အစ်မဖြစ်သူပျော်နေတာကိုကြည့်ပြီး ပီတိဖြစ်နေတဲ့စိုးပြည့်သဇင်


အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကထဲမှာ အကယ်ဒမီရမင်းသမီးတစ်ဦးအနေနဲ့အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ မင်းသမီးချောလေးစိုးပြည့်သဇင်ကတော့ အစ်မဖြစ်သူစန္ဒီမြင့်လွင်ပျော်နေတာကိုကြည့်ပြီးတော့ ပီတိဖြစ်နေတဲ့အကြောင်း သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ရေးသားထားတာပဲဖြစ်ပါတယ်။ ဒီကနေ့ သူမအရမ်းကိုချစ်ရတဲ့ မမဒီးဒီရဲ့မင်္ဂလာပွဲမှာ ပန်းကြဲလေးတစ်ဦးအနေနဲ့ လှချင်တိုင်းလှနေတဲ့ စိုးပြည့်သဇင်ရဲ့ပုံရိပ်တွေကိုတော့ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

စိုးပြည့်လေးကတော့ “ချစ်ရတဲ့မဒီရဲ့မင်္ဂလာဆောင်မှာပန်းကြဲတယ်❤ ကိုယ့်အမမင်္ဂလာဆောင်ဆိုတော့အရင်ပွဲတွေကြဲပေးရတာထက်ပိုပျော်တယ် သူပျော်တာကြည့်ပြီးပျော်တယ်ကိုသီဟနဲ့မဒီအမြဲတစ်ဦးနဲ့တစ်ဦးချစ်ခင်နားလည်ပြီးဘဝတစ်လျှောက်လုံးပျော်ရွှင်စွာလက်တွဲရပါစေ တူ တူမလေးတွေလည်းတီတီဇင်မျှော်နေမယ်နော်” ဆိုပြီးတော့ တူ တူမလေးတွေကိုလည်း မျှော်နေကြောင်း စနောက်ပြီးရေးသားထားပါသေးတယ်။

ချစ်ပရိသတ်ကြီးလည်း စန္ဒီမြင့်လွင်တစ်ယောက် ချစ်ရတဲ့ခင်ပွန်းနဲ့ နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်အေးချမ်းစွာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးရင်းနဲ့ တစ်ဦးနဲ့တစ်ဦးအရမ်းကိုချစ်ကြတဲ့ ဒီးဒီးနဲ့ စိုးပြည့်တို့ညီအမနှစ်ယောက်ကိုချစ်ရင် LIKE & SHARE သွားကြပါဦးနော်။

Myint Myat

Source;Soe Pyae Thazin’s Facebook Page
From:လှ​တောသား

ပြန်​လည်​မျှ​ဝေ​ပေးရန်​နှိပ်​ပါ✌✌✌
Share on Facebook
Facebook
0

1total visits,1visits today

About popinvdo.xyz(ပဲပင်​​ပေါက်​)

View all posts by popinvdo.xyz(ပဲပင်​​ပေါက်​) →

Leave a Reply

Your email address will not be published. Required fields are marked *