ဘဏ္တြင္ေငြလာအပ္သည့္ သူေတာင္းစားတဦးကို ဘဏ္ဝန္ထမ္းက ကန္ခ်

ထိုင္းႏိုင္ငံ ဘန္ေကာက္အနီး ပထုန္ဌာနီခ႐ုိင္ ခေလာင္းဟနယ္ေျမရွိ ပုဂၢလိကပိုင္ ဘဏ္တိုက္တခုမွာ ေငြလာအပ္တဲ့ သူေတာင္းစားအဖိုးအိုကို ဘဏ္ဝန္ထမ္းက ေလွခါးရင္းကေန ကန္ခ်ခဲ့တယ္လို႔ ထိုင္း Moo News သတင္းမွာ ေဖာ္ျပပါတယ္။

အသက္ ၆၇ ႏွစ္အရြယ္ လံုးဆိုင္ က်င္းတနားဝုန္း အမည္ရွိ သူေတာင္းစားတဦးဟာ သူစုထားတဲ့ ေငြအေႂကြေတြ ဘဏ္မွာအပ္ထားဖို႔ ၿပီးခဲ့တဲ့ ေမလ ၃၁ ရက္ေန႔က ခေလာင္းဟ နယ္ေျမေက ဘဏ္ခြဲကို ေရာက္ရွိလာပါတယ္။

သူက ဘဏ္မွာ ၂ နာရီေက်ာ္ထိ တန္းစီေစာင့္ဆိုင္းေနေပမယ့္ ေငြအပ္ႏွံလို႔ မရေသးတာေၾကာင့္ ဘဏ္ဝန္ထမ္းတဦးက လာေရာက္ေမးျမန္းရာမွာ သူက အိတ္ထဲထည့္ထားတဲ့ အေႂကြေစ့ေတြျပၿပီး ေငြအပ္ခ်င္တဲ့အေၾကာင္း ေျပာျပခဲ့ပါတယ္။

ဝန္ထမ္းက ေငြအေႂကြေတြၾကည့္ၿပီး ေငြအပ္ခ်င္ရင္ တန္းစီ တိုကင္အရင္ယူရေၾကာင္း၊ ေနာက္ၿပီး သူတို႔ဘဏ္မွာ အနည္းဆံုး ေငြတေထာင္ရွိမွ လက္ခံေၾကာင္း ေျပာဆုိပါတယ္။

အဖိုးႀကီးက ဒါဆို သူဟာ ၂ နာရီၾကာ မတ္တပ္ရပ္ တန္းစီရတဲ့အတြက္ အေပါ့သြားခ်င္လို႔ ေရအိမ္တက္ခြင့္ေတာင္းရာမွာ ဝန္ထမ္းက သူ႔ကို ခြင့္မျပဳဘဲ ထြက္သြားဖို႔ ႏွင္ထုတ္လိုက္သလို ေျခေတာက္နဲ႔လည္း ေလွကားေပၚကေန ကန္ခ်ခဲ့ပါတယ္။

ဘဏ္ဝန္ထမ္းကန္ခ်လိုက္လို႔ အဖိုးအိုမွာ ဘယ္ဘက္နားထင္ကြဲသြားၿပီး ေသြးေတြထြက္လာတဲ့အတြက္ဘဏ္ကိုလာတဲ့ ဧည့္သည္ေတြက ဝုိင္းထူေပးၿပီး လူနာကူညီကယ္ဆယ္ေရးယာဥ္ကိုလည္း ဖုန္းဆက္ေပးလိုက္ပါတယ္။

ကူညီကယ္ဆယ္ေရးအဖြဲ႔ေတြက အဖိုးအိုကို ေဆးထည့္ေပးသလို နီးစပ္ရာရဲစခန္း ေခၚသြားၿပီး သူ႔ကိုကန္ခ်ခဲ့တဲ့ ဘဏ္ဝန္ထမ္းကို အေရးယူေပးဖို႔ အမႈဖြင့္ေစခဲ့ပါတယ္။

Credit: DVB

ဘဏ်တွင်ငွေလာအပ်သည့် သူတောင်းစားတဦးကို ဘဏ်ဝန်ထမ်းက ကန်ချ

ထိုင်းနိုင်ငံ ဘန်ကောက်အနီး ပထုန်ဌာနီခရိုင် ခလောင်းဟနယ်မြေရှိ ပုဂ္ဂလိကပိုင် ဘဏ်တိုက်တခုမှာ ငွေလာအပ်တဲ့ သူတောင်းစားအဖိုးအိုကို ဘဏ်ဝန်ထမ်းက လှေခါးရင်းကနေ ကန်ချခဲ့တယ်လို့ ထိုင်း Moo News သတင်းမှာ ဖော်ပြပါတယ်။

အသက် ၆၇ နှစ်အရွယ် လုံးဆိုင် ကျင်းတနားဝုန်း အမည်ရှိ သူတောင်းစားတဦးဟာ သူစုထားတဲ့ ငွေအကြွေတွေ ဘဏ်မှာအပ်ထားဖို့ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ခလောင်းဟ နယ်မြေကေ ဘဏ်ခွဲကို ရောက်ရှိလာပါတယ်။

သူက ဘဏ်မှာ ၂ နာရီကျော်ထိ တန်းစီစောင့်ဆိုင်းနေပေမယ့် ငွေအပ်နှံလို့ မရသေးတာကြောင့် ဘဏ်ဝန်ထမ်းတဦးက လာရောက်မေးမြန်းရာမှာ သူက အိတ်ထဲထည့်ထားတဲ့ အကြွေစေ့တွေပြပြီး ငွေအပ်ချင်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။

ဝန်ထမ်းက ငွေအကြွေတွေကြည့်ပြီး ငွေအပ်ချင်ရင် တန်းစီ တိုကင်အရင်ယူရကြောင်း၊ နောက်ပြီး သူတို့ဘဏ်မှာ အနည်းဆုံး ငွေတထောင်ရှိမှ လက်ခံကြောင်း ပြောဆိုပါတယ်။

အဖိုးကြီးက ဒါဆို သူဟာ ၂ နာရီကြာ မတ်တပ်ရပ် တန်းစီရတဲ့အတွက် အပေါ့သွားချင်လို့ ရေအိမ်တက်ခွင့်တောင်းရာမှာ ဝန်ထမ်းက သူ့ကို ခွင့်မပြုဘဲ ထွက်သွားဖို့ နှင်ထုတ်လိုက်သလို ခြေတောက်နဲ့လည်း လှေကားပေါ်ကနေ ကန်ချခဲ့ပါတယ်။

ဘဏ်ဝန်ထမ်းကန်ချလိုက်လို့ အဖိုးအိုမှာ ဘယ်ဘက်နားထင်ကွဲသွားပြီး သွေးတွေထွက်လာတဲ့အတွက်ဘဏ်ကိုလာတဲ့ ဧည့်သည်တွေက ဝိုင်းထူပေးပြီး လူနာကူညီကယ်ဆယ်ရေးယာဉ်ကိုလည်း ဖုန်းဆက်ပေးလိုက်ပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အဖိုးအိုကို ဆေးထည့်ပေးသလို နီးစပ်ရာရဲစခန်း ခေါ်သွားပြီး သူ့ကိုကန်ချခဲ့တဲ့ ဘဏ်ဝန်ထမ်းကို အရေးယူပေးဖို့ အမှုဖွင့်စေခဲ့ပါတယ်။

Credit: DVB
Share from:tawthu.com

,

About popinvdo.xyz(ပဲပင္​​ေပါက္​)

View all posts by popinvdo.xyz(ပဲပင္​​ေပါက္​) →

Leave a Reply

Your email address will not be published. Required fields are marked *