မက်ဆီရဲ့အိမ်ပေါ်က လေယာဉ်ဖြတ်သန်းမောင်းနှင်ခွင့်မပြုတဲ့ နောက်ကွယ်ကအကြောင်းအရင်း


ဘာစီလိုနာနဲ့ အာဂျင်တီးနားလက်ရွေးစင် ကြယ်ပွင့်ကစားသမား လီယွန်နယ်မက်ဆီရဲ့အိမ်ပေါ်ကနေ လေယာဉ် ဖြတ်သန်းမောင်းနှင်ခွင့် မရှိဘူးလို့ သိရပါတယ်။ မက်ဆီရဲ့အိမ်ကြောင့် ဘာစီလိုနာလေဆိပ်ကို ထပ်မံချဲ့ထွင်ခြင်းတောင် ရပ်တန့်ထားရတယ်လို့ ဆိုပါတယ်။

ဒီလိုမျိုးအဖြစ်ဟာ ကမ္ဘာကြီးပေါ်က ဘယ်နေရာမှာမှ မဖြစ်နိုင်ပါဘူးလို့ ဆိုရလောက်တဲ့ကိစ္စဖြစ်ပါတယ်။ ဗျူနိုအေးရိစ်လေကြောင်းလိုင်းဥက္ကဌ ဇေးဘီးယားဆန်းချက်ဇ်ပရီရက်တို ကိုယ်တိုင် “မက်ဆီရဲ့အိမ်ပေါ်ကနေ ဖြတ်သန်းမောင်းနှင်ခွင့် လုံးဝမရှိပါဘူး”လို့ ညွှန်ကြားထားပါတယ်။

ယခုလို အထူးအခွင့်အရေးရထားတာဟာ မက်ဆီရဲ့ သြဇာအာဏာက ဘာစီလိုနာအသင်းအပေါ်မှာ ကြီးမားတဲ့သက်ရောက်မှုရှိနေလို့လားလို့ မေးစရာရှိလာပါတယ်။ အဲဒီလိုမေးလာရင်တော့ လုံးဝမဟုတ်ပါဘူး။ အခုလို ညွှန်ကြားချက်ထုတ်ထားရတဲ့နောက်ကွယ်က ယုတ္တိတန်တဲ့ အကြောင်းအရင်းလည်း ရှိနေပါတယ်။

မက်ဆီဟာ စပိန်နိုင်ငံ ဘာစီလိုနာအပိုင် မြေထဲပင်လယ်ကမ်းရိုးတန်းအစပ်မှာ တည်ရှိတဲ့ ဂါဗာဆိုတဲ့ မြို့လေးမှာ နေထိုင်ပါတယ်။ ဂါဗာမြို့မှာ တားမြစ်ဧရိယာအဖြစ် သတ်မှတ်ထားတဲ့ သစ်တောတွေတည်ရှိပြီး ယင်းသစ်တောအပေါ်ကနေ လေယာဉ်ဖြတ်သန်းမောင်းနှင်ခြင်းဟာ တရားမဝင်ပါဘူး။

ယင်းသစ်တောအတွင်းမှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေကို လေယာဉ်ကထွက်ပေါ်လာတဲ့အသံတွေက အနှောင့်အယှက်ဖြစ်စေတာကြောင့် လေယာဉ်မောင်းနှင်ဖြတ်သန်းခြင်းကို ခွင့်မပြုတာဖြစ်ပါတယ်။ Vueling လေကြောင်းလိုင်းဥက္ကဌရဲ့ပြောစကားကတော့ ကတ်တာလိုးနီးယားပြည်နယ်မှာ လူပြောများတဲ့အကြောင်းအရာဖြစ်ခဲ့ပါတယ်။

“Vueling လေကြောင်းလိုင်းအနေနဲ့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အေးဆေးဖြစ်နေတဲ့ အခြေအနေကို စိတ်ရှုပ်ထွေးစရာတွေ မြင့်တက်အောင် လုပ်ခဲ့မိတာ နောင်တရမိပါတယ်။ ကျွန်တော်တို့ အဓိကအလေးပေးခဲ့တာဟာ အငြင်းပွားဖွယ်ရာဘယ်လိုကိစ္စတွေမှာမဆို ဘောလုံးသမားကို ပါဝင်ပတ်သက်စေလိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းပါ။ လေဆိပ် ဒါမှမဟုတ် လုပ်ငန်းလည်ပတ်နေမှုနဲ့ပတ်သက်ပြီး သူ့အနေနဲ့ လူသိရှင်ကြား ထုတ်ပြန်ကြေညာချက် ဘာတစ်ခုမှ မလုပ်ခဲ့ဘူးဆိုတာကို ကျွန်တော်တို့ ကြေညာနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဘယ်လိုကိစ္စမျိုးအတွက်မဆို မက်ဆီအနေနဲ့ လာလီဂါကို ပျံသန်းသွားလာရေးအတွက် လေဆိပ်မလိုအပ်ပါဘူး။ မက်ဆီဟာ ပြီးခဲ့တဲ့အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ပွဲစဉ်မှာ တစ်လုံးတည်းသောအနိုင်ဂိုးကို ပြစ်ဒဏ်ဘောကနေတစ်ဆင့် လူတံတိုင်းပေါ်ကနေ ကျော်ပြီး ကန်သွင်းယူနိုင်ခဲ့ပါတယ်။ ယင်းဂိုးဟာ မက်ဆီအတွက် ကစားသမားဘဝတစ်လျှောက် ဂိုးပေါင်း ၆၀၀ ပြည့်မြောက်ခဲ့တဲ့ဂိုးဖြစ်ပြီး ဘာစီလိုနာအသင်းအနေနဲ့လည်း ဒုတိယနေရာက အက်သလက်တီကိုအသင်းကို ၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

Source: OMG& duwun
Share from:လှ​တောသား

About popinvdo.xyz(ပဲပင်​​ပေါက်​)

View all posts by popinvdo.xyz(ပဲပင်​​ပေါက်​) →

Leave a Reply

Your email address will not be published. Required fields are marked *