တစ်အိမ်တည်းသုံးဖို့ ရေတွင်းတူးရာ တစ်ရွာလုံးအတွက် ဖြစ်လာ


မလှိုင်မြို့ ဆည်ကျေးရွာမှာ အိမ်သုံးအဝီစိစက်ရေတွင်း တူးရာမှ တစ်နာရီကို ရေဂါလံ (၁၀၀၀)ခန့်ထွက် စက်ရေတွင်း ပထမဆုံးတွေ့ရှိခဲ့ပါတယ်။

မလှိုင်မြို့နယ်ဟာ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်မှာ ပါဝင်ပြီး ကျေးရွာပေါင်း (၂၄၇)ရွာ ကျေးရွာအုပ်စုပေါင်း(၅၂)အုပ်စု ရှိရာ သဲကန်အုပ်စု ဆည်ကျေးရွာမှာ သောက်သုံးရတဲ့ ရေချိုရေကို အိမ်သုံးအဝီစိစက်ရေတွင်း တူးရာကနေ ရေအားကောင်းစွာ ထွက်လာတာကို တွေ့ခဲ့ရတာဖြစ်ပါတယ် ။

Image may contain: one or more people, tree, outdoor and nature

ရေတွင်းအနက် ပေ (၁၈၀) ခန့်အရောက် (၄)လက်မ အဝီစိစက်ရေတွင်းက (၁)နာရီကို ရေဂါလံ တစ်ထောင်ခန့် ထွက်ပေါ်ခဲ့တာပါ။ထွက်လာတဲ့ ရေတွေကလည်း ရေချိုတွေဖြစ်နေပါတယ် ။ ထွက်လာတဲ့ ရေတွေဟာရွာအတွင်းက ခြောက်ခမ်းနေ တဲ့ ရေကန်ကို ပြည့်သွားစေပါတယ်။

Image may contain: tree, outdoor, nature and water

အခုထွက်လာတဲ့ ရေချိုတွေရဲ့ ရေထွက်နှုန်း ပမာဏ အားကောင်းလွန်းတာကြောင့် ကျေးရွာရဲ့ လိုအပ်ချက်ဖြစ်တဲ့ သောက်သုံးရေအတွက်သာမက၊ စိုက်ပျိုးရေး အတွက်ပါအသုံးပြုနိုင်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ် ။

သတင်းထောက် ……. ဘိုဘို(မလှိုင်)

လှ​တောသား

, ,