ဆရာစံဇာဏီဘို၏ (၁၂) ရာသီဖြားမ်ားအတြက္(4.3.2018 မွ 10.3.2018)ေဟာစတမ္း


ဆရာစံဇာဏီဘို၏ (၁၂) ရာသီဖြားမ်ားအတြက္(4.3.2018 မွ 10.3.2018) ေဟာစတမ္း မိႆရာသီ (မတ္ ၂၁ မွ ဧၿပီ ၂၀)
အဘက္ဘက္မွေကာင္းမည္။ အလွဴအတန္းကိစၥ၊ ဘာသာေရးကိစၥမ်ားအတြက္ ေဆာင္ရြက္ရန္အေနအထားရွိမည္။ အၿပိဳင္အဆိုင္ၾကားမွ တိုးတက္မည္။ လူမ်ိဳးကြဲအက်ိဳးေပးမည္။ ဆိုင္းငံ့ထားေသာကိစၥမ်ား ျပန္လည္ေဆာင္ရြက္ရမည္။ ေမတၱာေရးကိစၥမ်ားတြင္ အဆင္မေျပမႈမ်ားလႊမ္းမိုးမည္။ အျပန္အလွန္ စကားမ်ားရမည္။ ပဋိပကၡျဖစ္ေပၚမည္။
ယၾတာ ။ ။ အဂၤါေန႔တြင္ ဆီထမင္း ငါးပံုပံု၍လွဴပါ။

မိဿရာသီ (မတ် ၂၁ မှ ဧပြီ ၂၀)

အဘက်ဘက်မှကောင်းမည်။ အလှူအတန်းကိစ္စ၊ ဘာသာရေးကိစ္စများအတွက် ဆောင်ရွက်ရန်အနေအထားရှိမည်။ အပြိုင်အဆိုင်ကြားမှ တိုးတက်မည်။ လူမျိုးကွဲအကျိုးပေးမည်။ ဆိုင်းငံ့ထားသောကိစ္စများ ပြန်လည်ဆောင်ရွက်ရမည်။ မေတ္တာရေးကိစ္စများတွင် အဆင်မပြေမှုများလွှမ်းမိုးမည်။ အပြန်အလှန် စကားများရမည်။ ပဋိပက္ခဖြစ်ပေါ်မည်။
ယတြာ ။ ။ အင်္ဂါနေ့တွင် ဆီထမင်း ငါးပုံပုံ၍လှူပါ။

ၿပိႆရာသီ (ဧၿပီ ၂၁ မွ ေမ ၂၁)

အညံ့အဆိုးကင္းစင္း၍ လုပ္ကိုင္ေဆာင္ရြက္မႈမွန္သမွ် ေအာင္ျမင္မည္။ လူမ်ိဳးကြဲ၊ လူမ်ိဳးျခားအက်ိဳးေပးမည္။ ဆိုင္းငံ့ထားေသာကိစၥမ်ားအဆင္ေျပမည္။ ကိုယ္ႏွင့္မသက္ဆိုင္ေသာကိစၥမ်ားအား အခ်ိန္ကုန္လူပန္းခံ၍ေဆာင္ရြက္ရမည္။ လူသစ္စိတ္သစ္မ်ားႏွင့္ ေဆာင္ရြက္ရမည္။ အရပ္ေဝးမွေကာင္းသတင္းမ်ားၾကားသိရမည္။ ျမႇဳပ္ႏွံထားသည္မ်ားမွလည္း အက်ိဳးအျမတ္ေကာင္းရရွိမည္။ယၾတာ ။  ။ ေသာၾကာေန႔တြင္ သရက္သီးသုပ္ ဒါနျပဳပါ။

ပြိဿရာသီ (ဧပြီ ၂၁ မှ မေ ၂၁)

အညံ့အဆိုးကင်းစင်း၍ လုပ်ကိုင်ဆောင်ရွက်မှုမှန်သမျှ အောင်မြင်မည်။ လူမျိုးကွဲ၊ လူမျိုးခြားအကျိုးပေးမည်။ ဆိုင်းငံ့ထားသောကိစ္စများအဆင်ပြေမည်။ ကိုယ်နှင့်မသက်ဆိုင်သောကိစ္စများအား အချိန်ကုန်လူပန်းခံ၍ဆောင်ရွက်ရမည်။ လူသစ်စိတ်သစ်များနှင့် ဆောင်ရွက်ရမည်။ အရပ်ဝေးမှကောင်းသတင်းများကြားသိရမည်။ မြှုပ်နှံထားသည်များမှလည်း အကျိုးအမြတ်ကောင်းရရှိမည်။ယတြာ ။  ။ သောကြာနေ့တွင် သရက်သီးသုပ် ဒါနပြုပါ။

ေမထုန္ရာသီ (ေမ ၂၂ မွ ဇြန္ ၂၁)

အၿပိဳင္အဆိုင္အားလံုးကိုေက်ာ္လႊား၍ေအာင္ျမင္မႈမ်ားရမည္။ ေငြအဖတ္မတင္။ အကုန္အက်မ်ားမည္။ မိသားစုအႀကီးအကဲက်န္းမာေရးခ်ဴခ်ာမည္။ သူတစ္ပါးအေပၚ မွီခိုအားထားရန္ မသင့္။ တစ္ပါးသူစကား နားေယာင္ျခင္းမသင့္။ ကိုယ္ပိုင္မူႏွင့္ ဆံုးျဖတ္ထားသည့္အတိုင္းေရွ႕တိုးလုပ္ပါ။ ပတ္ဝန္းက်င္ႏွင့္ ကင္းကြာေနတတ္သည္။
ယၾတာ ။  ။ ဗုဒၶဟူးေန႔တြင္ ေရသန္႔လွဴပါ။

မေထုန်ရာသီ (မေ ၂၂ မှ ဇွန် ၂၁)

အပြိုင်အဆိုင်အားလုံးကိုကျော်လွှား၍အောင်မြင်မှုများရမည်။ ငွေအဖတ်မတင်။ အကုန်အကျများမည်။ မိသားစုအကြီးအကဲကျန်းမာရေးချူချာမည်။ သူတစ်ပါးအပေါ် မှီခိုအားထားရန် မသင့်။ တစ်ပါးသူစကား နားယောင်ခြင်းမသင့်။ ကိုယ်ပိုင်မူနှင့် ဆုံးဖြတ်ထားသည့်အတိုင်းရှေ့တိုးလုပ်ပါ။ ပတ်ဝန်းကျင်နှင့် ကင်းကွာနေတတ်သည်။
ယတြာ ။  ။ ဗုဒ္ဓဟူးနေ့တွင် ရေသန့်လှူပါ။

ကရကဋ္ရာသီ (ဇြန္ ၂၂ မွ ဇူလိုင္ ၂၂)

အခက္အခဲမွန္သမွ် ေက်ာ္လႊား၍ေဆာင္ရြက္သမွ် ေအာင္ျမင္မည္။ ရည္ရြယ္ထားသည္မ်ားထြန္းေပါက္မည္။ မိတ္ေဆြေကာင္းမ်ားထံမွ အေထာက္အကူရမည္။ တစ္ပါးသူႏွင့္မတူ ေသာ႐ႈေထာင့္မွ သံုးသပ္ဆံုးျဖတ္ျခင္းျပဳက မွန္ကန္ေသာလမ္းေၾကာင္းေပၚသို႔ေရာက္မည္။ အလွဴမဂၤလာကိစၥမ်ားႀကံဳမည္။ မဂၤလာပြဲသို႔သြားရင္း စန္းပြင့္မည္။
ယၾတာ ။ ။ တနလၤာေန႔တြင္ ေကာ္ရည္ေခါက္ဆြဲ ဒါနျပဳပါ။

ကရကဋ်ရာသီ (ဇွန် ၂၂ မှ ဇူလိုင် ၂၂)

အခက်အခဲမှန်သမျှ ကျော်လွှား၍ဆောင်ရွက်သမျှ အောင်မြင်မည်။ ရည်ရွယ်ထားသည်များထွန်းပေါက်မည်။ မိတ်ဆွေကောင်းများထံမှ အထောက်အကူရမည်။ တစ်ပါးသူနှင့်မတူ သောရှုထောင့်မှ သုံးသပ်ဆုံးဖြတ်ခြင်းပြုက မှန်ကန်သောလမ်းကြောင်းပေါ်သို့ရောက်မည်။ အလှူမင်္ဂလာကိစ္စများကြုံမည်။ မင်္ဂလာပွဲသို့သွားရင်း စန်းပွင့်မည်။
ယတြာ ။ ။ တနင်္လာနေ့တွင် ကော်ရည်ခေါက်ဆွဲ ဒါနပြုပါ။

သိဟ်ရာသီ (ဇူလိုင် ၂၃ မှ ဩဂုတ် ၂၃)

အနှောင့်အယှက်များမည်။ စကားကတိမတည်သောသူများနှင့် တွေ့မည်။ ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး ပြောတတ်သောသူများအပေါ်ယုံစား၍ ဒုက္ခတွေ့မည်။ စိတ်မြန်ခြင်း၊ အလောတကြီးဆုံးဖြတ်ခြင်းလျှော့ပါ။ မတော်တဆထိခိုက်မှုအန္တရာယ်ဂရုစိုက်ရမည်။ ပစ္စည်းလှောင်ခြင်း၊ ဈေးကစားခြင်းမပြုရ။ ကြိုတင်တွက်ဆ၍မရသော အပျက်အစီးများနှင့် ကြုံတတ်သည်။ယတြာ ။ ။ တနင်္ဂနွေနေ့တွင် အုန်းညွန့်လှူပါ။

ကန္ရာသီ (ဩဂုတ္ ၂၄ မွ စက္တင္ဘာ ၂၂)

ေဆာင္ရြက္သမွ် ကစဥ့္ကလ်ားဖ႐ိုဖရဲျဖစ္မည္။ ခရီးကိစၥအဆင္ေျပမည္။ လူမ်ိဳးကြဲအက်ိဳးေပးမည္။ ေရာင္းမွားဝယ္မွားျဖစ္တတ္သည္။ ဆံုး႐ံႈးနစ္နာတတ္သည္။ အရင္းအႏွီးမ်ားေသာအလုပ္မ်ားမလုပ္သင့္။ ေငြေၾကးကိစၥ၊ လူမႈေရးကိစၥေရာေထြး၍ စိတ္အေႏွာင့္အယွက္ျဖစ္မည္။ ကာလအတန္ၾကာ ပူးတြဲလုပ္ေသာသူမ်ား၏ ဒုကၡေပးမႈႀကံဳတတ္သည္။
ယၾတာ ။  ။ ဗုဒၶဟူးေန႔တြင္ လိေမၼာ္ရည္ဒါနျပဳပါ။

ကန်ရာသီ (ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၂)

ဆောင်ရွက်သမျှ ကစဥ့်ကလျားဖရိုဖရဲဖြစ်မည်။ ခရီးကိစ္စအဆင်ပြေမည်။ လူမျိုးကွဲအကျိုးပေးမည်။ ရောင်းမှားဝယ်မှားဖြစ်တတ်သည်။ ဆုံးရှုံးနစ်နာတတ်သည်။ အရင်းအနှီးများသောအလုပ်များမလုပ်သင့်။ ငွေကြေးကိစ္စ၊ လူမှုရေးကိစ္စရောထွေး၍ စိတ်အနှောင့်အယှက်ဖြစ်မည်။ ကာလအတန်ကြာ ပူးတွဲလုပ်သောသူများ၏ ဒုက္ခပေးမှုကြုံတတ်သည်။
ယတြာ ။  ။ ဗုဒ္ဓဟူးနေ့တွင် လိမ္မော်ရည်ဒါနပြုပါ။

 

တူရာသီ (စက္တင္ဘာ ၂၃ မွ ေအာက္တိုဘာ ၂၃)

ေမ်ာက္တို႔ဖ်က္ဆီးထားေသာ ငွက္ေပ်ာပင္အလားႀကံဳမည္။ ကာလအတန္ၾကာ ရည္ရြယ္ခ်က္ျမင့္ျမင့္မားမားထား၍ လုပ္ထားေသာကိစၥတစ္ပါးသူထံ လက္လႊဲလက္ေျပာင္းျပဳရာတြင္ ေပါ့ေပါ့တန္တန္ေဆာင္ရြက္မႈ လက္လြတ္စပယ္လုပ္ျခင္းေၾကာင့္ ကိုယ္လုပ္ထားသည္မ်ားပင္အရာမထင္ျဖစ္မည္။ ေငြေၾကးအက်ိဳးအျမတ္ရလိုမႈတစ္ခုတည္းကိုသာၾကည့္တတ္ေသာသူေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္မည္။
ယၾတာ ။ ။ ေသာၾကာေန႔တြင္ ဘုန္းႀကီးေက်ာင္းသို႔ ပစၥည္းလွဴပါ။

တူရာသီ (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၃)

မျောက်တို့ဖျက်ဆီးထားသော ငှက်ပျောပင်အလားကြုံမည်။ ကာလအတန်ကြာ ရည်ရွယ်ချက်မြင့်မြင့်မားမားထား၍ လုပ်ထားသောကိစ္စတစ်ပါးသူထံ လက်လွှဲလက်ပြောင်းပြုရာတွင် ပေါ့ပေါ့တန်တန်ဆောင်ရွက်မှု လက်လွတ်စပယ်လုပ်ခြင်းကြောင့် ကိုယ်လုပ်ထားသည်များပင်အရာမထင်ဖြစ်မည်။ ငွေကြေးအကျိုးအမြတ်ရလိုမှုတစ်ခုတည်းကိုသာကြည့်တတ်သောသူကြောင့် စိတ်အနှောင့်အယှက်ဖြစ်မည်။
ယတြာ ။ ။ သောကြာနေ့တွင် ဘုန်းကြီးကျောင်းသို့ ပစ္စည်းလှူပါ။

 

ၿဗိစၦာရာသီ(ေအာက္တိုဘာ ၂၄ မွ ႏိုဝင္ဘာ ၂၂)

အခြင့္ေကာင္းမ်ားရရွိမည္။ ဦးတည္လိုက္တိုင္းေနရာတိုင္း၌ အတိုက္အခံျပဳသူမ်ားႏွင့္ ထိပ္တိုက္ေတြ႕မည္။ အေရးႀကီးေသာဆံုးျဖတ္ခ်က္မ်ားခ်မွတ္ရမည္။ မူလလမ္းေၾကာင္းမွခြဲထြက္ ၍ ေျပာင္းလဲေသာ ဦးတည္ခ်က္ရွိမည္။ ေငြေၾကးအကုန္အက်မ်ားလင့္ကစား အက်ိဳးရွိေသာျမႇဳပ္ႏွံမႈျဖစ္မည္။ ထိတိုက္ရင္ဆိုင္ေျပာဆိုရမည္။
ယၾတာ ။  ။ အဂၤါေန႔တြင္ သစၥာပန္း ဘုရားကပ္လွဴပါ။

ဗြိစ္ဆာရာသီ(အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂)

အခွင့်ကောင်းများရရှိမည်။ ဦးတည်လိုက်တိုင်းနေရာတိုင်း၌ အတိုက်အခံပြုသူများနှင့် ထိပ်တိုက်တွေ့မည်။ အရေးကြီးသောဆုံးဖြတ်ချက်များချမှတ်ရမည်။ မူလလမ်းကြောင်းမှခွဲထွက် ၍ ပြောင်းလဲသော ဦးတည်ချက်ရှိမည်။ ငွေကြေးအကုန်အကျများလင့်ကစား အကျိုးရှိသောမြှုပ်နှံမှုဖြစ်မည်။ ထိတိုက်ရင်ဆိုင်ပြောဆိုရမည်။
ယတြာ ။  ။ အင်္ဂါနေ့တွင် သစ္စာပန်း ဘုရားကပ်လှူပါ။

ဓႏုရာသီ (ႏိုဝင္ဘာ ၂၃ မွ ဒီဇင္ဘာ ၂၁)

အၾကံအစည္ေအာင္ျမင္မည္။ အေျပာင္းအလဲႏွင့္တိုးတက္မႈမ်ားႀကံဳမည္။ အခက္အခဲမ်ားေက်ာ္လႊားႏိုင္မည္။ ဦးတည္ခ်က္သစ္ႏွင့္ ေဆာင္ရြက္ေသာကိစၥမွထင္ရွားေသာတက္လမ္း မ်ားရမည္။ ဝန္းက်င္သစ္ႏွင့္ဆက္စပ္၍တိုးတက္မႈျဖစ္မည္။ အခ်စ္ေရး၊ ေမတၱာေရးကံေကာင္းမည္။ အေရးႀကီးေသာဆံုးျဖတ္ခ်က္မ်ား ခ်မွတ္ႏိုင္မည္။ အၾကံအစည္ေကာင္း မ်ား ေပၚမည္။ ယၾတာ ။ ။ ၾကာသပေတးေန႔တြင္ ဖရဲသီးစိတ္ဆြမ္းေတာ္တင္ပါ။

ဓနုရာသီ (နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၁)

အကြံအစည်အောင်မြင်မည်။ အပြောင်းအလဲနှင့်တိုးတက်မှုများကြုံမည်။ အခက်အခဲများကျော်လွှားနိုင်မည်။ ဦးတည်ချက်သစ်နှင့် ဆောင်ရွက်သောကိစ္စမှထင်ရှားသောတက်လမ်း များရမည်။ ဝန်းကျင်သစ်နှင့်ဆက်စပ်၍တိုးတက်မှုဖြစ်မည်။ အချစ်ရေး၊ မေတ္တာရေးကံကောင်းမည်။ အရေးကြီးသောဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်။ အကြံအစည်ကောင်း များ ပေါ်မည်။ ယတြာ ။ ။ ကြာသပတေးနေ့တွင် ဖရဲသီးစိတ်ဆွမ်းတော်တင်ပါ။

မကာရရာသီ (ဒီဇင္ဘာ ၂၂ မွ ဇန္နဝါရီ ၂၀)

ေတြေဝဒြိဟျဖစ္ေနမည္။ ခ်ီတံုခ်တံုႏွင့္ ဆံုးျဖတ္ခ်က္မ်ား မျပတ္မသားျဖစ္ေနမည္။ စတင္ေဆာင္ရြက္သမွ်တစ္ပိုင္းတစ္စျဖစ္တတ္သည္။ ေရွ႕တိုးလုပ္ကိုင္ရျခင္းထက္ ျပႆနာေဟာင္းမ်ား ျပန္လည္ေျဖရွင္းရျခင္း၊ ေဆာင္ရြက္မႈေဟာင္းမ်ား တစ္ဖန္ျပန္လုပ္ရမည္။ ရင္းႏွီးသူမ်ားႏွင့္စကားမ်ားရမည္။ ဆန္႔က်င္ဘက္ျပဳသူမ်ားႏွင့္ေတြ႕မည္။
ယၾတာ ။ ။ စေနေန႔တြင္ ထီးေဟာင္းစြန္႔ပါ။

မကာရရာသီ (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၂၀)

တွေဝေဒွိဟဖြစ်နေမည်။ ချီတုံချတုံနှင့် ဆုံးဖြတ်ချက်များ မပြတ်မသားဖြစ်နေမည်။ စတင်ဆောင်ရွက်သမျှတစ်ပိုင်းတစ်စဖြစ်တတ်သည်။ ရှေ့တိုးလုပ်ကိုင်ရခြင်းထက် ပြဿနာဟောင်းများ ပြန်လည်ဖြေရှင်းရခြင်း၊ ဆောင်ရွက်မှုဟောင်းများ တစ်ဖန်ပြန်လုပ်ရမည်။ ရင်းနှီးသူများနှင့်စကားများရမည်။ ဆန့်ကျင်ဘက်ပြုသူများနှင့်တွေ့မည်။
ယတြာ ။ ။ စနေနေ့တွင် ထီးဟောင်းစွန့်ပါ။

ကံုရာသီ (ဇန္နဝါရီ ၂၁ မွ ေဖေဖာ္ဝါရီ ၁၈)

မိသားစုႏွင့္ပတ္သက္ေသာ ေကာင္းသတင္းႏွင့္တိုးတက္မႈျဖစ္ရပ္ႀကံဳမည္။ အေျခအေနသစ္မ်ား၊ အခြင့္အေရးသစ္မ်ားရရွိမည္။ ကမ္းလွမ္းလာေသာ အခြင့္အလမ္းမ်ားကိုလက္ခံႏိုင္ သည္။ ကာလအတန္ၾကာဆံုးျဖတ္ရန္ခက္ခဲသည္မ်ားကို ယတိျပတ္ဆံုးျဖတ္ႏိုင္မည္။ မူလစီစဥ္ထားသည္မွခြဲထြက္ရမည္။ အၿပိဳင္အဆိုင္မ်ားကိုေက်ာ္လႊားႏိုင္မည္။
ယၾတာ ။ ။ စေနေန႔တြင္ ေထာပတ္ေပါင္မုန္႔ ဆြမ္းေတာ္ပါ။

ကုံရာသီ (ဇန်နဝါရီ ၂၁ မှ ဖေဖော်ဝါရီ ၁၈)

မိသားစုနှင့်ပတ်သက်သော ကောင်းသတင်းနှင့်တိုးတက်မှုဖြစ်ရပ်ကြုံမည်။ အခြေအနေသစ်များ၊ အခွင့်အရေးသစ်များရရှိမည်။ ကမ်းလှမ်းလာသော အခွင့်အလမ်းများကိုလက်ခံနိုင် သည်။ ကာလအတန်ကြာဆုံးဖြတ်ရန်ခက်ခဲသည်များကို ယတိပြတ်ဆုံးဖြတ်နိုင်မည်။ မူလစီစဉ်ထားသည်မှခွဲထွက်ရမည်။ အပြိုင်အဆိုင်များကိုကျော်လွှားနိုင်မည်။
ယတြာ ။ ။ စနေနေ့တွင် ထောပတ်ပေါင်မုန့် ဆွမ်းတော်ပါ။

မိန္ရာသီ (ေဖေဖာ္ဝါရီ ၁၉ မွ မတ္ ၂၀)

အကုန္အက်မ်ားမည္။ အလုပ္ပိုကိစၥပိုမ်ားႀကံဳမည္။ နာမည္ေအာင္ျမင္မႈမ်ားရရွိမည္။ တစ္ခုထက္မကေသာလုပ္ငန္းမ်ားကို လုပ္ကိုင္ရလိမ့္မည္။ ကိုယ္ပိုင္အစြမ္းအစႏွင့္အခက္အခဲမ်ားကိုေက်ာ္လႊားႏိုင္မည္။ ဇြဲႀကီးမႈ၊ မျဖစ္မေနေဆာင္ရြက္မႈေၾကာင့္ ေကာင္းေသာအက်ိဳးဆက္ရမည္။ မိဘအႀကီးအကဲ က်န္းမာေရးခ်ဴခ်ာမည္။ ေဆာင္ရြက္ခဲ့ၿပီး လုပ္ငန္းေဟာင္းမွေကာင္း ေသာအက်ိဳးဆက္ျဖစ္မည္။ယၾတာ ။ ။ ၾကာသပေတးေန႔တြင္ သေျပပန္း ဘုရားကပ္လွဴပါ။

မိန်ရာသီ (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀)

အကုန်အကျများမည်။ အလုပ်ပိုကိစ္စပိုများကြုံမည်။ နာမည်အောင်မြင်မှုများရရှိမည်။ တစ်ခုထက်မကသောလုပ်ငန်းများကို လုပ်ကိုင်ရလိမ့်မည်။ ကိုယ်ပိုင်အစွမ်းအစနှင့်အခက်အခဲများကိုကျော်လွှားနိုင်မည်။ ဇွဲကြီးမှု၊ မဖြစ်မနေဆောင်ရွက်မှုကြောင့် ကောင်းသောအကျိုးဆက်ရမည်။ မိဘအကြီးအကဲ ကျန်းမာရေးချူချာမည်။ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းဟောင်းမှကောင်း သောအကျိုးဆက်ဖြစ်မည်။ယတြာ ။ ။ ကြာသပတေးနေ့တွင် သပြေပန်း ဘုရားကပ်လှူပါ။

ခ်မ္းေျမ႕ေမတၱာ တံု႔ျပန္ပါသည္။

စံဇာဏီဘို

baydinwartanaroh

About popinvdo.xyz(ပဲပင္​​ေပါက္​)

View all posts by popinvdo.xyz(ပဲပင္​​ေပါက္​) →

Leave a Reply

Your email address will not be published. Required fields are marked *