ယခုနှစ်ချန်ပီယံလိဂ်မှာ ပွဲတိုင်းဂိုးသွင်းထားတဲ့ ခရစ္စတီယာနိုရော်နယ်ဒို


ရီးရဲမက်ဒရစ် အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ယနေ့နံနက် အစောပိုင်းက ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ပွဲမှာ သွင်းဂိုး၁ဂိုးသွင်းယူ နိုင်ခဲ့တာကြောင့် ယခုနှစ်ချန်ပီယံလိဂ်မှာ ပွဲတိုင်းဂိုးသွင်းထားနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို ချန်ပီယံလိဂ် သမိုင်းတစ်လျှောက်မှာလဲ အဆိုပါမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်လာခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အုပ်စုပွဲစဉ်၆ပွဲလုံး ဂိုးသွင်းနိုင်ခဲ့ပြီး ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့ရတဲ့ ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ် ၂ကျော့လုံးမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အခုဆိုရင် ရော်နယ်ဒိုဟာ ဒီနှစ်ချန်ပီယံလိဂ်မှာ သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်ဟာ ၁၂ဂိုးအထိ ရှိသွားခဲ့ပါပြီ။

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မှာ ပိုမိုခြေစွမ်းပြနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ချန်ပီယံလိဂ်သမိုင်းမှာ ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ထားသလို ယခုနှစ်ချန်ပီယံလိဂ်ရဲ့ ဂိုးသွင်းဘုရင်ဆုကိုရရှိဖို့လဲ အတော်လေး နီးစပ်နေပါတယ်။

ထက်အောင်
Credit: လှ​တောသား

About popinvdo.xyz(ပဲပင်​​ပေါက်​)

View all posts by popinvdo.xyz(ပဲပင်​​ပေါက်​) →

Leave a Reply

Your email address will not be published. Required fields are marked *