ဘုရင်ကိုတောင် မတူမတန်ဘူးဆိုပြီး လက်မထပ်နိုင်ဘူး ငြင်းလိုက်တဲ့ ရွာတစ်ရွာက ချောမောလှပတဲ့ မိန်းကလေး

ဘုရင်ကိုတောင် မတူမတန်ဘူးဆိုပြီး လက်မထပ်နိုင်ဘူး ငြင်းလိုက်တဲ့ ရွာတစ်ရွာက ချောမောလှပတဲ့ မိန်းကလေး

ဟိုးရှေးရှေးတုန်းကရွာတစ်ရွာမှာအရမ်းချောမောတဲ့မိန်းမပျိုလေးတစ်ဦးရှိသတဲ့

သူမကအရမ်းလှတော့ယောက်ျားပျိုတိုင်းကမေတ္တာစကားတွေဆိုကြတာပေါ့အဲ့ဒါကိုပဲထိုမိန်းမပျိုလေးကကြေနပ်နေပြီးသူ့ကိုကြိုက်တဲ့လုလင်ပျိုတွေများတယ်ဆိုပြီး ရောင့်ရဲနေသတဲ့တစ်နေ့ကြတော့သူမတို့ရဲ့ရွာကိုမင်းညီမင်းသားတွေကကြင်ရာရှာလာရောက်ကြသတဲ့ထိုမိန်းမပျိုလေးကလဲသူမကိုမေတ္တာရှိနေကြတဲ့ရွာကလုလင်ပျိုတွေထက်ရာထူးစည်းစိမ်ရုပ်ရည်ပြည့်စုံတဲ့မင်းညီမင်းသားတွေကိုပဲလက်တွဲချင်တော့သူမကိုယ်သူမအစွမ်းကုန်ပြင်ဆင်ပြီးတော့မင်းညီမင်းသားတွေကို ရေလာမြောင်းပေးလုပ်တာပေါ့

ဒါပေမယ့်မင်းညီမင်းသားတွေကသူမကိုစိတ်မဝင်စားကြပဲသူတို့မေးတဲ့မေးခွန်းတွေသူတို့စမ်းသပ်တာတွေကိုပြောနိုင်ဖြေနိုင်တဲ့သူမရွာကမိန်းမပျိုလေးကိုပဲရွေးချယ်လိုက်ကြသတဲ့အဲ့မှာပဲထိုမိန်းမပျိုလေးကတစ်ရွာလုံးမှာသူကအချောဆုံးဖြစ်ပြီးသူမကိုမရွေးချယ်ကြတဲ့အတွက်ရှက်သွားတာပေါ့အဲ့လိုနဲအဲ့မိန်းမပျိုလေးကသူမင်းညီမင်းသားနဲ့ပေါင်းဖက်ရဖို့ဆိုသူ့မှာအရည်အချင်းရှိမှဖြစ်မယ်ဆိုတာသိပြီးပညာတွေကိုသင်ယူကြိုးစားသတဲ့ဒီလိုနဲပညာတွေတက်မြောက်ပြီးနှစ်တွေရာသီတွေကုန်လွန်တော့မိန်းမပျိုလေးတို့တိုင်းပြည်ရဲ့အနီးနားကတိုင်းပြည်မှာအုပ်ချုပ်နေတဲ့ဘုရင်မကြီးကသံတမန်ရာထူးအတွက်အမျိုးသမီးတွေကိုရှာနေတာပေါ့

အဲ့ဒီမှာပဲမိန်းမပျိုလေးကရာထူးအတွက်သွားပြီးအစမ်းသပ်ခံသွားသတဲ့မိန်းမပျိုလေးရဲ့ကြိုးစားမှုတွေပညာအရည်အချင်းပြည့်ဝမှုတွေကြောင့်ဘုရင်မကြီးကသဘောကျပြီးခန့်အပ်လိုက်သတဲ့ကွယ်အဲ့ဒီမှာပဲမိန်းမပျိုလေးကသံတမန်အမျိုးသမီးဖြစ်သွားတာပေါ့ဒီလိုနဲမိန်းမပျိုလေးကတာဝန်တွေထမ်းဆောင်ရင်းတစ်နေ့ကြတော့သူနေခဲ့တဲ့တိုင်းပြည်ကိုသံတမန်အဖြစ်နဲ့ဘုရင်မကြီးကစေလွှတ်သတဲ့သူမကိုလဲရိုးရိုးသံတမန်အဖြစ်မဟုတ်ပဲသူ့ရဲ့ညီမအဖြစ်မွေးစားပြီးအဆောင်အယောင်နဲ့တကွစေလွှတ်တာတဲ့ဒီလိုနဲ့မိန်းမပျိုလေးကဘုရင်မကြီးရဲ့ညီမတော်အဖြစ်နဲ့သူ့ရဲ့တိုင်းပြည်ကိုသံတမန်ရောက်လာတာပေါ့

Image result for ao dai duong quoc dinh

အဲ့မှာပဲအရင်ကသူလိုချင်ခဲ့တဲ့မင်းညီမင်းသားတွေကမိန်းမပျိုလေးရဲ့အရည်အချင်းတွေ၊ာထူးတွေကိုမြင်ပြီးလက်ဆက်ခြင်ကြသတဲ့ဒါပေမယ့်မိန်းမပျိုလေးကသူမကဘုရင်မကြီးရဲ့ညီမဖြစ်တဲ့အတွက်ထိုမင်းညီမင်းသားတွေကိုနိမ့်ကျတယ်ဆိုပြီးဘုရင်ကြီးရဲမိဖုရားခေါင်ကြီးပဲဖြစ်လိုတယ်တဲ့အဲဒီလိုနဲတိုင်းရေးပြည်ရေးဆွေးနွေးပြီးတော့မိန်းမပျိုလေးလဲဘုရင်မကြီးရှိတဲ့တိုင်းပြည်ကိုပြန်ခဲ့တော့သတဲ့သူမတိုင်းပြည်ကို ပြန်ရောက်ပြီးသိပ်မကြာခင်မှာပဲဘုရင်မကြီးနတ်ရွာစံသွားသတဲ့

ထီးမွေနန်းမွေဆက်ခံသူကလဲမရှိတော့မိန်းမပျိုလေးကိုပဲဘုရင်မကြီးဘွဲ့အပ်နှင်းလိုက်ကြတာပေါ့ဘုရင်မကြီးဖြစ်ပြီးမကြာခင်မှာပဲသူနေထိုင်ခဲ့ဘူးတဲ့တိုင်းပြည်ကဘုရင်ကြီးကသူ့ကိုလက်ဆက်ဖို့ကမ်းလှမ်းလာသတဲ့လက်မခံရင်စစ်ဖြစ်ပြီးနိုင်ငံပါသိမ်းမယ်ဆိုပြီးခြိမ်းခြောက်သတဲ့အဲ့မှာပဲမိန်းမပျိုလေးကသူလိုဘုရင်မကတခြားသူရဲ့မိဖုရားလုပ်ပြီးဘာလို့အလုပ်အကျွေးပြုနေရမှာလဲဆိုပြီးဘုရင်ကြီးကိုငြင်းလိုက်တယ်တဲ့ပြီးတော့မိန်းမပျိုလေးကထက်မြက်လွန်းတော့စစ်ပွဲဖြစ်ပေမယ့်လဲဘုရင်ကြီးဘက်ကပဲရှုံးနိမ့်သွားသတဲ့မိန်းမပျိုလေးလဲဘုရင်မကြီးအဖြစ်နဲ့ပဲတိုင်းပြည်ကိုသာယာအေးချမ်းအောင်အုပ်ချုပ်သွားသတဲ့ကွယ်

ကဲသမီးလေးဖေဖေပြောခဲ့တဲ့ပုံပြင်လေးထဲကမိန်းမပျိုလေးကပထမတော့သူမကသူ့ထက်မြင့်တဲ့သူမျိုးကိုလက်ဆက်ချင်ပေမယ့်အဲ့ဒီအမြင့်နေရာကိုရောက်တော့ဒီ့ထက်မြင့်တဲ့သူကိုပဲလက်ဆက်ချင်ပြန်တယ်အဲအဲ့ဒီသူလက်ဆက်ချင်တဲ့အမြင့်ကသူရဲ့အနေအထားကိုသူရောက်ပြန်တော့အဲ့ထက်ပိုမြင်တဲ့အမြင့်ဆုံးသူကိုလက်ဆက်ချင်ပြန်ရောဒါနဲ့အဲ့အမြင့်ဆုံးဆိုတာကို သူမရောက်သွားရောသူမအရင်ကမက်မောခဲ့တဲ့အမျိုးသားတွေကိုမိန်မပျိုလေးကမမက်မောတော့ဘူးတဲ့

Image result for ao dai duong quoc dinh

ဒီပုံပြင်လေးထဲကမိန်းမပျိုလေးလိုပဲမိန်းခလေးဆိုတာကိုယ့်ရဲ့လက်ရှိအနေအထားထက်သာအောင်…ပိုကောင်းအောင်အမြဲတမ်းကြိုးစားနေရမယ်ကိုယ်ကပိုပြီး အမြင့်ရောက်လေကိုယ်မက်မောခဲ့တဲ့အရာတွေကကိုယ့်ကိုပြန်ပြီး မက်မော လာကြရတယ်ကွယ့်

ပညာမတက်လဲအရည်အချင်းမရှိလဲအချိန်တန်ယောက်ျားရှာကျွေးမှာဆိုတဲ့စကားကိုခေါင်းထဲကထုတ်ထား၊ကိုယ့်ရဲ့ရုပ်ရည်ထက်ကိုယ့်ရဲ့အရည်အချင်းနဲ့ပညာကိုပဲအသုံးချပြီးကြိုးစားစမ်းပါကိုယ့်အလုပ်ကိုယ့်ကျောင်းမှာလက်ရှိရှိနေတဲ့ရာထူး၊အဆင့်လောက်နဲ့ကျေနပ်မနေသင့်ဘူးကွယ့်

ကြားလား?သမီးလေးဟောအိပ်ပျော်နေပြီ

ငါ့သမီးကတော့ကွာငယ်ငယ်တုန်းကအကျင့်အတိုင်းပဲ

DoubleAlpha©BUT

About ​ရွှေ မိုး ညို

View all posts by ​ရွှေ မိုး ညို →

Leave a Reply

Your email address will not be published. Required fields are marked *