တစ္ပတ္အတြင္း ခ်ိန္ဆရန္ သင္၏ကံ (၂၀၁၈ မတ္ ၅ မွ ၁၁ )


တနဂၤေႏြသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ဆံုး႐ံႈးထားတာေတြ ျပန္ရတတ္တယ္။ နစ္နာခဲ့သမွ် အခြင့္အေရးေကာင္းေတြ ႀကံဳလာတတ္ပါတယ္။ ေအာက္လက္ငယ္သားရဲ႕ အလုပ္ကိစၥ၊ ပညာေရးကိစၥေတြမွာလည္း ဝမ္းသာစရာေတြ ႀကံဳလာမယ္။ မီး၊ လွ်ပ္စစ္အႏၱရာယ္ႀကံဳလာတယ္။ မေတာ္တဆထိမိခိုက္မိတာေတြေတာ့ သတိထားဖို႔လိုပါတယ္။ အဖိုးတန္ပစၥည္းေတြလည္း ပ်က္တတ္၊ ထြက္တတ္တယ္။ အိမ္ကိစၥ၊ ေနရာထိုင္ခင္းကိစၥနဲ႔ပတ္သက္တဲ့ အစီအစဥ္ေတြ လြဲေခ်ာ္သြားတတ္တယ္။

မျဖစ္စေလာက္ကိစၥနဲ႔ ႀကီးႀကီးမားမား ေျပာဆိုေျဖရွင္းရတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ အထစ္အေငါ့ျဖစ္ေနတာေတြ အဆင္ေျပသြားမယ္။ ေကာင္း ေသာအေျပာင္းအလဲေတြ ျဖစ္လာမယ္။ လူႀကီးမိဘဆရာသမားေတြဆီက ထိထိေရာက္ေရာက္ အကူအညီေကာင္းေတြ ရတတ္တယ္။ အလုပ္အခြင့္အလမ္းေကာင္းေတြ ေပၚလာမယ္။ လက္ရွိလုပ္ငန္းကိုတိုးခ်ဲ႕တာ၊ လုပ္ငန္းသစ္စတာေတြ လုပ္သင့္ပါတယ္။

ေငြေရးေၾကးေရးကေတာ့ ေတာ္ေတာ္ေလး အဆင္မေျပျဖစ္မယ္။ ေငြကိုအေၾကာင္းျပဳၿပီး ေတာ္ေတာ့ကို ရွင္းရလင္းရ၊ ျငင္းခုန္ရေတြ ျဖစ္တတ္ပါတယ္။ အထစ္အေငါ့ အေႏွာက္အယွက္ေတြၾကားထဲက တိုးတက္ေအာင္ျမင္မႈေတြ ခံစားရမယ့္ကာလျဖစ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၄/၅။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ သံပုရာရည္ကပ္လွဴပါေလ။

တနင်္ဂနွေသားသမီးများ

ဒီရက်တွေအတွင်းမှာ ဆုံးရှုံးထားတာတွေ ပြန်ရတတ်တယ်။ နစ်နာခဲ့သမျှ အခွင့်အရေးကောင်းတွေ ကြုံလာတတ်ပါတယ်။ အောက်လက်ငယ်သားရဲ့ အလုပ်ကိစ္စ၊ ပညာရေးကိစ္စတွေမှာလည်း ဝမ်းသာစရာတွေ ကြုံလာမယ်။ မီး၊ လျှပ်စစ်အန္တရာယ်ကြုံလာတယ်။ မတော်တဆထိမိခိုက်မိတာတွေတော့ သတိထားဖို့လိုပါတယ်။ အဖိုးတန်ပစ္စည်းတွေလည်း ပျက်တတ်၊ ထွက်တတ်တယ်။ အိမ်ကိစ္စ၊ နေရာထိုင်ခင်းကိစ္စနဲ့ပတ်သက်တဲ့ အစီအစဉ်တွေ လွဲချော်သွားတတ်တယ်။

မဖြစ်စလောက်ကိစ္စနဲ့ ကြီးကြီးမားမား ပြောဆိုဖြေရှင်းရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အထစ်အငေါ့ဖြစ်နေတာတွေ အဆင်ပြေသွားမယ်။ ကောင်း သောအပြောင်းအလဲတွေ ဖြစ်လာမယ်။ လူကြီးမိဘဆရာသမားတွေဆီက ထိထိရောက်ရောက် အကူအညီကောင်းတွေ ရတတ်တယ်။ အလုပ်အခွင့်အလမ်းကောင်းတွေ ပေါ်လာမယ်။ လက်ရှိလုပ်ငန်းကိုတိုးချဲ့တာ၊ လုပ်ငန်းသစ်စတာတွေ လုပ်သင့်ပါတယ်။

ငွေရေးကြေးရေးကတော့ တော်တော်လေး အဆင်မပြေဖြစ်မယ်။ ငွေကိုအကြောင်းပြုပြီး တော်တော့ကို ရှင်းရလင်းရ၊ ငြင်းခုန်ရတွေ ဖြစ်တတ်ပါတယ်။ အထစ်အငေါ့ အနှောက်အယှက်တွေကြားထဲက တိုးတက်အောင်မြင်မှုတွေ ခံစားရမယ့်ကာလဖြစ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၄/၅။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ သံပုရာရည်ကပ်လှူပါလေ။

 

တနလၤာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ခရီးေတြ တစ္ခုၿပီးတစ္ခု သြားျဖစ္မယ္။ ရပ္ေဝးအဆက္အသြယ္ေကာင္းေတြလည္း ရတတ္ပါတယ္။ လုပ္ငန္းအစီအစဥ္သစ္ေတြ ေပၚလာမယ္။ အလုပ္မွာ အင္နဲ႔အားနဲ႔ တိုးခ်ဲ႕သင္တဲ့အခ်ိန္ပါပဲ။ ေအာင္ျမင္သေလာက္ ရန္မ်ားတတ္ပါတယ္။ တန္ဖိုးႀကီးႀကီးပစၥည္းေတြဝင္မယ္။ မိတ္ေဆြ ေမာင္ႏွမမ်ားရဲ႕ အခ်စ္ေရးကိစၥ၊ မဂၤလာကိစၥေတြမွာ ဝင္ေရာက္ကူညီရတတ္ပါတယ္။ ေနရာထိုင္ခင္းကိစၥ နဲ႔ပတ္သက္တဲ့ကိစၥ၊ အေဆာက္အဦးကိစၥေတြမွာ အဆင္ေျပေအာင္ျမင္မယ္။

ေကာင္းေသာ အေျပာင္း အေရႊ႕ေတြ ႀကံဳတတ္ပါတယ္။ အိမ္သူအိမ္သားတစ္ေယာက္ ရပ္ေဝးကို ခရီးထြက္တာ၊ အေဝးေရာက္အိမ္သူအိမ္သားေတြ ျပန္ဝင္လာတာ၊ အလုပ္မွာ ျပႆနာခပ္ႀကီးႀကီးတစ္ခု ေျဖရွင္းရတာ၊ ေငြအခြင့္အေရးေကာင္း လက္လြတ္သြားတာမ်ိဳးေတြ ႀကံဳရတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ တစ္ေယာက္နဲ႔တစ္ေယာက္ အထင္အျမင္လြဲတတ္ပါတယ္။

ေဘးကဝင္႐ႈပ္လို႔ ပိုဆိုးသြားတတ္ပါတယ္။ မျဖစ္စေလာက္ကိစၥ ေလးေတြကေန ျပႆနာႀကီးထြားသြားတတ္ပါတယ္။ ေရာဂါေဝဒနာတစ္ခုကေတာ့ ေပ်ာက္မွန္းမသိ ေပ်ာက္သြားပါလိမ့္မယ္။ မိမိထက္ႀကီးကဲသူမ်ားရဲ႕ အိမ္ေထာင္ေရးအတြက္ စိတ္႐ႈပ္ရတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၂/၃။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ႏွမ္းပ်စ္ကပ္လွဴပါေလ။

တနင်္လာသားသမီးများ

ဒီရက်တွေအတွင်းမှာ ခရီးတွေ တစ်ခုပြီးတစ်ခု သွားဖြစ်မယ်။ ရပ်ဝေးအဆက်အသွယ်ကောင်းတွေလည်း ရတတ်ပါတယ်။ လုပ်ငန်းအစီအစဉ်သစ်တွေ ပေါ်လာမယ်။ အလုပ်မှာ အင်နဲ့အားနဲ့ တိုးချဲ့သင်တဲ့အချိန်ပါပဲ။ အောင်မြင်သလောက် ရန်များတတ်ပါတယ်။ တန်ဖိုးကြီးကြီးပစ္စည်းတွေဝင်မယ်။ မိတ်ဆွေ မောင်နှမများရဲ့ အချစ်ရေးကိစ္စ၊ မင်္ဂလာကိစ္စတွေမှာ ဝင်ရောက်ကူညီရတတ်ပါတယ်။ နေရာထိုင်ခင်းကိစ္စ နဲ့ပတ်သက်တဲ့ကိစ္စ၊ အဆောက်အဦးကိစ္စတွေမှာ အဆင်ပြေအောင်မြင်မယ်။

ကောင်းသော အပြောင်း အရွှေ့တွေ ကြုံတတ်ပါတယ်။ အိမ်သူအိမ်သားတစ်ယောက် ရပ်ဝေးကို ခရီးထွက်တာ၊ အဝေးရောက်အိမ်သူအိမ်သားတွေ ပြန်ဝင်လာတာ၊ အလုပ်မှာ ပြဿနာခပ်ကြီးကြီးတစ်ခု ဖြေရှင်းရတာ၊ ငွေအခွင့်အရေးကောင်း လက်လွတ်သွားတာမျိုးတွေ ကြုံရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် အထင်အမြင်လွဲတတ်ပါတယ်။

ဘေးကဝင်ရှုပ်လို့ ပိုဆိုးသွားတတ်ပါတယ်။ မဖြစ်စလောက်ကိစ္စ လေးတွေကနေ ပြဿနာကြီးထွားသွားတတ်ပါတယ်။ ရောဂါဝေဒနာတစ်ခုကတော့ ပျောက်မှန်းမသိ ပျောက်သွားပါလိမ့်မယ်။ မိမိထက်ကြီးကဲသူများရဲ့ အိမ်ထောင်ရေးအတွက် စိတ်ရှုပ်ရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၂/၃။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ နှမ်းပျစ်ကပ်လှူပါလေ။

—————

 

အဂၤါသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ဟိုဟာလုပ္ရေကာင္းႏိုးႏိုး၊ ဒီဟာလုပ္ရ ေကာင္းႏိုးႏိုးနဲ႔ အခ်ိန္သြားလိမ့္မယ္။ ဆံုးျဖတ္ရခက္တာေတြလည္း ႀကံဳလာရတတ္ပါတယ္။ အမွားမွားအယြင္းယြင္းေတြ လုပ္မိ ေျပာမိတတ္တယ္။ အေရးႀကီးတဲ့ကိစၥမ်ား တိုင္ပင္ၿပီးမွ လုပ္သင့္ပါတယ္။ ခရီးတိုေတြ တစ္ခုၿပီးတစ္ခု သြားေနရမယ္။ ကိုယ့္ကိစၥသာမက သူတစ္ပါးအတြက္ပါ ခရီးေတြသြားရမယ္။ ဘာသာေရးနဲ႔ပတ္သက္တဲ့ အလုပ္ေတြလည္း လုပ္ရတတ္ပါတယ္။

မိန္းမႀကီးတစ္ေယာက္ရဲ႕ အကူအညီေကာင္း ရရွိမယ္။ ေဆြမ်ိဳး၊ မိတ္ေဆြတို႔ရဲ႕ ရာထူးတက္တဲ့သတင္း၊ ထီဆုႀကီးေပါက္တဲ့သတင္း စသည္ျဖင့္ ဝမ္းသာစရာ ႀကံဳရ၊ ၾကားရတတ္ပါတယ္။ ပစၥည္းတစ္ခုအတြက္ စကားမ်ား ေျဖရွင္းရတတ္ပါတယ္။ အထင္လြဲ စြပ္စြဲခံရတာ၊ အတို႔အေထာင္ ေခ်ာက္တြန္းခံရတာေတြ ႀကံဳရတတ္ပါတယ္။ အိမ္ကိစၥ၊ ေနရာကိစၥ အဆင္မေျပတာ၊ ထိတ္လန္႔တုန္လႈပ္စရာ အိပ္မက္ဆိုးေတြမက္တာ၊ ေအာက္လက္ငယ္သားတို႔၊ ကေလးတို႔ကို အေၾကာင္းျပဳၿပီး ေျပာဆိုေျဖရွင္းရတာေတြ ႀကံဳရတတ္ပါတယ္။ ကိုယ့္ကို လုပ္ေနတဲ့လူ၊ ဒုကၡေပးေနတဲ့လူ ရပ္ေဝးကိုေရာက္သြားမယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမ်ားမွာေတာ့ ညွိႏိႈင္းမရေတြ ျဖစ္တတ္ပါတယ္။ လူႀကီးေတြ ဝင္႐ႈပ္လို႔ အပူမီးေတြ ပိုေတာက္တဲ့ကိန္း ဆိုက္သြားတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၃/၄။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ေပါင္မုန္႔ေထာပတ္သုပ္ကပ္လွဴပါေလ။

အင်္ဂါသားသမီးများ

ဒီရက်တွေအတွင်းမှာ ဟိုဟာလုပ်ရကောင်းနိုးနိုး၊ ဒီဟာလုပ်ရ ကောင်းနိုးနိုးနဲ့ အချိန်သွားလိမ့်မယ်။ ဆုံးဖြတ်ရခက်တာတွေလည်း ကြုံလာရတတ်ပါတယ်။ အမှားမှားအယွင်းယွင်းတွေ လုပ်မိ ပြောမိတတ်တယ်။ အရေးကြီးတဲ့ကိစ္စများ တိုင်ပင်ပြီးမှ လုပ်သင့်ပါတယ်။ ခရီးတိုတွေ တစ်ခုပြီးတစ်ခု သွားနေရမယ်။ ကိုယ့်ကိစ္စသာမက သူတစ်ပါးအတွက်ပါ ခရီးတွေသွားရမယ်။ ဘာသာရေးနဲ့ပတ်သက်တဲ့ အလုပ်တွေလည်း လုပ်ရတတ်ပါတယ်။

မိန်းမကြီးတစ်ယောက်ရဲ့ အကူအညီကောင်း ရရှိမယ်။ ဆွေမျိုး၊ မိတ်ဆွေတို့ရဲ့ ရာထူးတက်တဲ့သတင်း၊ ထီဆုကြီးပေါက်တဲ့သတင်း စသည်ဖြင့် ဝမ်းသာစရာ ကြုံရ၊ ကြားရတတ်ပါတယ်။ ပစ္စည်းတစ်ခုအတွက် စကားများ ဖြေရှင်းရတတ်ပါတယ်။ အထင်လွဲ စွပ်စွဲခံရတာ၊ အတို့အထောင် ချောက်တွန်းခံရတာတွေ ကြုံရတတ်ပါတယ်။ အိမ်ကိစ္စ၊ နေရာကိစ္စ အဆင်မပြေတာ၊ ထိတ်လန့်တုန်လှုပ်စရာ အိပ်မက်ဆိုးတွေမက်တာ၊ အောက်လက်ငယ်သားတို့၊ ကလေးတို့ကို အကြောင်းပြုပြီး ပြောဆိုဖြေရှင်းရတာတွေ ကြုံရတတ်ပါတယ်။ ကိုယ့်ကို လုပ်နေတဲ့လူ၊ ဒုက္ခပေးနေတဲ့လူ ရပ်ဝေးကိုရောက်သွားမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးများမှာတော့ ညှိနှိုင်းမရတွေ ဖြစ်တတ်ပါတယ်။ လူကြီးတွေ ဝင်ရှုပ်လို့ အပူမီးတွေ ပိုတောက်တဲ့ကိန်း ဆိုက်သွားတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၃/၄။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ပေါင်မုန့်ထောပတ်သုပ်ကပ်လှူပါလေ။

 

 

ဗုဒၶဟူးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ အံ့ဩစရာေကာင္းေလာက္ေအာင္ တိုးတက္မႈေတြ ျဖစ္လာမယ္။ သတင္းေကာင္း၊ ဧည့္သည္ေကာင္းေတြ ေရာက္လာမယ္။ ခရီးနဲ႔ပတ္သက္တဲ့ကိစၥေတြ၊ ရပ္ေဝးနဲ႔ဆက္ႏြယ္တဲ့အလုပ္ေတြ ပိုၿပီးေအာင္ျမင္မယ္။ အဖိုးတန္ပစၥည္းေတြ ဝင္လာမယ္။ ရပ္ေဝးကလည္း ေငြေတြ၊ ပစၥည္းေတြ ေရာက္လာတတ္ပါတယ္။ အနီးကပ္မိတ္ေဆြ၊ ေမာင္ႏွမေတြေၾကာင့္ စိတ္ညစ္ရတတ္တယ္။ လူရင္းထဲက ျပႆနာႀကီးႀကံဳ တတ္ပါတယ္။

ေနရာထိုင္ခင္းကိစၥ၊ အေဆာက္အဦးကိစၥေတြ အခက္ႀကံဳရတတ္ပါတယ္။ ေအာက္လက္ငယ္သားကလည္း ဒုကၡေပးတတ္တယ္။ အထင္လြဲခံရတာေတြ အဆင္ေျပသြား မယ္။ ဆရာသမား ႀကီးကဲသူတို႔ရဲ႕ အကူအညီေကာင္းေတြ ေပၚလာမယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြ မွာလည္း ထင္ထင္ရွားရွား ေအာင္ျမင္မယ္။ အခြင့္အလန္းေကာင္းေတြ ေပၚလာမယ္။ ေငြေရးေၾကးေရး ႐ႈပ္ေထြးတာ၊ စာရင္းဇယားမွားယြင္းတာ၊ အလိမ္ခံရတာ၊ ယာဥ္ေတြ၊ စက္ ေတြနဲ႔ ထိမိုက္မိတာမ်ိဳးေတြ ႀကံဳရတတ္ပါတယ္။ မီး၊ လွ်ပ္စစ္အႏၱရာယ္ ႀကံဳတတ္တယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ အေတာ့္ကိုသတိထားရမယ့္ အခ်ိန္ပါပဲ။ မိမိရဲ႕ခ်စ္သူ အိမ္ေထာင္ဘက္ က်န္းမာေရးညံ့တာမ်ိဳးလည္း ႀကံဳရတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၅/၄။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ႏို႔ထမင္းကပ္လွဴပါေလ။

ဗုဒ္ဓဟူးသားသမီးများ

ဒီရက်တွေအတွင်းမှာ အံ့ဩစရာကောင်းလောက်အောင် တိုးတက်မှုတွေ ဖြစ်လာမယ်။ သတင်းကောင်း၊ ဧည့်သည်ကောင်းတွေ ရောက်လာမယ်။ ခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေ၊ ရပ်ဝေးနဲ့ဆက်နွယ်တဲ့အလုပ်တွေ ပိုပြီးအောင်မြင်မယ်။ အဖိုးတန်ပစ္စည်းတွေ ဝင်လာမယ်။ ရပ်ဝေးကလည်း ငွေတွေ၊ ပစ္စည်းတွေ ရောက်လာတတ်ပါတယ်။ အနီးကပ်မိတ်ဆွေ၊ မောင်နှမတွေကြောင့် စိတ်ညစ်ရတတ်တယ်။ လူရင်းထဲက ပြဿနာကြီးကြုံ တတ်ပါတယ်။

နေရာထိုင်ခင်းကိစ္စ၊ အဆောက်အဦးကိစ္စတွေ အခက်ကြုံရတတ်ပါတယ်။ အောက်လက်ငယ်သားကလည်း ဒုက္ခပေးတတ်တယ်။ အထင်လွဲခံရတာတွေ အဆင်ပြေသွား မယ်။ ဆရာသမား ကြီးကဲသူတို့ရဲ့ အကူအညီကောင်းတွေ ပေါ်လာမယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ မှာလည်း ထင်ထင်ရှားရှား အောင်မြင်မယ်။ အခွင့်အလန်းကောင်းတွေ ပေါ်လာမယ်။ ငွေရေးကြေးရေး ရှုပ်ထွေးတာ၊ စာရင်းဇယားမှားယွင်းတာ၊ အလိမ်ခံရတာ၊ ယာဉ်တွေ၊ စက် တွေနဲ့ ထိမိုက်မိတာမျိုးတွေ ကြုံရတတ်ပါတယ်။ မီး၊ လျှပ်စစ်အန္တရာယ် ကြုံတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အတော့်ကိုသတိထားရမယ့် အချိန်ပါပဲ။ မိမိရဲ့ချစ်သူ အိမ်ထောင်ဘက် ကျန်းမာရေးညံ့တာမျိုးလည်း ကြုံရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၅/၄။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ နို့ထမင်းကပ်လှူပါလေ။

—————

 

ၾကာသပေတးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ အဘက္ဘက္က ေငြေတြဝင္လာမယ္။ ရပ္ေဝးနဲ႔ပတ္သက္ၿပီးေတာ့လည္း ေငြေတြဝင္လာတတ္ပါတယ္။ အဖိုးတန္ပစၥည္းေတြဝင္တာ၊ လက္ေဆာင္ပစၥည္းေတြရတာ၊ အေၾကာင္းေၾကာင္းနဲ႔ထြက္ေနတဲ့ ေငြေတြ၊ ပစၥည္းေတြ ျပန္ဝင္လာတာ၊ ဝမ္းသာစရာဧည့္သည္ေတြေရာက္လာတာ၊ ေနရာထိုင္ခင္းကိစၥ အေဆာက္အဦးကိစၥ အဆင္ေျပေအာင္ျမင္တာေတြ ႀကံဳလာမယ္။ လွ်ပ္စစ္နဲ႔ပတ္သက္လို႔ ျပင္ဆင္မြမ္းမံတာေတြ လုပ္ျဖစ္မယ္။

ေအာက္လက္ငယ္သား သားသမီးအတြက္ စိတ္ခ်မ္းသာစရာေတြ ႀကံဳလာမယ္။ ပညာေရးကိစၥ ေအာင္ျမင္မယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာလည္း ေကာင္းေသာအေျပာင္းအလဲေတြ ႀကံဳလာမယ္။ အဆင္မေျပျဖစ္ေနသူ အဆင္ေျပသြားၾကပါလိမ့္မယ္။ သူတစ္ပါးရဲ႕ အခ်စ္ေရးအိမ္ေထာင္ေရးမွာေတာ့ ၾကားညပ္ေျဖရွင္းရတတ္တယ္။ အတို႔အေထာင္ ေခ်ာက္တြန္းလုပ္သူေတြေၾကာင့္ မိသားစု စိတ္ဝမ္းကြဲရတတ္တယ္။ မေတာ္တဆ ထိခိုက္အႏၱရာယ္ႀကံဳတာ၊ အပူေလာင္တာမ်ိဳးေတြ သတိျပဳပါ။

အလုပ္မွာ အတိုက္အခံအၿပိဳင္အဆိုင္ေတြေၾကာင့္ စိတ္ညစ္ရမယ္။ တမင္ေႏွာက္ယွက္တာ ဒုကၡေပးတာေတြ ႀကံဳလာတတ္ပါတယ္။ အထူးသျဖင့္ မိန္းမတစ္ေယာက္က ရန္တိုက္ေပးတာမ်ိဳးေတြ လုပ္လာတတ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ကိုယ့္ဘက္က ေအာင္ျမင္သြားပါလိမ့္မယ္။ ကံအက်ိဳးေပးဂဏန္း ၆/၅။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ဆီးယိုကပ္လွဴပါေလ။

ကြာသပတေးသားသမီးများ

ဒီရက်တွေအတွင်းမှာ အဘက်ဘက်က ငွေတွေဝင်လာမယ်။ ရပ်ဝေးနဲ့ပတ်သက်ပြီးတော့လည်း ငွေတွေဝင်လာတတ်ပါတယ်။ အဖိုးတန်ပစ္စည်းတွေဝင်တာ၊ လက်ဆောင်ပစ္စည်းတွေရတာ၊ အကြောင်းကြောင်းနဲ့ထွက်နေတဲ့ ငွေတွေ၊ ပစ္စည်းတွေ ပြန်ဝင်လာတာ၊ ဝမ်းသာစရာဧည့်သည်တွေရောက်လာတာ၊ နေရာထိုင်ခင်းကိစ္စ အဆောက်အဦးကိစ္စ အဆင်ပြေအောင်မြင်တာတွေ ကြုံလာမယ်။ လျှပ်စစ်နဲ့ပတ်သက်လို့ ပြင်ဆင်မွမ်းမံတာတွေ လုပ်ဖြစ်မယ်။

အောက်လက်ငယ်သား သားသမီးအတွက် စိတ်ချမ်းသာစရာတွေ ကြုံလာမယ်။ ပညာရေးကိစ္စ အောင်မြင်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း ကောင်းသောအပြောင်းအလဲတွေ ကြုံလာမယ်။ အဆင်မပြေဖြစ်နေသူ အဆင်ပြေသွားကြပါလိမ့်မယ်။ သူတစ်ပါးရဲ့ အချစ်ရေးအိမ်ထောင်ရေးမှာတော့ ကြားညပ်ဖြေရှင်းရတတ်တယ်။ အတို့အထောင် ချောက်တွန်းလုပ်သူတွေကြောင့် မိသားစု စိတ်ဝမ်းကွဲရတတ်တယ်။ မတော်တဆ ထိခိုက်အန္တရာယ်ကြုံတာ၊ အပူလောင်တာမျိုးတွေ သတိပြုပါ။

အလုပ်မှာ အတိုက်အခံအပြိုင်အဆိုင်တွေကြောင့် စိတ်ညစ်ရမယ်။ တမင်နှောက်ယှက်တာ ဒုက္ခပေးတာတွေ ကြုံလာတတ်ပါတယ်။ အထူးသဖြင့် မိန်းမတစ်ယောက်က ရန်တိုက်ပေးတာမျိုးတွေ လုပ်လာတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်က အောင်မြင်သွားပါလိမ့်မယ်။ ကံအကျိုးပေးဂဏန်း ၆/၅။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ဆီးယိုကပ်လှူပါလေ။

 

 

ေသာၾကာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ေပ်ာ္ပြဲရႊင္ပြဲေတြႀကံဳတာ၊ အပန္းေျဖခရီးလိုမ်ိဳးသြားရတာ၊ အဖိုးတန္ပစၥည္းေတြဝင္လာတာ၊ စိတ္ခ်မ္းသာဖြယ္ သတင္းေကာင္း၊ ဧည့္သည္ေကာင္း ေရာက္လာတာေတြ ႀကံဳရတတ္ပါတယ္။ အမ်ိဳးသမီးတစ္ဦးက ထိထိေရာက္ေရာက္ အကူအညီေကာင္းေတြ ေပးလာမယ္။ လုပ္ငန္းေတြ သိသိသာသာ ေအာင္ျမင္တာ၊ စီးပြားသိသိသာသာတက္တာမ်ိဳးေတြ ႀကံဳလာမယ္။ ေအာက္လက္ငယ္သားေတြအတြက္လည္း ေကာင္းေသာအေျပာင္းအလဲေတြျဖစ္လာမယ္။ မိဘဆရာသမား ႀကီးကဲသူေတြအတြက္ ဝမ္းေျမာက္စရာေတြ ႀကံဳရ၊ ၾကားရတတ္တယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြ ေအာင္ျမင္မယ္။

ထီေပါက္သလိုမ်ိဳး ေငြေတြ ေဝါကနဲ ဝင္လာကိန္းရွိတယ္။ ဆံုး႐ံႈးမတတ္ျဖစ္ေနတဲ့ ေငြေတြ၊ ပစၥည္းေတြ ျပန္ဝင္လာတတ္တယ္။ ေနရာထိုင္ခင္းကိစၥ၊ အေဆာက္အဦးကိစၥေတြကေတာ့ စိတ္ညစ္ရတတ္ပါ တယ္။ အိမ္နီးခ်င္းေတြ လုပ္ေဖာ္ကိုင္ဖက္ေတြေၾကာင့္လည္း စိတ္ညစ္ရတတ္တယ္။ လိမ့္က်၊ ေခ်ာ္လဲတာ၊ ထိခိုက္မိတာမ်ိဳးေတြလည္း ႀကံဳရတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ အေႏွာက္အယွက္ႀကီးႀကီးမားမား ႀကံဳမယ္။ ရပ္ေဝးကလူတစ္ေယာက္အတြက္ စိတ္ညစ္ရတတ္ ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၆/၇။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ပဲမုန္႕ကပ္လွဴပါေလ။

သောကြာသားသမီးများ

ဒီရက်တွေအတွင်းမှာ ပျော်ပွဲရွှင်ပွဲတွေကြုံတာ၊ အပန်းဖြေခရီးလိုမျိုးသွားရတာ၊ အဖိုးတန်ပစ္စည်းတွေဝင်လာတာ၊ စိတ်ချမ်းသာဖွယ် သတင်းကောင်း၊ ဧည့်သည်ကောင်း ရောက်လာတာတွေ ကြုံရတတ်ပါတယ်။ အမျိုးသမီးတစ်ဦးက ထိထိရောက်ရောက် အကူအညီကောင်းတွေ ပေးလာမယ်။ လုပ်ငန်းတွေ သိသိသာသာ အောင်မြင်တာ၊ စီးပွားသိသိသာသာတက်တာမျိုးတွေ ကြုံလာမယ်။ အောက်လက်ငယ်သားတွေအတွက်လည်း ကောင်းသောအပြောင်းအလဲတွေဖြစ်လာမယ်။ မိဘဆရာသမား ကြီးကဲသူတွေအတွက် ဝမ်းမြောက်စရာတွေ ကြုံရ၊ ကြားရတတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ အောင်မြင်မယ်။

ထီပေါက်သလိုမျိုး ငွေတွေ ဝေါကနဲ ဝင်လာကိန်းရှိတယ်။ ဆုံးရှုံးမတတ်ဖြစ်နေတဲ့ ငွေတွေ၊ ပစ္စည်းတွေ ပြန်ဝင်လာတတ်တယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အဦးကိစ္စတွေကတော့ စိတ်ညစ်ရတတ်ပါ တယ်။ အိမ်နီးချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေကြောင့်လည်း စိတ်ညစ်ရတတ်တယ်။ လိမ့်ကျ၊ ချော်လဲတာ၊ ထိခိုက်မိတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အနှောက်အယှက်ကြီးကြီးမားမား ကြုံမယ်။ ရပ်ဝေးကလူတစ်ယောက်အတွက် စိတ်ညစ်ရတတ် ပါတယ်။ ကံအကျိုးပေးဂဏန်း ၆/၇။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ပဲမုန့်ကပ်လှူပါလေ။

———————

 

စေနသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ကိုယ္လုပ္သမွ်ကို ကန္႔ကြက္ေႏွာက္ယွက္မယ့္သူေတြနဲ႔ပဲ ႀကံဳေနရတတ္တယ္။ မလုပ္ခ်င္တဲ့အလုပ္ေတြ လုပ္ရတတ္တယ္။ ရည္ရြယ္ထားတဲ့အလုပ္ေတြ ပ်က္သြားတတ္တယ္။ သူတစ္ပါးရဲ႕ကိစၥေတြနဲ႔ အခ်ိန္ကုန္ေနလိမ့္မယ္။ ဒါေပမယ့္ ေက်းဇူးမတင္တဲ့အျပင္ မေကာင္းျမင္ အထင္လြဲတာေတာင္ ခံရတတ္ပါတယ္။ စကားမ်ား ေျဖရွင္းရတတ္တယ္။ အဖိုးတန္ပစၥည္း ဝယ္တဲ့ေရာင္းတဲ့ကိစၥေတြလည္း ထစ္ေငါ့လြဲေခ်ာ္ေနတတ္တယ္။ စာခ်ဳပ္စာတမ္းကိစၥေတြမွာ ဆႏၵမေစာသင့္ပါဘူး။ ေအာက္လက္ငယ္သားနဲ႔ပတ္သက္ၿပီး စိတ္ႏွစ္ခြျဖစ္စရာေတြ ႀကံဳမယ္။ သူခိုးခိုးခံရတတ္တယ္။ ေရတြင္းေရကန္ကိစၥ စိတ္ညစ္ရတတ္တယ္။

ခရီးကိစၥအတြက္လည္း စိတ္ညစ္စရာႀကံဳရတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ အထူးသတိထားရမယ့္အခ်ိန္ပါပဲ။ လမ္းခြဲရမတတ္ေတြ ျဖစ္ကုန္တတ္ပါတယ္။ ေနရာထိုင္ခင္းကိစၥ၊ အေဆာက္အဦကိစၥေတြကေတာ့ အဆင္ေျပေအာင္ျမင္မယ္။ ႀကီးကဲသူတို႔ရဲ႕ ကူညီေဆာင္မမႈေတြနဲ႔လည္း ႀကံဳလာပါလိမ့္မယ္။ အခက္အခဲၾကားကပဲ အလုပ္နဲ႔ပတ္သက္လို႔ အခြင့္အလမ္းေကာင္းေတြ ေပၚေပါက္လာႏိုင္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၇/ဝ။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ အုန္း ၆ ညြန္႔လွဴပါေလ။

စနေသားသမီးများ

ဒီရက်တွေအတွင်းမှာ ကိုယ်လုပ်သမျှကို ကန့်ကွက်နှောက်ယှက်မယ့်သူတွေနဲ့ပဲ ကြုံနေရတတ်တယ်။ မလုပ်ချင်တဲ့အလုပ်တွေ လုပ်ရတတ်တယ်။ ရည်ရွယ်ထားတဲ့အလုပ်တွေ ပျက်သွားတတ်တယ်။ သူတစ်ပါးရဲ့ကိစ္စတွေနဲ့ အချိန်ကုန်နေလိမ့်မယ်။ ဒါပေမယ့် ကျေးဇူးမတင်တဲ့အပြင် မကောင်းမြင် အထင်လွဲတာတောင် ခံရတတ်ပါတယ်။ စကားများ ဖြေရှင်းရတတ်တယ်။ အဖိုးတန်ပစ္စည်း ဝယ်တဲ့ရောင်းတဲ့ကိစ္စတွေလည်း ထစ်ငေါ့လွဲချော်နေတတ်တယ်။ စာချုပ်စာတမ်းကိစ္စတွေမှာ ဆန္ဒမစောသင့်ပါဘူး။ အောက်လက်ငယ်သားနဲ့ပတ်သက်ပြီး စိတ်နှစ်ခွဖြစ်စရာတွေ ကြုံမယ်။ သူခိုးခိုးခံရတတ်တယ်။ ရေတွင်းရေကန်ကိစ္စ စိတ်ညစ်ရတတ်တယ်။

ခရီးကိစ္စအတွက်လည်း စိတ်ညစ်စရာကြုံရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အထူးသတိထားရမယ့်အချိန်ပါပဲ။ လမ်းခွဲရမတတ်တွေ ဖြစ်ကုန်တတ်ပါတယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အဦကိစ္စတွေကတော့ အဆင်ပြေအောင်မြင်မယ်။ ကြီးကဲသူတို့ရဲ့ ကူညီဆောင်မမှုတွေနဲ့လည်း ကြုံလာပါလိမ့်မယ်။ အခက်အခဲကြားကပဲ အလုပ်နဲ့ပတ်သက်လို့ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ကံအကျိုးပေးဂဏန်း ၇/ဝ။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ အုန်း ၆ ညွန့်လှူပါလေ။

သေဗၺဓမၼာ

ဇင္ေယာ္နီ

About popinvdo.xyz(ပဲပင္​​ေပါက္​)

View all posts by popinvdo.xyz(ပဲပင္​​ေပါက္​) →

Leave a Reply

Your email address will not be published. Required fields are marked *