ဖုန္းနံပါတ္ျဖင့္ ကံစမ္းမဲေငြက်ပ္သိန္း၂ဝဝ ေပါက္သည္ဟု လိမ္လည္ၿပီး ေငြေတာင္းခံသူကို ဖမ္းဆီးရမိ


ဖုန္းနံပါတ္ျဖင့္ ကံစမ္းမဲ ေငြက်ပ္သိန္း ၂ဝဝ ေပါက္သည္ဟုဆိုကာ လိမ္လည္ေငြ ေတာင္းခံသူအား ျပည္ခ႐ိုင္ သဲကုန္း ၿမိဳ႕နယ္ ရြာသာလွေက်းရြာ၌ ျဖစ္ပြားခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူအား ရဲစခန္းအခ်င္းခ်င္း ခ်ိန္ဆက္၍ေဖာ္ထုတ္ခဲ့ရာ မတ္ ၈ ရက္က ရန္ကုန္တိုင္းေဒသႀကီး ေျမာက္ဥကၠလာပ ရဲစခန္းက ဖမ္းဆီးရမိခဲ့ၿပီး ေပါင္းတည္ ၿမိဳ႕မရဲစခန္းသို႔ လႊဲေျပာင္းအပ္ေပးခဲ့ ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ မတ္ ၇ ရက္ မြန္းလြဲ ၁ နာရီက ျပည္ခ႐ိုင္ သဲကုန္းၿမိဳ႕နယ္ ႀကိဳ႕ပင္သာအုပ္စု ရြာသာလွေက်းရြာေန ကိုေအာင္ကိုဝင္းသည္ အိမ္၌ရွိေနစဥ္ ၄င္းကိုင္ေဆာင္ေသာ ဖုန္းထံသို႔ ဖုန္းေခၚ ဆိုလာ၍ နားေထာင္ရာ အမ်ဳိးသားတစ္ဦး အသံျဖင့္ အခြန္ဦးစီးဌာနမွ ျမန္မာႏိုင္ငံ တစ္ဝန္းလုံးရွိ မရွိဆင္းရဲသားမ်ားအား ကံစမ္းမဲေဖာက္ေပးရာ ကိုေအာင္ကိုဝင္း ကိုင္ေဆာင္ေသာ ဖုန္းနံပါတ္မွာ ကံစမ္းမဲ က်ပ္သိန္း ၂ဝဝ ေပါက္ေၾကာင္း၊ ႏိုင္ငံ ေတာ္ အခြန္႐ုံးသို႔ ေငြက်ပ္ေျခာက္သိန္း အခြန္ေပးေဆာင္ရန္အတြက္ ေျမနီကုန္းရွိ KBZ ဘဏ္သို႔ ေဒၚမိုးမိုးစန္း အမည္ျဖင့္ မွတ္ပုံတင္နံပါတ္အား လႊဲေပးရန္ ေျပာသျဖင့္

မြန္းလြဲ ၂ နာရီခန္႔တြင္ ဇနီးျဖစ္သူႏွင့္အတူ ေပါင္းတည္ၿမိဳ႕ ေစ်း-၂ ရပ္ကြက္ ရန္ကုန္-ျပည္ အေဝးေျပး ကားလမ္းမနံေဘးရွိ KBZ ဘဏ္မွ ေငြက်ပ္ေျခာက္သိန္းအား လႊဲေပးၿပီး ၄င္းအားဆက္သြယ္လာေသာ ဖုန္းနံပါတ္ သို႔လႊဲၿပီး ေၾကာင္းေျပာရန္ ဆက္သြယ္ ေသာအခါ ဖုန္းမွာ စက္ပိတ္ထားကာ ဆက္သြယ္မရေတာ့သျဖင့္ ေငြက်ပ္ ေျခာက္သိန္းအား လိမ္လည္ခံလိုက္ရ ေၾကာင္း သိရွိခဲ့ရျခင္းျဖစ္ေၾကာင္း သိရ သည္။

ယင္းလိမ္လည္ခံရသည့္ အေၾကာင္းကို မတ္ ၈ ရက္ မြန္းတည့္ ၁၂ နာရီခန္႔တြင္ ေပါင္းတည္ၿမိဳ႕ ေျမာင္းဆုံေက်းရြာအုပ္စု စပါးေထာင္း ေက်းရြာေန ေယာက္ဖျဖစ္သူ ကိုေက်ာ္ မင္းစိုးအား ဖုန္းျဖင့္ေျပာျပခဲ့ရာ ကိုေက်ာ္ မင္းစိုးမွာလည္း ကံစမ္းမဲေပါက္သည္ဟု ဆို၍ ေဒၚမိုးမိုးစန္းအား ေျမာက္ဥကၠလာပKBZ ဘဏ္သို႔ ေငြက်ပ္ ၁၂ သိန္းလႊဲေပး ရန္ ေျပာၾကားသျဖင့္ ျပည္ၿမိဳ႕ KBZ ဘဏ္မွ ေငြသြင္းၿပီးျဖစ္၍ ကိုေက်ာ္မင္းစိုး မွ ဘဏ္မန္ေနဂ်ာသို႔ အေၾကာင္းၾကားရာ ျပည္ဘဏ္ႏွင့္ ေျမာက္ဥကၠလာပဘဏ္တို႔ ခ်ိတ္ဆက္၍ ေျမာက္ဥကၠလာပရဲစခန္းသို႔ အေၾကာင္းၾကားရာမွ ျပစ္မႈက်ဴးလြန္သူ ေငြထုတ္ယူရန္ ေစာင့္ဆိုင္းေနစဥ္ ဖမ္းဆီး ရမိခဲ့ေၾကာင္း သိရသည္။ အမႈအား ေပါင္းတည္ ၿမိဳ႕မရဲစခန္းက စစ္ေဆးလ်က္ ရွိေၾကာင္း သိရသည္။

ကိုလြင္(ဆြာ)

Myanmaalinn

Unicode

ဖုန်းနံပါတ်ဖြင့် ကံစမ်းမဲ ငွေကျပ်သိန်း ၂ဝဝ ပေါက်သည်ဟုဆိုကာ လိမ်လည်ငွေ တောင်းခံသူအား ပြည်ခရိုင် သဲကုန်း မြို့နယ် ရွာသာလှကျေးရွာ၌ ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူအား ရဲစခန်းအချင်းချင်း ချိန်ဆက်၍ဖော်ထုတ်ခဲ့ရာ မတ် ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ ရဲစခန်းက ဖမ်းဆီးရမိခဲ့ပြီး ပေါင်းတည် မြို့မရဲစခန်းသို့ လွှဲပြောင်းအပ်ပေးခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၇ ရက် မွန်းလွဲ ၁ နာရီက ပြည်ခရိုင် သဲကုန်းမြို့နယ် ကြို့ပင်သာအုပ်စု ရွာသာလှကျေးရွာနေ ကိုအောင်ကိုဝင်းသည် အိမ်၌ရှိနေစဉ် ၄င်းကိုင်ဆောင်သော ဖုန်းထံသို့ ဖုန်းခေါ် ဆိုလာ၍ နားထောင်ရာ အမျိုးသားတစ်ဦး အသံဖြင့် အခွန်ဦးစီးဌာနမှ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မရှိဆင်းရဲသားများအား ကံစမ်းမဲဖောက်ပေးရာ ကိုအောင်ကိုဝင်း ကိုင်ဆောင်သော ဖုန်းနံပါတ်မှာ ကံစမ်းမဲ ကျပ်သိန်း ၂ဝဝ ပေါက်ကြောင်း၊ နိုင်ငံ တော် အခွန်ရုံးသို့ ငွေကျပ်ခြောက်သိန်း အခွန်ပေးဆောင်ရန်အတွက် မြေနီကုန်းရှိ KBZ ဘဏ်သို့ ဒေါ်မိုးမိုးစန်း အမည်ဖြင့် မှတ်ပုံတင်နံပါတ်အား လွှဲပေးရန် ပြောသဖြင့်

မွန်းလွဲ ၂ နာရီခန့်တွင် ဇနီးဖြစ်သူနှင့်အတူ ပေါင်းတည်မြို့ ဈေး-၂ ရပ်ကွက် ရန်ကုန်-ပြည် အဝေးပြေး ကားလမ်းမနံဘေးရှိ KBZ ဘဏ်မှ ငွေကျပ်ခြောက်သိန်းအား လွှဲပေးပြီး ၄င်းအားဆက်သွယ်လာသော ဖုန်းနံပါတ် သို့လွှဲပြီး ကြောင်းပြောရန် ဆက်သွယ် သောအခါ ဖုန်းမှာ စက်ပိတ်ထားကာ ဆက်သွယ်မရတော့သဖြင့် ငွေကျပ် ခြောက်သိန်းအား လိမ်လည်ခံလိုက်ရ ကြောင်း သိရှိခဲ့ရခြင်းဖြစ်ကြောင်း သိရ သည်။

ယင်းလိမ်လည်ခံရသည့် အကြောင်းကို မတ် ၈ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ပေါင်းတည်မြို့ မြောင်းဆုံကျေးရွာအုပ်စု စပါးထောင်း ကျေးရွာနေ ယောက်ဖဖြစ်သူ ကိုကျော် မင်းစိုးအား ဖုန်းဖြင့်ပြောပြခဲ့ရာ ကိုကျော် မင်းစိုးမှာလည်း ကံစမ်းမဲပေါက်သည်ဟု ဆို၍ ဒေါ်မိုးမိုးစန်းအား မြောက်ဥက္ကလာပKBZ ဘဏ်သို့ ငွေကျပ် ၁၂ သိန်းလွှဲပေး ရန် ပြောကြားသဖြင့် ပြည်မြို့ KBZ ဘဏ်မှ ငွေသွင်းပြီးဖြစ်၍ ကိုကျော်မင်းစိုး မှ ဘဏ်မန်နေဂျာသို့ အကြောင်းကြားရာ ပြည်ဘဏ်နှင့် မြောက်ဥက္ကလာပဘဏ်တို့ ချိတ်ဆက်၍ မြောက်ဥက္ကလာပရဲစခန်းသို့ အကြောင်းကြားရာမှ ပြစ်မှုကျူးလွန်သူ ငွေထုတ်ယူရန် စောင့်ဆိုင်းနေစဉ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ အမှုအား ပေါင်းတည် မြို့မရဲစခန်းက စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ကိုလွင်(ဆွာ)

Myanmaalinn

About popinvdo.xyz(ပဲပင္​​ေပါက္​)

View all posts by popinvdo.xyz(ပဲပင္​​ေပါက္​) →

Leave a Reply

Your email address will not be published. Required fields are marked *