လင္မယား အသစ္စက္စက္ရဲ႕ မဂၤလာဦးည ကို ကြင္းကြင္းကြက္ကြက္ ျမင္ေအာင္ဆိုထားတဲ့ သီခ်င္း


လင္မယားအသစ္စက္စက္ရဲ႕ မဂၤလာဦးညကို ကြင္းကြင္းကြက္ကြက္ ျမင္ေအာင္ဆိုထားတဲ့ သီခ်င္း (စိုင္းထီးဆုိင္)

ကၽြန္ေတာ္တို႔ငယ္ငယ္က ကၽြန္ေတာ္တုိ႔အေဖ ဖြင့္တဲ့သီခ်င္းေတြထဲမွာ စိတ္ထဲ ခုိးလုိးခုလု ျဖစ္ရတဲ့သီခ်င္းတစ္ပုဒ္ ရွိတယ္ … ဦးစိုင္းထီးဆုိင္ရဲ႕ … အျပာေရာင္မ်က္ရည္တဲ့ …

♪♪♪ … ရွိတဝက္ပ်က္တဝက္ ႏွစ္ဖက္ေသာပါးျပင္ေပၚမွာ လိမ္းတဲ့ သနပ္ခါး ကြက္က်န္လို႔ေန

တစ္လိမ့္ခ်င္းလိမ့္လုိ႔ စီးဆင္းက်လာရာလမ္း ျမစ္ႏွစ္သြယ္လိုပဲ ထင္က်န္ေန

စီးပါေလေစ ခ်စ္သူေရ မသုတ္လိုက္နဲ႔ အျပာေရာင္ေလး ဒီမ်က္ရည္ေတြနဲ႔ တကယ္လွေန… ♪♪♪

အဲ့စာသားနားေထာင္ရင္း စဥ္းစားတယ္ .. ဒီလူက လူဆိုးႀကီးမ်ားလား … ရက္စက္ခ်က္ကလည္း ကမ္းကုန္ပဲ … ေကာင္မေလး မ်က္ရည္က်တာကို တစိမ့္စိမ့္ထိုင္ၾကည့္ၿပီး အရသာခံေနတယ္ေပါ့
… အဲဒါနဲ႔ ဆက္နားေထာင္ျဖစ္တယ္ …

♪♪♪ …. တခ်က္တခ်က္ရိႈက္တဲ့မင္းငိုသံေလး ညသန္းေကာင္ေတးတစ္ပုဒ္လိုပဲေလ

ယဲ့ယဲ့ျပံဳးတဲ့ မင္းရဲ့မ်က္ႏွာျမင္ေတာ့ အလွပန္းခ်ီတစ္ခ်ပ္အလား ထင္စရာေပ

စီးပါေလေစ ခ်စ္သူေရ မသုတ္လိုက္နဲ႔ အျပာေရာင္ေလး ဒီမ်က္ရည္ေတြနဲ႔ တကယ္လွေန …. ♪♪♪

ဟင္ … ယဲ့ယဲ့ၿပံဳးသတဲ့ … ငိုေနရင္းက ဘာလုိ႔ထၿပံဳးရတာလဲ … ႏွိပ္စက္လြန္လုိ႔ ေၾကာက္ၿပီး႐ူးမ်ားသြားေလသလားပဲ … အဲထားပါေတာ့ေလ … ဆက္နားေထာင္တယ္ …

♪♪♪ … အျပာေရာင္ေလး အခ်စ္မ်က္ရည္ အျပာေရာင္မ်က္ရည္ အခ်စ္သက္ေသ

စိုခြင့္ရွိသူသာ စိုေစမယ္ စိုေစမယ္

ေပါကၡဝႆန မိုးလိုေျပာတာ ဒါပဲျဖစ္မယ္ထင္ရဲ့ စိတ္မွာစြဲေန

လိုက္ေလ်ာျခင္းရဲ့အဆံုးစြန္းေရာက္တဲ့ ခဏေလး တသက္မွာတစ္ခါပဲ ၾကံဳမယ္ေလ

စီးပါေလေစ ခ်စ္သူေရ မသုတ္လိုက္နဲ႔ အျပာေရာင္ေလး ဒီမ်က္ရည္ေတြနဲ႔ ယဥ္လို႔ေန …. ♪♪♪

ငင့္ .. ေပါက္ကရ မိုးေတြဘာေတြပါ ပါလာၿပီ .. လုိက္မမီေတာ့ဘူး .. ေဖေဖ့ကို ေမးၾကည့္ေတာ့လည္း ရယ္ေနတယ္ .. အဲလုိနဲ႔ ဘာမွန္းမသိတဲ့ သီခ်င္းတစ္ပုဒ္ဆိုၿပီး စိတ္ထဲမွာ ခုလုခုလုနဲ႔
ရွိေနခဲ့တာေပါ့ …

အဲလုိနဲ႔ တကၠသိုလ္တက္ေတာ့ အေဆာင္က ဦးေလးႀကီး အဲဒီသီခ်င္းဆိုေနသံၾကားလုိ႔ ထပ္ေမးၾကည့္ျဖစ္တယ္ … ဦးေလးႀကီးက ရယ္က်ဲက်ဲျဖစ္သြားတယ္ …

– မင္းၾကားဖူးမွာေပါ့ .. အျပာကားတုိ႔ အျပာစာအုပ္တုိ႔ …. အဲဒီအျပာရဲ႕အဓိပၸါယ္ကို သိတယ္မဟုတ္လား …

– ဟုတ္ .. ဟိုဟာ .. လူႀကီးကိစၥ

– ေအး .. ဒီသီခ်င္းက အဲဒီကိစၥပဲကြ … ေကာင္မေလးရဲ႕ ပထမဆံုးညမို႔ က်တဲ့မ်က္ရည္ေလ .. အျပာေရာင္မ်က္ရည္လုိ႔ တင္စားထားတာ …

– ေၾသာ္ ….

– ဒါနဲ႔ ေပါက္ကရမိုးဆိုတာက …

– ေပါကၡရ၀ႆမိုးပါကြာ … အဲဒါက ဘုရားရွင္လက္ထက္က တန္ခိုးေတာ္နဲ႔ ရြာေပးတဲ့ စိုေစလုိသူစိုၿပီး မစိုေစခ်င္တဲ့လူ မစိုတဲ့ မုိးကိုေျပာတာ …

– ေၾသာ္ ….

အဲလိုနဲ႔ ကၽြန္ေတာ္ အဲဒီသီခ်င္းကို ျပန္နားေထာင္ၾကည့္တယ္ … လခြမ္း .. ေရးခ်က္က အရမ္းခ်ီးက်ဴးဖုိ႔ေကာင္းတယ္ဗ်ာ … အဓိပၸါယ္သိမွ ပိုၿပီးသေဘာက်သြားတယ္ … ဖြဲ႕ႏြဲ႕တတ္ပံုမ်ား …

ေနာက္မွ ဆရာစိုင္းခမ္းလိတ္ေရးတာ ဆိုတာ သိရတယ္ … စာသားေတြက ခ်စ္စရာေလးဗ်ာ … ♪♪♪ လုိကေလ်ာျခင္းရဲ႕ အဆံုးစြန္ေရာက္တဲ့တခဏေလး .. တစ္သက္မွာတစ္ခါပဲႀကံဳမယ္ေလ ♪♪♪ .. တဲ့ … ေပါကၡရ၀ႆမိုး ဆိုတဲ့ တင္စားခ်က္ေလးကိုလည္း သေဘာက်မိတယ္ … မိန္းကေလးစိုေစလုိသူအတြက္ မိုးေပါ့ … ေနာက္ၿပီး စိတ္ကူးထဲက လူယုတ္မာႀကီးလည္း ေပ်ာက္သြားတယ္ … ပထမဆံုးညမို႔ ငိုေနတဲ့ ခ်စ္သူေလးကို တစိမ့္စိမ္နဲ႔ ၾကည့္ရင္း ခ်စ္မ၀တဲ့ ေယာက်္ားေလးတစ္ဦးဆိုတာပဲ စိတ္ထဲေပၚလာတယ္ … အဲ … သီခ်င္းဆံုးေတာ့ ပထမဆံုး၀င္လာတဲ့အေတြးက ၀မ္းနည္းစရာပဲ .. ဆရာစိုင္းခမ္းလိတ္ေရးတုန္းက အျပာေရာင္မ်က္ရည္ဟာ ခုေခတ္မွာ မရွိေတာ့ဘူးဆိုတာ ေတြးလိုက္မိလုိ႔ပါ …. 😀

=========

လင်မယားအသစ်စက်စက်ရဲ့ မင်္ဂလာဦးညကို ကွင်းကွင်းကွက်ကွက် မြင်အောင်ဆိုထားတဲ့ သီချင်း (စိုင်းထီးဆိုင်)

ကျွန်တော်တို့ငယ်ငယ်က ကျွန်တော်တို့အဖေ ဖွင့်တဲ့သီချင်းတွေထဲမှာ စိတ်ထဲ ခိုးလိုးခုလု ဖြစ်ရတဲ့သီချင်းတစ်ပုဒ် ရှိတယ် … ဦးစိုင်းထီးဆိုင်ရဲ့ … အပြာရောင်မျက်ရည်တဲ့ …

♪♪♪ … ရှိတဝက်ပျက်တဝက် နှစ်ဖက်သောပါးပြင်ပေါ်မှာ လိမ်းတဲ့ သနပ်ခါး ကွက်ကျန်လို့နေ

တစ်လိမ့်ချင်းလိမ့်လို့ စီးဆင်းကျလာရာလမ်း မြစ်နှစ်သွယ်လိုပဲ ထင်ကျန်နေ

စီးပါလေစေ ချစ်သူရေ မသုတ်လိုက်နဲ့ အပြာရောင်လေး ဒီမျက်ရည်တွေနဲ့ တကယ်လှနေ… ♪♪♪

အဲ့စာသားနားထောင်ရင်း စဉ်းစားတယ် .. ဒီလူက လူဆိုးကြီးများလား … ရက်စက်ချက်ကလည်း ကမ်းကုန်ပဲ … ကောင်မလေး မျက်ရည်ကျတာကို တစိမ့်စိမ့်ထိုင်ကြည့်ပြီး အရသာခံနေတယ်ပေါ့
… အဲဒါနဲ့ ဆက်နားထောင်ဖြစ်တယ် …

♪♪♪ …. တချက်တချက်ရှိုက်တဲ့မင်းငိုသံလေး ညသန်းကောင်တေးတစ်ပုဒ်လိုပဲလေ

ယဲ့ယဲ့ပြုံးတဲ့ မင်းရဲ့မျက်နှာမြင်တော့ အလှပန်းချီတစ်ချပ်အလား ထင်စရာပေ

စီးပါလေစေ ချစ်သူရေ မသုတ်လိုက်နဲ့ အပြာရောင်လေး ဒီမျက်ရည်တွေနဲ့ တကယ်လှနေ …. ♪♪♪

ဟင် … ယဲ့ယဲ့ပြံုးသတဲ့ … ငိုနေရင်းက ဘာလို့ထပြံုးရတာလဲ … နှိပ်စက်လွန်လို့ ကြောက်ပြီးရူးများသွားလေသလားပဲ … အဲထားပါတော့လေ … ဆက်နားထောင်တယ် …

♪♪♪ … အပြာရောင်လေး အချစ်မျက်ရည် အပြာရောင်မျက်ရည် အချစ်သက်သေ

စိုခွင့်ရှိသူသာ စိုစေမယ် စိုစေမယ်

ပေါက္ခဝဿန မိုးလိုပြောတာ ဒါပဲဖြစ်မယ်ထင်ရဲ့ စိတ်မှာစွဲနေ

လိုက်လျောခြင်းရဲ့အဆုံးစွန်းရောက်တဲ့ ခဏလေး တသက်မှာတစ်ခါပဲ ကြံုမယ်လေ

စီးပါလေစေ ချစ်သူရေ မသုတ်လိုက်နဲ့ အပြာရောင်လေး ဒီမျက်ရည်တွေနဲ့ ယဉ်လို့နေ …. ♪♪♪

ငင့် .. ပေါက်ကရ မိုးတွေဘာတွေပါ ပါလာပြီ .. လိုက်မမီတော့ဘူး .. ဖေဖေ့ကို မေးကြည့်တော့လည်း ရယ်နေတယ် .. အဲလိုနဲ့ ဘာမှန်းမသိတဲ့ သီချင်းတစ်ပုဒ်ဆိုပြီး စိတ်ထဲမှာ ခုလုခုလုနဲ့
ရှိနေခဲ့တာပေါ့ …

အဲလိုနဲ့ တက္ကသိုလ်တက်တော့ အဆောင်က ဦးလေးကြီး အဲဒီသီချင်းဆိုနေသံကြားလို့ ထပ်မေးကြည့်ဖြစ်တယ် … ဦးလေးကြီးက ရယ်ကျဲကျဲဖြစ်သွားတယ် …

– မင်းကြားဖူးမှာပေါ့ .. အပြာကားတို့ အပြာစာအုပ်တို့ …. အဲဒီအပြာရဲ့အဓိပ္ပါယ်ကို သိတယ်မဟုတ်လား …

– ဟုတ် .. ဟိုဟာ .. လူကြီးကိစ္စ

– အေး .. ဒီသီချင်းက အဲဒီကိစ္စပဲကွ … ကောင်မလေးရဲ့ ပထမဆုံးညမို့ ကျတဲ့မျက်ရည်လေ .. အပြာရောင်မျက်ရည်လို့ တင်စားထားတာ …

– သြော် ….

– ဒါနဲ့ ပေါက်ကရမိုးဆိုတာက …

– ပေါက္ခရဝဿမိုးပါကွာ … အဲဒါက ဘုရားရှင်လက်ထက်က တန်ခိုးတော်နဲ့ ရွာပေးတဲ့ စိုစေလိုသူစိုပြီး မစိုစေချင်တဲ့လူ မစိုတဲ့ မိုးကိုပြောတာ …

– သြော် ….

အဲလိုနဲ့ ကျွန်တော် အဲဒီသီချင်းကို ပြန်နားထောင်ကြည့်တယ် … လခွမ်း .. ရေးချက်က အရမ်းချီးကျူးဖို့ကောင်းတယ်ဗျာ … အဓိပ္ပါယ်သိမှ ပိုပြီးသဘောကျသွားတယ် … ဖွဲ့နွဲ့တတ်ပုံများ …

နောက်မှ ဆရာစိုင်းခမ်းလိတ်ရေးတာ ဆိုတာ သိရတယ် … စာသားတွေက ချစ်စရာလေးဗျာ … ♪♪♪ လိုကလျောခြင်းရဲ့ အဆုံးစွန်ရောက်တဲ့တခဏလေး .. တစ်သက်မှာတစ်ခါပဲကြံုမယ်လေ ♪♪♪ .. တဲ့ … ပေါက္ခရဝဿမိုး ဆိုတဲ့ တင်စားချက်လေးကိုလည်း သဘောကျမိတယ် … မိန်းကလေးစိုစေလိုသူအတွက် မိုးပေါ့ … နောက်ပြီး စိတ်ကူးထဲက လူယုတ်မာကြီးလည်း ပျောက်သွားတယ် … ပထမဆုံးညမို့ ငိုနေတဲ့ ချစ်သူလေးကို တစိမ့်စိမ်နဲ့ ကြည့်ရင်း ချစ်မဝတဲ့ ယောကျ်ားလေးတစ်ဦးဆိုတာပဲ စိတ်ထဲပေါ်လာတယ် … အဲ … သီချင်းဆုံးတော့ ပထမဆုံးဝင်လာတဲ့အတွေးက ၀မ်းနည်းစရာပဲ .. ဆရာစိုင်းခမ်းလိတ်ရေးတုန်းက အပြာရောင်မျက်ရည်ဟာ ခုခေတ်မှာ မရှိတော့ဘူးဆိုတာ တွေးလိုက်မိလို့ပါ ..
Share from:လွ​ေတာသား

ျပန္​လည္​မ်ွ​ေဝ​ေပးရန္​ႏွိပ္​ပါ✌✌✌
Share on Facebook
Facebook
0

4total visits,1visits today

About popinvdo.xyz(ပဲပင္​​ေပါက္​)

View all posts by popinvdo.xyz(ပဲပင္​​ေပါက္​) →

Leave a Reply

Your email address will not be published. Required fields are marked *