ဟာသအမြင်ဖြင့်သာ

ဟာသအမြင်ဖြင့်သာ….

“တပ်​သား ​စောက်​​ကြောတင်း..””ရှိဗိုလ်​ကြီး..အခု ငါတို့ သွားတိုက်ရမှာ ဘယ်သူတွေလဲ သိလား..””မသိပါဘူးဗိုလ်​ကြီး..”

“ဟမ်.. အခု ငါတို့ သွားတိုက်ရမှာ Facebookမှာ အရမ်းဆဲတဲ့ မြန်မာနိုင်ငံပဲ..””ဘာ””ဘာဖြစ်​တာလဲရဲ​ဘော်​..””ကျွန်​​တော်​မလိုက်​နိုင်​ဘူးဗိုလ်​ကြီး..””ဟမ်​..ဘာလို့လားကွ..”

“ဗိုလ်ကြီး မြန်မာကားတွေ မကြည့်ဖူးဘူးလား..””မကြည့်​ဖူးဘူး​​လေဘာလို့လဲ… “”အာ့မြန်မာကားတွေ အထဲမှာဆို မင်းသားက လူဆိုး ၇ ယောက်လောက်နဲ့ ချတာ သူတစ်ချက်မှ မထိဖူး ဗိုလ်ကြီး..”

“ဟမ်​..””ပြီးတော့ မြန်မာ တော်လှန်ရေးကားတွေ ကြည့်ဖူးလား..””မကြည့်​ဖူးဘူး​လေ…ဘာလို့လဲ..”

“အာ့မှာဆို မြန်မာ တော်လှန်ရေးသမား
၁၅ ယောက်လောက်က ဂျပန် စစ်တပ်ကြီးကို ချေမှုန်းတာ ဗိုလ်ကြီး မသိဖူးလား..”

“ဟမ်​..””ဟုတ်​တယ်​ဗိုလ်​ကြီး..””အာ့ဘာဖြစ်လဲ .. သွားတိုက်ရမှာက သွားတိုက်ရမှာပဲ ရဲ​ဘော်​..””အာ့မြန်မာကားတွေ အသာထား ဗိုလ်ကြီး .. အာ့မြန်မာလူမျိုးတွေကို ကျွန်တော် ကြောက်တယ် ဗိုလ်​ကြီး..”

“ဟမ်​ဘာဖြစ်​လို့လဲရဲ​ဘော်​..””ဗိုလ်​ကြီး Facebook Friendထဲမှာ မြန်မာတွေ မရှိဖူးလား ဗိုလ်​ကြီး..””​ဟေ့​အေး မရှိဘူး ဘာလို့လဲ..””သူတို့က Facebookမှာ အရမ်းဆဲတာ ဗိုလ်ကြီး..”

“ဟမ်​…””မျက်နာမှာ အဝတ်အုပ်ထားတဲ့ လူတွေဆို ပိုဆိုးတယ်​ ဗိုလ်​ကြီး…””ဟမ်​..သူတို့က မျက်နာမှာ အဝတ်အုပ်ပြီး ဘာလုပ်​တာလဲကွ..””မသိပါဘူးဗိုလ်ကြီး .. သူတို့ကိုသူတို့ ဟက်ကာလို့တော့ ပြောတာပဲ ဗိုလ်​ကြီး..”

“ဟမ်​..””ဟုတ်တယ်ဗိုလ်ကြီး .. ပြီးတော့ မြန်မာနိုင်ငံက YBS ဆိုတဲ့ ကားတွေ အကြောင်းကို ဗိုလ်ကြီး သိလား..””ဘယ်​သိမလဲ ဘာလို့လဲ..””သူတို့က ဘုရားတောင် ကြောက်ကြတဲ့ လူတွေ မဟုတ်ဘူး ဗိုလ်​ကြီး…”

“ဘာ….””ဟုတ်တယ်ဗိုလ်ကြီး .. ပြီးရင် သူတို့ကားနဲ့ တိုက်ပြီး သေတဲ့လူလည်း မနည်းဘူး ဗိုလ်ကြီး .. ကျွန်တော်တို့ စစ်ချီတဲ့ တပ်ရင်းငယ် တစ်ခုလောက်ဆို အသာ
လေး တိုက်ချသွားမှာ..”

“ဟမ်​..””ဟုတ်တယ်ဗိုလ်ကြီး .. ပြီးရင် မြန်မာနိုင်ငံကို ရောက်ရင် စစ်ကားတွေ သုံးလို့ရမှာ မဟုတ်ဘူး ဗိုလ်ကြီး..”

“ဟမ်​..ဘာလို့လား..””မြန်မာနိုင်ငံက ကားတွေနဲ့ မြန်မာနိုင်ငံက လမ်းနဲ့
တောင် ဒီလောက် ကြပ်နေကြတာ ကျွန်နော်တို့ စစ်ကား ဘယ်လိုဝင်မလဲ..”

“ဟမ် ​ဒါလည်း ဟုတ်​တာပဲဟ..””ပီးရင် မြန်မာနိုင်ငံက လမ်းတွေကလည်း ကားအောက်ပိုင်း အတော်လေး ကောင်းတဲ့ကားတွေမှ မောင်းလို့ရတာပါ ဗိုလ်ကြီး .. ချိုင့်ခွက်တွေချည်းပဲ ဗိုလ်ကြီး..”

“ဟမ်​…””ပြီးရင် မြန်မာနိုင်ငံကို သွားတိုက်ရင် ဒီမှာ ကျန်ခဲ့တဲ့ မိသားစုနဲ့ပါ အဆက်အသွယ် ပြတ်သွားလိမ့်မယ် ဗိုလ်ကြီး..”

“ဘာလို့လဲကွ..””သူတို့နိုင်ငံမှာ မီးက ပုံမှန်လာတာ မဟုတ်ဘူး ဗိုလ်ကြီး .. ကျွန်တော်တို့ ဖုန်းတွေသာ အားကုန်သွားရင် ဒီကမိသားစုနဲ့က အဆက်အသွယ် ပြတ်သွားနိုင်ပါတယ် ဗိုလ်ကြီး..”

“ဟာ..””ဟုတ်တယ်ဗိုလ်ကြီး.. အာ့ကြောင့်မို့ မြန်မာနိုင်ငံကို စစ်သွားတိုက်ရင် ကျွန်နော် မလိုက်ပါရစေနဲ့…”

“ငါနားလည်ပါပြီ ရဲဘော်.. ဒီလောက် တောင့်တင်းခိုင်မာပြီး .. အန္တရာယ်များတဲ့ မြန်မာနိုင်ငံကြီးကို ငါတို့လည်း စစ်မချီ တက်တော့ပါဘူးကွာ..”

သင်သိပါသလား..အဲ့လို အကြောင်းတွေကြောင့် မြန်မာနိုင်ငံကို ဘယ်နိုင်ငံကမှ စစ်မချီတက်ရဲဘူး ဆိုတာကို..ကွီး​စောက်​​ကြောတင်း​အော်​ဖစ်​ရှယ်​…….

Credit- Via.D

Leave a Reply

Your email address will not be published. Required fields are marked *