အမ်ိဳးသမီး အဂၤါနဲ႔ ပတ္သတ္ၿပီး သိေကာင္းစရာအခ်က္ (၁၀) ခ်က္


အမ်ိဳးသမီး အဂၤါ ဆိုတဲ့အသံၾကားလိုက္ရရင္ကို လူအမ်ားစုက ရွက္သလို၊ ေၾကာက္သလို ျဖစ္သြားတတ္ၾကပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံလို ယဥ္ေက်းမႈအစဥ္အလာ မ်ားျပားတဲ့ ႏိုင္ငံ မေျပာနဲ႔။ အေမရိကန္လို ပြင့္လင္းမႈရွိတဲ့ႏိုင္ငံမ်ိဳးမွာေတာင္ ၂၀၁၆ ခုႏွစ္ က စစ္တမ္းအရ အမ်ိဳးသမီးငယ္ ၆၅ ရာခိုင္ႏႈန္းခန႔္ဟာ Vagina ဆိုတဲ့စကားအစား တစ္ျခား အသုံးအႏႈန္းေတြကိုသာ သုံးၾကေၾကာင္းေတြ႕ရွိခဲ့ရပါတယ္။

အမ်ိဳးသမီး အဂၤါကို ဘယ္လိုပဲ ေခၚေခၚ ကြၽန္ေတာ္တို႔အားလုံး သေဘာတူရမယ့္ အခ်က္ တစ္ခ်က္ေတာ့ရွိပါတယ္။ အဲ့ဒါကေတာ့ အမ်ိဳးသမီး အဂၤါေတြဟာ လူသားေတြ မ်ိဳးပြားဖို႔အတြက္ အေရးပါတဲ့ အရာတစ္ခုျဖစ္ၿပီး လိင္ပိုင္းဆိုင္ရာ စိတ္ေက်နပ္မႈအတြက္ အေရးပါတဲ့ ေနရာတစ္ခုမွာ ပါဝင္တဲ့ ခႏၶာကိုယ္အစိတ္အပိုင္း တစ္ခုလည္းျဖစ္ပါတယ္။ ကမာၻ႔လူဦးေရ တစ္ဝက္ေလာက္နီးပါးဟာ အမ်ိဳးသမီးေတြ ျဖစ္ၾကေပမဲ့ မ်ိဴးပြားမႈ စနစ္မွာ အေရးပါတဲ့ အမ်ိဳးသမီးအဂၤါေတြအေၾကာင္း လူေတြ သိပ္မသိၾကပါဘူး။ ဥပမာ အဂၤလိပ္စကား Vagina ဆိုတာ လက္တင္ဘာသာစကား “ ဓားအိမ္၊ အစြပ္ ” ဆိုတဲ့ စကားမွ ဆင္းသက္လာတယ္ဆိုတာ သိတဲ့လူ ေတာ္ေတာ္ နည္းပါးပါလိမ့္မယ္။ သင္ကိုယ္တိုင္လည္း မသိေသးဘူးဆိုရင္ ေနာက္လာမယ့္ စာပိုဒ္ေတြမွာ အမ်ိဳးသမီး အဂၤါေတြရဲ႕ စိတ္ဝင္စားဖြယ္ရာ အခ်က္ေတြကို ဆက္ေလ့လာလိုက္ၾကရေအာင္။

၁။ Vagina ဆိုတဲ့ အဓိပၸါယ္ကို သင္ဘယ္လို သိထားပါသလဲ။

ဒီအခ်က္ကေတာ့ ကြၽန္ေတာ္တို႔ ပထမဆုံး နားလည္ရမယ့္ အခ်က္တစ္ခ်က္ပါ။ Vagina လို႔ေျပာလိုက္တာနဲ႔ စာဖတ္သူတို႔ အေနနဲ႔ အမ်ိဳးသမီးေတြရဲ႕ ခႏၶာကိုယ္ေအာက္ဘက္ပိုင္းက အဂၤါတစ္ခုလို႔ နားလည္ေနပါလိမ့္မယ္။ ဒါေပမဲ့ ဒါက အေျဖမွား ျဖစ္ပါတယ္။ တကယ္ေတာ့ Vagina ဆိုတာ အမ်ိဳးသမီး မ်ိဳးပြား အဂၤါစုထဲက အစိတ္အပိုင္းတစ္ခုရဲ႕ နာမည္သာျဖစ္ပါတယ္။ တကယ္ေတာ့ Vagina ဆိုတာ Vulva လို႔ေခၚတဲ့ မိန္းမနိမိတ္ဝ ကေနစၿပီး သားအိမ္ထိ ဆက္သြယ္ထားတဲ့ ႂကြက္သားႁပြန္ေခ်ာင္းတစ္ခုကိုသာေခၚတာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ Vagina လို႔ထင္ေနတဲ့ အမ်ိဳးသမီးအဂၤါျပင္ပ အစိတ္ပိုင္းေတြဟာ Vulva လို႔ေခၚၿပီး Vulva ဟာ မိန္းမအဂၤါ ႏႈတ္ခမ္းနဲ႔ မိန္းမအဂၤါေစ့ ပါဝင္တဲ့ ျပင္ပ အစိတ္အပိုင္းေတြ ကိုေခၚတာပါ။

Vagina (သားအိမ္လမ္းေၾကာင္း) ေတြရဲ႕ အလ်ားက ဘယ္ေလာက္ရွိလဲဆိုေတာ့ ၂.၇ လက္မ ကေန ၃.၁ လက္မအထိ ရွိႏိုင္ၿပီး လိင္ဆက္ဆံခ်င္စိတ္ျပင္းျပေနတဲ့ အခ်ိန္မွာေတာ့ ၄.၃ လက္မကေန ၄.၇ လက္မ အထိရွည္လ်ားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ vagina ဆိုတာ အမ်ိဳးသမီး အဂၤါ နမိတ္ဝေတြ ျဖစ္တဲ့ ျမင္ရတဲ့ အမ်ိဳးသမီးအဂၤါ ႏႈတ္ခမ္းနဲ႔ အမ်ိဳးသမီးအဂၤါအေစ့ကေန သားအိမ္ကို ဆက္သြယ္ေပးထားတဲ့ ႂကြက္သားႁပြန္ေခ်ာင္းတစ္ခုကို သာေခၚတာ ျဖစ္ပါတယ္။

၂။ အမ်ိဳးသမီး အဂၤါထဲ မီးယပ္လာခ်ိန္တြင္ ရာသီေသြးထိန္းရန္ ထည့္ရ ေသာ အေတာင့္ (Tampon) တစ္ခုဝင္မသြားႏိုင္ပါဘူး။

တစ္ခ်ိဳ႕ကေတာ့ ယုံတမ္းစကားေတြကို ၾကားဖူးၾကမွာပါ။ ဒါေပမဲ့ အမ်ိဳးသမီးအဂၤါထဲကို မီးယပ္လာခ်ိန္တြင္ ရာသီေသြးထိန္းရန္ ထည့္ရေသာ အေတာင့္ေလးေတြေတာင္ လုံးဝ မဝင္သြားႏိုင္ပါဘူး။ Tampon ေတြဟာ အ႐ြယ္အစားအမ်ိဳးမ်ိဳးရွိႏိုင္ၿပီး ရာသီေသြးဆင္းမႈ မ်ားျပားတဲ့ အခ်ိန္မွာ သုံးရတဲ့ Super Tampon ေတြရဲ႕ အလ်ားဟာ 13.5 စင္တီမီတာ(5.31 လက္မ) နဲ႔ အခ်င္းကေတာ့ ၁.၆ စင္တီမီတာ (ဝ.၆ လက္မ)အထိ ရွိႏိုင္ပါတယ္။

ဒါေပမဲ့ Vagina ရဲ႕ ထိပ္ပိုင္းအဝဟာ အရမ္း ေသးလြန္းတဲ့အတြက္ ဒီ Tampon အေတာင့္ေတြ သားအိမ္ထဲဝင္သြားဖို႔ဆိုတာ လုံးဝ မျဖစ္ႏိုင္ပါဘူး။ တကယ္လို႔ Tampon ေတာင့္ ဝင္သြားမယ္ဆိုရင္လည္းေဆးခန္းသြားကာ ျပန္လည္ ထုတ္ယူလို႔ရႏိုင္ပါတယ္။ Tampon ကို အခ်ိန္အၾကာႀကီး အထဲထဲမွာ ထားမယ္ဆိုရင္ toxic shock syndrome လို႔ေခၚတဲ့ ေသြးအဆိပ္တက္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။

၃။ ခႏၶာကိုယ္ေလ့က်င့္ခန္းလုပ္ျခင္းက Vagina အေပၚ ေကာင္းက်ိဳးသက္ေရာက္ႏိုင္ပါတယ္။

ကာယေလ့က်င့္ခန္းဆိုတာ လိင္မႈ ကိစၥျပဳလုပ္ျခင္းကို ရည္ၫြန္းတာေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ ေလ့လာခ်က္ေတြအရ ပုံမွန္ လိင္မႈကိစၥရွိေနျခင္းက အမ်ိဳးသမီး အဂၤါ က်န္းမာေရးအေပၚ ေကာင္းက်ိဳး ျဖစ္ေစတယ္လို႔ သိရပါတယ္။ အထက္က ေျပာခဲ့တဲ့ ကာယေလ့က်င့္ခန္းဆိုတာ တင္ပါးဆုံ႐ိုးရွိအ႐ိုးေတြရဲ႕ ေလ့က်င့္ခန္းကို ဆိုလိုတာပါ။ ဒီေလ့က်င့္ခန္းေတြကို Kegel ေလ့က်င့္ခန္းေတြလို႔လည္း ေခၚဆိုပါတယ္။ Kegel ေလ့က်င့္ခန္းေတြဟာ အမ်ိဳးသမီးေတြ ဆီးမထိန္းႏိုင္ျခင္းကို ကာကြယ္ေပးႏိုင္ၿပီး ေလ့လာခ်က္ေတြအရ Kegel ေလ့က်င့္ခန္းေတြဟာ လိင္မႈဆိုင္ရာစိတ္ေက်နပ္မႈကိုလည္း တိုးျမႇင့္ေပးႏိုင္တယ္ လို႔သိရပါတယ္။ Kegel ေလ့က်င့္ခန္းေတြဟာ Vagina ေတြကို တင္းက်ပ္ေစႏိုင္ၿပီး လိင္မႈကိစၥလုပ္ေဆာင္စဥ္မွာ ပိုၿပီး ခံစားခ်က္ပိုေကာင္းေစႏိုင္သလို အထြတ္အထိပ္ေရာက္ျခင္း အလြယ္တကူ ျဖစ္ေစႏိုင္တယ္လို႔ သိရပါတယ္။

၄။ Vagina ေတြဟာ ဝိုင္ေတြလိုပါပဲ။

Vagina ေတြက စပ်စ္သီးနဲ႔ တစ္ျခားအသီးေတြက ထုတ္ထားတဲ့ ဝိုင္ေတြနဲ႔ ဆင္တူပါတယ္။ သာမန္ vagina တစ္ခုရဲ႕ pH ဟာ ၄.၅ ေအာက္မွာရွိေနၿပီး ဝိုင္ေတြရဲ႕ pH ကလည္း ဒီတန္ဖိုးခန႔္ပဲရွိပါတယ္။ pH ဆိုတာ ေပ်ာ္ရည္တစ္ခု အက္ဆစ္ဓာတ္ (အခ်ဥ္ဓာတ္) ဘက္ေရာက္လား၊ အယ္ကာလီ သဘာဝရွိသလားဆိုတာ ဆုံးျဖတ္ေပးတဲ့ တန္ဖိုးတစ္ခု ျဖစ္ၿပီး တန္ဖိုး ၇ ရွိတဲ့ အရာကေတာ့ ေရသန႔္ျဖစ္ပါတယ္။ ၇ ထက္ျမင့္တဲ့ တန္ဖိုးရွိတဲ့ အရည္ေတြကေတာ့ အယ္ကာလီဓာတ္ရွိတဲ့ အရည္ျဖစ္ၿပီး ၇ ေအာက္နည္းတဲ့ အရည္ေတြကေတာ့ အက္ဆစ္ဓာတ္မ်ားတဲ့ အရည္ေတြ ျဖစ္ပါတယ္။

လက္တစ္ အက္ဆစ္မွာ အဓိက ပါဝင္တဲ့ ဘတ္တီးရီးယားေတြ ျဖစ္တဲ့ Lactobacillus ဘတ္တီးရီးယားေတြဟာ အမ်ိဳးသမီး အဂၤါေတြမွာ ရွိတဲ့ ဘတ္တီးရီးယားေတြ ျဖစ္ပါတယ္။ ဒီဘတ္တီးရီးယားေတြကို အမ်ိဳးသမီး အဂၤါေတြ အျပင္ အစာေျခ စနစ္၊ ဆီးလမ္းေၾကာင္း စနစ္တို႔မွာလည္း ေတြ႕ႏိုင္ၿပီး အမ်ိဳးသမီး အဂၤါေတြမွာ pH ပမာဏကို ပုံမွန္ျဖစ္ေနေအာင္ ထိန္းသိမ္းေပးကာ ကူးစက္ေရာဂါ ဘတ္တီးရီးယားေတြကိုလည္း တားဆီးေပးႏိုင္ပါတယ္။ ဒီဘတ္တီးရီးယားေတြကို ဒိန္ခ်ဥ္ေတြလိုမ်ိဳးအစားအစာေတြမွာလည္းေတြ႕ႏိုင္ၿပီး ဝမ္းေလွ်ာျခင္း၊ အမ်ိဳးသမီးေမြးလမ္းေၾကာင္း ေရာဂါ ကူးစက္ျခင္းနဲ႔ ခႏၶာကိုယ္အေရျပားေရာဂါျဖစ္တဲ့ ႏွင္းခူနာတို႔ကို ေပ်ာက္ကင္းေအာင္တားဆီးေပးႏိုင္ပါတယ္။ အမ်ိဳးသမီး အဂၤါမွာဆိုရင္လည္း lactobacilli ဘတ္တီးရီးယား ပမာဏ က်ဆင္းသြားမယ္ဆိုရင္ ေမြးလမ္းေၾကာင္း pH ပမာဏက ၄.၅ အထိတိုးလာႏိုင္ၿပီး ဒီလို တိုးလာမယ္ဆိုရင္ ဘတ္တီးရီးယား ေရာဂါပိုးေတြ ကူးစက္ျခင္းကို ခံရႏိုင္ပါတယ္။

၅။ အမ်ိဳးသမီး အဂၤါကို တရားလြန္ ဆပ္ျပာမ်ားနဲ႔ မေဆးေၾကာမိပါေစနဲ႔။

အမ်ိဳးသမီးအဂၤါေတြ သန႔္ရွင္းေအာင္ဆိုၿပီး အနံ႔ပါဝင္တဲ့ ဆပ္ျပာမ်ား၊ ေရေမႊးပါဝင္တဲ့ ဆပ္ျပာမ်ားနဲ႔ မသန႔္ရွင္းသင့္ပါဘူး။ ဒီလို ဆပ္ျပာမ်ားနဲ႔ အမ်ိဳးသမီး အဂၤါကို သန႔္ရွင္းျခင္းဟာ အမ်ိဳးသမီး အဂၤါအတြင္းက သဘာဝ ဘတ္တီးရီးယား ပိုးေတြကို ေႏွာက္ယွက္သလိုျဖစ္ၿပီး ဘတ္တီးရီးယား ကူးစက္ေရာဂါေတြကို ျဖစ္ေစႏိုင္ပါတယ္။ တကယ္တမ္းေတာ့ အမ်ိဳးသမီး အဂၤါေတြဟာ သဘာဝအတိုင္း သူ႔ဘာသူ သန႔္ရွင္းေရး လုပ္ေနတာေၾကာင့္ အလြန္အက်ဴး စိတ္မပူသင့္ပါဘူး။

“ အမ်ိဳးသမီး အ႐ြယ္အမ်ိဳးမ်ိဳးဟာ သူတို႔ရဲ႕ လိင္အဂၤါေတြ သန႔္ရွင္းေနဖို႔ အတြက္ အလြန္အက်ဴးလုပ္ေဆာင္တတ္တဲ့အတြက္ က်ိန္းစပ္ျခင္း၊ နာက်င္ျခင္းနဲ႔ ယားယံျခင္းေတြ ျဖစ္တတ္ပါတယ္။အမ်ိဳးသမီး လိင္အဂၤါေတြဟာ ထိခိုက္လြယ္တဲ့ အဂၤါေတြပါ။ တစ္ေန႔တစ္ႀကိမ္ ေရနဲ႔ ေဆးေၾကာတာတင္လုံ ေလာက္ပါၿပီ ” လို႔ သားဖြားမီးယပ္ပါေမာကၡ ျဖစ္သူ ေဒါက္တာ ဆန္ဂ်ီတာ အန္နီဟိုတရီ (Dr. Sangeeta Agnihotri) က Telegraph သတင္းစာနဲ႔ ေတြ႕ဆုံခ်ိန္မွာ ေျပာခဲ့ဖူးပါတယ္။

၆။ သင္စားတဲ့ အစားအစာေတြက သင့္လိင္အဂၤါရဲ႕ အနံ႔ကို သက္ေရာက္မႈရွိပါတယ္။

လိင္အဂၤါေတြရဲ႕ အနံ႔အသက္ေပ်ာက္ကင္းေစခ်င္တယ္ဆိုရင္ ေရေမႊးဆပ္ျပာေတြ သုံးစြဲေနမယ့္အစား အစားအေသာက္ပိုင္းကို ဆင္ျခင္သင့္ပါတယ္။ အနံ႔ျပင္းတဲ့ အစားအစာေတြ ျဖစ္တဲ့ ၾကက္သြန္နီနဲ႔ ၾကက္သြန္ျဖဴတို႔စားျခင္းဟာ အမ်ိဳးသမီးအဂၤါ အနံ႔ျပင္းမႈ ကိုျဖစ္ေစႏိုင္ပါတယ္။ မွတ္သားစရာတစ္ခုက သင့္လိင္အဂၤါရဲ႕ အနံ႔ဟာ သိသိသာသာ ေျပာင္းလဲသြားမယ္ဆိုရင္ေတာ့ ဒါဟာ ကူးစက္ေရာဂါတစ္မ်ိဳး ခံစားေနရတဲ့ လကၡဏာ တစ္မ်ိဳးလည္း ျဖစ္ပါတယ္။ ဒီလို အခ်ိန္ဆိုရင္ေတာ့ ေဆးခန္းကို သြားေရာက္ျပသ သင့္ပါတယ္။

၇။ အမ်ိဳးသမီး လိင္အဂၤါအေစ့ (clitoris) မွာ နာဗ္ေၾကာ ေထာင္ေပါင္းမ်ားစြာပါဝင္ပါတယ္။

အမ်ိဳးသမီး လိင္အဂၤါအေစ့ဟာ Vagina (သား အိမ္လမ္းေၾကာင္း) အစိတ္အပိုင္းထဲမွာ မပါဝင္ပါဘူး။ အမ်ိဳးသမီး အဂၤါအေစ့ဟာ လိင္မႈပိုင္းဆိုင္ရာမွာ ခံစားမႈေကာင္းေစဖို႔အတြက္ အေရးပါတဲ့ အဂၤါတစ္ခု ျဖစ္ၿပီး သိပ္ၿပီး မအံ့ဩသင့္တဲ့ အခ်က္ကေတာ့ အမ်ိဳးသမီး လိင္အဂၤါ အေစရဲ႕ ထိပ္ပိုင္းမွာတင္ နာဗမ္ေၾကာထုံး ၈၀၀၀ ခန႔္ပါဝင္ၿပီး ဒီပမာဏဟာ အမ်ိဳးသား လိင္အဂၤါမွာ ပါဝင္တဲ့ နာဗ္ေၾကာေတြထက္ ၂ ဆ ပိုမ်ားပါတယ္။ ဒါ့ေၾကာင့္လည္း အမ်ိဳးသမီးေတြ ရမၼက္ေသြး ႂကြဖို႔အတြက္ အေရးပါဆုံး ေနရာတစ္ခု ျဖစ္ေနတာ ျဖစ္ပါတယ္။ ဒါ့အျပင့္ လတ္တေလာ ေလ့လာခ်က္မ်ားအရ အမ်ိဳးသမီး လိင္အဂၤါအေစ့ဟာ လိင္ပိုင္းဆိုင္ရာ စိတ္လႈပ္ရွားေနခ်ိန္မွာဆိုရင္ ၃၀၀ ရာခိုင္ႏႈန္းအထိ အ႐ြယ္အစားႀကီးလာႏိုင္ေၾကာင္း ေတြ႕ရပါတယ္။ (၃ ဆ)

၈။ Vagina ဟာ ေလမလည္တတ္ပါဘူး။

အမ်ိဳးသမီး အားလုံး တစ္ခ်ိန္မဟုတ္တစ္ႀကဳံဖူးၾကမယ့္ အရာတစ္ခုကေတာ့ Vagina မွ ထိန္းခ်ဳပ္လို႔မရႏိုင္တဲ့ ေလထြက္ျခင္းပါပဲ။ ဒါကို Queefing (ပန္းထြက္ျခင္း ) လို႔ေခၚပါတယ္။ Queefing ဟာ vagina ထဲမွာ ပိတ္မိေနတဲ့ ေလေတြ အျပင္ထြက္သြားျခင္းျဖစ္ၿပီး Vagina ဆိုတာ ႁပြန္အေျဖာင့္ ေခ်ာင္းႀကီး မဟုတ္ပါဘူး။ Vagina ေခြေနတဲ့ အခ်ိန္မွာ အတြန႔္ေခ်ာင္းပုံစံျဖစ္ေပၚေနၿပီး ဒီအထဲမွာ ေလေတြ ခိုေနတတ္ပါတယ္။ ဒီလိုခိုေနတဲ့ ေလေတြဟာ Vagina အေနအထားပုံစံ ေျပာင္းသြားရင္ ျပန္ထြက္သြားတတ္ပါတယ္။

ဒါဟာ စအိုလမ္းေၾကာင္းက ဘတ္တီးရီးယားေတြေၾကာင့္ Gas ေတြ ထြက္ျခင္းျဖစ္တဲ့ ေလလည္ျခင္းနဲ႔ မတူပါဘူး။ ဒီလို ေမြးလမ္းေၾကာင္းထဲက ေလထြက္တယ္ဆိုတာ ပုံမွန္ျဖစ္စဥ္တစ္ခုသာ ျဖစ္ပါတယ္။ ဒါဟာ အမ်ားစု အျမင္အရ ေလလည္တာ မဟုတ္သလို gas ေတြ မဟုတ္တဲ့အတြက္ အနံ႔အသက္ေတြ မပါဝင္ပါဘူး။ ဒါေပမဲ့ တစ္ခ်ိဳ႕ ရွားပါးတဲ့ ျဖစ္စဥ္ေတြမွာေတာ့ Vagina နဲ႔ ဆီးအိမ္၊ အူလမ္းေၾကာင္း၊ စအိုလမ္းေၾကာင္းတို႔ ဆက္သြယ္ေနတဲ့အခါမွာ vagina မွ gas ထြက္ျခင္း ျဖစ္စဥ္ ျဖစ္ႏိုင္ပါတယ္။

၉။ Vagina နဲ႔ ငါးမန္းတို႔ရဲ႕ ဆက္သြယ္ခ်က္

စာဖတ္သူတို႔ေတာ့ Vagina နဲ႔ ငါးမန္းဆိုတာ ဘာႀကီးလဲလို႔ ေတြးမိမွာ အမွန္ပါပဲ။ ဒါေပမဲ့ သင့္ရဲ႕ အဂၤါအစိတ္အပိုင္းဟာ သင္ထင္ထားတာထက္ ငါးမန္းေတြနဲ႔ ပိုတူပါတယ္။ Vagina က ထြက္တဲ့ ေခ်ာဆီေတြမွာ squalene ေခၚတဲ့ အေရာင္မဲ့တဲ့ ဟိုက္ဒ႐ိုကာဗြန္ Compound ပါဝင္ၿပီး ဒီ Compound ကို ငါးမန္းေတြရဲ႕ အသည္းမွာလည္း ေတြ႕ႏိုင္ပါတယ္။ တစ္ခုမွတ္စရာတစ္ခုက squalene compound ကို အလွျပင္ ပစၥည္းေတြျဖစ္တဲ့ အသားအရည္စိုေျပေစတဲ့ Lotion ေတြ၊ ေနေရာင္ကာခရင္မ္ေတြနဲ႔ ေခါင္းလိမ္းဆီေတြမွာလည္း အသုံးျပဳၾကပါတယ္။ ဒီေနရာမွာ vagina dentata ဆိုတဲ့ အစြယ္ေတြပါတဲ့ vagina ဆိုတာ အရင္ေခတ္တုန္းက အမ်ိဳးသားေတြ အမ်ဳိးသမီးေတြကုိ အဓမၼမျပဳက်င့္ၾကေစရန္ ေျခာက္လွန႔္ ေျပာဆိုခ်က္တစ္ခုသာ ျဖစ္ပါတယ္။

၁၀။ G- spot တစ္ခုတည္းနဲ႔ မလုံေလာက္ပါဘူး။

ကြၽန္ေတာ္တို႔ အားလုံး G spot ကို ၾကားဖူးၾကမွာပါ။ G-spot (Gräfenberg spot ) ဆိုတာ ဂ်ာမန္ မီးဖြားပညာရွင္ Ernst Gräfenberg လို ဂုဏ္ျပဳၿပီး ေပးထားတဲ့ နာမည္ျဖစ္ၿပီး လိင္ခံစားမႈမွာ တုံ႔ျပန္မႈေကာင္းတဲ့ vagina ဧရိယာ တစ္ခုကို ဆိုလိုတာ ျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ေတာ့ G-spot ဟာ ဆီးလမ္းေၾကာင္းနဲ႔ အမ်ိဳးသမီး ေမြးလမ္းေၾကာင္း အဖြင့္ၾကားက ေမြးလမ္းေၾကာင္း ေရွ႕ပိုင္း ၅-၈ စင္တီမီတာ (၂-၃ လက္မ) အတြင္းမွာ ရွိပါတယ္။

G- spot ကို ၾကားဖူးတယ္ဆိုရင္ A-spot ကိုေရာၾကားဖူးၾကလား။

A-spot ဆိုတာ သားအိမ္ေခါင္းနဲ႔ ဆီးအိမ္ၾကား ေမြးလမ္းေၾကာင္း အတြင္းပိုင္းကိုေခၚတာ ျဖစ္ၿပီး anterior fornix erogenous zone လို႔လည္းေခၚပါတယ္။

A-spot ကို မေလးရွားေလ့လာေရး ပညာရွင္ ေဒါက္တာ ခ်ဴအာ ခ်ီအန္း (Dr. Chua Chee Ann) ကရွာေဖြေတြ႕ရွိခဲ့တာ ျဖစ္ၿပီး ဒီေလ့လာခ်က္အရ လိင္ဆက္ဆံစဥ္မွာ နာက်င္ျခင္းနဲ႔ ေျခာက္ေသြ႕ျခင္းခံစားေနရတဲ့ အမ်ိဳးသမီးေတြရဲ႕ A-spot ကို ၁၀ မိနစ္ကေန ၁၅ မိနစ္ၾကားလႈံေဆာ္ေပးမယ္ဆိုရင္ ၁၅ ရာခိုင္ႏႈန္းေသာ အမ်ိဳးသမီးေတြက ခ်က္ျခင္း လိင္မႈကိစၥအထြတ္အထိပ္ေရာက္ႏိုင္ၿပီး ေမြးလမ္းေၾကာင္းေခ်ာဆီကို ထြက္ေစႏိုင္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

Credit: Hello Health goup

Unicode

အမျိုးသမီး အင်္ဂါ ဆိုတဲ့အသံကြားလိုက်ရရင်ကို လူအများစုက ရှက်သလို၊ ကြောက်သလို ဖြစ်သွားတတ်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံလို ယဉ်ကျေးမှုအစဉ်အလာ များပြားတဲ့ နိုင်ငံ မပြောနဲ့။ အမေရိကန်လို ပွင့်လင်းမှုရှိတဲ့နိုင်ငံမျိုးမှာတောင် ၂၀၁၆ ခုနှစ် က စစ်တမ်းအရ အမျိုးသမီးငယ် ၆၅ ရာခိုင်နှုန်းခန့်ဟာ Vagina ဆိုတဲ့စကားအစား တစ်ခြား အသုံးအနှုန်းတွေကိုသာ သုံးကြကြောင်းတွေ့ရှိခဲ့ရပါတယ်။

အမျိုးသမီး အင်္ဂါကို ဘယ်လိုပဲ ခေါ်ခေါ် ကျွန်တော်တို့အားလုံး သဘောတူရမယ့် အချက် တစ်ချက်တော့ရှိပါတယ်။ အဲ့ဒါကတော့ အမျိုးသမီး အင်္ဂါတွေဟာ လူသားတွေ မျိုးပွားဖို့အတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုအတွက် အရေးပါတဲ့ နေရာတစ်ခုမှာ ပါဝင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုလည်းဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ တစ်ဝက်လောက်နီးပါးဟာ အမျိုးသမီးတွေ ဖြစ်ကြပေမဲ့ မျိူးပွားမှု စနစ်မှာ အရေးပါတဲ့ အမျိုးသမီးအင်္ဂါတွေအကြောင်း လူတွေ သိပ်မသိကြပါဘူး။ ဥပမာ အင်္ဂလိပ်စကား Vagina ဆိုတာ လက်တင်ဘာသာစကား “ ဓားအိမ်၊ အစွပ် ” ဆိုတဲ့ စကားမှ ဆင်းသက်လာတယ်ဆိုတာ သိတဲ့လူ တော်တော် နည်းပါးပါလိမ့်မယ်။ သင်ကိုယ်တိုင်လည်း မသိသေးဘူးဆိုရင် နောက်လာမယ့် စာပိုဒ်တွေမှာ အမျိုးသမီး အင်္ဂါတွေရဲ့ စိတ်ဝင်စားဖွယ်ရာ အချက်တွေကို ဆက်လေ့လာလိုက်ကြရအောင်။

၁။ Vagina ဆိုတဲ့ အဓိပ္ပါယ်ကို သင်ဘယ်လို သိထားပါသလဲ။

ဒီအချက်ကတော့ ကျွန်တော်တို့ ပထမဆုံး နားလည်ရမယ့် အချက်တစ်ချက်ပါ။ Vagina လို့ပြောလိုက်တာနဲ့ စာဖတ်သူတို့ အနေနဲ့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အောက်ဘက်ပိုင်းက အင်္ဂါတစ်ခုလို့ နားလည်နေပါလိမ့်မယ်။ ဒါပေမဲ့ ဒါက အဖြေမှား ဖြစ်ပါတယ်။ တကယ်တော့ Vagina ဆိုတာ အမျိုးသမီး မျိုးပွား အင်္ဂါစုထဲက အစိတ်အပိုင်းတစ်ခုရဲ့ နာမည်သာဖြစ်ပါတယ်။ တကယ်တော့ Vagina ဆိုတာ Vulva လို့ခေါ်တဲ့ မိန်းမနိမိတ်ဝ ကနေစပြီး သားအိမ်ထိ ဆက်သွယ်ထားတဲ့ ကြွက်သားပြွန်ချောင်းတစ်ခုကိုသာခေါ်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ Vagina လို့ထင်နေတဲ့ အမျိုးသမီးအင်္ဂါပြင်ပ အစိတ်ပိုင်းတွေဟာ Vulva လို့ခေါ်ပြီး Vulva ဟာ မိန်းမအင်္ဂါ နှုတ်ခမ်းနဲ့ မိန်းမအင်္ဂါစေ့ ပါဝင်တဲ့ ပြင်ပ အစိတ်အပိုင်းတွေ ကိုခေါ်တာပါ။

Vagina (သားအိမ်လမ်းကြောင်း) တွေရဲ့ အလျားက ဘယ်လောက်ရှိလဲဆိုတော့ ၂.၇ လက်မ ကနေ ၃.၁ လက်မအထိ ရှိနိုင်ပြီး လိင်ဆက်ဆံချင်စိတ်ပြင်းပြနေတဲ့ အချိန်မှာတော့ ၄.၃ လက်မကနေ ၄.၇ လက်မ အထိရှည်လျားနိုင်ပါတယ်။ ဒါ့ကြောင့် vagina ဆိုတာ အမျိုးသမီး အင်္ဂါ နမိတ်ဝတွေ ဖြစ်တဲ့ မြင်ရတဲ့ အမျိုးသမီးအင်္ဂါ နှုတ်ခမ်းနဲ့ အမျိုးသမီးအင်္ဂါအစေ့ကနေ သားအိမ်ကို ဆက်သွယ်ပေးထားတဲ့ ကြွက်သားပြွန်ချောင်းတစ်ခုကို သာခေါ်တာ ဖြစ်ပါတယ်။

၂။ အမျိုးသမီး အင်္ဂါထဲ မီးယပ်လာချိန်တွင် ရာသီသွေးထိန်းရန် ထည့်ရ သော အတောင့် (Tampon) တစ်ခုဝင်မသွားနိုင်ပါဘူး။

တစ်ချို့ကတော့ ယုံတမ်းစကားတွေကို ကြားဖူးကြမှာပါ။ ဒါပေမဲ့ အမျိုးသမီးအင်္ဂါထဲကို မီးယပ်လာချိန်တွင် ရာသီသွေးထိန်းရန် ထည့်ရသော အတောင့်လေးတွေတောင် လုံးဝ မဝင်သွားနိုင်ပါဘူး။ Tampon တွေဟာ အရွယ်အစားအမျိုးမျိုးရှိနိုင်ပြီး ရာသီသွေးဆင်းမှု များပြားတဲ့ အချိန်မှာ သုံးရတဲ့ Super Tampon တွေရဲ့ အလျားဟာ 13.5 စင်တီမီတာ(5.31 လက်မ) နဲ့ အချင်းကတော့ ၁.၆ စင်တီမီတာ (ဝ.၆ လက်မ)အထိ ရှိနိုင်ပါတယ်။

ဒါပေမဲ့ Vagina ရဲ့ ထိပ်ပိုင်းအဝဟာ အရမ်း သေးလွန်းတဲ့အတွက် ဒီ Tampon အတောင့်တွေ သားအိမ်ထဲဝင်သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ တကယ်လို့ Tampon တောင့် ဝင်သွားမယ်ဆိုရင်လည်းဆေးခန်းသွားကာ ပြန်လည် ထုတ်ယူလို့ရနိုင်ပါတယ်။ Tampon ကို အချိန်အကြာကြီး အထဲထဲမှာ ထားမယ်ဆိုရင် toxic shock syndrome လို့ခေါ်တဲ့ သွေးအဆိပ်တက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

၃။ ခန္ဓာကိုယ်လေ့ကျင့်ခန်းလုပ်ခြင်းက Vagina အပေါ် ကောင်းကျိုးသက်ရောက်နိုင်ပါတယ်။

ကာယလေ့ကျင့်ခန်းဆိုတာ လိင်မှု ကိစ္စပြုလုပ်ခြင်းကို ရည်ညွန်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လေ့လာချက်တွေအရ ပုံမှန် လိင်မှုကိစ္စရှိနေခြင်းက အမျိုးသမီး အင်္ဂါ ကျန်းမာရေးအပေါ် ကောင်းကျိုး ဖြစ်စေတယ်လို့ သိရပါတယ်။ အထက်က ပြောခဲ့တဲ့ ကာယလေ့ကျင့်ခန်းဆိုတာ တင်ပါးဆုံရိုးရှိအရိုးတွေရဲ့ လေ့ကျင့်ခန်းကို ဆိုလိုတာပါ။ ဒီလေ့ကျင့်ခန်းတွေကို Kegel လေ့ကျင့်ခန်းတွေလို့လည်း ခေါ်ဆိုပါတယ်။ Kegel လေ့ကျင့်ခန်းတွေဟာ အမျိုးသမီးတွေ ဆီးမထိန်းနိုင်ခြင်းကို ကာကွယ်ပေးနိုင်ပြီး လေ့လာချက်တွေအရ Kegel လေ့ကျင့်ခန်းတွေဟာ လိင်မှုဆိုင်ရာစိတ်ကျေနပ်မှုကိုလည်း တိုးမြှင့်ပေးနိုင်တယ် လို့သိရပါတယ်။ Kegel လေ့ကျင့်ခန်းတွေဟာ Vagina တွေကို တင်းကျပ်စေနိုင်ပြီး လိင်မှုကိစ္စလုပ်ဆောင်စဉ်မှာ ပိုပြီး ခံစားချက်ပိုကောင်းစေနိုင်သလို အထွတ်အထိပ်ရောက်ခြင်း အလွယ်တကူ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

၄။ Vagina တွေဟာ ဝိုင်တွေလိုပါပဲ။

Vagina တွေက စပျစ်သီးနဲ့ တစ်ခြားအသီးတွေက ထုတ်ထားတဲ့ ဝိုင်တွေနဲ့ ဆင်တူပါတယ်။ သာမန် vagina တစ်ခုရဲ့ pH ဟာ ၄.၅ အောက်မှာရှိနေပြီး ဝိုင်တွေရဲ့ pH ကလည်း ဒီတန်ဖိုးခန့်ပဲရှိပါတယ်။ pH ဆိုတာ ပျော်ရည်တစ်ခု အက်ဆစ်ဓာတ် (အချဉ်ဓာတ်) ဘက်ရောက်လား၊ အယ်ကာလီ သဘာဝရှိသလားဆိုတာ ဆုံးဖြတ်ပေးတဲ့ တန်ဖိုးတစ်ခု ဖြစ်ပြီး တန်ဖိုး ၇ ရှိတဲ့ အရာကတော့ ရေသန့်ဖြစ်ပါတယ်။ ၇ ထက်မြင့်တဲ့ တန်ဖိုးရှိတဲ့ အရည်တွေကတော့ အယ်ကာလီဓာတ်ရှိတဲ့ အရည်ဖြစ်ပြီး ၇ အောက်နည်းတဲ့ အရည်တွေကတော့ အက်ဆစ်ဓာတ်များတဲ့ အရည်တွေ ဖြစ်ပါတယ်။

လက်တစ် အက်ဆစ်မှာ အဓိက ပါဝင်တဲ့ ဘတ်တီးရီးယားတွေ ဖြစ်တဲ့ Lactobacillus ဘတ်တီးရီးယားတွေဟာ အမျိုးသမီး အင်္ဂါတွေမှာ ရှိတဲ့ ဘတ်တီးရီးယားတွေ ဖြစ်ပါတယ်။ ဒီဘတ်တီးရီးယားတွေကို အမျိုးသမီး အင်္ဂါတွေ အပြင် အစာခြေ စနစ်၊ ဆီးလမ်းကြောင်း စနစ်တို့မှာလည်း တွေ့နိုင်ပြီး အမျိုးသမီး အင်္ဂါတွေမှာ pH ပမာဏကို ပုံမှန်ဖြစ်နေအောင် ထိန်းသိမ်းပေးကာ ကူးစက်ရောဂါ ဘတ်တီးရီးယားတွေကိုလည်း တားဆီးပေးနိုင်ပါတယ်။ ဒီဘတ်တီးရီးယားတွေကို ဒိန်ချဉ်တွေလိုမျိုးအစားအစာတွေမှာလည်းတွေ့နိုင်ပြီး ဝမ်းလျှောခြင်း၊ အမျိုးသမီးမွေးလမ်းကြောင်း ရောဂါ ကူးစက်ခြင်းနဲ့ ခန္ဓာကိုယ်အရေပြားရောဂါဖြစ်တဲ့ နှင်းခူနာတို့ကို ပျောက်ကင်းအောင်တားဆီးပေးနိုင်ပါတယ်။ အမျိုးသမီး အင်္ဂါမှာဆိုရင်လည်း lactobacilli ဘတ်တီးရီးယား ပမာဏ ကျဆင်းသွားမယ်ဆိုရင် မွေးလမ်းကြောင်း pH ပမာဏက ၄.၅ အထိတိုးလာနိုင်ပြီး ဒီလို တိုးလာမယ်ဆိုရင် ဘတ်တီးရီးယား ရောဂါပိုးတွေ ကူးစက်ခြင်းကို ခံရနိုင်ပါတယ်။

၅။ အမျိုးသမီး အင်္ဂါကို တရားလွန် ဆပ်ပြာများနဲ့ မဆေးကြောမိပါစေနဲ့။

အမျိုးသမီးအင်္ဂါတွေ သန့်ရှင်းအောင်ဆိုပြီး အနံ့ပါဝင်တဲ့ ဆပ်ပြာများ၊ ရေမွှေးပါဝင်တဲ့ ဆပ်ပြာများနဲ့ မသန့်ရှင်းသင့်ပါဘူး။ ဒီလို ဆပ်ပြာများနဲ့ အမျိုးသမီး အင်္ဂါကို သန့်ရှင်းခြင်းဟာ အမျိုးသမီး အင်္ဂါအတွင်းက သဘာဝ ဘတ်တီးရီးယား ပိုးတွေကို နှောက်ယှက်သလိုဖြစ်ပြီး ဘတ်တီးရီးယား ကူးစက်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ တကယ်တမ်းတော့ အမျိုးသမီး အင်္ဂါတွေဟာ သဘာဝအတိုင်း သူ့ဘာသူ သန့်ရှင်းရေး လုပ်နေတာကြောင့် အလွန်အကျူး စိတ်မပူသင့်ပါဘူး။

“ အမျိုးသမီး အရွယ်အမျိုးမျိုးဟာ သူတို့ရဲ့ လိင်အင်္ဂါတွေ သန့်ရှင်းနေဖို့ အတွက် အလွန်အကျူးလုပ်ဆောင်တတ်တဲ့အတွက် ကျိန်းစပ်ခြင်း၊ နာကျင်ခြင်းနဲ့ ယားယံခြင်းတွေ ဖြစ်တတ်ပါတယ်။အမျိုးသမီး လိင်အင်္ဂါတွေဟာ ထိခိုက်လွယ်တဲ့ အင်္ဂါတွေပါ။ တစ်နေ့တစ်ကြိမ် ရေနဲ့ ဆေးကြောတာတင်လုံ လောက်ပါပြီ ” လို့ သားဖွားမီးယပ်ပါမောက္ခ ဖြစ်သူ ဒေါက်တာ ဆန်ဂျီတာ အန်နီဟိုတရီ (Dr. Sangeeta Agnihotri) က Telegraph သတင်းစာနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ဖူးပါတယ်။

၆။ သင်စားတဲ့ အစားအစာတွေက သင့်လိင်အင်္ဂါရဲ့ အနံ့ကို သက်ရောက်မှုရှိပါတယ်။

လိင်အင်္ဂါတွေရဲ့ အနံ့အသက်ပျောက်ကင်းစေချင်တယ်ဆိုရင် ရေမွှေးဆပ်ပြာတွေ သုံးစွဲနေမယ့်အစား အစားအသောက်ပိုင်းကို ဆင်ခြင်သင့်ပါတယ်။ အနံ့ပြင်းတဲ့ အစားအစာတွေ ဖြစ်တဲ့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့စားခြင်းဟာ အမျိုးသမီးအင်္ဂါ အနံ့ပြင်းမှု ကိုဖြစ်စေနိုင်ပါတယ်။ မှတ်သားစရာတစ်ခုက သင့်လိင်အင်္ဂါရဲ့ အနံ့ဟာ သိသိသာသာ ပြောင်းလဲသွားမယ်ဆိုရင်တော့ ဒါဟာ ကူးစက်ရောဂါတစ်မျိုး ခံစားနေရတဲ့ လက္ခဏာ တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလို အချိန်ဆိုရင်တော့ ဆေးခန်းကို သွားရောက်ပြသ သင့်ပါတယ်။

၇။ အမျိုးသမီး လိင်အင်္ဂါအစေ့ (clitoris) မှာ နာဗ်ကြော ထောင်ပေါင်းများစွာပါဝင်ပါတယ်။

အမျိုးသမီး လိင်အင်္ဂါအစေ့ဟာ Vagina (သား အိမ်လမ်းကြောင်း) အစိတ်အပိုင်းထဲမှာ မပါဝင်ပါဘူး။ အမျိုးသမီး အင်္ဂါအစေ့ဟာ လိင်မှုပိုင်းဆိုင်ရာမှာ ခံစားမှုကောင်းစေဖို့အတွက် အရေးပါတဲ့ အင်္ဂါတစ်ခု ဖြစ်ပြီး သိပ်ပြီး မအံ့ဩသင့်တဲ့ အချက်ကတော့ အမျိုးသမီး လိင်အင်္ဂါ အစေရဲ့ ထိပ်ပိုင်းမှာတင် နာဗမ်ကြောထုံး ၈၀ဝ၀ ခန့်ပါဝင်ပြီး ဒီပမာဏဟာ အမျိုးသား လိင်အင်္ဂါမှာ ပါဝင်တဲ့ နာဗ်ကြောတွေထက် ၂ ဆ ပိုများပါတယ်။ ဒါ့ကြောင့်လည်း အမျိုးသမီးတွေ ရမ္မက်သွေး ကြွဖို့အတွက် အရေးပါဆုံး နေရာတစ်ခု ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင့် လတ်တလော လေ့လာချက်များအရ အမျိုးသမီး လိင်အင်္ဂါအစေ့ဟာ လိင်ပိုင်းဆိုင်ရာ စိတ်လှုပ်ရှားနေချိန်မှာဆိုရင် ၃၀ဝ ရာခိုင်နှုန်းအထိ အရွယ်အစားကြီးလာနိုင်ကြောင်း တွေ့ရပါတယ်။ (၃ ဆ)

၈။ Vagina ဟာ လေမလည်တတ်ပါဘူး။

အမျိုးသမီး အားလုံး တစ်ချိန်မဟုတ်တစ်ကြုံဖူးကြမယ့် အရာတစ်ခုကတော့ Vagina မှ ထိန်းချုပ်လို့မရနိုင်တဲ့ လေထွက်ခြင်းပါပဲ။ ဒါကို Queefing (ပန်းထွက်ခြင်း ) လို့ခေါ်ပါတယ်။ Queefing ဟာ vagina ထဲမှာ ပိတ်မိနေတဲ့ လေတွေ အပြင်ထွက်သွားခြင်းဖြစ်ပြီး Vagina ဆိုတာ ပြွန်အဖြောင့် ချောင်းကြီး မဟုတ်ပါဘူး။ Vagina ခွေနေတဲ့ အချိန်မှာ အတွန့်ချောင်းပုံစံဖြစ်ပေါ်နေပြီး ဒီအထဲမှာ လေတွေ ခိုနေတတ်ပါတယ်။ ဒီလိုခိုနေတဲ့ လေတွေဟာ Vagina အနေအထားပုံစံ ပြောင်းသွားရင် ပြန်ထွက်သွားတတ်ပါတယ်။

ဒါဟာ စအိုလမ်းကြောင်းက ဘတ်တီးရီးယားတွေကြောင့် Gas တွေ ထွက်ခြင်းဖြစ်တဲ့ လေလည်ခြင်းနဲ့ မတူပါဘူး။ ဒီလို မွေးလမ်းကြောင်းထဲက လေထွက်တယ်ဆိုတာ ပုံမှန်ဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။ ဒါဟာ အများစု အမြင်အရ လေလည်တာ မဟုတ်သလို gas တွေ မဟုတ်တဲ့အတွက် အနံ့အသက်တွေ မပါဝင်ပါဘူး။ ဒါပေမဲ့ တစ်ချို့ ရှားပါးတဲ့ ဖြစ်စဉ်တွေမှာတော့ Vagina နဲ့ ဆီးအိမ်၊ အူလမ်းကြောင်း၊ စအိုလမ်းကြောင်းတို့ ဆက်သွယ်နေတဲ့အခါမှာ vagina မှ gas ထွက်ခြင်း ဖြစ်စဉ် ဖြစ်နိုင်ပါတယ်။

၉။ Vagina နဲ့ ငါးမန်းတို့ရဲ့ ဆက်သွယ်ချက်

စာဖတ်သူတို့တော့ Vagina နဲ့ ငါးမန်းဆိုတာ ဘာကြီးလဲလို့ တွေးမိမှာ အမှန်ပါပဲ။ ဒါပေမဲ့ သင့်ရဲ့ အင်္ဂါအစိတ်အပိုင်းဟာ သင်ထင်ထားတာထက် ငါးမန်းတွေနဲ့ ပိုတူပါတယ်။ Vagina က ထွက်တဲ့ ချောဆီတွေမှာ squalene ခေါ်တဲ့ အရောင်မဲ့တဲ့ ဟိုက်ဒရိုကာဗွန် Compound ပါဝင်ပြီး ဒီ Compound ကို ငါးမန်းတွေရဲ့ အသည်းမှာလည်း တွေ့နိုင်ပါတယ်။ တစ်ခုမှတ်စရာတစ်ခုက squalene compound ကို အလှပြင် ပစ္စည်းတွေဖြစ်တဲ့ အသားအရည်စိုပြေစေတဲ့ Lotion တွေ၊ နေရောင်ကာခရင်မ်တွေနဲ့ ခေါင်းလိမ်းဆီတွေမှာလည်း အသုံးပြုကြပါတယ်။ ဒီနေရာမှာ vagina dentata ဆိုတဲ့ အစွယ်တွေပါတဲ့ vagina ဆိုတာ အရင်ခေတ်တုန်းက အမျိုးသားတွေ အမျိုးသမီးတွေကို အဓမ္မမပြုကျင့်ကြစေရန် ခြောက်လှန့် ပြောဆိုချက်တစ်ခုသာ ဖြစ်ပါတယ်။

၁၀။ G- spot တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

ကျွန်တော်တို့ အားလုံး G spot ကို ကြားဖူးကြမှာပါ။ G-spot (Gräfenberg spot ) ဆိုတာ ဂျာမန် မီးဖွားပညာရှင် Ernst Gräfenberg လို ဂုဏ်ပြုပြီး ပေးထားတဲ့ နာမည်ဖြစ်ပြီး လိင်ခံစားမှုမှာ တုံ့ပြန်မှုကောင်းတဲ့ vagina ဧရိယာ တစ်ခုကို ဆိုလိုတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ G-spot ဟာ ဆီးလမ်းကြောင်းနဲ့ အမျိုးသမီး မွေးလမ်းကြောင်း အဖွင့်ကြားက မွေးလမ်းကြောင်း ရှေ့ပိုင်း ၅-၈ စင်တီမီတာ (၂-၃ လက်မ) အတွင်းမှာ ရှိပါတယ်။

G- spot ကို ကြားဖူးတယ်ဆိုရင် A-spot ကိုရောကြားဖူးကြလား။

A-spot ဆိုတာ သားအိမ်ခေါင်းနဲ့ ဆီးအိမ်ကြား မွေးလမ်းကြောင်း အတွင်းပိုင်းကိုခေါ်တာ ဖြစ်ပြီး anterior fornix erogenous zone လို့လည်းခေါ်ပါတယ်။

A-spot ကို မလေးရှားလေ့လာရေး ပညာရှင် ဒေါက်တာ ချူအာ ချီအန်း (Dr. Chua Chee Ann) ကရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပြီး ဒီလေ့လာချက်အရ လိင်ဆက်ဆံစဉ်မှာ နာကျင်ခြင်းနဲ့ ခြောက်သွေ့ခြင်းခံစားနေရတဲ့ အမျိုးသမီးတွေရဲ့ A-spot ကို ၁၀ မိနစ်ကနေ ၁၅ မိနစ်ကြားလှုံဆော်ပေးမယ်ဆိုရင် ၁၅ ရာခိုင်နှုန်းသော အမျိုးသမီးတွေက ချက်ခြင်း လိင်မှုကိစ္စအထွတ်အထိပ်ရောက်နိုင်ပြီး မွေးလမ်းကြောင်းချောဆီကို ထွက်စေနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

Credit: Hello Health goup

,

About popinvdo.xyz(ပဲပင္​​ေပါက္​)

View all posts by popinvdo.xyz(ပဲပင္​​ေပါက္​) →

Leave a Reply

Your email address will not be published. Required fields are marked *