စကား​ေျပာလန္​းလို႔တဲ့ 😱😱😱

“ငအြပ္တ္”

“ဘာလဲ”

“ဟိုဖက္လမ္းမွာ လက္ဖက္ရည္ဆိုင္ အသစ္ဖြင့္တယ္တဲ့။ စာပြဲထိုးေတြ စကားေျပာတာ မိုက္မွမိုက္ပဲ”

“ဟုတ္လား … သြားစားၾကည့္အုံးမွပဲ”

မ်က္ႏွာသစ္ၿပီးတာနဲ႔ အသစ္ဖြင့္တဲ့ဆိုင္ကို လစ္ထြက္ခဲ့တာေပါ့ …
.
.
.
ဆိုင္ထဲဝင္ဝင္ခ်င္း…….

“!!!!ႏွပ္ရည္က်ရင္ေျပာေဟ့!!! ေသာက္ဖို႔ေစာင့္ေနၾကၿပီ!!!”

ဖြီး! လာလာခ်င္းေဆာက္နဲ႔ ထြင္းတာလားဟ ! ေတာ္ၿပီ လက္ဖက္ရည္ေတာ့ မေသာက္ေတာ့ဘူး . . .!

“အစ္ကို ဘာစားမလဲ ?ဘာေသာက္မလဲ ?”

“ဘာရလဲ”

“ဟိုမွာ ကပ္ထားပါတယ္”

က်ေနာ္ ဗြီနိုင္းနဲ႔ေရးထားတဲ႔ ဆိုင္းဘုတ္ကို ၾကည့္ေနတုန္း စားပြဲထိုးေလးက …

“ဆိုင္နာမည္ နဲ႔ ယေန႔ ဆိုတာကလြဲျပီး အကုန္ရတယ္ အစ္ကို”

ငင့္……!!
မွာရမွာေတာင္ လန္႔လာၿပီ ေျပာပုံကိုက…

“ေအး…တိုဟူးေႏြး တစ္ပြဲေပးကြာ ! ေခါက္ဆြဲကို ေပ်ာ့ေပ်ာ့ေလးျပဳတ္ေပး”

!!!”ေႏြးတစ္ပြဲ အဖတ္ျပဲမယ္!!!.

ငင့္… ေခါက္ဆြဲေလးေတာင္ထည့္မေျပာဘူး…။
.
.
.
.
.
ဝုန္း !!!!

“အမေလးဟ!!”

တိုဟူးေႏြးပန္းကန္ကုိ သူ႔အိမ္မွာ ထမင္းစားလာလို႔ မႀကိဳက္တဲ့ပုံစံနဲ႔ လာခ်ေပးတာဗ် လန္႔ေတာင္လန္႔တယ္ ခ်ေပးၿပီးတာနဲ႔ ေျခေထာက္တစ္ဖက္ကို ပန္ကာလိုလွည့္ၿပီး ထြက္သြားတာဗ် …။

“႐ွစ္ပ္…႐ွစ္ပ္..ညီေလး င႐ုပ္သီး ခ်ေပးအုံး”

“ေဟ်ာင္ !!!အာလူး ဒီဝိုင္းကို ဝင္ပူထြက္ပူ ခ်ေပးလိုက္အုံး”

ဟမ့္…
သူတို႔လုပ္ပုံနဲ႔ဆို ဘာမွ မမွာရဲေအာင္ပဲ င႐ုပ္သီးေတာင္ မစားခ်င္ေတာ့ဘူး . .။

တိုဟူးေႏြးစားရင္ အီၾကာေကြးေလးနဲ႔မွ လိုက္တာဗ် ဒါနဲ႔ပဲ င႐ုပ္သီးလာခ်ေပးတဲ့ ေကာင္ေလးကို

“ညီေလး ၾကာေကြး တစ္ေခ်ာင္းကို ကပ္ေၾကးနဲ႔ညႇပ္ေပး”

!!!”ဒီဝိုင္းက ေဂြးတစ္ေခ်ာင္းထဲ ကပ္ေၾကးနဲ႔ကိုက္ တစ္ပြဲခ်မယ္ေဟ့!!!”

ဟာ…ဘာလားဟ
.
.
.
စားၿပီးတာနဲ႔ ဆိုင္ထဲရိွတဲ့ ခပ္ငယ္ငယ္ေကာင္ေလးကို လက္ယက္ၿပီးေခၚလိုက္တယ္ က်န္တဲ့လူေတြမွာလိုက္ရင္ §တလြဲပဲ ၾကားေနရလို႔

“႐ွစ္ပ္~~ညီေလး”

“ဘာလိုေသးလဲ . .အစ္ကို ဘရားသား တာေကာ ေဟ်ာင့္ ဒါၾကဴး”

ငွယ္ ဒီေကာင္က ပိုဆိုးေနမလားဟ
ေခၚျပီးလက္စနဲ႔ပဲ….

“ႏြားႏို႔တစ္ခြက္ ခ်ိဳခ်ိဳေလး”

“!!!!ႏို႔မျပတ္ေသးပဲ ႏို႔ႀကိဳက္တဲ့ အစ္ကိုအတြက္ ႏို႔ခ်ိဳလျပစ္တစ္ခြက္ေဟ့!!!”

အန္ !! ေသစမ္းဟ သူ႔ေခၚမိမွပဲ ပိုဆိုးေနတယ္
.
.
.
“ဟာ..ဟာ..ကုန္ပါၿပီဟ…”

က်ေနာ္မွာတဲ့ ႏြားႏို႔ကို လာခ်ခိုင္းတဲ့ေကာင္ေလးက ငယ္ငယ္ေလး ……
တုန္တုန္နဲ႔ က်ေနာ့ဝိုင္းမေရာက္ခင္ လမ္းမွာတင္ ေအာက္ခံပန္းကန္ျပားထဲ ဖိတ္တာနဲ႔ အျပင္ကိုဖိတ္တာနဲ႔ပဲ ကုန္ေတာ့မွာ

“အင့္! ေရာက္ၿပီ”

ဟင္.!!!..
က်ေနာ့စားပြဲနားေရာက္ေတာ့ ႏြားႏို႔က တစ္ဝက္ပဲ က်န္ေတာ့တယ္ဗ် နဂိုကမွ ႏြားႏို႔ခြက္က ၂လက္မေလာက္ပဲရိွတာ သူလုပ္တာနဲ႔ ကုန္ၿပီ
ေကာင္ေလးက အရမ္းငယ္ေတာ့ မေျပာရက္လို႔ မေျပာေတာ့ဘူး ဒါေပမဲ့ က်ေနာ္ စထိုင္ကည္းက ေရေႏြးခြက္နဲ႔ ေရေႏြးအိုးကို မခ်ေပးေသးေတာ့

“ညီေလး..ေရေႏြးခြက္နဲ႔ ေရေႏြးဓာတ္ဘူးလဲ ခ်ေပးအုံး”

“ေဟ့ !!!!!ဒီက အစ္ကိုဝိုင္းကို ဘာလို႔ အလကားရည္ မခ်ေပးတာလဲ အလကားလူမ်ားမွတ္ေနလား!!”

ဟိုက္စကိုက္
ဒီတိုင္းဆို ဆက္ထိုင္ဖို႔ မျဖစ္ေတာ့မွန္းသိတာနဲ႔

“ညီေလး ႐ွင္းမယ္ကြာ …ဘယ္ေလာက္က်လဲ”

အဲ့ကေလးေျပာလိုက္မွ က်ေနာ္ ငိုရမလိုရယ္ရမလို ျဖစ္သြားတယ္ဗ်
.
.
.
ဘာတဲ့….

“!!!!!ဒီဝိုင္းကုိ အလကားရည္ မခ်ေတာ့နဲ႔ !!!အလကားလူမဟုတ္ဘူး ပိုက္ဆံ႐ွင္းျပီ!!!!” တဲ့ဗ်ာ …။

#credit

Unicode

“ငအွပ်တ်”

“ဘာလဲ”

“ဟိုဖက်လမ်းမှာ လက်ဖက်ရည်ဆိုင် အသစ်ဖွင့်တယ်တဲ့။ စာပွဲထိုးတွေ စကားပြောတာ မိုက်မှမိုက်ပဲ”

“ဟုတ်လား … သွားစားကြည့်အုံးမှပဲ”

မျက်နှာသစ်ပြီးတာနဲ့ အသစ်ဖွင့်တဲ့ဆိုင်ကို လစ်ထွက်ခဲ့တာပေါ့ …
.
.
.
ဆိုင်ထဲဝင်ဝင်ချင်း…….

“!!!!နှပ်ရည်ကျရင်ပြောဟေ့!!! သောက်ဖို့စောင့်နေကြပြီ!!!”

ဖွီး! လာလာချင်းဆောက်နဲ့ ထွင်းတာလားဟ ! တော်ပြီ လက်ဖက်ရည်တော့ မသောက်တော့ဘူး . . .!

“အစ်ကို ဘာစားမလဲ ?ဘာသောက်မလဲ ?”

“ဘာရလဲ”

“ဟိုမှာ ကပ်ထားပါတယ်”

ကျနော် ဗွီနိုင်းနဲ့ရေးထားတဲ့ ဆိုင်းဘုတ်ကို ကြည့်နေတုန်း စားပွဲထိုးလေးက …

“ဆိုင်နာမည် နဲ့ ယနေ့ ဆိုတာကလွဲပြီး အကုန်ရတယ် အစ်ကို”

ငင့်……!!
မှာရမှာတောင် လန့်လာပြီ ပြောပုံကိုက…

“အေး…တိုဟူးနွေး တစ်ပွဲပေးကွာ ! ခေါက်ဆွဲကို ပျော့ပျော့လေးပြုတ်ပေး”

!!!”နွေးတစ်ပွဲ အဖတ်ပြဲမယ်!!!.

ငင့်… ခေါက်ဆွဲလေးတောင်ထည့်မပြောဘူး…။
.
.
.
.
.
ဝုန်း !!!!

“အမလေးဟ!!”

တိုဟူးနွေးပန်းကန်ကို သူ့အိမ်မှာ ထမင်းစားလာလို့ မကြိုက်တဲ့ပုံစံနဲ့ လာချပေးတာဗျ လန့်တောင်လန့်တယ် ချပေးပြီးတာနဲ့ ခြေထောက်တစ်ဖက်ကို ပန်ကာလိုလှည့်ပြီး ထွက်သွားတာဗျ …။

“ရှစ်ပ်…ရှစ်ပ်..ညီလေး ငရုပ်သီး ချပေးအုံး”

“ဟျောင် !!!အာလူး ဒီဝိုင်းကို ဝင်ပူထွက်ပူ ချပေးလိုက်အုံး”

ဟမ့်…
သူတို့လုပ်ပုံနဲ့ဆို ဘာမှ မမှာရဲအောင်ပဲ ငရုပ်သီးတောင် မစားချင်တော့ဘူး . .။

တိုဟူးနွေးစားရင် အီကြာကွေးလေးနဲ့မှ လိုက်တာဗျ ဒါနဲ့ပဲ ငရုပ်သီးလာချပေးတဲ့ ကောင်လေးကို

“ညီလေး ကြာကွေး တစ်ချောင်းကို ကပ်ကြေးနဲ့ညှပ်ပေး”

!!!”ဒီဝိုင်းက ဂွေးတစ်ချောင်းထဲ ကပ်ကြေးနဲ့ကိုက် တစ်ပွဲချမယ်ဟေ့!!!”

ဟာ…ဘာလားဟ
.
.
.
စားပြီးတာနဲ့ ဆိုင်ထဲရှိတဲ့ ခပ်ငယ်ငယ်ကောင်လေးကို လက်ယက်ပြီးခေါ်လိုက်တယ် ကျန်တဲ့လူတွေမှာလိုက်ရင် §တလွဲပဲ ကြားနေရလို့

“ရှစ်ပ်~~ညီလေး”

“ဘာလိုသေးလဲ . .အစ်ကို ဘရားသား တာကော ဟျောင့် ဒါကြူး”

ငှယ် ဒီကောင်က ပိုဆိုးနေမလားဟ
ခေါ်ပြီးလက်စနဲ့ပဲ….

“နွားနို့တစ်ခွက် ချိုချိုလေး”

“!!!!နို့မပြတ်သေးပဲ နို့ကြိုက်တဲ့ အစ်ကိုအတွက် နို့ချိုလပြစ်တစ်ခွက်ဟေ့!!!”

အန် !! သေစမ်းဟ သူ့ခေါ်မိမှပဲ ပိုဆိုးနေတယ်
.
.
.
“ဟာ..ဟာ..ကုန်ပါပြီဟ…”

ကျနော်မှာတဲ့ နွားနို့ကို လာချခိုင်းတဲ့ကောင်လေးက ငယ်ငယ်လေး ……
တုန်တုန်နဲ့ ကျနော့ဝိုင်းမရောက်ခင် လမ်းမှာတင် အောက်ခံပန်းကန်ပြားထဲ ဖိတ်တာနဲ့ အပြင်ကိုဖိတ်တာနဲ့ပဲ ကုန်တော့မှာ

“အင့်! ရောက်ပြီ”

ဟင်.!!!..
ကျနော့စားပွဲနားရောက်တော့ နွားနို့က တစ်ဝက်ပဲ ကျန်တော့တယ်ဗျ နဂိုကမှ နွားနို့ခွက်က ၂လက်မလောက်ပဲရှိတာ သူလုပ်တာနဲ့ ကုန်ပြီ
ကောင်လေးက အရမ်းငယ်တော့ မပြောရက်လို့ မပြောတော့ဘူး ဒါပေမဲ့ ကျနော် စထိုင်ကည်းက ရေနွေးခွက်နဲ့ ရေနွေးအိုးကို မချပေးသေးတော့

“ညီလေး..ရေနွေးခွက်နဲ့ ရေနွေးဓာတ်ဘူးလဲ ချပေးအုံး”

“ဟေ့ !!!!!ဒီက အစ်ကိုဝိုင်းကို ဘာလို့ အလကားရည် မချပေးတာလဲ အလကားလူများမှတ်နေလား!!”

ဟိုက်စကိုက်
ဒီတိုင်းဆို ဆက်ထိုင်ဖို့ မဖြစ်တော့မှန်းသိတာနဲ့

“ညီလေး ရှင်းမယ်ကွာ …ဘယ်လောက်ကျလဲ”

အဲ့ကလေးပြောလိုက်မှ ကျနော် ငိုရမလိုရယ်ရမလို ဖြစ်သွားတယ်ဗျ
.
.
.
ဘာတဲ့….

“!!!!!ဒီဝိုင်းကို အလကားရည် မချတော့နဲ့ !!!အလကားလူမဟုတ်ဘူး ပိုက်ဆံရှင်းပြီ!!!!” တဲ့ဗျာ …။

#credit

About popinvdo.xyz(ပဲပင္​​ေပါက္​)

View all posts by popinvdo.xyz(ပဲပင္​​ေပါက္​) →

Leave a Reply

Your email address will not be published. Required fields are marked *