ဒီညပီအက်စ်ဂျီနဲ့ပွဲမှာ အထူးထုတ်ဖိနပ်ကို ၀တ်ဆင်ကစားမယ့် ရော်နယ်ဒို


ရီးရဲမက်ဒရစ် အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ယနေ့ည ပီအက်စ်ဂျီကွင်းမှာ သွားရောက်ကစားရမယ့် ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်မှာ Nike က ထုတ်လုပ်ပေးထားတဲ့ အထူးထုတ်ဖိနပ်ကို ၀တ်ဆင်ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဖိနပ်ကို ကင်မ်ဂျုန်းစ်က ဒီဇိုင်းဆွဲထားပေးတာဖြစ်ပြီး ကျားသစ်ကွက်ပုံစံ ဒီဇိုင်းဖော်ထားကာ လိမ္မော်ရောင်နဲ့ အနက်ရောင်ကို အဓိက ပေါင်းစပ်ပြုလုပ် ထားပါတယ်။ ဖိနပ်ရဲ့ဖိနောင့်နားမှာ ကင်မ်ဂျုန်းစ်က သူ့ရဲ့နာမည်ကို ရေးထိုးထားခဲ့သလို ရော်နယ်ဒိုရဲ့ သင်္ကေတဖြစ်တဲ့ CR7 ကိုလဲ ရေးထိုးထားပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ပထမအကျော့တုန်းက ပီအက်စ်ဂျီကို ၃-၁နဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရီးရဲအသင်းအတွက် သွင်းဂိုး၂ဂိုး သွင်းယူပေးခဲ့သူပါ။ ယခုဒုတိယအကျော့မှာလဲ အထူးထုတ်ဖိနပ်ကို ၀တ်ဆင်ကစားရင်း ရော်နယ်ဒိုတစ်ယောက် ပီအက်စ်ဂျီဘက်ကို ဂိုးသွင်းနိုင်ဦးမလား စောင့်ကြည့်ရမှာပါ။

ထက်အောင်
Photo credit:လှ​တောသား

About popinvdo.xyz(ပဲပင်​​ပေါက်​)

View all posts by popinvdo.xyz(ပဲပင်​​ပေါက်​) →

Leave a Reply

Your email address will not be published. Required fields are marked *