အမျိုးသမီးများနေ့ကို ထူးထူးဆန်းဆန်းကျင်းပခဲ့တဲ့ လစ်သူယေးနီးယားရဲအရာရှိတွေ

လစ်သူယေးနီးယားနိုင်ငံမှာ အမျိုးသမီးတွေ လိုက်ပါလာတဲ့ကားတွေ ဘာအမှားမှမလုပ်ဘဲ ရဲတွေတားခြင်းခံခဲ့ရပါတယ်။ ဖမ်းဆီးဖို့တော့ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ မတ်လ (၈)ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ပါတယ်။ ဒီဥရောပနိုင်ငံလေးက ရဲတွေဟာ အမျိုးသမီးများအတွက် အရေးပါတဲ့နေ့ကို ဂုဏ်ပြုဖို့ အမျိုးသမီးတွေပါတဲ့ကားများကို ရပ်ခိုင်းကာ ပန်းလေးတွေ ပေးခဲ့ကြပါတယ်။ ဒါဟာ သူတို့နှစ်တိုင်းလုပ်လေ့ရှိတဲ့ ချစ်စရာထုံးစံလေးတစ်ခုဖြစ်ပါတယ်။

Lietuvos policija

ပန်းလက်ခံရတဲ့ အမျိုးသမီးတွေမှာ အချို့က အံ့သြသွားပြီး တချို့တွေက ပြာပြာယာယာတောင် ဖြစ်သွားကြပါတယ်။ သေချာတာတစ်ခုကတော့ သူတို့အကုန် ပြစ်ဒဏ်လက်မှတ်အစား ကျူးလစ်ပန်းတွေရလိုက်လို့ အရမ်းကို ပျော်ရွှင်သွားကြပါတယ်။ သူတို့နိုင်ငံရဲ့ အခြားမြို့လေးတွေမှာလည်း ၎င်းနေ့အထိမ်းအမှတ်အတွက် အမျိုးသမီးတွေကို ပန်းတွေပေးခဲ့ကြပါတယ်။

Lietuvos policija
Lietuvos policija
Lietuvos policija
Lietuvos policija
Lietuvos policija
Lietuvos policija
Lietuvos policija
Lietuvos policija

White (Shwemom)
Ref: Bored Panda

About popinvdo.xyz(ပဲပင်​​ပေါက်​)

View all posts by popinvdo.xyz(ပဲပင်​​ပေါက်​) →

Leave a Reply

Your email address will not be published. Required fields are marked *