သင်တို့မသိသေးတဲ့ အင်တာနက်ခေတ်ဦးကို ဦးဆောင်ခဲ့သော အွန်လိုင်းဘုရင်မ တစ်ယောက် အကြောင်း


သင်မသိသေးသော မိုးဟေကို အကြောင်း
အမည်ရင်း- အေးအေးခိုင်
အနုပညာအမည်- မိုးဟေကို
Birthday- ဇွန်လ၂၆ ၊ ၁၉၈၅

သူမ၏ ဆွဲဆောင်မှုရှိသော ဟန်ပန်အမူအရာများ ၊ပုရိသများ နှစ်သက်သော ကိုယ်ခန္ဓာအချိုးအစား ၊ ခေတ်နှင့်အညီ အထာကျအောင်ဆင်မြန်းနိုင်သော ဖက်ရှင်တို့ကြောင့် ယနေ့အချိန်အထိ မြန်မာအနုပညာလောကတွင် နာမည်တစ်လုံးကိုအခိုင်အမာထူထောင်ထားနိုင်သော ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သည်။ကိုးတန်းကျောင်းသူဘဝတွင် တင်မိုးလွင်၏မော်ဒယ်သင်တန်း၌ တက်ရောက်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် စူပါစတားဒွေးနှင့် ထက်ထက်မိုးဦးတို့ သရုပ်ဆောင်ထားသော
‘Okie’ ဆပ်ပြာမှုန့်ကြော်ငြာတွင် ပါဝင်ခွင့်ရခဲ့သည်။

ထိုကာလ၌ သီချင်းဗီစီဒီအချို့ နှင့် ဗီဒီယိုဇာတ်ကားတချို့တွင် ပါဝင်သရုပ်ဆောင်ခွင့်ရသော်လည်းသရုပ်ဆောင်ပိုင်းနှင့်ပတ်သက်၍ မိမိကိုယ်ကိုယုံကြည်မှုမရှိသေးသဖြင့် ရိုက်ကူးမှုများပြန်လည်ရပ်နားခဲ့ပြီး၂၀၀၅ခုနှစ်တွင် အနုပညာလောကသို့တကျာ့ပြန်ဝင်ရောက်ခဲ့သည်။

ခေါင်းဆောင်မင်းသမီးမဖြစ်မီ ဂျွန်လွင်၏ Star Model Agency တွင်ဖက်ရှင်မော်ဒယ်တစ်ဦးအဖြစ် အေးမြတ်သူ၊ မြင့်မြတ် ၊ အောင်ရဲလင်း တို့နှင့်အတူ လုပ်ကိုင်ခဲ့သည်။အသက်ငယ်ရွယ်သေးသော်လည်းဆွဲဆောင်မှုရှိသည့်စတိုင်နှင့် ညှို့အားပြင်းသည့်အလှတို့ကြောင့်အချိန်တိုအတွင်းမှာပင် မြန်မာပြည်၏ demand အကောင်းဆုံးဖက်ရှင်မော်ဒယ်တစ်ဦးဖြစ်လာခဲ့သည်။၂၀၀၀ ဆယ်စုနှစ်အကုန်တွင်မိုးဟေကိုမှာ မဂ္ဂဇင်းကာဗာများ၊ ပြက္ခဒိန်များ ၊ ကြော်ငြာများအများဆုံးရိုက်ကူးရသာ ကြော်ငြာမော်ဒယ်တစ်ဦးဖြစ်လာပြီး နာမည်ကြီး photographers အများစု
ကအလှဓာတ်ပုံရိုက်ကူးမှုတွင် မိုးဟေကို၏အိုက်တင်ကိုမီသူမရှိဟုပင် သတ်မှတ်ခဲ့ကြသည်။

ထိုအချိန်တွင်နိုင်ငံ၌ အင်တာနက်သုံးစွဲမှုများ စတင်ခေတ်စားလာခဲ့ရာမိုးဟေကို၏ ဗီဒီယိုဖိုင်တချို့ နှင့် sexy photo များမှာonline စာမျက်နှာများထက်တွင် အလွန်ရေပန်းစားခဲ့ပြီး ပရိသတ်များ၏အထူးစိတ်ဝင်စားမှုရရှိခဲ့သောကြောင့်မဒီယာအများစုက အင်တာနက်ခေတ်ဦးကိုဦးဆောင်ခဲ့သော အွန်လိုင်းဘုရင်မ ဟုပင်တင်စားခဲ့ကြသည်။ထို့အပြင် မိုးဟေကို၏ (34 ×21×36)body size ကြောင့် မြန်မာပြည်၏ ကိုယ်လုံးကိုယ်ပေါက်အချိုးအစားအကျဆုံး မင်းသမီးအဖြစ် သတ်မှတ်ခဲ့ကြသလို ပုရိသများ၏ အားပေးမှုကိုလည်း အတော်ပင်ရရှိခဲ့သည်။

ပထမဆုံးခေါင်းဆောင်မင်းသမီးအဖြစ် ၂၀၀၇ ခုနှစ်တွင် ဒါရိုက်တာမောင်မျိုးမင်း၏ ‘အိပ်မက်အလွန်’ ဗီဒီယိုဇာတ်ကားတွင် လူမင်း ၊အိန္ဒြာကျော်ဇင်တို့နှင့်တွဲက်သရုပ်ဆောင်ခဲ့သည်။ ဆက်တိုက်ဆိုသလိုပင်တစ်မျိုးမူတဲ့ပဲခူးသူမို့လေ ၊ အချစ်နဲ့ကံ ၊အကြွေပန်းပေမဲ့ ရွှေနန်းတော့ထိုက်ချင်တယ် ၊ အမုန်းဖွဲ့တေး၊သုခဘုံ ၊ အချစ်ကြောင့်အပြစ်ရှိသူများ ၊ ကြိုးဝိုင်းထဲကသံယောဇဉ် ၊ လျှပ်တစ်ပြတ် အစရှိသည့် အောင်မြင်သောဗီဒီယိုဇာတ်ကားများစွာတို့တွင်ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ရင်း လူငယ်ကြိုက်မင်းသမီးတစ်လက်ဖြစ်လာခဲ့သည်။ဗီဒီယိုဇာတကားများဖြင့်ပရိသတ်လက်ခံမှုရရှိပြီး ပထမဆုံး ရုပ်ရှင်ကားကြီးအဖြစ်ဒါရိုက်တာမောင်မျိုးမင်း၏ ‘မှော်’ ဇာတ်ကားတွင်ပါဝင်သရုပ်ဆောင်ခဲ့သည်။၂၀၀၈ ခုနှစ်အကုန်တွင် မိုးဟေကိုမှာ ရုပ်ရှင်၊ဗီဒီယိုနှင့်ကြော်ငြာ အများအပြားတွင်သရုပ်ဆောင်ခွင့်ရရှိသော ဈေးကွက်ဝင်မင်းသမီးတစ်ဦးဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံ၌ ထိပ်တန်းမင်းသမီးဘဝသို့တက်လှမ်းနိုင်သော ပထမဦးဆုံး ဖက်ရှင်မော်ဒယ်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ၂၀၀၉ ခုနှစ်တွင်ရုပ်ရှင်ကားကြီး လေးကား၌ ခေါင်းဆောင်မင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့ပြီး ၎င်းတို့အနက် ကျော်ရဲအောင်၊
လွင်မိုးတို့နှင့်သရုပ်ဆောင်သော ‘သူငယ်ချင်းယောက္ခမ’ ဟာသဇာတ်ကားမှာ ထိုနှစ်၏ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်သလို နေတိုးနှင့်သရုပ်ဆောင်သော ‘မိုး ညအိပ်မက်မြူ ‘ ဇာတ်ကားမှာ သူမအတွက် ပထမဆုံးအကြိမ် အမျိုးသမီးဇာတ်ဆောင်ဆုအတွက် တစ်ကြို ပေးခြင်းခံခဲ့ရသော ဇာတ်ကားဖြစ်သည်။ ထိုအချိန်အထိ မိုးဟေကိုမှာ လူငယ်ပရိသတ်(အထူးသဖြင့် အမျိုးသားပရိတ်)များ၏အားပေးမှုကိုတခဲနက်ရရှိသောထိပ်တန်းမင်းသမီးငယ်တစ်လက်ဖြစ်လာသော်လည်းသူမ၏သရုပ်ဆောင်အရည်အသွေးမှာ သိသိသာသာတိုးတက်မှုမရှိသေးဘဲ ရုပ်ရှင်ကြည့်ပရိသတ်အများစုက သူမ၏အိုက်တင်ထက် သူမ၏အလှအပကိုသာအသာပေးကြည့်ရှုခဲ့ကြသည်။

၂၀၁၀-၂၀၁၄ ကာလမှာ မိုးဟေကို၏ အအောင်မြင်ဆုံးကာလဖြစ်သည်။လေးနှစ်အတွင်းရုပ်ရှင်ဗီဒီယိုစုစုပေါင်း ၂၀၀ နီးပါး (တစ်နှစ်လျှင် ဇာတ်ကား ၅၀နီးပါး ) ရိုက်ကူးခဲ့ပြီး ထိုကာလ၏ဇာတ်ကားအများဆုံးရိုက်ကူးခွင့်ရသော အမျိုးသမီးသရုပ်ဆောင်ဖြစ်သည်။ ဇာတ်ကားများကို ယခင်ကထက်ပိုမိုစိစစ်ရိုက်ကူးခဲ့ပြီး ဇာတ်ရုပ်၊အိုက်တင်နှင့်ဖက်ရှင်များကိုလည်း ယခင်ရိုက်ကူးနေကျ sexy ဆန်ဆန် အသွက်ပုံစံမှခွဲထွက်ပီး ခန့်ညားထည်ဝါသော သက်လတ်ပိုင်းအရွယ်အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်ပုံစံမျိုးကိုပြောင်းလဲခဲ့သည်။မိုးဟေကို ဇာတ်ကားအများစုတွင် မြန်မာမင်းသမီးအများစု သရုပ်ဆောင်နေကျ ရိုးသား သိမ်မွေ့သောဇာတ်ရုပ်ပုံစံမျိုးမှခွဲထွက်ပြီး အချစ်ထက် ဘဝတက်လမ်းကိုဦးစားပေးသော၊ မာန်မာနခက်ထန်ပြီး ဘာကိုမျှဂရုမစိုက်သော၊ အငြှိုးကြီးပြီးကလဲ့စားချေတတ်သော လူဂုဏ်ထံ အမျိုးသမီးဇာတ်ရုပ်များကို အများဆုံးသရုပ်ဆောင်သည်ကိုတွေ့နိုင်သည်။အဆိုပါ ဇာတ်ကားများတွင် မိုးဟေကို၏ ခက်ထန်စီးနင်းသော လေယူလေသိမ်းမျက်နှာပေးများနှင့် စမတ်ကျကျဝတ်ဆင်လေ့ရှိသောဖက်ရှင်များကြောင့် မိုးဟေကိုနှင့်ဇာတ်ရုပ်အမာများမှာအင်မတန်လိုက်ဖက်သည်ဟု ပရိသတ်များကလက်ခံအားပေးခဲ့ကြသည်။၂၀၁၀စုအစောပိုင်းတောက်လျှောက်တွင် ဇာတ်ကားများအဆက်မပြတ်ရိုက်ကူးခဲ့ပြီး ၎င်းတို့အနက် အမှတ်တရ၊မုန်းမာန် ၊ ပဉ္စလက်အမုန်း ၊ကိုယ်စောင့်နတ် ၊ အနီရင့်ရောင်နှလုံးသား၏ အတ္ထုပတ္တိ ၊ ကြေးစား ၊ နေခါးခါး ၊မမပြုံးပြုံးစမ်းပါ ၊ ထွက်ကိန်းမြင်တယ် ၊ တကယ်ချစ်လို့ရူးခဲ့သည် အစရှိသည့်ဇာတ်ကားများမှာ ယိမ်းယိုင်နေသောဗီဒီယိုဈေးကွက်အတွင်း ဆိုင်တက်အားထိပ်ဆုံးအထိရောက်ခဲ့သော ဇာတ်ကားများဖြစ်သည်။

၂၀၁၀နောက်ပိုင်းတွင်မိုးဟေကိုမှာ မင်းသမီးအသာပေးဒရာမာဇာတ်ရုပ်အမာများကိုသာ ဦးစားပေးရွေးချယ်ခဲ့ပြီးသူမ၏ ဇာတ်ကောင်များကိုပီပြင်အောင်သရုပ်ဖော်နိုင်မှုနိုင်မှုတို့ကြောင့် အရည်အချင်းရှိသော မင်းသမီးတစ်လက်အဖြစ် တဖြည်းဖြည်း အသိအမှတ်ပြုလာခဲ့ကြသည်။၂၀၁၄ခုနှစ်အတွင်း ဝင်ငွေအရရော အနုပညာအရပါအအောင်မြင်ဆုံးရုပ်ရှင်နှစ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့သည်။ပထမကားမှာ ဒါရိုက်တာမောင်မျိုးမင်း၏ ‘တိုက်ဆိုင်မှုရှိလျှင်’ ဇာတ်ကားဖြစ်ပြီး လင်ယောကျာ်းအပေါ်သစ္စာအင်မတန်ရှိသော အိမ်ထောင်ရှင်မကောင်းတစ်ဦးအဖြစ်သရုပ်ဆောင်ခဲ့သည်။ ဒုတိယကားမှာဒါရိုက်တာဝိုင်း ရိုက်ကူးသော ‘နှလုံးသားဖြင့်ပြုလုပ်သည်’ ဇာတ်ကားဖြစ်ပြီး ဖခင်ဖြစ်သူ၏ဆန္ဒအတိုင်း ချစ်သူကိုစွန့်ပစ်ပြီး ချမ်းသာသောသူဌေးကိုလက်ထပ်ခဲ့သော၊ မိမိ၏သမီးဖြစ်သူမှာ မိမိ၏ငယ်ချစ်ဦးနှင့် ချစ်ကြိုက်နေရကြောင်းသိရသောအခါ မိခင်တစ်ဦးအနေဖြင့် ပူဆွေးသောကရောက်ရသော ဒေါ်သစ္စာရဲရဲနီအဖြစ် သရုပ်ဆောင်ခဲ့သည်။ ဇာတ်ကားနှစ်ကားလုံးတွင် မတူညီသောဇာတ်ရုပ်နှစ်ခုကို အကွက်စေ့အောင် ပုံဖော်သရုပ်ဆောင်နိုင်ခဲ့သဖြင့် ၂၀၁၄ အမျိုးသမီးဇာတ်ဆောင်
ဆုကိုရရှိလိမ့်မည်ဟု ပရိသတ်ကော အနုပညာလောကသားများကပါ ထင်ကြေးပေးခံခဲ့ရသော်လည်း ဒုတိယအကြိမ်ထပ်မံလွဲချော်ခဲ့ရသည်။

တိုက်ဆိုင်မှုရှိလျှင်ရုပ်ရှင်ကို ၂၀၁၅ တွင်စင်ကာပူရေဘေးရုပ်ရှင်ပွဲတော်၌ ပြသခဲ့ပြီး ‘Screening Award Of LanmeiInternational Film Week’ ဆုကိုရရှိခဲ့သည်။ ထို့အတူ နှလုံးသားဖြင့်ပြုလုပ်သည် ဇာတ်ကားကိုလည်းတရုတ်နိုင်ငံ Tang Shan မြို့တွင်ကျင်းပသော ရွှေကြက်ယက်ရုပ်ရှင်ပွဲတော်တွင် မြန်မာရုပ်ရှင်ကားသုံးကားထဲမှ ရွေးချယ်ပြသခဲ့သည်။ ၂၀၁၄ ခုနှစ်အတွင်းထွက်ရှိသောဗီဒီယိုဇာတ်ကားများအနက်ပြေတီဦးနှင့်သရုပ်ဆောင်သော’ရက်ရက်စက်စက်’ ဇာတ်ကားမှာထိုနှစ်၏ ဌားရမ်းမှုအမြင့်ဆုံးဇာတ်ကားဖြစ်ပြီး ဇာတ်ကားတွင် အိမ်ထောင်ရေးဖောက်ပြန်သော အမျိုးသမီးတစ်ဦးအဖြစ်ထူးထူးခြားခြားသရုပ်ဆောင်နိုင်ခဲ့သဖြင့်တွဲဖက်သရုပ်ဆောင်သော ပြေတီဦးကပင် မိုးဟေကို၏သရုပ်ဆောင်အရည်အသွေးကို ချီးကျူးခဲ့ရသည်။၂၀၁၄ နောက်ပိုင်းမှစတင်ပြီး မိုးဟေ
ကိုမှာ မိခင်၏ကျန်းမာရေးကြောင့်တစ်ကြောင်း၊အခြားတစ်ဖက်တွင် စီးပွားရေးလုပ်ငန်းအများအပြားကို လုပ်ကိုင်နေခြင်းကြောင့်တစ်ကြောင်း အနုပညာလှုပ်ရှားမှုမျာကိုသိသိသာသာလျှော့ချလာခဲ့သည်။၂၀၁၄ ခုနှစ်၌မိုးရုပ်ရှင်ထုတ်လုပ်ရေးကိုတည်ထောင်ခဲ့ပြီး ပွဲဦးထွက်ဇာတ်ကားအဖြစ် ‘ရုံးပတီသီးလေးများ’ ဟာသရုပ်ရှင်ကိုဒါရိုက်တာကိုဇော်(အရုဏ်ဦး)ကရိုက်ကူးပြီးသူမကိုယ်တိုင် ပါဝင်သရုပ်ဆောင်ခဲ့ရာ ကုန်ကျငွေ၏နှစ်ဆနီးပါးအမြတ်ရရှိခဲ့သည်။သို့သော်ထုတ်လုပ်ရေး၏အကြီးမားဆုံးအောင်မြင်မှုမှာ ၂၀၁၆ တွင် ဒါရိုက်တာစတီးရိုက်ကူးသော ‘ခိုးဆိုးလုနှိုက်’ ဇာတ်ကားဖြစ်ပြီး စူပါစတားမြင့်မြတ် ၊ထွန်းထွန်းနှင့် သင်ဇာဝင့်ကျော်တို့ပါဝင်သရုပ်ဆောင်ထားသည်။

လမ်းပေါ်ကလူငယ်များ၏ဘဝကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပြီး ဘောလိဝုဒ်ဇာတ်ကားကိုမီငြမ်းမှုကြောင့် အကယ်ဒမီဆန်ခါတင်စာရင်း၌ပင် ပါဝင်ခြင်းမရှိသော်လည်း ၂၀၁၆ ခုနှစ်၏ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်များအနက် တစ်ကားအပါအဝင်ဖြစ်ခဲ့သည်။၂၀၁၇ခုနှစ်အတွင်း ဒါရိုက်တာညိုမင်းလွင်၏ ‘လူသားများကိုခြောက်လှန့်ရန်တစ္ဆေတစ်ကောင်အလိုရှိသည်’ ဇာတ်ကားကိုထုတ်လုပ်ရိုက်ကူးခဲ့သော်လည်း ဇာတ်လမ်းတည်ဆောက်ပုံအားနည်းမှုကြောင့်အောင်မြင်မှုကြီးကြီးမားမားမရခဲ့ပေ။ ၂၀၁၇၌ပင် စိန် ဌေးထုတ်လုပ်ရေးကရိုက်ကူးသော ‘သူငယ်ချင်းယောက္ခမ ၂’ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သော်လည်းမူရင်း ‘သူငယ်ချင်းယောက္ခမ ၁’ ၏အောင်မြင်မှု ကို မမီနိုင်ခဲ့ပေ။ထုတ်လပ်ရေးတည်ထောင်ထားသောအခြားသရုပ်ဆောင်များနှင့်မတူဘဲမိုးဟေကိုမှာ ထုတ်လုပ်ရေးကရိုကကူးသောဇာတ်ကားများတွင်တခါတရံသာ ဝင်ရောက်သရုပ်ဆောင်လေ့ရှိပြီး မြန်မာ့ရုပ်ရှင်လောက၏ ဇာတ်ဂျီးအများဆုံးမင်းသမီးများတွင်တစ်ဦးအပါအဝင်ဖြစ်သည်။နောက်ထပ် ရုပ်ရှင်၁၁ ကားတွင်ခေါင်းဆောင်မင်းသမီးအဖြစ်သရုပ်ဆောင်ထားပြီးထိုဇာတ်ကားများအနက် သူမ၏ထုတ်လုပ်ရေးမှရိုက်ကူးထားသော ‘တောကျီးကန်း’ ဇာတ်ကားမှာ ၂၀၁၈တွင်ရုံတင်ပြသမည်ဖြစ်ပြီး မိုးဟေကိုအတွက် တတိယအကြိမ်အကယ်ဒမီဆုကိုရင်ခုန်နိုင်မည့်ဇာတ်ကားလည်းဖြစ်သည်။

Image result for မိုးဟေကို

၂၀၁၆ ခုနှစ်အတွင်း သူမ၏အနုပညာ မှတ်တိုင်းတစ်ခုအဖြစ် ‘ကျွန်မချစ်သော’ ခရီးသွားစာအုပ်ကိုကျပ်ငွေ ငါးသောင်းဖြင့် ထုတ်လုပ်ရောင်းချခဲ့ပြီးစာအုပ်၏ဈေးမြင့်မားမှု၊ အုပ်ရေကန့်သတ်ထုတ်ဝေမှုတို့ကြောင့် ပရိသတ်များ၏ ဝေဖန်မှုကိုခံ ခဲ့ရသော်လည်းဝယ်ယူအားကောင်းလွန်းသဖြင့် ဒုတိယအကြိမ်ထပ်မံထုတ်ဝေခဲ့ရသည်။မိုးဟေကို၏ ဖြတ်သန်းခဲ့သောအနုပညာလမ်းကြောင်းတစ်လျှောက် များစွာသော ကောလဟာလများ၊လူမှုရေးအရှုပ်အထွေးများကြောင့် ပြည်သူများ၊မီဒီယာများ၏ ဝေဖန်မှုကို အကြိမ်ကြိမ်ခံခဲ့ရသလို သူမ၏ပုံရိပ်လည်း အကြိမ်ကြိမ်ထခိုက်ခဲ့သည်။အထူးသဖြင့် သူမ၏အနုပညာသက်တမ်းတလျှောက်သူ၏ အောင်မြင်မှုကို အကြီးအကျယ်ဟန့်တားစေခဲ့သော ကာလနှစ်ခုရှိခဲ့သည်။ ပထမတစ်ခုမှာ ၂၀၀၇၌သူမ၏ Lotion video file အင်တာနက်စာမျက်နှာတစ်ခွင်၌ ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ ဒုတိယတစ်ကြိမ်မှာ၂၀၁၂ တွင်သူမနှင့်ချစ်သူဖြစ်သူတို့ အိမ်ခြံမြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ သတင်းစာထဲမှအပြန်အလှန်တရားစွဲဆိုမှုဖြစ်သည်။ သို့သော် ထိုကာလအားလုံးတွင်မိုးဟေကိုမှာ သူမ၏သရုပ်ဆောင်စွမ်းရည်၊အလှတရားနှင့်ဖက်ရှင်များကြောင့် အောင်မြင်မှုကိုမလဲပြိုအောင်အကြိမ်ကြိမ်ထိန်းသိမ်းနိုင်ခဲ့သည်။၂၀၁၄ နောက်ပိုင်းမှစတင်ပြီး မိုးဟေကိုမှာ သူမ၏ ပုံစံကိုပြောင်းလဲခဲ့ပြီးရင့်ကျက် တည်ငြိမ်သော အမျိုးသမီးတစ်ယောက်အဖြစ် အနုပညာလောက၌ရော စီးပွားရေးလောက၌ပါအောင်မြင်မှုကို တည်ဆောက်နိုင်ခဲ့သည်။

Image result for မိုးဟေကို

မိုးဟေကိုသည်မြန်မာအနုပညာလောက၏ အလှဆုံးနှင့်ဆွဲဆောင်မှုအရှိဆုံး မင်းသမီးများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ နာမည်ကျော်make-up artist များနှင့် photographers အများစုက မိုးဟေကို၏အလှကို ညှို့အားပြင်းသောအလှ(sexy)နှင့်နန်းဆန်သောအလှ (grace) နှစ်မျိုးစလုံးကိုပိုင်ဆိုင်သူဟု သတ်မှတ်ကြသည်။၂၀၁၂ခုနှစ်တွင်ဂျာမနီနိုင်ငံထုတ် PORSCHIST မဂ္ဂဇင်း၏ မျက်နှာဖုံးရှင်အဖြစ် ရိုက်ကူးခဲ့ရသည်။ ၂၀၁၁တွင် Peopleမဂ္ဂဇင်းကရွေးချယ်သော Best Beauty Awardကိုရရှိခဲ့သည်။၂၀၁၅ခုနှစ်တွင် တောင်ကိုးရီးယားနိုင်ငံ၌
ကျင်းပသော Asian Model Festival တွင် AsianModel Award ကိုရရှိခဲ့သည်။၂၀၁၁ ခုနှစ်မှ ၂၀၁၄ခုနှစ်အထိ Google Website ၏ထုတ်ပြန်ချက်အရ
မိုးဟေကိုမှာမြန်မာပြည်၏ရှာဖွေမှုအများဆုံးအနုပညာရှင်အဖြစ် သတ်မှတ်ခံရသည်။၂၀၁၇ခုနှစ်၌ L’orealမှချီးမြှင့်သော Best Red Carpet Fashion ဆုကို
ရရှိခဲ့ပြီး အလှအပမဂ္ဂဇင်းအသီးသီးမှ ရွေးချယ်သောဖက်ရှင်အကျဆုံး၊ဆွဲဆောင်မှုအရှိဆုံးအနုပညာရှင်စာရင်းတွင် အကြိမ်ကြိမ်ပါဝင်ခဲ့သည်။သူမ၏အောင်မြင်
မှုအမြင့်ဆုံးအချိန်တွင် မြန်မာပြည်၏အောင်မြင်မှုအရှိဆုံးမင်းသမီးစာရင်း၌ အမြဲလိုလိုပါဝင်တတ်ပြီး စီးပွားရေးကုန်ပစ္စည်း အများပြား၏ brand ambassador
တစ်ဦးလည်းဖြစ်သည်။(ဥပမာ – Samsaung Galaxy S4 , Canmake Cosmetics , I Max )မိုးဟေကိုမှာ ယနေ့ခေတ်မြန်မာ့ရုပ်ရှင်၏ သရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသမီးများတွင်ပါဝင်နေသေးသလို ယနေ့မျိုးဆက်သစ်မော်ဒယ်များရုပ်ရှင်သရုပ်ဆောင်များအကြားတွင် Icon တစ်ဦးအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။ရွှေမှုံရတီက’အတ္တကိုခြယ်တဲ့ရောင်စဉ်’ ဇာတ်ကားတွင် မိုးဟေကို၏ အိုက်တင်ကိုလေ့လာသင်ယူသရုပ်ဆောင်ခဲ့ကြောင်းပြောခဲ့သလိုစူပါမင်းသားပြေတီဦးကလည်း ရက်ရက်စက်စက်ဇာတ်ကားတွင်တွဲဖက်သရုပ်ဆောင်စဉ်ကမိုးဟေကို၏သရုပ်ဆောင်ပညာကိုချီးကျူးမိကြောင်းအင်တာဗျူး တစ်ခုတွင်ဖြေဆိုဖူးသည်။

Image result for မိုးဟေကို

ထို့အပြင် ဒါရိုက်တာကြည်ဖြူ သျှင်နှင့်သရုပ်ဆောင် မယ်လိုဒီတို့ကလည်း မိုးဟေကို၏သရုပ်ဆောင်ပညာ၊ ဘဝတည်ဆောက်မှုပုံစံ တို့ကိုလေးစားမိကြောင်းအင်တာဗျူးများတွင်ဖြေဆိုခဲ့ကြသည်။မီဒီယာအများစုက မိုးဟေကို၏နောက်ပိုင်းမှစတင်၍ မြန်မာပြည်၌ sexy model များစတင်ခေတ်စားလာသလို ဖက်ရှင်မော်ဒယ်မှ သရုပ်ဆောင်ဘက်သို့ကူးပြောင်းသူများ (အေးမြတ်သူ၊သင်ဇာဝင့်ကျော်)
စသဖြင့် ယခင်ကထက်များပြားလာခဲ့သည်ဟု သတ်မှတ်ကြသည်။ လက်ပံ ၊ ဟန်းနီးမွန်း ၊ နက္ခတ်မှားတဲ့တိုက်ပွဲ ၊ ဝိညာဉ်ကကြိုး ၊ မှော်ကျောက်စာ ၊နောင်တွင်ဥဒါန်းတည်စေသတည်း ၊ Reflection နှင့် ရာဇဝင်ရိုင်းသူများ အပါအဝင်ရုပ်ရှင်ကားအမြောက်အမြားကိုငြင်းပယ်ခဲ့သည့် မိုးဟေကိုမှာ မြန်မာ့ရုပ်ရှင်လောက
၏ဇာတ်ဂျီး အများဆုံးမင်းသမီးတစ်လက်ဖြစ်သလို ယနေ့အချိန်အထိဇာတ်ပို့နေရာကသရုပ်ဆောင်မှု မရှိသလောက်ပင်ရှားပါးလှသည်။ သူမ၏ စတိုင်ကျကျ ဖက်ရှင်များ၊ ဆွဲဆောင်မှုရှိသည့်အကြည့်နှင့်အိုက်တင်များကြောင့် ယနေ့ခေတ်၏ မော်ဒယ်၊သရုပ်ဆောင်များ၏စံထား အတုယူခြင်းခံရသော မင်းသမီးတစ်လက်ဖြစ်သည်။ တစ်ကြိမ်တစ်ခါမှ အကယ်ဆုမရရှိသေးသလိုအင်တာဗျူးဆြေိုမှု၊ပရိသတ်နှင့်ထိတွေ့ဆက်ဆံမှုအလွန်နည်းပါးခြင်း ၊ online သုံးစွဲမှုမရှိခြင်း ၊ဇာတ်ကားရိုက်ကူးမှုလျှော့ချခြင်းများကြောင့် ပြည်သူနှင့်မီဒီယာများနှင့်အဆက်ပြတ်နေသော်လည်း သူမ၏အနုပညာနှင့်စီးပွားရေးအောင်မြင်မှုများ၊အသက်ငယ်ရွယ်သော်လည်းprofessionalဆန်ဆန်ပြောဆိုဆက်ဆံတတ်မှု၊ အလုပ်လုပ်ကိုင်ရာ၌ စေ့စပ်သေချာဝိရိယရှိမှု နှင့်မိမိကိုယ်ပိုင်ဘဝကိုယုံကြည်မှုရှိရှိတည်ဆောက်နိုင်မှုတို့ကြောင့် ယနေ့ခေတ် မြန်မာ့အနုပညာလောက၏လွှမ်းမိုးမှုအရှိဆုံး၊ အနုပညာလောကသားများ၏လေးစားမှုအခံရဆုံး celebrity များအနက် တစ်ဦးအပါအအဝင်ဖြစ်နေဆဲဖြစ်သည်။

Credit-Burmese Flim stars
Share from:လှ​တောသား

About popinvdo.xyz(ပဲပင်​​ပေါက်​)

View all posts by popinvdo.xyz(ပဲပင်​​ပေါက်​) →

Leave a Reply

Your email address will not be published. Required fields are marked *