လာမည့္ရက္ပိုင္းအတြင္းအေအးေပါ့ကာ မုိးရြာမည္

လာမည့္ရက္ပိုင္းအတြင္းအေအးေပါ့ကာ မုိးရြာမည္
လာမယ့္ရက္ပိုင္းအတြင္းမွာ လက္ရွိ အေအးပိုေနတာထက္ ေလ်ာႏုိင္ၿပီးေတာ့ ျမန္မာနုိင္ငံအထက္ပိုင္းနဲ႔ အလယ္ပုိင္းေတြမွာ မုိးအနည္းငယ္ရြာသြန္းႏုိင္တယ္လုိ႔ မုိးေလ၀သႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန ဒုၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္မိုးဦးက ဓူ၀ံကိုေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း သီေပါၿမိဳ႕မွာ ၁ သမ ၄ ဒီဂရီ စင္တီဂရိတ္ နဲဲ႔လည္းေကာင္း၊ ေပါက္ၿမိဳ႕မွာ ၇ ဒသမ ၈ ဒီဂရီ စင္တီဂရိတ္နဲ႔လည္းေကာင္း၊ ႀကိဳ႔ပင္ေကာက္ၿမိဳ႔တို႔မွာေတာ့ ၈ ဒသမ ၂ ဒီဂရီ စင္တီဂရိတ္နဲ႔စံခ်ိန္သစ္တင္ခဲ့ပါတယ္။

ဒါဟာ တရုတ္ျပည္မႀကီးကေနဆင္းသက္လာတဲ့ ေလဖိအားနည္းရပ္၀န္းအားေကာင္းေနတာေၾကာင့္ အခုရက္ပိုင္းမွာ သိသိသာသာအေအးပိုေနုတာျဖစ္ေပမယ့္ လာမယ့္ ရက္ပိုင္းအတြင္းမွာ ေလဖိအားနည္းရပ္၀န္းျပန္ေလ်ာ့နုိင္တာေၾကာင့္ အေအးျပန္ေလ်ာ့နုိင္တယ္လုိ႔ သူကေျပာပါတယ္။

 

 

”ျမန္မာနုိင္ငံေတာင္ပိုင္းအစြန္းမွာေတာ့ အေရွ႕ဘက္ကလာတဲ့ မုိးတိမ္တုိက္ပါႏုိင္တာၾကာင့္တနသာၤရီဘက္မွာ မုိးအနည္းငယ္ ရြာႏုိင္တဲ့ အေနအထားရွိပါတယ္။ ထူးျခားၿပီး ေအးတာထက္ အခု အေအးနည္းနည္းျပန္ေပါ့လာၿပီ။ အေအးေပါ့လာတာက ေလဖိအားနည္းရပ္၀န္းက ၁၀၄၈ ကေန အခုရက္ ပိုင္းမွာ ၁၀၄၆ ေပါ့။ေနာက္ရက္ေတြ တျဖည္းျဖည္းက်ရင္ အေအးေပါ့သြားမယ္။ အေအးေပါ့တာနဲ႔အတူ ၈ ရက္၉ ရက္၀န္းက်င္မွာ မုိးအနည္းငယ္ရြာႏုိင္။ ျမန္မာနုိင္ငံအလယ္ပုိင္းနဲ႔ အထက္ပုိင္းမွာ ေဖေဖာ္၀ါရီ လဆန္းမွာ မုိးရြာႏုိင္တယ္။ မုုိးရြားနုိင္တာက ရွမ္းျပည္နယ္စစ္ကုိင္းတုိင္း၊ကခ်င္ျပည္နယ္နဲဲ႔ မုိးရြာနုိင္တယ။္ေနာက္သုံးေလးရက္ေလာက္ေနရင္ အေအးေပါ့လာႏုိင္ပါတယ္ ” လုိ႔သူကေျပာပါတယ္။

ဇန္န၀ါရီ (၂၈) ႏွင့္ (၂၉) တုိ႔မွာ စစ္ကိုင္းတုိင္းေဒသႀကီး ေမာ္လုိက္ၿမိဳ႕မွာ ႏွစ္ရက္ဆက္အ ေအးစံခ်ိိန္သစ္တင္ခဲ့ၿပီး ရွမ္းျပည္နယ္ နမ့္စန္ၿမိဳ႕မွာ ဇန္န၀ါရီ ၂၉ ရက္က စံခ်ိန္သစ္တင္ခဲ့ပါတယ္။ စစ္ကိုင္းတုိင္းေဒသၾကီး ကခ်င္၊ ရွမ္း ႏွင့္ ခ်င္းျပည္နယ္ တုိ႔မွာ လာမယ့္နွစ္ရက္အတြင္းအေအးပိုနုိင္တယ္လုိ႔ မုိး ေလ၀သႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

Credit: Duwun

Unicode

လာမယ့်ရက်ပိုင်းအတွင်းမှာ လက်ရှိ အအေးပိုနေတာထက် လျောနိုင်ပြီးတော့ မြန်မာနိုင်ငံအထက်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ မိုးအနည်းငယ်ရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဓူဝံကိုပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သီပေါမြို့မှာ ၁ သမ ၄ ဒီဂရီ စင်တီဂရိတ် နဲ့လည်းကောင်း၊ ပေါက်မြို့မှာ ၇ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်နဲ့လည်းကောင်း၊ ကြို့ပင်ကောက်မြို့တို့မှာတော့ ၈ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်နဲ့စံချိန်သစ်တင်ခဲ့ပါတယ်။

ဒါဟာ တရုတ်ပြည်မကြီးကနေဆင်းသက်လာတဲ့ လေဖိအားနည်းရပ်ဝန်းအားကောင်းနေတာကြောင့် အခုရက်ပိုင်းမှာ သိသိသာသာအအေးပိုနေုတာဖြစ်ပေမယ့် လာမယ့် ရက်ပိုင်းအတွင်းမှာ လေဖိအားနည်းရပ်ဝန်းပြန်လျော့နိုင်တာကြောင့် အအေးပြန်လျော့နိုင်တယ်လို့ သူကပြောပါတယ်။

”မြန်မာနိုင်ငံတောင်ပိုင်းအစွန်းမှာတော့ အရှေ့ဘက်ကလာတဲ့ မိုးတိမ်တိုက်ပါနိုင်တာကြာင့်တနင်္သာရီဘက်မှာ မိုးအနည်းငယ် ရွာနိုင်တဲ့ အနေအထားရှိပါတယ်။ ထူးခြားပြီး အေးတာထက် အခု အအေးနည်းနည်းပြန်ပေါ့လာပြီ။ အအေးပေါ့လာတာက လေဖိအားနည်းရပ်ဝန်းက ၁၀၄၈ ကနေ အခုရက် ပိုင်းမှာ ၁၀၄၆ ပေါ့။နောက်ရက်တွေ တဖြည်းဖြည်းကျရင် အအေးပေါ့သွားမယ်။ အအေးပေါ့တာနဲ့အတူ ၈ ရက်၉ ရက်ဝန်းကျင်မှာ မိုးအနည်းငယ်ရွာနိုင်။ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အထက်ပိုင်းမှာ ဖေဖော်ဝါရီ လဆန်းမှာ မိုးရွာနိုင်တယ်။ မိုးရွားနိုင်တာက ရှမ်းပြည်နယ်စစ်ကိုင်းတိုင်း၊ကချင်ပြည်နယ်နဲ့ မိုးရွာနိုင်တယ။်နောက်သုံးလေးရက်လောက်နေရင် အအေးပေါ့လာနိုင်ပါတယ် ” လို့သူကပြောပါတယ်။

ဇန်နဝါရီ (၂၈) နှင့် (၂၉) တို့မှာ စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့မှာ နှစ်ရက်ဆက်အ အေးစံချိန်သစ်တင်ခဲ့ပြီး ရှမ်းပြည်နယ် နမ့်စန်မြို့မှာ ဇန်နဝါရီ ၂၉ ရက်က စံချိန်သစ်တင်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကချင်၊ ရှမ်း နှင့် ချင်းပြည်နယ် တို့မှာ လာမယ့်နှစ်ရက်အတွင်းအအေးပိုနိုင်တယ်လို့ မိုး လေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Credit: Duwun
Share from©Dkhit.com

Leave a Reply

Your email address will not be published. Required fields are marked *