၂၀၁၈ ခုနှစ်ရဲ့ အချမ်းသာဆုံးသရုပ်ဆောင် (၁၀)ယောက်


ဇာတ်ကားတစ်ကားမှာ သရုပ်ဆောင်တွေရဲ့ အခန်းကဏ္ဍက အဓိကကျပါတယ်။ သရုပ်ဆောင်တွေဟာ ပရိတ်သတ်တွေနဲ့ အနီးကပ်ဆုံးထိတွေ့ရတဲ့သူတွေဖြစ်ပြီး ပရိတ်သတ်ရဲ့ အသည်းကျော်တွေဆိုရင်လည်းမမှားပါဘူး။ ပရိတ်သတ်အားပေးမှုရလာလေ သရုပ်ဆောင်တွေရဲ့ အောင်မြင်မှုလည်းကြီးလာလေပါပဲ။ အောင်မြင်မှုနဲ့အတူ ငွေကြေးတွေကလည်း ကပ်ပါလာတတ်ပါတယ်။ (၂၀၁၈)ခုနှစ်အတွက် ဘယ်သရုပ်ဆောင်တွေက အချမ်းသာဆုံးသရုပ်ဆောင် ထိပ်ဆုံး(၁၀)ဦးမှာ ရပ်တည်နေလည်းဆိုတာကတော့..။

(၁၀) Sylvester Stallone

နာမည်ကျော်မင်သားကြီး Stallone ဟာ ပိုင်ဆိုင်မှုတန်ဖိုး ကန်ဒေါ်လာသန်း၄၀၀နဲ့ အဆင့် (၁၀) မှာရပ်တည်နေပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့မင်းသားကြီးအနေနဲ့ ဇာတ်ကားရိုက်ကြဲသွားပေမဲ့ ပိုင်ဆိုင်မှုတန်ဖိုးကတော့ မြင့်မားဆဲပါ။

(၉) Amitabh Bachchan

ဘောလိဝုဒ်ရဲ့ ၀ါရင့်သရုပ်ဆောင်ကြီး Amitabh Bachchan ကတော့ ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာသန်း(၄၂၅)သန်းနဲ့ အချမ်းသာဆုံးသရုပ်ဆောင်စာရင်းမှာ အဆင့်(၉)နဲ့ ရပ်တည်နေပါတယ်။ သူဟာ မြန်မာပြည်က ပရိတ်သတ်တွေရဲ့ အကြိုက်သရုပ်ဆောင်တစ်ဦးလည်းဖြစ်လို့ ထွေထွေထူးထူးရှင်းပြနေစရာမလိုပါဘူး။ Amitabh Bachchan ဟာ အခုချိန်ထိ ပန်းပန်နေဆဲပါ။

(၈) Tom Cruise

အဆင့်(၈)မှာရပ်တည်နေတာကတော့ ဟောလိဝုဒ်မင်းသားချော Tom Cruiseဖြစ်ပါတယ်။ Mission Impossibleလိုဇာတ်ကားမျိုးကို စီးရီးလိုက်ရိုက်ကူးခဲ့တဲ့ မင်းသားကြီးဟာ ဒေါ်လာသန်း(၄၃၀)နဲ့ ဒီအဆင့်မှာရပ်တည်နေတာပါ။ အဆိုပါ အသက်(၅၅)နှစ်အရွယ် မင်းသားဟာ (၂၀၁၈)ခုနှစ်အတွင်းမှာ Mission Impossible(Fallout)ဇာတ်ကားသစ်ထွက်ရှိဖို့ရှိပြီး (၂၀၁၉)ခုနှစ်မှာလည်း Top Gun Seriesတွဲသစ်ထွက်လာဦးမှာဖြစ်ပါတယ်။

(၇) Robert Downey Jr

Iron Manမင်းသား Robert Downey Jrကိုတော့ ပရိတ်သတ်တွေအနေနဲ့ Avengersဇာတ်ကားတွေနဲ့တွဲမြင်မယ်လို့ထင်ပါတယ်။သူရဲ့ ပိုင်ဆိုင်မှုကတော့ အံ့မခန်းလိလိပါ။ ဒေါ်လာသန်း (၄၈၀)နဲ့ အဆင့်(၇)မှာရပ်တည်နေပါတယ်။

(၆) Jackie Chan

နောက်တစ်ယောက်ကတော့ ကလေးရောလူကြီးတွေပါကြိုက်ပြီး ဟာသဥာဏ်ပါတဲ့စတန့်တိုက်ကွက်တွေနဲ့ နာမည်ကြီးတဲ့ မင်းသားကြီးဂျက်ကီချန်းပါ။ သူရဲ့ပိုင်ဆိုင်မှုတန်ဖိုးကတော့ ဒေါ်လာသန်း(၄၉၀)ဖြစ်ပြီး မကြာသေးခင်ကမှ Kung Fu Yogaလိုဇာတ်ကားမျိုးနဲ့ ဘောလိဝုဒ်ဈေးကွက်ကိုပါ အင်ပါယာချဲ့ထွင်ဖို့ ကြိုးစားနေသူပါ။

(၅)Adam Sandler

အဆင့်(၅)နေရာမှာရပ်တည်နေတာကတော့ သရုပ်ဆောင်Adam Sandlerပါ။ Adam Sandlerရဲ့ပိုင်ဆိုင်မှုတန်ဖိုးက ဒေါ်လာသန်း(၅၀၀)ထိရှိပါတယ်။ ဟာသအက်တင်တွေကို ပိုင်နိုင်တဲ့ Adam Sandlerရဲ့ ဇာတ်ကားတွေဟာ ပရိတ်သတ်ကို အကောင်းဆုံးဖျော်ဖြေပေးနိုင်တာတော့အမှန်ပါပဲ။

(၄) Vin Diesel

Fast & Furiousရဲ့ မင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ Vin Dieselကတော့ ဒေါ်လာသန်း (၅၄၀.၅)သန်းနဲ့ အဆင့်(၄)မှာရပ်တည်နေပါတယ်။ အက်ရှင်သရုပ်ဆောင်ချက်တွေပိုင်နိုင်တဲ့ Vin Dieselတစ်ယောက် ဘယ်လောက်ထိ အောင်မြင်မှုတွေရဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။

(၃) Shah Rukh Khan

Shah Rukh Khanကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ ဒီမင်းသားရဲ့ အောင်မြင်မှုကတော့ အံ့မခန်းပါပဲ။ ဘောလိဝုဒ်မှာ ကာလကြာကြာမင်းမူထားတဲ့ မင်းသားဆိုရင်လည်းမမှားပါဘူး။ သူရဲ့ပိုင်ဆိုင်မှုကတော့ ဒေါ်လာသန်း(၆၀၀)ပါ။

(၂) Dwayne “The Rock” Johnson

Dwayne “The Rock” Johnsonကတော့ ဘာလုပ်လုပ်အောင်မြင်တဲ့သူပါပဲ။ နပန်းသမားဘ၀မှာ အောင်မြင်ခဲ့သလို သရုပ်ဆောင်ဘဝမှာလည်း ထူးချွန်တဲ့သူပါ။ ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာသန်း (၆၅၀)နဲ့ အဆင့်(၂)မှာရပ်တည်နေပါတယ်။

(၁) Mark Wahlberg

သရုပ်ဆောင်တွေထဲမှာ အချမ်းသာဆုံးအဖြစ် ထိပ်ဆုံးမှာရပ်တည်နေတာကတော့ Mark Wahlbergပါ။ Shooter, Pain & Gainတို့လို ဇာတ်ကားတွေကိုရိုက်ကူးခဲ့တဲ့ Mark Wahlberg ဟာ အသက်(၄၆)အရွယ်ရှိပြီး ၀င်ငွေလမ်းဖြောင့်တဲ့ သရုပ်ဆောင်တစ်ယောက်ပါပဲ။ သူရဲ့ပိုင်ဆိုင်မှုတန်ဖိုးကတော့ ဒေါ်လာသန်း (၆၈၀)ပါ။

မြန်မာနိုင်ငံမှာရော..သရုပ်ဆောင်တွေက ဘယ်တော့မှ သူတို့ ပိုင်ဆိုင်မှုတွေကို ဖွင့်ချပြမှာပါလိမ့်။ အခွန်တော့ဆောင်ရမှာကိုးဗျ။

Credit:လှ​တောသား

ပြန်​လည်​မျှ​ဝေ​ပေးရန်​နှိပ်​ပါ✌✌✌
Share on Facebook
Facebook
0

4total visits,2visits today

About popinvdo.xyz(ပဲပင်​​ပေါက်​)

View all posts by popinvdo.xyz(ပဲပင်​​ပေါက်​) →

Leave a Reply

Your email address will not be published. Required fields are marked *