နာမည္ႀကီးေနတဲ့ ဧရာဝတီျမစ္ထဲက သရဲ

က်ေနာ့္အကုိက ေက်ာင္းမျပီးခင္ ၾကင္ယာစုံေတာ့၊ က်ေနာ့္မိဘ ေတြ ေဒါပြျပီး အေမြျဖတ္လုိက္ပါေတာ့တယ္၊ အဲဒါနဲ႕ ေမာင္မင္းၾကီးသား ဘာလုပ္သလဲဆုိေတာ့ သူ႕ေယာကၡမေတြနဲ႕အတူ တကၠသုိလ္ေက်ာင္းပိတ္ ခ်ိန္မွာ ဧရာ၀တီျမစ္ထဲ ေျပးတဲ့ “ေစ်းသေဘၤာ”နဲ႕ ကုန္လုိက္ ကူးပါတယ္။ ေအာက္ျပည္ေအာက္ရြာ ျဖစ္တဲ့ ဧရာ၀တီတုိင္းထြက္တဲ့ ငပိ၊ ငါးေျခာက္ ေတြကုိ အထက္ဆီ သယ္၊ ျမန္မာျပည္ အေပၚပုိင္းကထြက္တဲ့ သနပ္ခါးတုိ႕ ပဲမ်ဳိးစုံတုိ႕၊ အညာထြက္ေတြ စတာေတြကို ေအာက္ဖက္ ျပန္သယ္ပါတယ္။

ေစ်းသေဘၤာေပၚမွာ ေစ်းသည္ေတြ၊ ကုန္ပစၥည္းေတြ အျပင္ ဖဲ၀ုိင္းေတြ၊ အရက္ေရာင္းတဲ့ အရက္ဆုိင္ေတြပါ ေပၚလာပါတယ္၊ တေန႕ၾကေတာ့ ျမစ္လယ္ေခါင္ကေန လူေသအေလာင္း ႏွစ္ေလာင္း ေမ်ာလာျပီး သေဘၤာ နံေဘးမွာ ျငိျပီး လာကပ္ပါေတာ့တယ္၊ ဒါ ဘယ္က အေလာင္းမွန္းလည္း မသိ၊ အမွဳလာပတ္မွာ ေၾကာက္တဲ့ သေဘၤာအမွဳထမ္းေတြက အဲဒီ ငယ္ငယ္ရြယ္ရြယ္ နဲ႕ ေသဆုံးထားပုံရတဲ့ အေလာင္း ႏွစ္ေလာင္းကုိ ၀ါးလုံးေတြ၊ သစ္ေခ်ာင္း ေတြနဲ႕ တြန္းထုိးၾကပါတယ္၊ နီးစပ္ရာ ဆိပ္ကမ္း ကပ္ျပီး ရဲစခန္းေတြ ဘာေတြ သြားအေၾကာင္းၾကားရင္ အမွဳေတြပတ္၊ သက္ေသခံေတြ ဘာေတြ လုပ္ေပးရ မွာ ေၾကာက္ေတာ့ ပုိင္ရွင္မဲ့ လူေသအေလာင္းကုိ ျဖစ္ကတတ္ဆန္း တြန္းထုိး ၾကတာပါ။

ဧရာ၀တီျမစ္တေလွ်ာက္ ျမိဳ႕အမ်ားစုမွာ ဒီလုိ လူေသ အေလာင္း ေရထဲ ေမ်ာျပီး ကုိယ့္ျမိဳ႕က ဆိပ္ကမ္းဆီ လာကပ္ေလ့ရွိပါတယ္၊ ဒီလုိ လာကပ္ ရင္ အဲဒီျမိဳ႕ေတြက ရဲေတြ ဦးေဆာင္ျပီး ျမစ္ထဲ ျပန္ေမ်ာသြားေအာင္ လုပ္ေလ့ ရွိပါတယ္။ ေနာက္မုိ႕ဆုိ ဘယ္က အေလာင္းမွန္း မသိ၊ လက္သည္လည္း မေပၚ၊ စစ္ေဆးဖုိ႕ ေနရာ အခက္အခဲ၊ ပစၥည္းပစၥယ မျပည္စုံတာေၾကာင့္ ရဲေတြ ကုိယ္တုိင္ အဲလုိ လုပ္ေနၾကပါ။ သူမ်ား တုိင္းျပည္ေတြမွာ အႏုပညာဆန္ဆန္ ေရထဲ ပန္းေတြ ေမ်ာၾကပါတယ္၊ ဒုိ႕ျပည္ေတာ့ အဲဒီေခတ္ေတြတုန္းက နာေရး အသင္းေတြ မရွိလုိ႕၊ အမွဳပတ္မွာ ေၾကာက္လုိ႕ အဲဒီလုိပဲ ဧရာ၀တီျမစ္ၾကီးကုိ အားကုိးျပီး ေရထဲ ေမ်ာၾကပါတယ္။

အဲလုိ သေဘၤာမွာ လာျငိေနတဲ့ လူေသအေလာင္း ႏွစ္ေလာင္းကုိ တြန္းထုိး လုိက္တဲ့ ေန႕ကစျပီး သေဘၤာေပၚမွာ အမွဳေပါင္းစုံ ျပႆနာေပါင္းစုံ သိသိ သာသာ စ’ပါေတာ့တယ္။ ပထမေတာ့ သိပ္ မသိမသာပါ၊ သေဘၤာေပၚကေန ေရထဲ လူ ျပဳတ္က်တယ္၊ ဟုိလူ ေနမေကာင္း ျဖစ္လုိက္၊ ဒီလူ ေနမေကာင္း ျဖစ္လုိက္ပါ၊ ေနာက္ေတာ့ ဒီထက္ ၾကမ္းလာပါတယ္၊ သေဘၤာတစ္စီးလုံး ေရလယ္ေခါင္မွာ ညဖက္ၾကီး စက္ထုိး ရပ္သြားပါတယ္၊ သေဘၤာေပၚက ကုန္ပစၥည္းေတြ သူ႕အလုိလုိ ေရြ႕ပါတယ္၊ ေျဖးေျဖးခ်င္း သူ႕အလုိလုိ ေရြ႕တာကေန ပု႑ာက တုိက္သလုိ ၀ုန္းဒုိင္းၾကဲ လာပါတယ္၊ တခ်ဳိ႕ဆုိ တစုံတေယာက္က ဇြတ္အတင္း ဆြဲျပီး ေရထဲ တြန္းခ်တဲ့ ပုံစံမ်ဳိး ကိုးရုိ႕ကားယား နဲ႕ ေရထဲ တြန္းခ် ခံရပါတယ္။

ေရထဲ က်သြားသူဟာ သူ႕ဘာသာ ကုိးရုိ႕ကားယား ျဖစ္ျပီး က်သြားတာပါ၊ သူ႕နံေဘးမွာ ဘာမွ မျမင္ရပါဘူး၊ သူ႕ပါးစပ္ကေတာ့ က်ေနာ့္ကုိ ဆြဲခ်ေနျပီ … လုပ္ၾကပါအုံး … ကယ္ၾကပါအုံး … စသျဖင့္ေတာ့ ေအာ္ပါတယ္၊ သူ႕နံေဘးမွာ ဘာမွ မျမင္ရပါဘူး၊ ဒီလုိနဲ႕ သေဘၤာတစ္စီးလုံး ျမစ္လယ္ေခါင္မွာ ေဗ်ာင္ဆန္ေနပါတယ္။ အဲဒါနဲ႕ တခ်ဳိ႕လည္း ကယ္ပါ … ယူပါ ေအာ္ၾကေတာ့ ခပ္လွမ္းလွမ္း ျဖတ္သြား တဲ့ ငါးဖမ္းေလွတစ္စီးက ကမ္းဆီ အျမန္ေျပးသြားျပီး ဘုန္ေတာ္ၾကီးတစ္ပါးကုိ ပင့္လာပါတယ္။

ဘုန္းၾကီး ၾကြလာေတာ့ နည္းနည္းေလာက္ သက္သာလာပါ တယ္၊ လုံးလုံး မျပီးေသးပါ၊ ဒါနဲ႕ ဆရာေတာ္က ေမတၱာသုတ္ေတြ ဘာေတြ ရြတ္ဖတ္လုိက္ေတာ့ အမ်ဳိးသမီးတစ္ဦးကို ၀င္ပူးျပပါေတာ့တယ္၊ ျပႆနာက လူေသအေလာင္း ႏွစ္ေလာင္း သေဘၤာဆီ ကပ္လာတုန္းက သေဘၤာကလူေတြ ျပန္တြန္းထုတ္လုိက္ေတာ့ လူေသအေလာင္းကေန လက္တစ္ဖတ္ ျပတ္ျပီး သေဘၤာမွာ ျငိျပီး က်န္ခဲ့တယ္လုိ႕ အပူးခံရသူက ေျပာပါတယ္၊ အဲဒီလက္ကုိ ျပန္ျဖဳတ္ျပီး ေရထဲ ေမ်ာေပးရင္ ေျခာက္လန္႕ ဒုကၡေပးတာေတြ ရပ္မယ္လုိ႕ ဆုိပါတယ္၊ ဒါနဲ႕ လူေသေကာင္ရဲ႕ လက္တစ္ဖက္ကို ညၾကီးမုိးခ်ဳပ္ လုိက္ရွာ ေတာ့ သေဘၤာနံေဘးေအာက္မွာ ျပဳတ္ထြက္ျပီး ခ်ိတ္က်န္ရစ္ေနတာကို ထူးထူးဆန္းဆန္း ေတြ႕ရပါတယ္၊ အဲဒီလူေသလက္ကုိ ျဖဳတ္ျပီး ေရထဲ ေမ်ာလုိက္မွပဲ သေဘၤာလည္း နဂုိအတုိင္း အရာရာ ျပန္ျပီး အဆင္ေျပသြား ပါတယ္။

ဇာတ္လမ္းေလးက ဒီေလာက္ပါပဲ၊ အဲဒီသရဲ အခုထိ ရွိေရာ ရွိေနေသးလား မေျပာတတ္ပါဘူး၊ ျမစ္ဆုံမွာ ေရကာတာၾကီး ေဆာက္ျဖစ္လုိ႕ ဧရာ၀တီျမစ္ ၾကီးထဲ ေရမစီးေတာ့တဲ့ တစ္ေန႕ၾကရင္ အဲလုိ သရဲတေစၦေတြ ကုန္းေပၚတက္ လာမယ္ဆုိရင္ ဘယ္နဲ႕ လုပ္ၾကမလဲ ..??

Credit from >>> ပ်ဴႏိုင္ငံ

=============

“နာမည်ကြီးနေတဲ့ ဧရာဝတီမြစ်ထဲက သရဲ”

ကျနော့်အကိုက ကျောင်းမပြီးခင် ကြင်ယာစုံတော့၊ ကျနော့်မိဘ တွေ ဒေါပွပြီး အမွေဖြတ်လိုက်ပါတော့တယ်၊ အဲဒါနဲ့ မောင်မင်းကြီးသား ဘာလုပ်သလဲဆိုတော့ သူ့ယောက္ခမတွေနဲ့အတူ တက္ကသိုလ်ကျောင်းပိတ် ချိန်မှာ ဧရာဝတီမြစ်ထဲ ပြေးတဲ့ “စျေးသင်္ဘော”နဲ့ ကုန်လိုက် ကူးပါတယ်။ အောက်ပြည်အောက်ရွာ ဖြစ်တဲ့ ဧရာဝတီတိုင်းထွက်တဲ့ ငပိ၊ ငါးခြောက် တွေကို အထက်ဆီ သယ်၊ မြန်မာပြည် အပေါ်ပိုင်းကထွက်တဲ့ သနပ်ခါးတို့ ပဲမျိုးစုံတို့၊ အညာထွက်တွေ စတာတွေကို အောက်ဖက် ပြန်သယ်ပါတယ်။

စျေးသင်္ဘောပေါ်မှာ စျေးသည်တွေ၊ ကုန်ပစ္စည်းတွေ အပြင် ဖဲဝိုင်းတွေ၊ အရက်ရောင်းတဲ့ အရက်ဆိုင်တွေပါ ပေါ်လာပါတယ်၊ တနေ့ကြတော့ မြစ်လယ်ခေါင်ကနေ လူသေအလောင်း နှစ်လောင်း မျောလာပြီး သင်္ဘော နံဘေးမှာ ငြိပြီး လာကပ်ပါတော့တယ်၊ ဒါ ဘယ်က အလောင်းမှန်းလည်း မသိ၊ အမှုလာပတ်မှာ ကြောက်တဲ့ သင်္ဘောအမှုထမ်းတွေက အဲဒီ ငယ်ငယ်ရွယ်ရွယ် နဲ့ သေဆုံးထားပုံရတဲ့ အလောင်း နှစ်လောင်းကို ၀ါးလုံးတွေ၊ သစ်ချောင်း တွေနဲ့ တွန်းထိုးကြပါတယ်၊ နီးစပ်ရာ ဆိပ်ကမ်း ကပ်ပြီး ရဲစခန်းတွေ ဘာတွေ သွားအကြောင်းကြားရင် အမှုတွေပတ်၊ သက်သေခံတွေ ဘာတွေ လုပ်ပေးရ မှာ ကြောက်တော့ ပိုင်ရှင်မဲ့ လူသေအလောင်းကို ဖြစ်ကတတ်ဆန်း တွန်းထိုး ကြတာပါ။

ဧရာဝတီမြစ်တလျှောက် မြို့အများစုမှာ ဒီလို လူသေ အလောင်း ရေထဲ မျောပြီး ကိုယ့်မြို့က ဆိပ်ကမ်းဆီ လာကပ်လေ့ရှိပါတယ်၊ ဒီလို လာကပ် ရင် အဲဒီမြို့တွေက ရဲတွေ ဦးဆောင်ပြီး မြစ်ထဲ ပြန်မျောသွားအောင် လုပ်လေ့ ရှိပါတယ်။ နောက်မို့ဆို ဘယ်က အလောင်းမှန်း မသိ၊ လက်သည်လည်း မပေါ်၊ စစ်ဆေးဖို့ နေရာ အခက်အခဲ၊ ပစ္စည်းပစ္စယ မပြည်စုံတာကြောင့် ရဲတွေ ကိုယ်တိုင် အဲလို လုပ်နေကြပါ။ သူများ တိုင်းပြည်တွေမှာ အနုပညာဆန်ဆန် ရေထဲ ပန်းတွေ မျောကြပါတယ်၊ ဒို့ပြည်တော့ အဲဒီခေတ်တွေတုန်းက နာရေး အသင်းတွေ မရှိလို့၊ အမှုပတ်မှာ ကြောက်လို့ အဲဒီလိုပဲ ဧရာဝတီမြစ်ကြီးကို အားကိုးပြီး ရေထဲ မျောကြပါတယ်။

အဲလို သင်္ဘောမှာ လာငြိနေတဲ့ လူသေအလောင်း နှစ်လောင်းကို တွန်းထိုး လိုက်တဲ့ နေ့ကစပြီး သင်္ဘောပေါ်မှာ အမှုပေါင်းစုံ ပြဿနာပေါင်းစုံ သိသိ သာသာ စ’ပါတော့တယ်။ ပထမတော့ သိပ် မသိမသာပါ၊ သင်္ဘောပေါ်ကနေ ရေထဲ လူ ပြုတ်ကျတယ်၊ ဟိုလူ နေမကောင်း ဖြစ်လိုက်၊ ဒီလူ နေမကောင်း ဖြစ်လိုက်ပါ၊ နောက်တော့ ဒီထက် ကြမ်းလာပါတယ်၊ သင်္ဘောတစ်စီးလုံး ရေလယ်ခေါင်မှာ ညဖက်ကြီး စက်ထိုး ရပ်သွားပါတယ်၊ သင်္ဘောပေါ်က ကုန်ပစ္စည်းတွေ သူ့အလိုလို ရွေ့ပါတယ်၊ ဖြေးဖြေးချင်း သူ့အလိုလို ရွေ့တာကနေ ပုဏ္ဍာက တိုက်သလို ဝုန်းဒိုင်းကြဲ လာပါတယ်၊ တချို့ဆို တစုံတယောက်က ဇွတ်အတင်း ဆွဲပြီး ရေထဲ တွန်းချတဲ့ ပုံစံမျိုး ကိုးရို့ကားယား နဲ့ ရေထဲ တွန်းချ ခံရပါတယ်။

ရေထဲ ကျသွားသူဟာ သူ့ဘာသာ ကိုးရို့ကားယား ဖြစ်ပြီး ကျသွားတာပါ၊ သူ့နံဘေးမှာ ဘာမှ မမြင်ရပါဘူး၊ သူ့ပါးစပ်ကတော့ ကျနော့်ကို ဆွဲချနေပြီ … လုပ်ကြပါအုံး … ကယ်ကြပါအုံး … စသဖြင့်တော့ အော်ပါတယ်၊ သူ့နံဘေးမှာ ဘာမှ မမြင်ရပါဘူး၊ ဒီလိုနဲ့ သင်္ဘောတစ်စီးလုံး မြစ်လယ်ခေါင်မှာ ဗျောင်ဆန်နေပါတယ်။ အဲဒါနဲ့ တချို့လည်း ကယ်ပါ … ယူပါ အော်ကြတော့ ခပ်လှမ်းလှမ်း ဖြတ်သွား တဲ့ ငါးဖမ်းလှေတစ်စီးက ကမ်းဆီ အမြန်ပြေးသွားပြီး ဘုန်တော်ကြီးတစ်ပါးကို ပင့်လာပါတယ်။

ဘုန်းကြီး ကြွလာတော့ နည်းနည်းလောက် သက်သာလာပါ တယ်၊ လုံးလုံး မပြီးသေးပါ၊ ဒါနဲ့ ဆရာတော်က မေတ္တာသုတ်တွေ ဘာတွေ ရွတ်ဖတ်လိုက်တော့ အမျိုးသမီးတစ်ဦးကို ဝင်ပူးပြပါတော့တယ်၊ ပြဿနာက လူသေအလောင်း နှစ်လောင်း သင်္ဘောဆီ ကပ်လာတုန်းက သင်္ဘောကလူတွေ ပြန်တွန်းထုတ်လိုက်တော့ လူသေအလောင်းကနေ လက်တစ်ဖတ် ပြတ်ပြီး သင်္ဘောမှာ ငြိပြီး ကျန်ခဲ့တယ်လို့ အပူးခံရသူက ပြောပါတယ်၊ အဲဒီလက်ကို ပြန်ဖြုတ်ပြီး ရေထဲ မျောပေးရင် ခြောက်လန့် ဒုက္ခပေးတာတွေ ရပ်မယ်လို့ ဆိုပါတယ်၊ ဒါနဲ့ လူသေကောင်ရဲ့ လက်တစ်ဖက်ကို ညကြီးမိုးချုပ် လိုက်ရှာ တော့ သင်္ဘောနံဘေးအောက်မှာ ပြုတ်ထွက်ပြီး ချိတ်ကျန်ရစ်နေတာကို ထူးထူးဆန်းဆန်း တွေ့ရပါတယ်၊ အဲဒီလူသေလက်ကို ဖြုတ်ပြီး ရေထဲ မျောလိုက်မှပဲ သင်္ဘောလည်း နဂိုအတိုင်း အရာရာ ပြန်ပြီး အဆင်ပြေသွား ပါတယ်။

ဇာတ်လမ်းလေးက ဒီလောက်ပါပဲ၊ အဲဒီသရဲ အခုထိ ရှိရော ရှိနေသေးလား မပြောတတ်ပါဘူး၊ မြစ်ဆုံမှာ ရေကာတာကြီး ဆောက်ဖြစ်လို့ ဧရာဝတီမြစ် ကြီးထဲ ရေမစီးတော့တဲ့ တစ်နေ့ကြရင် အဲလို သရဲတစ္ဆေတွေ ကုန်းပေါ်တက် လာမယ်ဆိုရင် ဘယ်နဲ့ လုပ်ကြမလဲ ..??

Credit from >>> ပျူနိုင်ငံ

Share:tawthu.com

About popinvdo.xyz(ပဲပင္​​ေပါက္​)

View all posts by popinvdo.xyz(ပဲပင္​​ေပါက္​) →

Leave a Reply

Your email address will not be published. Required fields are marked *