ေယာက္်ားေလးေတြရဲ႕ ညစ္တီးညစ္ပတ္ အမူအက်င့္ (၂၀)


ေယာက္်ားေလးေတြကို Forever Baby ေတြလို႔ေျပာၾကတယ္။ အသက္သာႀကီးသြားတယ္ ကေလး စိတ္မေပ်ာက္သလို၊ အျပဳအမူေတြကလည္း ကေလးဆန္ၾကၿမဲပဲျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီလို ကေလး စိတ္မေပ်ာက္တဲ့ေနရာမွာ ကေလးေတြလို ညစ္ညစ္ပတ္ပတ္ေနတဲ့ေနရာမွာလည္း သူမတူေအာင္ပါပဲ။ ဘယ္ေလာက္အသန္႔ႀကိဳက္ပါတယ္ေျပာေျပာ ဒီအက်င့္ေတြကမေကာင္းဘူးဆိုတာသိလို႔ မလုပ္ရင္ သာေနမယ္ ညစ္တီးညစ္ပတ္ေနတတ္တဲ့ အျပဳအမူေတြတိုင္း မလုပ္ဖူးတာမရွိသေလာက္ပါပဲ။ တကယ္လို႔ ဒီေဆာင္းပါးဖတ္ေနတဲ့သူက မိန္းကေလးဆိုရင္ေတာ့ သင့္အေနနဲ႔ အေတာ္ေလးရြံ႕ရွာမိ မွာျဖစ္သလို ေယာက္်ားေလးဆိုရင္ေတာ့ ဒီထဲမွာမပါေသးတဲ့ အခ်က္ေတြကိုပါ ထပ္ျဖည့္ခ်င္ျဖည့္သြား ၾကမယ္ဆိုတာ ေသခ်ာပါတယ္။

ကဲ ဘယ္လို ညစ္တီးညစ္ပတ္အျပဳအမူေတြလဲဆိုတာ တစ္ခ်က္ၾကည့္လိုက္ပါဦး။

(၁)အိမ္သာထဲထိ ရွဴရွဴးသြားမေပါက္ဘဲ ေရခ်ိဳးခန္ထဲမွာတင္ေပါက္ျခင္း
(၂)လက္သည္းကိုပါးစပ္နဲ႔ကိုက္ျခင္း၊ ပါးစပ္နဲ႔ကိုက္ၿပီး လက္သည္းညိႇျခင္း
(၃)မေလွ်ာ္ရေသးတဲ့ေဘာင္းဘီတို၊ ေအာက္ခံေဘာင္းဘီျပန္ဝတ္ျခင္း
(၄)ဝတ္ထားတဲ့ေဘာင္းဘီကို ေနာက္တစ္ႀကိမ္ထပ္ဝတ္လို႔ရမရ ႏွာေခါင္းတရံႈ႕ရံႈ႕နဲ႔အနံ႔ခံၾကည့္ျခင္း
(၅)ရိတ္ထားၿပီးသား ႏႈတ္ခမ္းေမြး၊ မုတ္ဆိတ္ေမြးအတိုအစေတြကိုေရေဆးခ်ရမွာပ်င္းျခင္း
(၆)မုတ္ဆိတ္ေမြးမွာကပ္ေနတဲ့ ေဗာက္တို႔ဖုန္မႈန္႔တို႔မက်က်ေအာင္ မၾကာခဏကုတ္ခ်ျခင္း
(၇)အိပ္ခန္းထဲအႏွံ႔ အဝတ္ပံု မျပည့္မခ်င္း မရွင္းျခင္း၊ ေျခအိတ္ႀကိဳက္ျခင္း (ဘယ္ေလာက္နံနံေလွ်ာ္ ဖို႔ေမ့ျခင္း)
(၈)ေလလည္ၿပီး အနံ႔ကို လိုလိုလားလားရွဴၾကည့္ျခင္း
(၉)ေစာင္ၿခံဳလ်က္နဲ႔ေလလည္ၿပီး အနံ႔ရွဴၾကည့္ျခင္း
(၁၀)လမ္းသြားရင္း လူမရွိဘူးဆိုရင္ အသံခပ္ျပင္းျပင္းႏွင့္ေလလည္ျခင္း
(၁၁)ဓာတ္ေလွကားထဲမွာေလလည္ၿပီး ဘယ္သူမွမလာေအာင္ ဆုေတာင္းတတ္ျခင္း
(၁၂)ႏွပ္ေခ်းညႇစ္ၿပီးရင္ အက်ီ ၤလက္ႏွင့္အလြယ္တကူသုတ္ျခင္း
(၁၃)ေရခ်ိဳးဖို႔လိုမလို ခ်ိဳင္းကို နမ္းၾကည့္ျခင္း
(၁၄)ေရခ်ိဳးရမွာပ်င္းျခင္း၊ ေရမခ်ိဳးဘဲ အနံ႔အသက္ေပ်ာက္ေဆး(ေရေမႊး၊ ခ်ိဳင္းေခၽြးနံ႕ေပ်ာက္ေဆးသာသံုးျခင္း)
(၁၅)အတြင္းခံထဲလက္ထည့္ၿပီး ေပါင္ၾကားကိုကုတ္ျခင္း
(၁၆)ခႏၶာကိုယ္က ေခၽြးနံ႔ျပင္းျပင္းထြက္ေနရင္ေတာင္ မနံဘူးဟုထင္ျခင္း
(၁၇)လက္ေဆးရမွာပ်င္းျခင္း၊ တစ္ခုခုကိုင္ၿပီးတိုင္း ေဆးေလ့ေဆးထမရွိျခင္း
(၁၈)ႏွာေခါင္းကို ပယ္ပယ္နယ္နယ္ႏိႈက္ျခင္း၊ ႏွပ္ေခ်းကိုအေရာင္၊ အနံ႔ခြဲျခားေလ့ရွိျခင္း
(၁၉)အိမ္သာသြားရမွာပ်င္းၿပီး ေရသန္႔ဗူးတဲ့ ဆီးသြားျခင္း၊ ဆီးသြားၿပီးတိုင္း ေရသန္႔ဗူးကိုလႊင့္ပစ္ဖို႔ေမ့ျခင္း
(၂၀) ေယာက္်ားပီသေၾကာင္းျပသတဲ့အေနနဲ႔ အိမ္သာခြက္ကိုေက်ာ္ၿပီး ဆီးသြားျခင္း တို႔ပဲျဖစ္ပါတယ္။

အခုေဖာ္ျပေပးခဲ့တဲ့အခ်က္ေတြကေတာ့ ေယာက္်ားေလးေတြရဲ႕ ညစ္တီးညစ္ပတ္အျပဳအမူေတြထဲက အယဥ္ေက်းဆံုး (၂၀)ကိုေဖာ္ျပေပးခဲ့တာပဲျဖစ္ပါတယ္။ ေနာက္ထပ္ ထပ္ျဖည့္ခ်င္တဲ့ အခ်က္ေတြရွိ ရင္လည္း ျဖည့္သြားၾကဗ်ာ…။

ဒါနဲ႔ မိန္းကေလးေတြရဲ႕ ညစ္တီးညစ္ပတ္အျပဳအမူေလးေတြေရာ သိခ်င္ၾကေသးလားဗ်…. ဘယ္အခ်က္ေတြသိခ်င္တယ္ဆိုတာလည္း ေျပာခဲ့ၾကဦးေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
ယောက်ျားလေးတွေကို Forever Baby တွေလို့ပြောကြတယ်။ အသက်သာကြီးသွားတယ် ကလေး စိတ်မပျောက်သလို၊ အပြုအမူတွေကလည်း ကလေးဆန်ကြမြဲပဲဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို ကလေး စိတ်မပျောက်တဲ့နေရာမှာ ကလေးတွေလို ညစ်ညစ်ပတ်ပတ်နေတဲ့နေရာမှာလည်း သူမတူအောင်ပါပဲ။ ဘယ်လောက်အသန့်ကြိုက်ပါတယ်ပြောပြော ဒီအကျင့်တွေကမကောင်းဘူးဆိုတာသိလို့ မလုပ်ရင် သာနေမယ် ညစ်တီးညစ်ပတ်နေတတ်တဲ့ အပြုအမူတွေတိုင်း မလုပ်ဖူးတာမရှိသလောက်ပါပဲ။ တကယ်လို့ ဒီဆောင်းပါးဖတ်နေတဲ့သူက မိန်းကလေးဆိုရင်တော့ သင့်အနေနဲ့ အတော်လေးရွံ့ရှာမိ မှာဖြစ်သလို ယောက်ျားလေးဆိုရင်တော့ ဒီထဲမှာမပါသေးတဲ့ အချက်တွေကိုပါ ထပ်ဖြည့်ချင်ဖြည့်သွား ကြမယ်ဆိုတာ သေချာပါတယ်။

ကဲ ဘယ်လို ညစ်တီးညစ်ပတ်အပြုအမူတွေလဲဆိုတာ တစ်ချက်ကြည့်လိုက်ပါဦး။

(၁)အိမ်သာထဲထိ ရှူရှူးသွားမပေါက်ဘဲ ရေချိုးခန်ထဲမှာတင်ပေါက်ခြင်း
(၂)လက်သည်းကိုပါးစပ်နဲ့ကိုက်ခြင်း၊ ပါးစပ်နဲ့ကိုက်ပြီး လက်သည်းညှိခြင်း
(၃)မလျှော်ရသေးတဲ့ဘောင်းဘီတို၊ အောက်ခံဘောင်းဘီပြန်ဝတ်ခြင်း
(၄)ဝတ်ထားတဲ့ဘောင်းဘီကို နောက်တစ်ကြိမ်ထပ်ဝတ်လို့ရမရ နှာခေါင်းတရှုံ့ရှုံ့နဲ့အနံ့ခံကြည့်ခြင်း
(၅)ရိတ်ထားပြီးသား နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးအတိုအစတွေကိုရေဆေးချရမှာပျင်းခြင်း
(၆)မုတ်ဆိတ်မွေးမှာကပ်နေတဲ့ ဗောက်တို့ဖုန်မှုန့်တို့မကျကျအောင် မကြာခဏကုတ်ချခြင်း
(၇)အိပ်ခန်းထဲအနှံ့ အဝတ်ပုံ မပြည့်မချင်း မရှင်းခြင်း၊ ခြေအိတ်ကြိုက်ခြင်း (ဘယ်လောက်နံနံလျှော် ဖို့မေ့ခြင်း)
(၈)လေလည်ပြီး အနံ့ကို လိုလိုလားလားရှူကြည့်ခြင်း
(၉)စောင်ခြုံလျက်နဲ့လေလည်ပြီး အနံ့ရှူကြည့်ခြင်း
(၁၀)လမ်းသွားရင်း လူမရှိဘူးဆိုရင် အသံခပ်ပြင်းပြင်းနှင့်လေလည်ခြင်း
(၁၁)ဓာတ်လှေကားထဲမှာလေလည်ပြီး ဘယ်သူမှမလာအောင် ဆုတောင်းတတ်ခြင်း
(၁၂)နှပ်ချေးညှစ်ပြီးရင် အကျီ ၤလက်နှင့်အလွယ်တကူသုတ်ခြင်း
(၁၃)ရေချိုးဖို့လိုမလို ချိုင်းကို နမ်းကြည့်ခြင်း
(၁၄)ရေချိုးရမှာပျင်းခြင်း၊ ရေမချိုးဘဲ အနံ့အသက်ပျောက်ဆေး(ရေမွှေး၊ ချိုင်းချွေးနံ့ပျောက်ဆေးသာသုံးခြင်း)
(၁၅)အတွင်းခံထဲလက်ထည့်ပြီး ပေါင်ကြားကိုကုတ်ခြင်း
(၁၆)ခန္ဓာကိုယ်က ချွေးနံ့ပြင်းပြင်းထွက်နေရင်တောင် မနံဘူးဟုထင်ခြင်း
(၁၇)လက်ဆေးရမှာပျင်းခြင်း၊ တစ်ခုခုကိုင်ပြီးတိုင်း ဆေးလေ့ဆေးထမရှိခြင်း
(၁၈)နှာခေါင်းကို ပယ်ပယ်နယ်နယ်နှိုက်ခြင်း၊ နှပ်ချေးကိုအရောင်၊ အနံ့ခွဲခြားလေ့ရှိခြင်း
(၁၉)အိမ်သာသွားရမှာပျင်းပြီး ရေသန့်ဗူးတဲ့ ဆီးသွားခြင်း၊ ဆီးသွားပြီးတိုင်း ရေသန့်ဗူးကိုလွှင့်ပစ်ဖို့မေ့ခြင်း
(၂၀) ယောက်ျားပီသကြောင်းပြသတဲ့အနေနဲ့ အိမ်သာခွက်ကိုကျော်ပြီး ဆီးသွားခြင်း တို့ပဲဖြစ်ပါတယ်။

အခုဖော်ပြပေးခဲ့တဲ့အချက်တွေကတော့ ယောက်ျားလေးတွေရဲ့ ညစ်တီးညစ်ပတ်အပြုအမူတွေထဲက အယဉ်ကျေးဆုံး (၂၀)ကိုဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ နောက်ထပ် ထပ်ဖြည့်ချင်တဲ့ အချက်တွေရှိ ရင်လည်း ဖြည့်သွားကြဗျာ…။

ဒါနဲ့ မိန်းကလေးတွေရဲ့ ညစ်တီးညစ်ပတ်အပြုအမူလေးတွေရော သိချင်ကြသေးလားဗျ…. ဘယ်အချက်တွေသိချင်တယ်ဆိုတာလည်း ပြောခဲ့ကြဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform

ျပန္​လည္​မ်ွ​ေဝ​ေပးရန္​ႏွိပ္​ပါ✌✌✌
Share on Facebook
Facebook
0

8total visits,1visits today

, ,

About popinvdo.xyz(ပဲပင္​​ေပါက္​)

View all posts by popinvdo.xyz(ပဲပင္​​ေပါက္​) →

Leave a Reply

Your email address will not be published. Required fields are marked *