မေမဒီကို ကြွေတယ် ဆိုတဲ့ မျိုးကျော့မြိုင်😮😮

Myanmar Idol Season 3ရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ မေမဒီဟာ ဆိုရင် ထူးခြားတဲ့ အသံကိုပိုင်ဆိုင်ထားသူလေးပါ ။ သူမကချစ်စရာကောင်းတဲ့ မျက်နှာလေးပိုင်ဆိုင်ထားပြီး သူလေးပဲဖြစ်ပါတယ်။ သူမရဲ့ အသံလေးက ချိုချိုလေးနဲ့ ချစ်စရာကောင်းတဲ့ သီချင်းလေးတွေကိုပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်သူလေးပါ။

ဒီပြိုင်ပွဲလေးကိုသူမက လုံးဝမထင်ထားပဲနဲ့ ၀င်ပြိုင်ဖြစ်တာပါလို့လည်း ပြောထားပါတယ်။ မေမဒီက သူမက Winner ဖြစ်ခဲ့ ရင် မိခင်ကို ဘုရားဖူးပို့ချင်တယ်လို့ ပြောထားပါသေးတယ်။ မနေ့ညက အချစ်အမုန်း သီချင်းကို သူမကသီဆိုခဲ့ တာဖြစ်ပြီး ပရိသတ်တွေလည်း အကြိုက်တွေ့စေပြီး ဒိုင်တွေကလည်း သဘောကျခဲ့ပါတယ်။ ပရိသတ်တွေအတွက် မေမဒီရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

မေမဒီက ကော်နီရဲ့ အချစ်အမုန်း သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့ သီဆိုတဲ့ အသံပိုင်းရောအမူအရာ ပိုင်းပါ အရမ်းကောင်းပြီး ၀တ်ထားတဲ့ ၀တ်စုံလေးနဲ့ ပါလိုက်ဖက်ပါတယ်လို့ ဒိုင်တွေက ပြောထားပါတယ်။ချစ်စရာကောင်းတဲ့ မျက်နှာလေးပိုင်ဆိုင်ထားတဲ့ မေမဒီက သီချင်းဆိုရင်းနဲ့ ဒိုင်ဖြစ်တဲ့ မျိုးကျော့မြိုင်ရဲ့ အရှေ့မှာ ရပ်ပြီး အမူအရာမျိုးစုံနဲ့ သီဆိုခဲ့တာပဲဖြစ်ပါတယ်။

သူမရဲ့ ဖျော်ဖြေချက်တွေကိုပရိသတ်တွေကလည်း သဘောကျသလို ဒိုင်တွေကလည်း အရမ်းကိုသဘောကျခဲ့တာပဲဖြစ်ပါတယ်။ဒိုင်ဖြစ်တဲ့ တင်ဇာမော်ကလည်း မေမဒီ မျိုးကျော့မြိုင်ကို ကြည့်ပြီး သီချင်းဆိုတာကိုမျိုးကျော့မြိုင်တော့မသိဘူးသူမကတော့ ကြွေတယ်လို့ ပြောခဲ့ သလို မျိုးကျော့မြိုင် ကလည်းသူလည်း ကြွေပါတယ်လို့ပြောခဲ့တာပဲဖြစ်ပါတယ်။

Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်မေမဒီရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်ကြီးက သဘောကျလိမ့်မယ် ထင်ပါတယ်။ ပရိသတ်ကြီးကလည်း ပြိုင်ပွဲဝင်မေမဒီကိုအားပေးပြီး သူမကိုချစ်ပေးကြပါဦးနော်။

Moekalay

Source;may madi

About popinvdo.xyz(ပဲပင်​​ပေါက်​)

View all posts by popinvdo.xyz(ပဲပင်​​ပေါက်​) →

Leave a Reply

Your email address will not be published. Required fields are marked *