင်းထဲဝင်ပြီးနေမယ်ဆိုရင်တော့၁၀ရာခိုင်နှုန်းDiscountရရှိဦးမှာဖြစ်ပါတယ်။သေခြင်းတရားကိုအမြဲသတိကပ်ပြီးနေတာဟာဗုဒ္ဓဘာသာရဲ့အခြေခံအကြောင်းအရာတစ်ရပ်ဖြစ်တယ်လို့ယခုလိုသတိမူမိစေအောင်လုပ်ဆောင်တာလို့ဆိုပါတယ်။ ကော်ဖီဆိုင်ရဲ့ပိုင်ရှင်ကတော့ထိုင်းနိုင်ငံကPhdကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်လာစေဖို့သေခြင်းတရားကိုဘယ်လောက်ထိနားလည်နိုင်ဖို့လိုတယ်ဆိုတာကိုသတိမူမိစေဖို့အခုလိုပြင်ဆင်ထားတယ်လို့ဆိုင်ပိုင်ရှင်ကဆိုပါတယ်။အခေါင်းထဲဝင်ဖို့သတ္တိရှိတဲ့စားသုံးသူတွေအနေနဲ့သူတို့ရဲ့အတွေ့အကြုံတွေကိုချရေးကျပါတယ်။သူတို့ရဲ့အသုဘအခန်းအနားကိုလည်းပြင်ဆင်ပေးဖို့မေးမြန်းကျတယ်လို့ဆိုပါတယ်။အောက်မှာကော်ဖီဆိုင်ရဲ့Videoလေးတင်ပေးထားပါတယ်ဗျ Videoကြည့်ရန် credit မူးရင်းရေးသားသူအား လေးစား လျက် 

ဗုဒ္ဓလက်ထက် အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ (၅) ဦး

မိလိန္ဒပဥှပါဠိတော် (၁၀ဂ) တွင် ဂေါတမဘုရားရှင် သာသနာတော် အတွင်း၌ အ ရှင်လတ်လတ် မြေမျိုခံခဲ့ရသူ ငါးဦးရှိကြောင်း ဖော်ပြထား၏။ ထိုငါးဦးမှာ (၁) စိဉ္စမာဏ (၂) သုပ္ပဗုဒ္ဓ (၃) အရှင်ဒေဝဒတ် (၄) နန္ဒကဘီလူး…

အပြည့်အစုံ ဖတ်ရှု့ရန်…..

ဇင်ဝိုင်း ရုပ်ရှင်ရိုက်ရင်း ကြုံခဲ့ရတဲ့ မေမြို့ အခန်း ၁ က အမျိုးသမီးကိုယ်လုံးတီးသရဲ(ဖြစ်ရပ်မှန်)

တစ်ချိန်လုံးစိတ်ပျက်စရာတွေချည်းရေးနေရလို့ မိတ်ဆွေများကို အပြောင်းအလဲလေး ဖြစ်အောင်ပေါ့ပေါ့ပါးပါး အကြောင်းအရာလေး တစ်ခုပြောပြချင်ပါတယ်။ ဒီဇာတ် လမ်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကျော် ၁၉၈ဝ တစ်ဝိုက်ဆီကပါ။ အဲဒီအချိန်တုန်းက ပြင်ဦးလွင်(ခေါ်)မေမြို့မှာ ယနေ့ခေတ်လိုဟိုတယ်၊ တည်းခို ခန်းတွေအခုလို များစွာ…

အပြည့်အစုံ ဖတ်ရှု့ရန်…..

မြွေမင်းသားအငြိုး [ ဖြစ်ရပ်မှန် . . စ/ဆုံး ]

မြွေမင်းသားအငြိုး [ ဖြစ်ရပ်မှန် . . စ/ဆုံး ] ကိုအောင်မွန်တစ်ယောက် အိမ်ရှေ့ခန်းတွင် ဂနာမငြိမ် ဖြစ်နေသည်ကို ကြည့်ပြီး မိခင်ဖြစ်သူ ဒေါ်မေခင်မှာ သက်ပြင်းချလျှက် ဂရုဏှာသက်သော အကြည့်ဖြင့် ကြည့်နေမိလေသည် အခန်းထဲတွင် တအီအီနှင့်…

အပြည့်အစုံ ဖတ်ရှု့ရန်…..

အမြန်လမ်းမကြီးပေါ်က ခြောက်ခြားဖွယ်ရာ တစ်ညတာ

အမြန်လမ်းပေါ်က ခြောက်ခြားဖွယ်ရာ တစ်ညတာ ညေ (၄း၀၀) နာရီ..။ ကိုယ်စီးရမည့် ကားကို ကြည့်ပြီး ကျေနပ်နေမိသည်။ စီးရမှာ အတော် ဇိမ်ကျမည့် ကားကြီး။ ဟုတ်သည်။ အခုနောက်ပိုင်း အထူး express ကားတွေ ပြေးဆွဲလာတာကြောင့်…

အပြည့်အစုံ ဖတ်ရှု့ရန်…..