ကားမှောက်ခဲ့တဲ့ ဇာတ်အဖွဲ့အတွက် ညကြေးမယူပဲ တစ်ညစာကူညီခဲ့တဲ့ ဖိုးချစ်တို့အဖွဲ့


ဇာတ်မင်းသား ဖိုးချစ်တို့အဖွဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကားတိမ်းမှောက်ခဲ့တဲ့ မန္တလေးဇာတ်သဘင်တစ်ခုအတွက် ကူငွေရရှိရန် တစ်ညစာ ညကြေးမယူပဲ ကခဲ့ကြတယ်လို့ သိရပါတယ်။ မင်းမင်းဦး မန္တလေးဇာတ်အဖွဲ့တစ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က ရှမ်းပြည်နယ်ဘက်မှ ပွဲကပြီး အပြန်မှာ လမ်းဘေးတိမ်းမှောက်က ဇာတ်အဖွဲ့ဥား ၇ ယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

Image may contain: 2 people, text

Image may contain: one or more people and outdoor

မင်းမင်းဦး_ဇာတ်​သဘင်​ အဖွဲ့ကို မြို့​ရွှေမန်းသား_ဖိုးချစ်​တို့ကတဲ့_ဇာတ်​အလှသဘင်​ အဖွဲ့မှ အဖွဲ့သူ အဖွဲ့သား အားလုံးက ​အောင်​လံ ဒုတိယ ည​ကြေးကို မယူဘဲ မင်းမင်းအဖွဲ့သို့ ကူညီ လိုက်​ပါသည်​ ။ အဖွဲ့သူ အဖွဲ့ သားအားလုံး ကို အထူးပင်​ ​ကျေးဇူးတင်​ပါသည်​ခင်​ဗျာ ကား​မှောက်​သွား​သော အဖွဲ့ကိုလည်း အထူးပင်​ ဝမ်းနည်းစိတ်​မ​ကောင်းဖြစ်​ရပါသည်​။ ဆိုပြီး ဖိုးချစ်ဖေ့စ်ဘွက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

Image may contain: outdoor

Image may contain: 3 people, people smiling, people standing and text

မင်းမင်းဦး ဇာတ်အဖွဲ့ဟာ တစ်ချိန်တုန်းက ဆလိုက်မင်းမင်းထိုက်လို့ လူသိများခဲ့တဲ့ ပြဇာတ်မင်းသား မင်းမင်းထိုက် တည်ထောင်ထားတာလို့လည်း သိရပါတယ်။ မန္တလေးကိုအပြန် ရပ်စောက်နဲ့ နောင်ချိုအကြား တောင်စောင်းအဆင်မှာ တိမ်းမှောက်ခဲ့လို့ မင်းသားမြင့်မြတ်ဇော်၊ နောက်ပိုင်းမင်းသားကြီး ဦးပြေကျော်နဲ့ မင်းသမီး မြစန်းရီအပါအဝင် ၇ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာ ပြင်းထန်သူ ၁၇ ယောက်ကို မေမြို့ဆေးရုံတင်ထားရပါတယ်။

Image may contain: 3 people, people smiling, text and closeup
Share from:လှ​တောသား

ပြန်​လည်​မျှ​ဝေ​ပေးရန်​နှိပ်​ပါ✌✌✌
Share on Facebook
Facebook
0

1total visits,1visits today

About popinvdo.xyz(ပဲပင်​​ပေါက်​)

View all posts by popinvdo.xyz(ပဲပင်​​ပေါက်​) →

Leave a Reply

Your email address will not be published. Required fields are marked *