အခ်ိန္ၾကာျမင့္စြာ လၾကတ္ျခင္းေၾကာင့္ ရာသီဥတုႏွင့္ ငလ်င္အႏၲရာယ္ သတိျပဳရန္ စံဇာဏီဘိုေျပာ

တပို႔တြဲ လျပည့္ညတြင္ လၾကတ္ျခင္းကို ျမန္မာႏိုင္ငံက သံုးနာရီေက်ာ္ၾကာ ျမင္ေတြ႕ခဲ့သည္။ လအျပည့္ၾကတ္ခ်ိန္ တစ္ နာရီေက်ာ္ ၾကာျမင့္သည္။

လၾကတ္ျခင္းေၾကာင့္ ကမၻာ ေပၚတြင္ ႏိုင္ငံေရးႏွင့္ေငြေရးေၾကး ေရး အေျပာင္းအလဲမ်ားျဖစ္ေပၚ ႏိုင္ၿပီး ပင္လယ္ေရေၾကာင္း အေျပာင္းအလဲ၊ ရာသီဥတု အ ေျပာင္းအလဲႏွင့္ ေျမဆြဲအားမ်ား ေၾကာင့္ ေျမငလ်င္မ်ား ျဖစ္ပြားႏိုင္သည္ဟုလည္း ၎ကဆိုသည္။

‘‘လၾကတ္ျခင္းေၾကာင့္ တစ္ ဦးခ်င္း၊ တစ္ေယာက္ခ်င္းစီမွာ ေကာင္းတာေတြ ရွိပါတယ္’’ဟု စံဇာဏီဘိုကဆက္ေျပာသည္။

ယခုတစ္ႀကိမ္တြင္ Super Moon, Blue Moon ႏွင့္ Blood Moon ဟုေခၚသည့္ ျဖစ္စဥ္သံုးခုတစ္ၿပိဳင္တည္း ျဖစ္ေပၚခဲ့ျခင္းျဖစ္သည္။

Super Moon ဆိုသည္မွာ လသည္ ကမၻာႏွင့္ အနီးကပ္ဆံုး ပတ္လမ္းေၾကာင္းသို႔ ေရာက္ရွိ လာၿပီး လကို ကမၻာမွ အရြယ္အ စား အႀကီးမားဆံုး ျမင္ေတြ႕ခြင့္ရ ျခင္းျဖစ္သည္။ Blue Moon ဆို သည္မွာ တစ္လအတြင္း လျပည့္ ႏွစ္ခါ ႀကံဳရျခင္းျဖစ္သည္။ ဇန္္နဝါရီ ၃၁ ရက္သည္ ဇန္နဝါရီ၏ ဒုတိယေျမာက္ လျပည့္ညျဖစ္ သည္။ Blood Moon သည္ ေနႏွင့္လၾကား ကမၻာက ေရာက္ရွိသြားသျဖင့္ လအျပည့္ၾကတ္ၿပီး လမွာ အနီေရာင္သို႔ ေျပာင္းလဲသြားျခင္း ျဖစ္သည္။ ေနမွအလင္းတန္းမ်ား သည္ ကမၻာ့ေလထုကို ျဖတ္သန္း သြား၍ အနီေရာင္မ်ား လအေပၚ က်ေရာက္သျဖင့္ အနီေရာင္သန္း ေသာ လကို ျမင္ရျခင္းျဖစ္သည္။

အဆိုပါျဖစ္စဥ္ကို NASA က ‘Super Blue Blood Moon’ ဟု သတ္မွတ္ထားသည္။ အဆိုပါ ျဖစ္စဥ္ကို ၁၉၈၂ တြင္ ေနာက္ဆံုး အႀကိမ္ ျမင္ေတြ႕ရၿပီး ၃၆ ႏွစ္ၾကာမွ ျပန္လည္ျမင္ေတြ႕ရျခင္း ျဖစ္ သည္။ ယခုကဲ့သို႔ျဖစ္စဥ္ကို ၂၀၃၇ တြင္ ထပ္မံေတြ႕ျမင္ရမည္ျဖစ္ရာ ေနာက္ထပ္ ၁၉ ႏွစ္ ေစာင့္ဆိုင္းရ မည္ျဖစ္သည္။

ထိုအေနအထားကို အေရွ႕ အာရွ၊ ၾသစေၾတးလ်၊ နယူးဇီလန္ တို႔မွ ျမင္ကြင္းအေကာင္းဆံုးျမင္ရမည္ျဖစ္ၿပီး ျမန္မာႏိုင္ငံက ဒုတိယေျမာက္ ျမင္ကြင္းအေကာင္းဆံုး အေနအထားရွိသည္ဟု NASA က ထုတ္ျပန္သည္။ အာဖရိကႏွင့္ ဥေရာပႏိုင္ငံမ်ားက ထိုျဖစ္စဥ္ကို ျမင္ရမည္မဟုတ္ေၾကာင္း NASA က ဆိုထားသည္။

7Day News Journal

Unicode

အချိန်ကြာမြင့်စွာ လ ကြတ်ခြင်းကြောင့် ရာသီဥတုနှင့် ငလျင်အန္တရာယ်သတိပြုရန် လို အပ်ကြောင်း ဗေဒင်ပညာရှင် စံဇာဏီဘိုက ပြောကြားသည်။
တပို့တွဲ လပြည့်ညတွင် လကြတ်ခြင်းကို မြန်မာနိုင်ငံက သုံးနာရီကျော်ကြာ မြင်တွေ့ခဲ့သည်။ လအပြည့်ကြတ်ချိန် တစ် နာရီကျော် ကြာမြင့်သည်။

လကြတ်ခြင်းကြောင့် ကမ္ဘာ ပေါ်တွင် နိုင်ငံရေးနှင့်ငွေရေးကြေး ရေး အပြောင်းအလဲများဖြစ်ပေါ် နိုင်ပြီး ပင်လယ်ရေကြောင်း အပြောင်းအလဲ၊ ရာသီဥတု အ ပြောင်းအလဲနှင့် မြေဆွဲအားများ ကြောင့် မြေငလျင်များ ဖြစ်ပွားနိုင်သည်ဟုလည်း ၎င်းကဆိုသည်။

‘‘လကြတ်ခြင်းကြောင့် တစ် ဦးချင်း၊ တစ်ယောက်ချင်းစီမှာ ကောင်းတာတွေ ရှိပါတယ်’’ဟု စံဇာဏီဘိုကဆက်ပြောသည်။

ယခုတစ်ကြိမ်တွင် Super Moon, Blue Moon နှင့် Blood Moon ဟုခေါ်သည့် ဖြစ်စဉ်သုံးခုတစ်ပြိုင်တည်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Super Moon ဆိုသည်မှာ လသည် ကမ္ဘာနှင့် အနီးကပ်ဆုံး ပတ်လမ်းကြောင်းသို့ ရောက်ရှိ လာပြီး လကို ကမ္ဘာမှ အရွယ်အ စား အကြီးမားဆုံး မြင်တွေ့ခွင့်ရ ခြင်းဖြစ်သည်။ Blue Moon ဆို သည်မှာ တစ်လအတွင်း လပြည့် နှစ်ခါ ကြုံရခြင်းဖြစ်သည်။ ဇန််နဝါရီ ၃၁ ရက်သည် ဇန်နဝါရီ၏ ဒုတိယမြောက် လပြည့်ညဖြစ် သည်။ Blood Moon သည် နေနှင့်လကြား ကမ္ဘာက ရောက်ရှိသွားသဖြင့် လအပြည့်ကြတ်ပြီး လမှာ အနီရောင်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။ နေမှအလင်းတန်းများ သည် ကမ္ဘာ့လေထုကို ဖြတ်သန်း သွား၍ အနီရောင်များ လအပေါ် ကျရောက်သဖြင့် အနီရောင်သန်း သော လကို မြင်ရခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကို NASA က ‘Super Blue Blood Moon’ ဟု သတ်မှတ်ထားသည်။ အဆိုပါ ဖြစ်စဉ်ကို ၁၉၈၂ တွင် နောက်ဆုံး အကြိမ် မြင်တွေ့ရပြီး ၃၆ နှစ်ကြာမှ ပြန်လည်မြင်တွေ့ရခြင်း ဖြစ် သည်။ ယခုကဲ့သို့ဖြစ်စဉ်ကို ၂၀၃၇ တွင် ထပ်မံတွေ့မြင်ရမည်ဖြစ်ရာ နောက်ထပ် ၁၉ နှစ် စောင့်ဆိုင်းရ မည်ဖြစ်သည်။

ထိုအနေအထားကို အရှေ့ အာရှ၊ သြစတြေးလျ၊ နယူးဇီလန် တို့မှ မြင်ကွင်းအကောင်းဆုံးမြင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံက ဒုတိယမြောက် မြင်ကွင်းအကောင်းဆုံး အနေအထားရှိသည်ဟု NASA က ထုတ်ပြန်သည်။ အာဖရိကနှင့် ဥရောပနိုင်ငံများက ထိုဖြစ်စဉ်ကို မြင်ရမည်မဟုတ်ကြောင်း NASA က ဆိုထားသည်။
Credit©yomalan.com

,

Leave a Reply

Your email address will not be published. Required fields are marked *