ဂျူဗင်တပ် ချန်ပီယံလိဂ်မှာဗိုလ်စွဲရင် ငယ်ပါဖြတ်မယ်ဆိုပြီး ဒိုင်ဘာလာကိုတုံ့ပြန်ခဲ့တဲ့ ဂတ်တူဆို


ပီးခဲ့တဲ့ရက်ပိုင်းက ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး ဒိုင်ဘာလာဟာ အေစီမီလန် အသင်းအနေနဲ့ ယခုနှစ်ဘောလုံးရာသီမှာ ကိုပါအီတာလီယာ ဖလားရခဲ့ရင် သူအနေနဲ့ ကတုံးတုံးမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါကိုအေစီနည်းပြဖြစ်တဲ့ ဂတ်တူဆိုကလဲ ခပ်မိုက်မိုက်ပဲ ပြန်လည်တုံ့ပြန် သွားခဲ့ပါတယ်။ ဂတ်တူဆိုက “ဒီရာသီမှာ ဂျူဗင်တပ်အသင်း ချန်ပီယံလိဂ်ဖလား ရခဲ့မယ်ဆိုရင် ကျွန်တော့ငယ်ပါကို ဖြတ်ပစ်မှာပါ” လို့ တုံ့ပြန်သွားခဲ့တာပါ။

ဂတ်တူဆိုရဲ့ အေစီမီလန်အသင်းနဲ့ ဒိုင်ဘာလာရဲ့ ဂျူဗင်တပ် အသင်းတို့ဟာ ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဆုံနေပြီး လာမယ့်မေလ၉ရက်နေ့မှာ ယှဉ်ပြိုင်ကစား သွားကြမှာပါ။

ထက်အောင်
Share from:လှ​တောသား

About popinvdo.xyz(ပဲပင်​​ပေါက်​)

View all posts by popinvdo.xyz(ပဲပင်​​ပေါက်​) →

Leave a Reply

Your email address will not be published. Required fields are marked *