ရွင္လမ္းမရွိ ကားတိုုက္ခံရသူ သူနာျပဳဆရာမရဲ ့ ျဖစ္ရပ္ဆန္း


ေအာက္ဆုံးမွာ ဗီဒီယုိတင္ထားပါတယ္။

မေန ့ကျဖစ္ပြားခဲ့တဲ့ ထိုုင္းနိုုင္ငံ အူေဒါဌာနီ Udon Thani ျပည္နယ္ ေနာင္ဘိုု၀ါလမ္းပူး ခရိုုင္ လမ္းဆံုုမွာ မီနီျပထားတဲ့အခ်ိန္ ရပ္ေနတဲ့ ဆိုုင္ကယ္ကိုု ေနာက္က ကားက အရွိန္နဲ ့ ၀င္တိုုက္ခဲ့တဲ့ ျဖစ္ရပ္မွာ အတိုုက္ခံရသူ အမ်ိဳးသမီးဟာ ဖတ္ခ်ႏြတ္ အသက္ ၂၃ႏွစ္ ျဖစ္ျပီး ျပည္နယ္ေဆးရံုုရဲ ့အေရးေပၚလူနာေဆာင္ သူနာျပဳဆရာမလိုု ့သိရပါတယ္။

ကားေမာင္းသူဟာလည္း အမ်ိဳးသမီးတဦးျဖစ္ပါတယ္၊ ဖုုန္းေျပာေနရင္း မီးနီေနတာကိုု သတိမထားမိလိုု ့ ခုုလိုု၀င္တိုုက္ခဲ့တာလိုု ့ သတင္းေတြမွာေဖၚျပေနေပမယ့္ ကားေမာင္းသူ ကာရကံရွင္ အမ်ိဳးသမီးကေတာ့ ေနေရာင္ေၾကာင့္ မီးနီျပေနတာကိုုမျမင္ခဲ့တာေၾကာင့္ခုုလိုုျဖစ္ရတာလိုု ့ ေျဖရွင္းထားတာလည္းေတြ ့ရပါတယ္။

ရုုပ္သံဖိုုင္မွာ အတိုုက္ခံရတဲ့ သူနာျပဳဆရာမေလးဟာ ေလေပၚကိုုေျမာက္တက္ တပါတ္လည္သြား ျပီး အရွိန္နဲ ့ တာလမ္းမေပၚက်သြားခဲ့တာဟာ အသက္ရွင္နိုုင္စရာ အေၾကာင္းမရွိဘူးလိုု ့အားလံုုးက ထင္ေၾကးေပးခဲ့ၾကပါတယ္။

ဒီေန ့သတင္းေတြမွာ ေတြ ့ရတာ ကေတာ့ ေသေလာက္တဲ့ ဒဏ္ရာရသြားျပီလိုု ့ ထင္ေနၾကတဲ့ ဆရာမေလးဟာ အသက္ေဘး မစိုုးရိမ္ရဘဲ သူမကိုု လာေရာက္ေမးျမန္းၾကတဲ့ ဧည့္သည္ေတြ ကိုုလက္ခံစကားေျပာနိုုင္ျပီလိုု ့သိရပါတယ္

ထိုုင္းနိုုင္ငံကားတိုုက္မွုုေတြမွာ ယခုုလိုုမ်ိဳးျဖစ္ရပ္ ဟာ အလြန္ရွားပါးတဲ့ျဖစ္ရပ္လိုု ့သိရပါတယ္။ယခုုျဖစ္ရပ္ကိုုမွတ္တမ္းရိုုက္နိုုင္ခဲ့တဲ့ သူရဲ ့ ရုုပ္သံဖိုုင္မွာ လမ္းျပရဲ ့က မီးပြိဳင့္မွာ လူငယ္ ဆိုုင္ကယ္အုုပ္စုုကိုု ဖမ္းျပီး ဘတ္ေငြ ၂၀၀၀(က်ပ္ေငြ ၈၄၇၀၀ ) ေတာင္းေန တဲ့ အသံမွတ္တမ္းပါ ေပၚသြားခဲ့ပါတယ္။

SAW

 

မနေ ့ကဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံ အူဒေါဌာနီ Udon Thani ပြည်နယ် နောင်ဘိုဝါလမ်းပူး ခရိုင် လမ်းဆုံမှာ မီနီပြထားတဲ့အချိန် ရပ်နေတဲ့ ဆိုင်ကယ်ကို နောက်က ကားက အရှိန်နဲ ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်မှာ အတိုက်ခံရသူ အမျိုးသမီးဟာ ဖတ်ချနွတ် အသက် ၂၃နှစ် ဖြစ်ပြီး ပြည်နယ်ဆေးရုံရဲ ့အရေးပေါ်လူနာဆောင် သူနာပြုဆရာမလို ့သိရပါတယ်။

ကားမောင်းသူဟာလည်း အမျိုးသမီးတဦးဖြစ်ပါတယ်၊ ဖုန်းပြောနေရင်း မီးနီနေတာကို သတိမထားမိလို ့ ခုလိုဝင်တိုက်ခဲ့တာလို ့ သတင်းတွေမှာဖေါ်ပြနေပေမယ့် ကားမောင်းသူ ကာရကံရှင် အမျိုးသမီးကတော့ နေရောင်ကြောင့် မီးနီပြနေတာကိုမမြင်ခဲ့တာကြောင့်ခုလိုဖြစ်ရတာလို ့ ဖြေရှင်းထားတာလည်းတွေ ့ရပါတယ်။

ရုပ်သံဖိုင်မှာ အတိုက်ခံရတဲ့ သူနာပြုဆရာမလေးဟာ လေပေါ်ကိုမြောက်တ
က် တပါတ်လည်သွား ပြီး အရှိန်နဲ ့ တာလမ်းမပေါ်ကျသွားခဲ့တာဟာ အသက်ရှင်နိုင်စရာ အကြောင်းမရှိဘူးလို ့အားလုံးက ထင်ကြေးပေးခဲ့ကြပါတယ်။

ဒီနေ ့သတင်းတွေမှာ တွေ ့ရတာ ကတော့ သေလောက်တဲ့ ဒဏ်ရာရသွားပြီလို ့ ထင်နေကြတဲ့ ဆရာမလေးဟာ အသက်ဘေး မစိုးရိမ်ရဘဲ သူမကို လာရောက်မေးမြန်းကြတဲ့ ဧည့်သည်တွေ ကိုလက်ခံစကားပြောနိုင်ပြီလို ့သိရပါတယ်

ထိုင်းနိုင်ငံကားတိုက်မှုတွေမှာ ယခုလိုမျိုးဖြစ်ရပ် ဟာ အလွန်ရှားပါးတဲ့ဖြစ်ရပ်လို ့သိရပါတယ်။ယခုဖြစ်ရပ်ကိုမှတ်တမ်းရိုက်နိုင်ခဲ့တဲ့ သူရဲ ့ ရုပ်သံဖိုင်မှာ လမ်းပြရဲ ့က မီးပွိုင့်မှာ လူငယ် ဆိုင်ကယ်အုပ်စုကို ဖမ်းပြီး ဘတ်ငွေ ၂၀ဝ၀(ကျပ်ငွေ ၈၄၇၀ဝ ) တောင်းနေ တဲ့ အသံမှတ်တမ်းပါ ပေါ်သွားခဲ့ပါတယ်။

SAW

ဗီဒီယုိၾကည္႔ရန္


Credit©Dkhit

,

Leave a Reply

Your email address will not be published. Required fields are marked *