“ကျွန်တော့်ကို အလဲထိုးနိုင်မယ့်သူ မမွေးသေးဘူး” ဆိုတဲ့ ဒေ့ဗ်


မြန်မာပြည်အလွတ်တန်း ချန်ပီယံဖြစ်တဲ့ ဒေ့ဗ် ခေါ် ဒေဝကတော့ သူ့ကိုအလဲထိုးနိုင်မယ့်သူ မြန်မာနိုင်ငံမှာ မမွေးသေးပါဘူးလို့ ပြောလာပါတယ်။ သူက မြန်မာပြည်ကိုချစ်ပြီး မြန်မာပြည်မှာ နေထိုင်နေတဲ့သူလည်း ဖြစ်ပါတယ်။ သူ့ချစ်သူနဲ့လည်း မြန်မာနိုင်ငံမှာ မြန်မာ့ရိုးရားအတိုင်း မင်္ဂလာဆောင်ခဲ့သူ ဖြစ်ပါတယ်။

စောငမန်း၊ တူးတူးနဲ့၊ ထွန်းထွန်းမင်းတို့က မြန်မာ့လက်ဝှေ့ခါးပတ်ကို သိမ်းပိုက်ထားတဲ့ ပြည်ပနိုင်ငံသားသူ့ကို စိန်ခေါ်ထားကြပါတယ်။ ဒါပေမယ့်သူကတော့ “စောငမန်း စိန်ခေါ်တာကိုလည်း လက်ခံပြီးပါပြီ။ ထွန်းထွန်းမင်းလည်း စိန်ခေါ်ထားပါတယ်။ ကျွန်တော့်ကို အလဲထိုးနိုင်မယ့်သူ မမွေးသေးပါဘူး” ဆိုပြီး အခရာမီဒီယာရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေထားတယ်လို့ သိရပါတယ်။

ဒေဗ့်က မြန်မာပြည်ကို ချစ်မြတ်နိုးကြောင်း စကားများလည်း သူအသုံးပြုတဲ့ ဖေ့စ်ဘွက်စာမျက်နှာကနေ မကြာခဏ ရေးတင်လေ့ရှိပါတယ်။ မြန်မာပြည်ကို ထွန်းထွန်းမင်း၊ တူးတူး၊ စောငမန်းတို့ချစ်တာထက် ပိုပါတယ်လို့လည်း မြန်မာဘာသာနဲ့ ရေးထားတာ ရှိပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်ကလည်း ယခုလက်ရှိ ဦးဇေသီဟကျင်းပနေတဲ့ WLC လက်ဝှေ့ပွဲဟာ မြန်မာ့လက်ဝှေ့ယဉ်ကျေးမှုနဲ့ သွေဖီနေတာကြောင့် လက်ဝှေ့သမိုင်းကို စော်ကားမှုဖြစ်တယ်လို့ အတိအလင်းဝေဖန်တဲ့ ဆောင်းပါးတစ်ပုဒ်ရေးထားပါတယ်။
Share from:လှ​တောသား

About popinvdo.xyz(ပဲပင်​​ပေါက်​)

View all posts by popinvdo.xyz(ပဲပင်​​ပေါက်​) →

Leave a Reply

Your email address will not be published. Required fields are marked *