ပတ်ဂျီဆန် ( သို့ ) အဆုတ် ၃ ခုနဲ့ လူသားတစ်ယောက်အကြောင်း
ပီယာလို
ကလပ် အသင်း
J2 League ချန်ပီယံ
လိဂ် ဖလား  ၃ ကြိမ်
ချန်ပီယံလိဂ် ၁ ကြိမ်
နိုင် ငံ အသင်း
Šäï
သူက တစ် ကွင်းလုံးကို လျှပ် စီးလက် နေသလို ပြေးလွှားဆော့ကစား နေတာပါ ။ ကျွန်တော့ ကစားသမားဘဝတစ် လျောက် ရင် ဆိုင် ခဲ့ဖူးသမျှ ထဲမှာ သူက အိပ် မက်ဆိုးတစ် ခုပါပဲ”
#ပီယာလို
အထက် ပါ စကားက တော့ အီတလီ နဲ့ အေစီမီလန် အသင်းတို့ရဲ့ ဂန္တဝင် ကွင်းလယ် ဗိုလ် ချုပ်ကြီး အန် ဒ ရေ ပီယာလို ရဲ့ “I think before I play” ဆိုတဲ့ ကိုယ် တိုင် ရေး အထုပ္ပတ္တိ စာအုပ် ထဲမှာ ဖော်ပြထားတဲ့အ ကြောင်းအရာပဲဖြစ် ပါတယ် ။ ဘောလုံးလောကရဲ့ ဂန္တဝင် ကွင်းလယ် ဗိုလ် ချုပ် ကြီးကို အခက် တွေ့စေခဲ့ တဲ့ အဆိုပါ ကွင်းလယ်လူက တော့ မန်ချက်စတာယူနိုက်တက် နဲ့ တောင် ကိုရီးယား အသင်းတို့ရဲ့ ကွင်းလယ် အင် ဂျင် ပတ် ဂျီဆန် ဖြစ် ပါတယ် ။
၁၉၈၁ ခုနှစ် ရဲ့ ဒီလိုနေ့မျိုးလေးမှာ က လေးငယ်လေး တစ် ဦးဟာ တောင် ကိုရီးယားနိုင် ငံ ဂိုဟောင်း အရပ် မှာမွေးဖွားလာခဲ့ပါတယ် ။ အသက် ၁၉ နှစ် အရွယ် မှာတော့ ကျိုတို ဘောလုံးအသင်းမှာ ဘောလုံး စတင် ကစားခဲ့တဲ့ ပတ် ဂျီဆန် ဟာ နယ်သာလန် ကလပ် PSV ရဲ့ မျက် စိကျမှုကို ခံခဲ့ရပြီး ၂၀၀၃ ခုနှစ် မှာ ဥရောပ ကို စတင် ခြေချခဲ့ပါတယ် ။ ၂၀၀၄-၂၀၀၅ ချန်ပီယံလိဂ် ရာသီမှာ PSV ဟာ ဆီမီးဖိုင် နယ် အထိ ရောက် ရှိခဲ့ပြီး အေစီမီလန် နဲ့ ကစားခဲ့တဲ့ ပွဲတွေမှာ ပက် ရဲ့ ခြေစွမ်းကို မန်ချက်စတာယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် သတိပြုမိသွားခဲ့ပါတယ် ။ အဲ့ဒီနောက် ရာသီမှာတော့ အိုးထရက်ဖိုဒ့် ကွင်းကြီးထံ ပေါင် ၄ သန်းဖြင့် ရောက် ရှိလာခဲ့ပါတယ် ။ နောက် ပိုင်း ကာလ တွေက တော့ သမိုင်းကြောင်းသစ် တစ် ခုကို ဖန်တီးနိုင် ခဲ့တာ ဖြစ် ပါတယ် ။
ယူနိုက်တက် အသင်းမှာ ၂၀၀၅ ခုနှစ် က နေ ၂၀၁၂ ခုနှစ် အထိ ကစားခဲ့တဲ့ ကာလအတွင်းမှာ ပတ် ဂျီဆန် ဟာ အောင်မြင် မှုတွေကို သိမ်းပိုက် နိုင် ခဲ့ပါတယ် ။ ပရီးမီးယားလိဂ် ဖလားကို ကိုင် မြောက် နိုင် ခဲ့တဲ့ ပထမဆုံး အာရှသား ၊ မန်ချက်စတာယူနိုက်တက် ရဲ့ ပထမဆုံး အာရှသား အသင်းခေါင်းဆောင် ၊ ချန်ပီယံလိဂ် ဗိုလ် လုပွဲ ရောက် ပထမဆုံး အာရှသား ၊ ချန်ပီယံလိဂ် နဲ့ ကမ္ဘာ့ကလပ် ချန်ပီယံဖလားတွေကို ကိုင် မြောက် နိုင် ခဲ့တဲ့ ပထမဆုံး အာရှသား စတဲ့ ဂုဏ် ထူးတွေကို ပတ် ဂျီဆန် ရရှိခဲ့ပါတယ် ။
ဒါ့အပြင် ပတ် ဂျီဆန် ရဲ့ စည်းကမ်း သေဝပ် မှု ၊ မဆုတ် မနစ် ကြိုးစားမှု ၊ အရပ် ၅ ပေ ၉ လက် မ သာ ရှိပေ မယ့် ဥရောပကစားသမားတွေနဲ့ အပြိုင် တွန်းတိုက် ကစားနိုင် မှု ၊ ကောင်းမွန် တဲ့ လုပ် အားနှုန်းတွေကြောင့် အဆုတ် တစ် ခု အပို ပါနေတဲ့ သူလိ့ု ခေါ်ဆိုခဲ့ကြပြီး “အဆုတ် ၃ ခုနဲ့ ပတ် ဂျီဆန်” လို့ အမည်တွင် ခဲ့ပါတယ် ။
၂၀၁၂ ခုနှစ် မှာတော့ QPR အသင်းကို ပြောင်းရွှေ့ ကစားခဲ့ပြီး ဒဏ် ရာတွေကြောင့် ပွဲကစားခွင့်နည်းပါးခဲ့ ပါ တယ် ။ ၂၀၁၃ မှာတော့ ဥရောပ အောင်မြင် မှုတွေ အစပျိုးစေခဲ့တဲ့ PSV ကို အငှားပြန် သွားခဲ့ပြီးနောက် မှာတော့ ဘောလုံးကစားခြင်းက နေ အနားယူခဲ့လိုက် ပါတယ် ။
ပတ် ဂျီဆန် ဟာ ၂၀၀၂ ခုနှစ် က ကမ္ဘာ့ဖလား စတုတ္ထ ဆုရ တောင် ကိုရီးယားအသင်းမှာ ပါဝင် ကစားခဲ့သူ ဖြစ် သလို ၂၀၀၆ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင် ပွဲတွေကို လည်း တောင် ကိုရီးယားအသင်းခေါင်းဆောင် အဖြစ် ပါဝင် ယှဉ်ပြိုင် ခဲ့ပါတယ် ။ ပတ် ဟာ အဆိုပါ ပြိုင် ပွဲကြီး ၃ ခုစလုံးမှာ ဂိုးသွင်းနိုင် ခဲ့ပြီး ကမ္ဘာ့ဖလား ၃ ကြိမ် ဆက် ဂိုးသွင်းနိုင် ခဲ့တဲ့ ပထမဆုံး တောင် ကိုရီးယားသား ( ဒုတိယ မြောက် အာရှသား ) အဖြစ် လည်း မှတ် တမ်း ဝင် ခဲ့ပြန် ပါတယ် ။
ဘောလုံးလောက က နေ အနားယူပြီးနောက် မှာတော့ ပတ် ဂျီဆန် ဟာ မန်ချက်စတာယူနိုက်တက် အသင်း ရဲ့ သံတမန် တစ် ဦးဖြစ် လာခဲ့ပါတယ် ။ လက် ရှိ အချိန် မှာတော့ ဖီဖာ ရဲ့ ဘောလုံးစီမံခန့်ခွဲမှု သင် တန်းတွေကို တက် ရောက် သင် ယူနေတယ် လို့ သိရှိရပါတယ် ။
ဒီ က နေ့ က တော့ အာရှ ဂုဏ်ဆောင် ဘောလုံးသမား ပတ် ဂျီဆန် ရဲ့ ၃၇ နှစ် ပြည့် မွေးနေ့ဖြစ် ပါတယ် ခင် ဗျာ . . . . . . .
#HappyBirthdayJiSungPark
ပတ် ဂျီ ဆန် ရဲ့ ကစားသမားဘ၀ အောင်မြင် မှုများ
ကလပ် အသင်း
J2 League ချန်ပီယံ
ဂျပန် အင် ပါယာ ဖလား ချန်ပီယံ
နယ် သာလန်လိဂ် ချန်ပီယံ – ၂ ကြိမ်
နယ် သာလန် ဖလား ချန်ပီယံ
ပရီးမီးယားလိဂ် ချန်ပီယံ – ၄ ကြိမ်
လိဂ် ဖလား – ၃ ကြိမ်
ချန်ပီယံလိဂ် – ၁ ကြိမ်
ဖီဖာ ကမ္ဘာ့ကလပ် ဖလားချန်ပီယံ
နိုင် ငံ အသင်း
၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား စတုတ္ထ
“ပီယာလို နဲ့ ပတ် တို့ ဆန် ဆီရို မှာ ကစားပြီးနောက် ပိုင်းမှာ လူကပ်ခြင်း အနုပညာ ကို ကောင်းကောင်း နားလည် သွားခဲ့ပါတယ် ။ ပီယာလိုအတွက် က တော့ ဂျီ ကို အိပ် ယာဝင် တိုင်းမြင် ယောင်နေမိမှာပါ” #ဖာဒီနန်
“နောက် ခံလူလေး ယောက် ရဲ့ ရှေ့မှာ ပတ် ဂျီဆန် ရပ် နေ တာကို ပြိုင် ဘက် အသင်းသားတွေ မုန်းတီးကြပါလိမ့်မယ် ။ သူ့ရဲ့ နေရာယူပုံနဲ့ ဘောလုံးအမြင် ၊ ရွေ့လျားမှုတွေ ၊ သတိရှိမှုတွေက တကယ် အံ့မခန်း ပါပဲ” #ဆာအဲလက်စ်ဖာဂူဆန်
“ဂျီ က ပွဲကြီးတွေဆိုရင် ခြေစွမ်းပြ လေ့ရှိပါတယ် ။ ဒါကြောင့်လည်း ပွဲကြီးတွေ မှာ သူ့ကို မကြာခဏ ထည့် ကစားခဲ့တာပါ ။ သူက ပရိသတ်တွေ နှစ် သက် တဲ့သူလည်းဖြစ် သလို အသင်းအ ပေါ်လည်း အ ကျိုးသက် ရောက် မှု ကောင်းတဲ့ ကစားသမားမျိုးပါ” #ဗီဒစ်
“ဂျီ က အသင်းရဲ့အ ရေးအပါဆုံး ကစားသမားတွေထဲက တစ် ယောက် ပါ ။ သူဘယ် တော့မှ မနားပါဘူး ။ အမြဲ ပြေးလွှားနေတာပါ။ တစ် နေကုန် ပြေးရမယ် ဆိုရင် လည်းဖြစ် ပါတယ် ။ တစ် ခါတစ် လေ ကျွန်တော် မောပန်းနေပြီး ဆက် မလိုက် နိုင် တော့ဘူးဆိုရင် တော့ စိတ် ထဲမှာ “ဂျီက ငါ့အတွက် ပြေးပေးလိမ့်မယ်” ဆိုပြီး စိတ် သက် သာရာ ရခဲ့ပါတယ်” #အီဗရာ
Share from: လှ​တောသား
, ,
About popinvdo.xyz(ပဲပင်​​ပေါက်​)
View all posts by popinvdo.xyz(ပဲပင်​​ပေါက်​) →
Leave a Reply
Your email address will not be published. Required fields are marked *