ဒုတိယတန္းေက်ာင္းသူ ညအိပ္ေနစဥ္ ေျမြမ်ိဳခံရ

Jan 25.2018

ဒုတိယတန္း ေက်ာင္းသူတစ္ဦး ညအိပ္ေနစဥ္ ေျမြမ်ိဳခံရသည့္ ျဖစ္စဥ္တစ္ခု တနသၤာရီတိုင္းေဒသႀကီး ကၽြန္းစုၿမိဳ႕နယ္၊ ေ႐ႊဂဲညိဳေက်း႐ြာတြင္ ဇန္နဝါရီလ ၁၉ ရက္ နံနက္ ၄ နာရီခြဲအခ်ိန္က ျဖစ္ပြားခဲ့ေၾကာင္း ကာယကံရွင္ မိသားစုထံမွ သိရသည္။

အသက္ ၇ ႏွစ္အ႐ြယ္ အဆိုပါ ကေလး ငယ္အိပ္ေနစဥ္ ၂ လံေက်ာ္ အ႐ြယ္အစားရွိ စပါးႀကီးေျမြတစ္ေကာင္က အိမ္ေပၚတက္လာၿပီး မ်ိဳျခင္းျဖစ္ေၾကာင္း သိရသည္။

“ေအာ္ဟစ္ကန္ေက်ာက္ေနတာ လန္႔ႏိုးၿပီး ထၾကည့္လိုက္ေတာ့ ေျမြက ကေလးေျခ တစ္ဖက္ကိုပတ္ၿပီး ေျခမ်က္စိအေပၚနားအထိ မ်ိဳထားၿပီးၿပီ”ဟု မိခင္ျဖစ္သူ ေဒၚမိခ်ိဳက ေျပာသည္။

၎တို႔ေနထိုင္ေသာ အိမ္မွာတစ္ထပ္ ပ်ဥ္ေထာင္အိမ္ျဖစ္ၿပီး အနီးအနား၌ ေတာင္တစ္လံုးရွိ၍ ပင္လယ္ေရထဲမွတစ္ဆင့္ အိမ္ေပၚသို႔ တက္ေရာက္ခဲ့ျခင္းျဖစ္ႏိုင္ေၾကာင္း ေဒၚမိခ်ိဳက ခန္႔မွန္းသည္။

“ေရအႀကီးဆံုးရက္ဆို ေရျပင္နဲ႔ အိမ္က တစ္ေတာင္ေလာက္ပဲ ကြာတာ၊ တက္ရလြယ္တဲ့ သေဘာျဖစ္ေနတယ္”ဟု ၎ကဆိုသည္။

သမီးမွာ အေမႏွင့္အဘြားၾကား အိပ္ေနျခင္းျဖစ္ကာ ေအာ္ဟစ္သံေၾကာင့္ တစ္အိမ္လံုးႏိုးလာၿပီး အေဖျဖစ္သူက လက္ႏွိပ္ ဓာတ္မီးျဖင့္ထိုး၍ ေမာင္းထုတ္ရန္ လက္နက္ရွာေဖြစဥ္ ပင္လယ္ေရထဲသို႔ ေလွ်ာဆင္းသြားေၾကာင္း မိခင္ျဖစ္သူက ရွင္းျပသည္။

ေျမြမ်ိဳခံရသည့္ ကေလးငယ္အား ၿမိတ္ျပည္သူ႔ေဆး႐ံု(ကေလးေဆး႐ံု)၌ ေဆးကုသမႈ ခံယူလ်က္ရွိေနၿပီး က်န္းမာလာၿပီျဖစ္ေၾကာင္း ၎ေဆး႐ံုမွ သိရသည္။

“ေျမြဆိပ္တက္တဲ့လကၡဏာ မရွိပါဘူး။ က်ိဳးေၾကတာလည္းမရွိဘူး၊ ပြန္းပဲ့႐ံုပါပဲ။ တျခား ပဋိဇီဝေဆးေတြနဲ႔ ေသေသခ်ာခ်ာ ေစာင့္ၾကည့္ၿပီး ကုသေပးေနပါတယ္။ စိတ္ပိုင္းေရာ၊ ႐ုပ္ပိုင္းပါ က်န္းမာလာပါၿပီ။ စိုးရိမ္စရာ မရွိေတာ့ပါဘူး။ ၅ ရက္ ၇ ရက္ ေလာက္ေစာင့္ၾကည့္ၿပီးမွ ေဆး႐ံုက ဆင္းရမယ္”ဟု ၿမိတ္ျပည္သူ႔ေဆး႐ံုႀကီးမွ ေဆး႐ံုအုပ္ ေဒါက္တာစန္းစန္းသီက ေျပာသည္။

ယင္းေက်း႐ြာတြင္ ယခင္က အိမ္ေပၚ ေျမြတက္သည္ကိုသာ ၾကားဖူးၿပီး ယခုကဲ့သို႔ အႏၲရာယ္ျပဳသည္အထိ မျဖစ္ဖူးဟု ကေလးငယ္၏မိခင္ ေဒၚမိခ်ိဳက ေျပာသည္

credit The Voice

==========================

ဒုတိယတန်းကျောင်းသူ ညအိပ်နေစဉ် မြွေမျိုခံရ

Jan 25.2018

ဒုတိယတန်း ကျောင်းသူတစ်ဦး ညအိပ်နေစဉ် မြွေမျိုခံရသည့် ဖြစ်စဉ်တစ်ခု တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၊ ရွှေဂဲညိုကျေးရွာတွင် ဇန်နဝါရီလ ၁၉ ရက် နံနက် ၄ နာရီခွဲအချိန်က ဖြစ်ပွားခဲ့ကြောင်း ကာယကံရှင် မိသားစုထံမှ သိရသည်။

အသက် ရ နှစ်အရွယ် အဆိုပါ ကလေး ငယ်အိပ်နေစဉ် ၂ လံကျော် အရွယ်အစားရှိ စပါးကြီးမြွေတစ်ကောင်က အိမ်ပေါ်တက်လာပြီး မျိုခြင်းဖြစ်ကြောင်း သိရသည်။

“အော်ဟစ်ကန်ကျောက်နေတာ လန့်နိုးပြီး ထကြည့်လိုက်တော့ မြွေက ကလေးခြေ တစ်ဖက်ကိုပတ်ပြီး ခြေမျက်စိအပေါ်နားအထိ မျိုထားပြီးပြီ”ဟု မိခင်ဖြစ်သူ ဒေါ်မိချိုက ပြောသည်။

၎င်းတို့နေထိုင်သော အိမ်မှာတစ်ထပ် ပျဉ်ထောင်အိမ်ဖြစ်ပြီး အနီးအနား၌ တောင်တစ်လုံးရှိ၍ ပင်လယ်ရေထဲမှတစ်ဆင့် အိမ်ပေါ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေါ်မိချိုက ခန့်မှန်းသည်။

“ရေအကြီးဆုံးရက်ဆို ရေပြင်နဲ့ အိမ်က တစ်တောင်လောက်ပဲ ကွာတာ၊ တက်ရလွယ်တဲ့ သဘောဖြစ်နေတယ်”ဟု ၎င်းကဆိုသည်။

သမီးမှာ အမေနှင့်အဘွားကြား အိပ်နေခြင်းဖြစ်ကာ အော်ဟစ်သံကြောင့် တစ်အိမ်လုံးနိုးလာပြီး အဖေဖြစ်သူက လက်နှိပ် ဓာတ်မီးဖြင့်ထိုး၍ မောင်းထုတ်ရန် လက်နက်ရှာဖွေစဉ် ပင်လယ်ရေထဲသို့ လျှောဆင်းသွားကြောင်း မိခင်ဖြစ်သူက ရှင်းပြသည်။

မြွေမျိုခံရသည့် ကလေးငယ်အား မြိတ်ပြည်သူ့ဆေးရုံ(ကလေးဆေးရုံ)၌ ဆေးကုသမှု ခံယူလျက်ရှိနေပြီး ကျန်းမာလာပြီဖြစ်ကြောင်း ၎င်းဆေးရုံမှ သိရသည်။

“မြွေဆိပ်တက်တဲ့လက္ခဏာ မရှိပါဘူး။ ကျိုးကြေတာလည်းမရှိဘူး၊ ပွန်းပဲ့ရုံပါပဲ။ တခြား ပဋိဇီဝဆေးတွေနဲ့ သေသေချာချာ စောင့်ကြည့်ပြီး ကုသပေးနေပါတယ်။ စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ကျန်းမာလာပါပြီ။ စိုးရိမ်စရာ မရှိတော့ပါဘူး။ ၅ ရက် ရ ရက် လောက်စောင့်ကြည့်ပြီးမှ ဆေးရုံက ဆင်းရမယ်”ဟု မြိတ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာစန်းစန်းသီက ပြောသည်။

ယင်းကျေးရွာတွင် ယခင်က အိမ်ပေါ် မြွေတက်သည်ကိုသာ ကြားဖူးပြီး ယခုကဲ့သို့ အန္တရာယ်ပြုသည်အထိ မဖြစ်ဖူးဟု ကလေးငယ်၏မိခင် ဒေါ်မိချိုက ပြောသည်

credit The Voice

Share from©myitter.com

,

Leave a Reply

Your email address will not be published. Required fields are marked *