(အထူးသတင်း)အခြေခံလူတန်းစားများ ငွေ၅ထောင်နဲ့ကျန်းမာရေးအာမခံထားပီး တနှစ်လုံးဆေးကုနိုင်ပီ


မြန်မာငွေကျပ်ငါးထောင်ခန့်ဖြင့် ကျန်းမာရေးအာမခံထားပါက အခြေခံလူတန်းစားများ တစ်နှစ်ပတ်လုံး ဆေးကုသနိုင်တော့မည်

လာမည့်နှစ်မှ စတင်မည့် တစ်နှစ်ပတ်လုံး ကျပ်ငါးထောင်ခန့်ဖြင့် ကျန်းမာရေးအာမခံထားရှိပါက အခြေခံလူတန်းစားများပါ ဆေးကုသနိုင်တော့မည်ဖြစ်ကြောင်း မြန်မာအာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးခင်မောင်ဝင်းက မတ်လ ၉ရက် တွင် သတင်းမီဒီယာများသို့ ပြောကြားလိုက်သည်။

“ အခြေခံလူတန်းတွေအတွက် ကျပ်ငါးထောင်ပေါ့။ အန်ကယ်တို့က ဖြစ်စေချင်တာပေါ့။ ဒါက ကျပ်ငါးထောင် အတိအကျလို့တော့ မဟုတ်ဘူး။ မသတ်မှတ်ရသေးဘူး။ ဒါပေမယ့် အန်ကယ်တို့ကဖြစ်စေချင်တာ။ အခု က လူလတ်တန်းစားတွေအတွက် ကျပ်လေးသောင်းကျော်ပေါ့။ ဒါကိုလည်း သူ့ထက်နည်းတဲ့ တန်ဘိုးနဲ့ လာမယ့်နှစ်မှာ လျော့ချသွားမယ်။ အာမခံပေးထားတဲ့တန်ဖိုးအလိုက် ခံစားခွင့်လည်း ကွာမယ်။ တတ်နိုင်သူ တွေ ငွေကြေးများရင် ပြည်ပထိပါ ဆေးသွားကုခွင့်ပေါ့။ ဒါတွေရှိမယ်။ မတတ်နိုင်တဲ့သူတွေအတွက် ဆေးခန်းပြခွင့်ရမယ်။ ကျန်းမာရေးအာမခံကို အခြေခံလူတန်းစား၊ လူလတ်တန်းစား တတ်နိုင်သူဆိုပြီး သုံးမျိုး သုံးစား ထားနိုင်မယ်’’ဟု ၄င်းက ပြောသည်။

ကျန်းမာရေးအာမခံကို ၂၀၁၉ ခုနှစ်တွင် စတင်နိုင်ရန်အတွက် ထားရှိနိုင်မည့် အာမခံကြေးကို ယခုချိန်တွင် မြန်မာ့အာမခံလုပ်ငန်းမှ တွက်ချက်နေကြောင်း၊ အသက်အရွယ်အလိုက် ငယ်ရွယ်သူများတွင် ကျန်းမာရေးခံစားခွင့် ပိုမိုထားရှိမည်ဖြစ်ကာ၊ အသက်အရွယ်ကြီး ရင့်သူများအတွက် ခံစားခွင့် ကန့်သတ်ချက်တို့ ကို ထားရှိပေးမည်ဖြစ်ကြောင်း သိရသည်။

“အာမခံလုပ်ငန်းဆိုတာက အကျိုးအမြတ် စီးပွားရေးလုပ်ငန်းတစ်ခုလေ။ ဒါကြောင့် အမြတ်ရမရဒါတွေလည်းတွက်ချက်ရသေးတယ်။ ထားတဲ့သူကဆယ်ဦးနဲ့ အများကြီးပေးနေရရင်လည်း ဒါကမဖြစ်သေးဘူးလေ။ အခုဆိုရာသီဥတုအာမခံ တောင်သူလယ်သမားတွေထားနိုင်ဖို့တွက်ချက်နေတယ်။ မကြာခင်စတင်နိုင်တော့မယ်’’ဟု GM ဦးခင်မောင်ဝင်းကပြောသည်။

Ref – မင်းသီဟန်(Akonthi)

KyarNyo အွန်လိုင်းသတင်းစုံ

,

About popinvdo.xyz(ပဲပင်​​ပေါက်​)

View all posts by popinvdo.xyz(ပဲပင်​​ပေါက်​) →

Leave a Reply

Your email address will not be published. Required fields are marked *