ကြောက်စရာကောင်းလွန်းလို့ လူတိုင်းဆုံးအောင် မကြည့်ရဲတဲ့ သရဲကား Trailer


လာမယ့် ဧပြီ(၁၃)ရက်နေ့မှာ ရုံတင်မယ့် သရဲကား ရုပ်ရှင်သစ် “Truth or Dare” ရဲ့ Trailer ဟာ ကြောက်စရာ ကောင်းလွန်းလို့ လူတိုင်းဆုံးအောင် မကြည့်ရဲကြဘူးဆိုပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ သတင်းကြီးနေပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကိုတော့ နာမည်ကြီး ထိတ်လန့်သဲဖို ရုပ်ရှင်ဇာတ်ကားတွေဖြစ်ပြီး ၀င်ငွေကောင်းခဲ့တဲ့ Insidious ၊ Paranormal Activity ၊ Split ၊ The Purge: Anarchy တို့ကို ထုတ်လုပ်ခဲ့တဲ့ Blumhouse Production ပါ။ ဒါ့အပြင် အနုပညာအရကော ၀င်ငွေအရပါအောင်မြင်တဲ့ Whiplash နဲ့ Get Out တို့လို ရုပ်ရှင် ဇာတ်ကားတွေကိုလည်း BlumHouse က ထုတ်လုပ်ခဲ့ပါသေးတယ်။

Universal Pictures

“Truth or Dare” မှာ ခေါင်းဆောင်နေရာက အဓိကပါဝင်ထားတာတော့ လူကြိက်များတဲ့ စီးရီးတွေဖြစ်တဲ့ Pretty Little Liars က မင်းသမီး Lucy Hale နဲ့ Teen Wolf က မင်းသား Tyler Pose တို့ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ထိတ်လန့်သဲဖို သရဲကားတွေရဲ့ ထုံးစံအတိုင်း အားလပ်ရက်မှာ သူငယ်ချင်းတစ်စုက “Truth or Dare” ကစားနည်းကို ကစားရာကနေ အစပြုပြီး မမြင်ရတဲ့ ပရလောကသားတွေက လိုက်လံခြောက်လှန့်တဲ့ အကြောင်းပါ။

ဟောလိဝုဒ်က ရုပ်ရှင်ဝေဖန်ရေးဆရာတွေကတော့ ပရိသတ်တွေကြားမှာ ပေါက်သွားတဲ့ Trailer ရယ်၊ ဇာတ်ကားကို ထုတ်လုပ်ခဲ့တဲ့ Blumhouse ရဲ့ သရဲကားတွေနဲ့ အောင်မြင်မှုရခဲ့တဲ့ အစဉ်အလာတွေကြောင့် “Truth or Dare” ဟာ ၂၀၁၈ ခုနှစ်ရဲ့ မထင်မှတ်တဲ့ ပေါက်ကားဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ပရိသတ်တွေအတွက် “Truth or Dare” ရဲ့ Trailer ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ စိတ်ဝင်စားရင် (မကြောက်ဘူးဆိုရင်) ဆုံးအောင်ကြည့်, ကြည့်လိုက်ပါဦးနော်။

Source : Unilad

ZARNI

,

About popinvdo.xyz(ပဲပင်​​ပေါက်​)

View all posts by popinvdo.xyz(ပဲပင်​​ပေါက်​) →

Leave a Reply

Your email address will not be published. Required fields are marked *