ထုိင္းဘုရင္ရဲ႕ သူရဲေကာင္းဘြဲ႕ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ရရွိ

ျမန္မာ့တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကို ထိုင္းနိုင္ငံ အစိုးရက ထုိင္းဘုရင္ မင္းျမတ္ရဲ့ ျမင့္ျမတ္ေသာ ဆင္ျဖဴေတာ္ဝင္ သူရဲေကာင္းဘြဲ႕တံဆိပ္(ပထမအဆင့္) ခ်ီးျမွင့္ေပးအပ္ၿပီး ဒီေန႔ ဂုဏ္ျပဳလိုက္ပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသမွာ ျဖစ္ပြားခဲ့တ့ဲ အၾကမ္းဖက္မႈေတြနဲ႔ လူ ၆ သိန္းေက်ာ္ အိုးအိမ္စြန္႔လႊတ္ ထြက္ေျပးၾကရတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကို တာဝန္ရွိသူျဖစ္လို႔ အေရးယူဖို႔ အေမရိကန္နဲ႔ ဥေရာပႏိုင္ငံေတြက ျပစ္တင္ေနၾကခ်ိန္မွာ ထိုင္းအစုိးရက အခုလို ခ်ီးက်ဴး ဂုဏ္ျပဳလိုက္တာျဖစ္ တယ္လို႔ ေအအက္ဖ္ပီ သတင္းဌာနက ေဖၚျပပါတယ္။
ထိုင္း ဘုရင့္နန္းေတာ္ အာဏာပိုင္ေတြကေတာ့ ထိုင္းစစ္တပ္ကို ေထာက္ခံမႈေတြ အကူအညီေတြ ေပးခဲ့တဲ့အတြက္ ဒီဆုခ်ီးျမွင့္ဖို႔ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ ၁၇ ရက္ေန႔က ဆံုးျဖတ္ေရြးခ်ယ္ခဲ့တာျဖစ္တယ္လို႔ ေၾကညာပါတယ္။

ေဖၚတီဖိုင္း ရိုက္စ္ လူ႔အခြင့္အေရးအဖဲြ႕က မက္တ္-စမစ္ကလဲ ထိုင္းအစိုးရအေနနဲ႔ အခုလို ဂုဏ္ျပဳမယ့္ အစား ျမန္မာနိုင္ငံမွာ တရားဥပေဒစိုးမိုးၿပီး လူ႔အခြင့္အေရးမွ်တမႈရရွိေစဖို႔ တိုက္တြန္း ႀကိဳးပမ္းသြားသင့္တယ္ လို႔ ေျပာပါတယ္။

အဲဒီ ဘဲြ႕ခီ်းျမွင့္တဲ့ အခမ္းအနားကို တက္ေရာက္ဖို႕ ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ဇနီး ေဒၚၾကဴၾကဴလွ ဦးေဆာင္တဲ့ ျမန္မာ့ တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕ဟာ ဒီေန႔ေန႔လယ္ပုိင္းက ထုိင္းႏုိင္ငံ၊ ဘန္္ေကာက္ၿမိဳ႕ကို ေရာက္ရွိသြားခဲ့ၾကၿပီး ထိုင္းနိုင္ငံရွိ အထင္ကရေနရာေတြကို လွည့္လည္ၾကည့္ရႈ ေလ့လာသြားမယ္လို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုး ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

RFA Burmese

Unicode

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံ အစိုးရက ထိုင်းဘုရင် မင်းမြတ်ရဲ့ မြင့်မြတ်သော ဆင်ဖြူတော်ဝင် သူရဲကောင်းဘွဲ့တံဆိပ်(ပထမအဆင့်) ချီးမြှင့်ပေးအပ်ပြီး ဒီနေ့ ဂုဏ်ပြုလိုက်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ လူ ၆ သိန်းကျော် အိုးအိမ်စွန့်လွှတ် ထွက်ပြေးကြရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တာဝန်ရှိသူဖြစ်လို့ အရေးယူဖို့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ပြစ်တင်နေကြချိန်မှာ ထိုင်းအစိုးရက အခုလို ချီးကျူး ဂုဏ်ပြုလိုက်တာဖြစ် တယ်လို့ အေအက်ဖ်ပီ သတင်းဌာနက ဖေါ်ပြပါတယ်။

ထိုင်း ဘုရင့်နန်းတော် အာဏာပိုင်တွေကတော့ ထိုင်းစစ်တပ်ကို ထောက်ခံမှုတွေ အကူအညီတွေ ပေးခဲ့တဲ့အတွက် ဒီဆုချီးမြှင့်ဖို့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က ဆုံးဖြတ်ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ကြေညာပါတယ်။

ဖေါ်တီဖိုင်း ရိုက်စ် လူ့အခွင့်အရေးအဖွဲ့က မက်တ်-စမစ်ကလဲ ထိုင်းအစိုးရအနေနဲ့ အခုလို ဂုဏ်ပြုမယ့် အစား မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးပြီး လူ့အခွင့်အရေးမျှတမှုရရှိစေဖို့ တိုက်တွန်း ကြိုးပမ်းသွားသင့်တယ် လို့ ပြောပါတယ်။

အဲဒီ ဘွဲ့ချီးမြှင့်တဲ့ အခမ်းအနားကို တက်ရောက်ဖို့ ကာကွယ်ရေးဦးစီးချုပ်နဲ့ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်တဲ့ မြန်မာ့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိသွားခဲ့ကြပြီး ထိုင်းနိုင်ငံရှိ အထင်ကရနေရာတွေကို လှည့်လည်ကြည့်ရှု လေ့လာသွားမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

RFA Burmese

, , ,

About popinvdo.xyz(ပဲပင္​​ေပါက္​)

View all posts by popinvdo.xyz(ပဲပင္​​ေပါက္​) →

Leave a Reply

Your email address will not be published. Required fields are marked *