သင္ဇာဝင့္ေက်ာ္နဲ႔တဲြၿပီး ရုပ္ရွင္ရိုက္ကူးေတာ့မယ့္ အဆိုေတာ္ မေနာ


နာမည္အႀကီးအဆိုေတာ္ တစ္ေယာက္ျဖစ္သူ မေနာနဲ႔ ေဖ့စ္ဘြက္ နာမည္အႀကီးဆံုး ဆယ္လီတစ္ေယာက္ျဖစ္သူ ျဖဴျဖဴေထြးကေတာ့ ခုမၾကာခင္မွာပဲ ရုပ္ရွင္ကားႀကီးတစ္ကား အတူတူ ရိုက္ၾကေတာ့မယ္လို႔ သိရပါတယ္။ ေဖ့စ္ဘြက္မွာ လူစိတ္ဝင္စားမႈခံရသူေတြ ထံုးစံအတိုင္း သူတို႔လည္း သရုပ္ေဆာင္ေတြ ျဖစ္လာၾကတာပါ။

ကိုယ့္အတြက္ ႐ုပ္ရွင္ကားႀကီး အားေပးၾကအုံးေနာ္ ခ်စ္တို႔ လို႔ ျဖဴျဖဴေထြးက သူမရဲ့ ေဖ့စ္ဘြက္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။ ျဖဴျဖဴေထြး ဟာသဗီြဒီယိုဖိုင္မ်ားနဲ႔ ေတာေရာၿမိဳ႕ပါ ပရိတ္သတ္ေတြရရွိခဲ့ၿပီးေနာက္ ေၾကာ္ျငာဗီြဒီယို၊ ဓာတ္ပံုေတြအျပင္ တစ္ခ်ိဳ႕ ဇာတ္လမ္းတို၊ ဇာတ္လမ္းတဲြေတြမွာပဲ သရုပ္ေနရသူ ျဖစ္ပါတယ္။

မေနာကလည္း တစ္ႏိုင္ငံလံုး မသိသူမရွိေအာင္ ေအာင္ျမင္ခဲ့ၿပီးေနာက္ ေၾကာ္ျငာမ်ားစြာ ရိုက္ကူးထားရသူျဖစ္ပါတယ္။ သီခ်င္းသစ္ေတြလည္း အဆက္မျပတ္ထြက္ေနဆဲျဖစ္ၿပီး ပရိတ္သတ္ရဲ့ အာရံုစိုက္မႈကို ထိန္းထားႏိုင္သူပါ။ ခုေတာ့ ရုပ္ရွင္ကားႀကီးမွာ ေျပတီဦး ခိုင္သင္းၾကည္၊ သင္ဇာဝင့္ေက်ာ္တို႔နဲ႔အတူ တစ္တန္းတည္း သရုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။

ျဖဴျဖဴေထြးတစ္ေယာက္ကေတာ့ ခင္လိႈင္၊ ဂြမ္းပံု၊ မြန္ေလးတို႔နဲ႔အတူ ဇာတ္ပို႔ေနရာက သရုပ္ေဆာင္ရမွာလည္း ျဖစ္ပါတယ္။ ဒီဇာတ္ကားကေတာ့ ဇာတ္လမ္းထက္ကိုပဲ လူစိတ္ဝင္စားစရာ သရုပ္ေဆာင္ေတြ ထည့္သြင္းထားတာေၾကာင့္ ပရိတ္သတ္ေတြ မ်ားအံုးမယ္လို႔ ယူဆရပါတယ္။ ဇာတ္ကားနာမည္ကေတာ့ ကေမာက္ကမ သမီးေယာက္ဖ လို႔သိရပါတယ္။

နာမည်အကြီးအဆိုတော် တစ်ယောက်ဖြစ်သူ မနောနဲ့ ဖေ့စ်ဘွက် နာမည်အကြီးဆုံး ဆယ်လီတစ်ယောက်ဖြစ်သူ ဖြူဖြူထွေးကတော့ ခုမကြာခင်မှာပဲ ရုပ်ရှင်ကားကြီးတစ်ကား အတူတူ ရိုက်ကြတော့မယ်လို့ သိရပါတယ်။ ဖေ့စ်ဘွက်မှာ လူစိတ်ဝင်စားမှုခံရသူတွေ ထုံးစံအတိုင်း သူတို့လည်း သရုပ်ဆောင်တွေ ဖြစ်လာကြတာပါ။

ကိုယ့်အတွက် ရုပ်ရှင်ကားကြီး အားပေးကြအုံးနော် ချစ်တို့ လို့ ဖြူဖြူထွေးက သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ဖြူဖြူထွေး ဟာသဗွီဒီယိုဖိုင်များနဲ့ တောရောမြို့ပါ ပရိတ်သတ်တွေရရှိခဲ့ပြီးနောက် ကြော်ငြာဗွီဒီယို၊ ဓာတ်ပုံတွေအပြင် တစ်ချို့ ဇာတ်လမ်းတို၊ ဇာတ်လမ်းတွဲတွေမှာပဲ သရုပ်နေရသူ ဖြစ်ပါတယ်။

မနောကလည်း တစ်နိုင်ငံလုံး မသိသူမရှိအောင် အောင်မြင်ခဲ့ပြီးနောက် ကြော်ငြာများစွာ ရိုက်ကူးထားရသူဖြစ်ပါတယ်။ သီချင်းသစ်တွေလည်း အဆက်မပြတ်ထွက်နေဆဲဖြစ်ပြီး ပရိတ်သတ်ရဲ့ အာရုံစိုက်မှုကို ထိန်းထားနိုင်သူပါ။ ခုတော့ ရုပ်ရှင်ကားကြီးမှာ ပြေတီဦး ခိုင်သင်းကြည်၊ သင်ဇာဝင့်ကျော်တို့နဲ့အတူ တစ်တန်းတည်း သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဖြူဖြူထွေးတစ်ယောက်ကတော့ ခင်လှိုင်၊ ဂွမ်းပုံ၊ မွန်လေးတို့နဲ့အတူ ဇာတ်ပို့နေရာက သရုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ဇာတ်လမ်းထက်ကိုပဲ လူစိတ်ဝင်စားစရာ သရုပ်ဆောင်တွေ ထည့်သွင်းထားတာကြောင့် ပရိတ်သတ်တွေ များအုံးမယ်လို့ ယူဆရပါတယ်။ ဇာတ်ကားနာမည်ကတော့ ကမောက်ကမ သမီးယောက်ဖ လို့သိရပါတယ်။
Share from:လွ​ေတာသား

ျပန္​လည္​မ်ွ​ေဝ​ေပးရန္​ႏွိပ္​ပါ✌✌✌
Share on Facebook
Facebook
0

2total visits,1visits today

,

About popinvdo.xyz(ပဲပင္​​ေပါက္​)

View all posts by popinvdo.xyz(ပဲပင္​​ေပါက္​) →

Leave a Reply

Your email address will not be published. Required fields are marked *