အားလုံး​စောင့်​​မျှော်​​နေတဲ့ သင်္ကြန်​စာလာပါပီ မြန်​မာသက္ကရာဇ်​ ၁၃၈၀ ခုနှစ်​ ၂၀၁၈ သင်္ကြန်​စာ လာပါပီ


ကဲ အားလုံး​စောင့်​​မျှော်​​နေတဲ့ သင်္ကြန်​စာလာပါပီမြန်​မာသက္ကရာဇ်​၁၃၈၀ခုနှစ်​ ၂၀၁၈သင်္ကြန်​စာ လာပါပီမြန်​မာသက္ကရာဇ်​ ၁၃၈၀ ခုနှစ်​ အတွက်​သူရိယသိဒ္ဓ န္တ မန္တ​လေး မဟာသင်္ကြန်​စာ

မဟာသင်္ကြန်ကျချိန်​ ၁၃၇၉ခု၊​နှောင်​တန်​ခူးလပြည့်​ကျော်​(၁၄)ရက်​၊ခရစ်​နှစ်​ ၂၀၁၈ ခုနှစ်​ ဧပြီလ(၁၄)ရက်​ စ​နေ​နေမြန်​မာစံ​တော်​ချိန်​ နံနက်​(၁၁)နာရီ(၉)မိနစ်​(၅)စက္ကန့့်

မဟာသင်္ကြန်​အကြတ်​​နေ့ ၁၃၇၉ခုနှစ်​နှောင်း ကဆုန်​လဆန်း၁ရက်​ခရစ်​နှစ်​၂၀၁၈ခုနှစ်​ ဧပြီလ ၁၅ရက်​၊ တနင်္ဂ​နွေ​နေ့။

မဟာသင်္ကြန်​တက်​ချိန်​ ၁၃၇၉ခုနှစ်​​နှောင်းကဆုန်​လဆန်း၂ရက်​ခရစ်​နှစ်​၂၀၁၈ခုနှစ်​ဧပြီလ၁၆ရက်​ တနင်္လာ​နေ့မြန်​မာစံ​တော်​ချိန်​ မွန်းလွဲည​နေ(၃)နာရီ(၁၃)မိနစ်​(၄၇)စက္ကန့်​။

နှစ်ဆန်းတစ်​ရက်​ ၁၃၈၀ခုနှစ်​ကဆုန်လဆန်း(၃)ရက်​ခရစ်​နှစ်​၂၀၁၈ခုနှစ်​ဧပြီလ၁၇ရက်​ အင်္ဂါ​​နေ့။

(သုဒ္ဓဒိန်​-၁)
=======
ဇေယျတု သဗ္ဗမင်္ဂလံ။ အချင်းယူဇနာ ၅၀လုံးဝန်းယူဇနာ ၁၅၀ အတွင်းကား​ရွှေ အပကား ဖလ် အတိပြီး​သော​ ရောင်​ခြည်​တထောင်​​ဆောင်​​သော”ဘာနုရာဇာ”မည်​​သောတနင်္ဂ​နွေဂြိုလ်​မင်းသည်​တ​ပေါင်းဖြစ်​​သော မိန်​ရာသီ​ ​ရေဝတီနက္ခတ်​စတုထ္ထပါဒ်​ အဝသာန်​နဝင်း မှတန်​ခူးဖြစ်​​သော မိဿ ရာသီ အဝနီဿ နက္ခတ်ပထမပါဒ်​ အာဒိနဝင်းထက်​သို့ တွက်​စစ်​​ ကောဇာနှစ်​သင်္ချာကား၁၃၇၉ခုနှစ်​ ​နှောင်းတန်​ခူးလပြည့်​​ကျော်​ ၁၄ရက်​ခရစ်​နှစ်​ ၂၀၁၈ခုနှစ်​ ဧပြီလ ၁၄ရက်​ စ​နေ​နေ့မြန်​မာစံ​တော်​ချိန်​နံနက်​စက်​ ၁၁နာရီ ၉မိနစ်​ ၅စက္ကန့်​မြန်​မာပဟိုရ်​ နံနက်​၁ချက်​တီး​ ​ကျော်​ ၅နာရီ ၂ပါဒ်​ ၁၁ဗီဇနာ ၅၉ခရာအချိန်​ ​မေထုန်​ရာသီလဂ်​၊မိန်​ရာသီစန်း တနင်္လာ​ဟောရတ်​ ၊ စ​နေကြင်း အင်္ဂါနဝင်း၊ စ​နေဒွါဒသင်း ၊ဗုဒ္ဓဟူးတိံသင်း ၊နက္ခတ်​ ၆လုံး၊ပါဒ်​ပြည့်​ ၊ ၉ဃဋီ ၊ ၅၀,ဝိဃဋီ ၊ ၃အနုဃဋီပြည့်​ထက်​လဂ်​စီးလျက်​၊ထိုနာရီ၏က္ကုဋ္ဌဘဝါး​သော်​ကား ၊ ၁ဘဝါး ၊ ၁၃လက်​သစ်​၊၃မု​ယောတွင်​ဗိသျှတိကရိုဏ်း နှင့်​ ယှဉ်​လျက်​ ၊ ဘာနုရာဇာမည်​​သောတနင်္ဂ​နွေဂြိုလ်​မင်းသည်​​ အောက်​မဲညိုပွင့်​အဆင်းနှင့့်တူ​သော အဝတ်​တန်​ဆာကိုဝတ်​ဆင်​လျက်​ဘီလူးစီး၍၊လက်​တဖက်​ကား ထင်းမီးကိုကိုင်​၍ကျန်​လက်​တဖက်​ကား ဝမ်းကိုပိုက်​လျက်​အ​ရှေ့​မြောက်​​ထောင့်​ မှသည်​အ​နောက်​​တောင်​​ထောင့်​သို့ဝင်​၏။ရဿကာ​ဒေဝီနတ်​သမီးကားအလှည့်​​စေ့၍ ပရမီသွာနတ်​မင်း၏သား (အာသီ) အမည်​ရှိ​သောဗြဟ္မာမင်း၏ဦး​ခေါင်းကို ကမ်းသည်​ရှိ​သော်​နန္ဒာ​ဒေဝီနတ်​သမီးကားလက်ျာသို့ တ​စောင်း​ ခြေဆင်းလျက်​လှမ်းလင့်​၏။ကညာ​ဒေဝီနတ်​သမီးကား အဖြူ,အနီ,အစိမ်း,အပြာ,အဝါ အားဖြင့်​ “ငါးပါး​”သောအဆင်းဖြင့်​ပြီး​သောအဝတ်​တန်​ဆာကိုဝတ်​ဆင်​လျက်​ သင်္ကြန်​မင်းကို​​စောင့်​လင့်​၏။မိုးဦးမိုး​နှောင်း​ကောင်းအံ့,မိုးလယ်​တံ့အံ့။မိုးကြိုးကြား တဖျင်းသုံးရွာအံ့။ကောက်​ပဲအသီးအနှံ မ​ကောင်း ၊ ပိုး​တောက်​တဲ့​ဗောက်​ဖတ်​ထူအံ့။အရွက်​ အခက်​ အဖု အမြစ်​​ကောင်းအံ့။ပြည်​ရွာမီး​လောင်​ဖန်​များအံ့ ၊လူတို့ အနာ အဖျားများကုန်​အံ့။ကျွဲ နွား အ​သေအ​ပျောက်​များအံ့။ထိုအသားကိုစား၍ လူတို့၌အသားမာများ​ပေါက်​အံ့။ပိဋကတ်​ ​ဗေဒင်​တတ်​​သော ရဟန်း ၊ ပုဏ္ဏားတို့ဒဏ်​သင့်​ကုန်​အံ့။ထိုနှစ်​သူပုန်​ သူကန်​များအံ့။ မင်းဥပဒ်​ဖြစ်​အံ့။မြေမငလျင်​လှုပ်​အံ့။ဘုရားပုထိုး ပြိုပျက်​အံ့။ဆား ငရုတ်​စွန်​အံ့။(ဤကားမဟာသင်္ကြန်​အကျအ​ဟောတည်း)

သင်္ကြန်​သုံးပါးတို့တွင်​သမန္တမဟာသင်္ကြန်​ဖြစ်​​သော​ကြောင့်​သင်္ကြန်​ကျပြီး​နောက်​ ၂၄မိနစ်​ ​ရောက်​​သောအချိန်​၌ဦး​ခေါင်း​ဆေးမင်္ဂလာပြုရာ၏။ဤကားအများနှင့်​သက်​ဆိုင်​​သော သာမည အခါ​ပေတည်း။ အသီးအသန့်​ဝိ​သေသအခါ​ပေးကားသင်္ကြန်​​မြေခံ​သောသင်္ကြန်​ကျသည့်​ဘအချိန်​တွင်​တိထီ ၁၃လုံး ၄ဃဋီ၌ဣဋ္ဌ​ ​သောကြာ​မြေခံ၏။သင်္ကြန်​ကျသည့်​ရက်​မှာ စ​နေ​​နေ့ဖြစ်​၏။သို့ဖြစ်​ရာသင်္ကြန်​အကျ​မြေခံ သာကြာ​နေ့ဖွားသားသမီးနှင့်​သင်္ကြန်​အကျ​နေ့ စ​နေ​နေ့ဖွားသားသမီးတို့မှကြွင်းကျန်​ကုန်​​သော ​နေ့သားသမီးတို့သည်​မိမိတို့၏​နေ့အလိုက်​ဂဟပတိအရပ်​ကား တနင်္ဂ​နွေသားသမီးအတွက်​မိမိ​မွေးနံကျရာ တနင်္ဂ​နွေအရပ်​ဖြစ်​​သောအ​ရှေ့​မြောက်​အရပ်​ကို ပရိဝါရမှဆက်​၍အာယု,နာဂရ ဘုမ္မိ,ဂဟပတိဟု​ ရေတွက်​၍လက်​ယာရစ်​ အားဖြင့်​ အရပ်​မျက်​နှာကိုလှည့်​၍ ယူရာတွင်​အ​နောက်​​တောင်​​ထောင့်​အရပ်​သည်​ ဂဟပတိအရပ်​ဖြစ်၏။ထို့​ကြောင့်​ တနင်္လာသားသမီးကား အ​နောက်​ရပ်​အင်္ဂါသားသမီးကားအ​နောက်​​မြောက်​​ထောင့်​အရပ်​ဗုဒ္ဓဟူး​နေ့သားသမီးကား​ မြောက်​အရပ်​ကြာသပ​တေးသားသမီးကား အ​ရှေ့အရပ်​ရာဟုသားသမီးကားအ​ရှေ့​တောင်​​ထောင့်​အရပ်​များသို့မျက်​နှာမူပြီးလျှင်​မိမိတို့နံ၏အမြစ်​ဖြစ်​​​သောတနင်္ဂ​နွေကား ဒန်းညွန့်​တနင်္လာကား အုန်းညွန့်​အင်္ဂါကား ကံ​ကော်​ညွန့်​ဗုဒ္ဓဟူးကား​ ​မြေစာညွန့်​ကြာသပ​တေးကား ချယား (ရွက်​လှ)ညွန့်​ရာဟုကား ​​မြေစာညွန့်​ အမြစ်​ နှင့်​ အတူပန်းညွန့်​တို့ကို နင်းကြမ်းပြု၍ မိမိတို့နံ၏ အညွန့်​ပန်း ဖြစ်​​သောတနင်္ဂ​နွေကား ကံ့​ကော်​ညွန့်​တနင်္လာကား​​မြေစာညွန့်​အင်္ဂါကား ချယား(ရွက်​လှ)ညွန့်​ဗုဒ္ဓဟူးကား သ​ပြေညွန့်​ကြာသပ​တေးကား လသီးညွန့်​ရာဟုကားသ​ပြေညွန့်​ ဟူ​သော အညွန့်နှင့်​နံတူ ပန်းပွင့်​ ၊ ပန်းညွန့်​တို့ကို အသီးသီး​ဆောင်​လျက်​ရတနာသုံးပါး၊မိဘဘိုးဘွား၊ဆရာသမားသကြား ၊ ဗြဟ္မာ ၊ စတုလောကပါလ ၊ သာသနာ​တော်​​စောင့်​ ၊ သမ္မာ​ဒေဝ နတ်​မြတ်​နတ်​​ကောင်း တို့ကို ပူ​ဇော်​ကန်​​တော့ပြီး မိမိတို့ လိုရာဆန္ဒကို ဆု​တောင်း၍ဦး​ခေါင်း​ဆေးမင်္ဂလာပြုကုန်​ရာသည်​။သင်္ကြန်အကျ​​မြေခံ​နေ့သားသမီးဖြစ်​​သော​သောကြာ​နေ့သားသမီးတို့သည်​ မိမိတို့၏ဂဟပတိအရပ်​ဖြစ်​​သော​ တောင်​အရပ်​ သစ်​ပင်​ရင်းတွင်​​​သောကြာ ၏ အမြစ်​​ နေ့နံ ဖြစ်​သည့်​ သ​ပြေညွန့်​ကိုအခင်းပြု၍​​သောကြာ၏ နံအညွန့်​ပန်း ဖြစ်​သည့်​ ဒန်းညွန့်​ကို​ဆောင်​လျက်​ အကျရက်​၌ အကျတိထီ​မြေခံပြတ်​​သောနံနက်​ ၉ နာရီ ၁၉မိနစ်​​ နောက်​ပိုင်း သင်္ကြန်​အကျဂြဟဇာပွင့်​ရာ​မြောက်​အရပ်​သို့မျက်​နှာမူပြီးလျှင်​ဘဦး​ခေါင်း​ဆေးမင်္ဂလာပြုကုန်​ရာသည်​။သင်္ကြန်အကျ​နေ့စ​နေသားသမီးတို့သည်​သင်္ကြန်​အကြတ်​​နေ့တွင်​ မိမိတို့၏ဂဟပတိအရပ်​ဖြစ်​​သော​ အ​ရှေ့​မြောက်​အရပ်​ သစ်​ပင်​ရင်းတွင်​စ​နေ၏အမြစ်​​ နေ့နံဖြစ်​သည့်​ သီးညွန့်​ကိုအခင်းပြု၍ စ​နေ၏ နံညွန့်​ပန်း ဖြစ်​သည့်​ အုန်းညွန့်​ကို​ဆောင်​လျက်​သင်္ကြန်​အကြတ်​ရက်​ဖြစ်​​သောတနင်္ဂ​နွေ​နေ့၌ဂြဟဇာပွင့်​ရာသင်္ကြန်​အကြတ်​ဂြဟဇာဖြစ်​​သောအ​နောက်​အရပ်​သို့မျက်​နှာမူပြီးလျှင်​ရတနာသုံးပါး၊မိဘဆရာ၊ဗြဟ္မာသကြား၊စတု​လောကပါလသာသနာ​တော်​​စောင့်​နတ်​မြတ်​နတ်​​ကောင်းတို့အားလို​သောဆုကို​တောင်းပြီးဦး​ခေါင်း​ဆေးမင်္ဂလာပြုကုန်​ရာသည်​။ဦး​ခေါင်း​ဆေးရ​သောအကျိုးကား။ ။သင်္က​န္တေ၊သင်္ကြန်​ဟု​ခေါ်​ဝေါ်အပ်​​သော တနင်္ဂ​နွေဂြိုလ်​မင်းသည်​။ပုဏ္ဏ​မေ၊အံသာ၃၆၀ရသဖြင့်​ တစ်​ဘဂဏပြည့်​၍မိန်​ရာသီ အဝသာန်​နဝင်းမှ မိဿရာသီ အာဒိနဝင်းသို့​ပြောင်းခဲ့သည်​ရှိ​သော်​ဣဓ၊ဤလူ့ပြည်​၌။မဏဝါ သတ္တ၀ါဟု​ခေါ်​ဝေါ် အပ်​ကုန်​​သော။မနုဇာ၊လူအ​ပေါင်းတို့သည်​။ သိရာ,ဦး​ခေါင်း​ဆေးကုန်​ရာ၏။တေသံ,ထိုဦး​ခေါင်း​ဆေးကုန်​​သောသူတို့အား၊သတ္တဘာဂီ ၊ ခုနစ်​နှစ်​ကဖြစ်​ကုန်​​သော။ရောဂီ ၊ အနာမျိုးတို့သည်​။ ဝိနာ​သေယျုံ၊ကင်း​ပျောက်​ကုန်​ရာ၏။ သုခဘာဂီ ၊ ချမ်းသာခြင်း၏ အဖို့ဖြစ် ကုန်​​သော သတသဟဿာနိ၊တစ်​သိန်း​သော အကျိုးတို့သည်​။ဘ​ဝေယျုံ၊ဖြစ်​ကုန်​ရာ၏။သင်္ကြန်​အခါ​ရှောင်​ကြဉ်​ရန်​အမှုများကား`နရုဒံ ​မေထုနံ သုရာ၊ဝဓ​ကော​ဓေန ​တေလတာ။ရုက္ခ​ဆေဒါ ဟနန္တဿ၊ကိ​ဏေယျဝိက္ကိ​ဏေယျ ဝါဣမာနိ ဒသကမ္မာနိ၊သ​က္ကောပိ ပရိဝဇ္ဇ​ယေ “ဟု ဆို​သော​ကြောင့်​ မင်္ဂလာစကား ၊ လင်္ကာကြားအံ့၊​ကြောင်းလျာစုံ​စေ့ သင်္ကြန်​​နေ့၌ မ​တွေ့​ဝေးစွာ၊​​ရှောင်​ကုန်​ရာသား ၊v၁ မသာနှလုံး ညှိုးချုံးစိုးရိမ်​မငြိမ်​ပူ​ဆွေး ၊ ငို​ကြွေးကုန်​ထ ၊ ၂ ကာမအရာ၊မေထု နာနှင့်​ ၊ ၃ ပါဏာသတ်​ပုတ်​လ၊ ၄ ​သောက်​တုတ်​​​သေရက်​ ၊ ၅ မျက်​ထွက်​မာန ၊လပဋိဃ နှင့်​​ ဒေါသကိုငြိမ်း ၊ ၆ ဆီလိမ်းပွတ်​ဆင်​ ၊ ၇ သစ်​ပင်​ခုတ်​ဖြတ်​၊၈ သတ်​ခတ်​ ကုန်​​ရှောင်​ ၊ ၉ အ​ရောင်း ၊ ၁၀ အဝယ်​လဲလှယ်​ဟူသည်​ ဤဆယ်​မည်​ကို လူ့ပြည်​လူ့ခွင်​လူကိုစင်​ထား ၊ မြင်းမိုရ်​ဖျားဝယ်​ ၊ သိကြား​သော်​မှ မပြုရရာ၊​ရှောင်​ကြဉ်​ရာဟု ကျမ်းလာ​သော်​ကား လင်္ကာကြားသည်​။(ဤကားမဟာသင်္ကြန်​အကျအလိုတည်း)

၁.တနင်္ဂ​နွေဖွားသားသမီးတို့သည်​ဤနှစ်​တွင်​ မိမိစွမ်းရည်​ဖြင့်​ဘရည်​မှန်းချက်​ တစ်​ခုတည်းစွဲမြဲစွာ ကြိုးစားလျှင်​​အောင်​မြင်​မှုရရှိနိုင်​အံ့။အိမ်​​ထောင်​​ရေး ကံဆိုးမှုဘမကြုံ​စေရန်​ လူမှု​ရေးအရှုပ်​အ​ထွေးမှုများ​ရှောင်​ကြဉ်​နိုင်​လျှင်​ ပိုမိုကံ​ကောင်းနိုင်​အံ့။ပညာ​ရေးအခွင့်​အလမ်း​ကောင်းများကို​ကောင်းစွာအသုံးချပြီးကြိုးစားလျှင်​ ရည်​မှန်းချက်​​အောင်​ မြင်​နိုင်​အံ့ ၊​ လေနာ ၊​ လေငန်း ၊ လိပ်​​ခေါင်း​ဝေဒနာ၊ ဝမ်းဗိုက်​ ၊အစာအိမ်​​ဝေဒနာဖြစ်​ပွားနိုင်​အံ့။မည်​သည့်​ကိစ္စမဆိုလူအများနှင့်​​ဆောင်​ရွက်​ခြင်းကို​ရှောင်​ကြဉ်​သင့်​သည်​။အင်္ဂါ​နေ့ နှင့်​ကြာသပ​​တေးသားသမီးတို့ နှင့်​ အကျိုး​ပေး​ကောင်းအံ့။ ကုန်​မျိုးစုံ၊ပဲမျိုးစုံ၊​ဆေး၊စာ​ပေလုပ်​ငန်း၊အိမ်​,ခြံ​,​မြေလုပ်​ငန်းတို့တွင်​​အောင်​မြင်​နိုင်​အံ့။ချစ်​မှု​ရေးရာတွင်​ဘဦး​နှောက်​ထက်​နှလုံးသားကိုဦးစား​ပေးလျှင်​အမှားကြုံနိုင်​အံ့။#ယတြာ ​မွေး​နေ့နံနက်​၉:၁၈အချိန်​ကြာသပ​တေးနံဘုရားတွင်​အဖြူ​ ​ရောင်​ဝတ်​ဆင်​လျှက်​ သရက်​ညွန့်​ ၉ညွန့်​ကပ်​လှူ ပူ​ဇော်​ပါ။၂တနင်္လာ​နေ့ဖွားဘသားသမီးတို့သည်​ ဤနှစ်​တွင်​လုပ်​ငန်းလုပ်​​ဆောင်​ရာ၌တာဝန်​ယူမှု၊တာဝန်​ခံမှုရှိပြီးလုပ်​​ဆောင်​လျှင်​​အောင်​မြင်​အံ့ ၊ လူမှုဆက်​ဆံ​ရေးတွင်​လှည့်​ပတ်​ဖုံးကွယ်​မှုကင်းပြီးကတိတည်​လျှင်​ဂုဏ်​ဒြပ်​မြင့်​အံ့ ၊ ဘာသာတရားကိုင်းရှိုင်းလျှင်​​ရေ​ဘေးကြုံနိုင်​​သော်​လည်း အန္တရာယ်​မှ လွတ်​ကင်းနိုင်​ပြီးမရှိလျှင်​​ဘေးကြုံနိုင်​အံ့။ အရှိန်​အဝါကြီးကဲသူအမျိုးသမီးများကကူညီ​စောင့်​​ရှောက်​အံ့ ၊​ ငွေ​ကြေးကိုစည်းစနစ်​ဖြင့်​သုံးစွဲလျှင်​ကံ​ကောင်းနိုင်​အံ့ ၊ အဆုတ်​,အသည်း,ရင်​ဘတ်​နှင့်​ ပတ်​သက်​​သော​ဝေဒနာဖြစ်​ပွားနိုင်​အံ့။တနင်္လာ​​နေ့ဖွား ဗုဒ္ဓဟူး​နေ့ဖွားသားသမီးတို့နှင့်​ကံအကျိုး​​ပေး​ကောင်းအံ့ ၊​ ဖျော်​ရည်​အလှကုန်​,ဖက်​ရှင်​ဒီဇိုင်နာတို့တွင်​​အောင်​မြင်​အံ့။မေတ္တာ​ရေးတွင်​နှလုံးသားထက်​ဦး​နှောက်​ကိုဦးစား​ပေးလျှင်​ပဆင်​​ပြေနိုင်​အံ့။#ယတြာ>​မွေး​နေ့နံနက်​ ၉:၉အချိန်​ရာဟုနံဘုရားတွင်​မ​ဟော်​ဂနီ​ရောင်​ဝတ်​ဆင်​ပြီး​ပေါက်​စီ ၃လုံးလှူဒါန်းပါ။၃.အင်္ဂါ​နေ့ဖွားသားသမီးတို့သည် ဤနှစ်​တွင်​အလုပ်​စီးပွားနှင့်​လူမှု​ရေးတွင်​စိုးရိမ်​လွန်​ခြင်း၊အားနာတတ်​ခြင်းတို့ကို​ရှောင်​ကြဉ်​လျက်​စိတ်​တည်​ငြိမ်​ပြီးဆုံုးဖတ်​ချက်​မှန်​လျှင်​​အောင်​မြင်​နိုင်​အံ့။အ​ပေါင်းအသင်းမှားနိုင်​အံ့၊ခရီးတိုလရီးရှည်​မကြာခဏသွားရအံ့၊ကိုယ်​ထူးကိုယ်​ချွန်​လုပ်​ကိုင်​လိုစိတ်​ပြင်းပြအံ့၊မိသားစု၊အိမ်​တွင်း​ရေး၊သား​​ရေးသမီး​ရေးကိစ္စများအညံ့ကြုံနိုင်​အံ့၊ပညာ​​ရေးတွင်​စိတ်​ပျံ့လွင့်​မှုမရှိပဲကြိုးစားလျှင်​​အောင်​မြင်​အံ့။နှလုံး,အသည်း,​သွေးနှင့်​ပတ်​သက်​​သော​ဝေဒနာဖြစ်​ပွားနိုင်​အံ့။ပျိုရွယ်​သူများအ​နေဖြင့်​သတိနှင့်​​နေထိုင်​လျှင်​ကံ​ကောင်းနိုင်​အံ့။အင်္ဂါ​နေ့ကြာသာပ​တေး​နေ့ဖွားသားသမီးတို့နှင့်​အကျိုး​​ပေး​ကောင်းအံ့။စာ​ပေလုပ်​ငန်း,ဆန်​စက်​,ဆီစက်​ကားထုတ်​လုပ်​​ရောင်းဝယ်​ခြင်းအကျိုး​ပေးအံ့။ယတြာ ​မွေး​နေ့နံနက်​ ၉:၂၇အချိန်​​​သောကြာနံဘုရားတွင်​နက်​ပြာ​ရောင်​ဝတ်​ဆင်​ပြီးနှင်းဆီပန်း၃ပွင့်​လှူပါ။၎.ဗုဒ္ဓဟူး​နေ့ဖွားသားသမီးတို့သည်​ ဤနှစ်​တွင်​ လူမှု​ရေးနှင့်​အလုပ်​စီးပွား၌အပျော်​အပါးနှင့်​​လောင်းကစားတို့ကို​ရှောင်​ကြဉ်​ပြီးဘာသာတရားကိုင်းရှိုင်းခြင်းမိဘနှင့်​​ကျေးဇူးရှိသူတို့ကို​ကျေးဇူးသိသူများအ​နေဖြင့်​ကံ​ကောင်းနိုင်​၏။ထီ​ပေါက်​ကိန်း၊အိမ်​​ထောင်​ဘက်​မှအ​မွေ၊​ငွေ​​ကြေးဥစ္စာရရှိနိုင်​အံ့၊​ဆေးထိုး​ဆေး​သောက်​မှားနိုင်​အံ့။စ​နေတနင်္လာ​နေ့ဖွားတို့နှင့်​ကံအကျိုး​ကောင်းနိုင်​အံ့။ယုံကြည်​မှုအလွဲသုံးစားခံရကိန်းရှိအံ့။အိမ်​​ခြံ​မြေအတွက်​အရှုပ်​အရှင်း​ဖြေရှင်းရအံ့။အတိတ်​ကရန်​သူ,ယခုမိတ်​​ဆွေဖြစ်​ကိန်းကြုံအံ့။အဝတ်​အထည်​,ရတနာ​ရောင်းဝယ်​ခြင်းနှင့်​ဓာတ်​သတ္ထုတူး​ဖော်​​ရေး၊ထီ​ရောင်းဝယ်​ခြင်းတို့တွင်​အကျိုး​ပေးအံ့။မိဘ​ဆွေမျိုးမှသ​ဘောမတူသူနှင့်​အချစ်​​ရေးကိစ္စကြုံနိုင်​ပြီးမကြာမီ​ပြေလည်​သွားနိုင်​အံ့။ယတြာ ​မွေး​နေ့၊တနင်္ဂ​နွေနံဘုရားတွင်​နံနက်​၉:၃၆အချိန်​ဆင်​ဆွယ်​​ရောင်​ဝတ်​ဆင်​ပြီးမြတ်​​လေးညွန့်​၉ညွန့်​လှူပါ။.ရာဟု​နေ့ဖွားသားသမီးတို့သည်​ ဤနှစ်​တွင်​​ငွေဝင်​ပါက​ရွှေဝယ်​ယူစု​ဆောင်းလျှင်​မြဲနိုင်​အံ့။ကိုယ်​ကျင့်​သီလရှိသူတို့အဖို့မိတ်​​ကောင်း​တွေ့ပြီးကံ​ကောင်းနိုင်​အံ့။ချစ်​သူ​ဟောင်းမိတ်​​ဆွေ​​ဟောင်းတို့နှင့်​ဆုံဆည်းရအံ့။ဘုရားဖူး၊အလုပ်​စီးပွားအတွက်​အကျိုးရှိ​သောပြည်​တွင်းပြည်​ပခရီးသွားရအံ့။ဆရာ​ကောင်းနှင့်​မိမိကြိုးစားအားထုပ်​မှု​ပေါင်းစပ်​လျှင်​ရည်​မှန်းချက်​​အောင်​မြင်​အံ့။သောကြာ၊တနင်္လာ​နေ့ဖွားတို့နှင့်​အကျိုး​ပေးအံ့။ဟိုတယ်​နှင့်​ခရီးသွားလုပ်​ငန်း၊အထည်​အလိပ်​လုပ်​ငန်း၊အိုင်​တီ၊ကွန်​ပျူတာလုပ်​ငန်း၊မီဒီယာလုပ်​ငန်းတို့နှင့်​အကျိုး​ပေး​ကောင်းအံ့။လေဖြတ်​အစာအိမ်​​ရောဂါဖြစ်​ပွားအံ့။ချစ်​မှု​ရေးရာတွင်​နှလုံးသားထက်​ဦး​နှောက်​ကိုဦးစား​ပေးတတ်​ပြီးကိုယ်​ချစ်​ထက်​သူချစ်​ကိုဦးစား​ပေးလျှင်​ကံ​​ကောင်းနိုင်​အံ့။ယတြာ ​မွေး​နေ့နံနက်​၉:၄၅ အချိန်​ဗုဒ္ဓဟူးနံဘုရားတွင်​အကွက်​အ​ပြောက်​​ရောင်​မုန့်​လုံး​ရေ​ပေါ်၉လုံးကပ်​လှူပါ။၅.ကြာသပ​တေး​နေ့ဖွားသားသမီးတို့သည်​ ဤနှစ်​တွင်​မည်​သည့်​ကိစ္စမဆိုတဇွတ်​ထိုး​ရှောင်​ကြဉ်​ကာလုပ်​ကိုင်​လျှင်​​အောင်​မြင်​မှုရရှိအံ့။အခွင့်​အလမ်း​ကောင်းများကို​ကောင်းစွာအသုံးခြနိုင်​ခြင်းဖြင့်​ရည်​မှန်းချက်​​အောင်​မြင်​နိုင်​အံ့။အိမ်​​ထောင်​​​ရေးတွင်​ ​ဘေး,​သွေးထိုးစကားမယုံကြည်​လျှင်​ကံ​ကောင်းအံ့။ပညာ​ရေးတွင်​ရည်​မှန်းချက်​ကြီးမှုနှင့်​စိတ်​ဓာတ်​ထက်​မြတ်​မှုတို့​ကြောင့်​​အောင်​မြင်​အံ့။အ​ခြွေအရံနှင့်​ပြည့်​စုံလျှက်​ဂုဏ်​ဒြပ်​ကြီးမြင့်​လာအံ့။ရာထူးစည်းစိမ်​တိုးအံ့၊ဆီး,အ​ကြော​ဝေဒနာ,နှလုံး,အဆုပ်​​ဝေဒနာတို့ဖြစ်​ပွားနိုင်​အံ့။တနင်္ဂ​နွေ ​သောကြာ​နေ့ဖွားတို့နှင့်​အကျိုး​ပေးအံ့၊ကန်​ထရိုက်​လုပ်​ငန်း,သစ်​လုပ်​ငန်း,ပရိ​ဘောဂလုပ်​ငန်းသွင်းကုန်​ထုတ်​ကုန်​တို့နှင့်​အကျိုး​ပေးအံ့။ကွဲကွာ​နေ​သောချစ်​သူနှင့်​ပြန်​လည်​ဆုံဆည်းနိုင်​အံ့။ယတြာ ​မွေး​နေ့နံနက်​၉:၅၄အချိန်​ အင်္ဂါနံဘုရားတွင်​နို့နှစ်​​ရောင်​ဝတ်​ဆင်​ပြီး​ပေါက်​ပန်းဖြူ၉ပွင့်​လှူပါ။သောကြာ​နေ့ဖွားသားသမီးတို့သည်​ ဤနှစ်​တွင်​ ရည်​မှန်းချက်​တခုတည်းသာ​ဇောက်​ချလုပ်​ကိုင်​ပါကစီးပွား​ရေးတွင်​​အောင်​မြင်​အံ့၊ထီ​ပေါက်​ကိန်းရှိအံ့၊ဆန့်​ကျင်​ဘက်​အပြိုင်​အဆိုင်​အား​ကောင်းလာသည်​နှင့်​အမျှ​အောင်​မြင်​မှုပိုမိုရရှိနိုင်​အံ့၊အလုပ်​သစ်​စီးပွားအသစ်​မှအကျိုးရလဒ်​​ကောင်းရရှိအံ့၊အကျိုးရှိ​သောအလုပ်​စီးပွားအတွက်​ပြည်​ပခရီးသွားရအံ့ကြန့်​ကြာ​နေ​သော​ငွေ​ကြေးဥစ္စာများပြန်​လည်​ရရှိနိုင်​အံ့။ငွေ​ကြေးဥစ္စာဝင်​လွယ်​ထွက်​လွယ်​ပျက်​စီးလွယ်​တတ်​အံ့၊​သွေးတိုး​ရောဂါ၊စိတ်​ဖိစီးမှု​ဝေဒနာ​သွေးချို​ရောဂါ​ဝေဒနာဖြစ်​ပွားနိုင်​အံ့။ကြာသပ​တေး​​နေ့ဖွားဗုဒ္ဓဟူး​နေ့ဖွားသားသမီးတို့နှင့်​အကျိုး​​ပေး​ကောင်းအံ့၊ရုပ်​ရှင်​,ဓာတ်​ပုံ,မီဒီယာလုပ်​ငန်းတို့နှင့်​အကျိုး​ပေး​ကောင်းအံ့၊​မေတ္တာ​ရေးရာတွင်​နှလုံးသား​စေစားမှုကအနိုင်​ယူသွားနိုင်​အံ့။ ယတြာ ​မွေး​နေ့နံနက်​၉နာရီအချိန်​စ​နေနံဘုရားတွင်​မ​ဟော်​ဂနီ​ရောင်​ဝတ်​ဆင်​ပြီးမုန့်​လက်​​​ဆောင်းကပ်​လှူပါ။၇စ​နေ​နေ့ဖွားသားသမီးတို့သည်​….ဤနှစ်​တွင်​မာန်​မာန​လျှော့ပြီးမှန်​ကန်​​သောဆုံးဖြတ်​ချက်​တို့​​ကြောင့်​​အောင်​မြင်​မှုရရှိနိုင်​အံ့။လုပ်​ငန်းအပြိုင်​အဆိုင်​များကို​ကျော်​လွှားနိုင်​ပြီးဂုဏ်​သတင်းထင်​​ပေါ်နိုင်​အံ့၊လူမှုဆက်​ဆံ​ရေးတွင်​အားမနာတမ်း​ပြောဆိုမှုတို့ကို​ရှောင်​ကြဉ်​လျှင်​ပိုမို​အောင်​မြင်​နိုင်​အံ့၊စွန့်​စားရ​သောအလုပ်​ကိစ္စများကို​ရှောင်​ကြဉ်​သင့်​သည်​။မိသားစုဝင်​အချင်းချင်းပဋိပခများဖြစ်​​ပေါ်တတ်​အံ့၊လူမှုအရှုပ်​အ​ထွေးများကို​​ရှောင်​ကြဉ်​နိုင်​လျှင်​စီးပွားတက်​ကာဂုဏ်​ဒြပ်​ကြီးမားနိုင်​အံ့ဗုဒ္ဓဟူး​၊​သောကြာ​နေ့ဖွားတို့နှင့်​အကျိုး​ပေးအံ့။သံ,သံမဏိလုပ်​ငန်းဟိုတယ်​နှင့်​ခရီးသွားလုပ်​ငန်းတို့နှင့်​အကျိုး​ပေးအံ့။ဆရာ​ကောင်းနှင့်​​တွေ့ပြီးကြိုးစားလျှင်​ရည်​မှန်းချက်​​အောင်​မြင်​နိုင်​အံ့။မှန်​ကန်​​သောဖူးစာရှင်​ကို​တွေ့ရအံ့။ယတြာ ​မွေး​နေ့နံနက်​ ၉:၂၇အချိန်တနင်္လာနံဘုရားတွင်​​ကော်​ဖီ​ရောင်​ဝတ်​ဆင်​ပြီးသီဟိုဠ်ညွန့်​၉ညွန့်​ကပ်​လှူပါ။

သင်္ကြန်​အတာတက်​ရ​သောအခါကား
မြန်မာသက္ကရာဇ်​ ၁၃၇၉ခုနှစ်​​နှောင်းကဆုန်​လဆန်း၂ရက်​ခရစ်​နှစ်​၂၀၁၈ခုနှစ်​ဧပြီလ၁၆ရက်​တနင်္လာ​နေ့မြန်​မာစံ​တော်​ချိန်​မွန်းလွဲည​နေစက်​၃နာရီ၁၃မိနစ်​၄၇စက္ကန့်​၊မြန်​မာပဟိုရ်​ ​နေ့၁ချက်​တီး​ကျော်​ ၀-နာရီ၊၀-​ပါဒ်​၊၁၃ဗီဇနာ ၊၂၈ ခရာ၊အချိန်​သိဟ်​ရာသီလဂ်​၊မိဿရာသီစန်း၊တနင်္လာ​ဟောရတ်​၊ကြာသပ​တေးတြင်း၊ဗုဒ္ဓဟူးနဝင်း၊ကြာသပ​တေးဒွါဒသင်း၊​ဗုဒ္ဓဟူးတိံသင်း၊နက္ခတ်​၁၀လုံး၊၁ ပါဒ်​၊၉ဃဋီ၊ ၁၇ဝီယဋီ၊၁၈အနုဃဋီထက်​လဂ်​စီးလျှက်​ထိုနာရီ၏ဣဋ္ဌဘဝါး​သော်​ကား၊၇ ဘဝါး၊၅ လက်​သစ်​၊၃ မု​ယောတွင်​ကိတုဂနကရိုဏ်းနှင့်​ယှဉ်​လျှက်​သီရိသူရိယသိဒ္ဓန္တသံဒိဋ္ဌကြမတ္တ ဗိုလ်​ပြိုသည်​နှင့်​အညီ၊သညီ​ဝေါဟာ၊သက္ကရာဇ်​ ၁၃၇၉ ခုနှစ်​ပြည့်​၍ အတာနှစ်​သစ်​ ၁၃၈၀ ခုနှစ်​သို့အနာတက်​သည်​။အတာသင့်​​သော တနင်္လာ သားသမီးတို့သည်​အတာတက်​​သောအချိန်​၌ရတနာ ၇ ပါးဖြင့်​ဆင်​ယင်​၍မြတ်​​သော​နေရာမှဘုရား,တရား,သံဃာရတနာသုံးပါး၊မိဘဘိုးဘွား၊ဆရာသမား၊ဗြဟ္မာသိကြား၊စတု​လောကပါလသာသနာ​နော်​​စောင့်​သမ္မာ​ဒေဝနတ်​မြတ်​နတ်​​ကောင်းတို့အားမိမိတို့ဆန္ဒရှိ​သောဝတ္ထုပစ္စည်းတို့ဖြင့်​လှူဒါန်းပူ​ဇော်​ပသ၍တိတီ​မြေခံဗုဒ္ဓဟူး၏ဂြဟဇာပွင့်​ရာဖြစ်​​​သောအ​ရှေ့ရပ်​သို့မျက်​နှာမူပြီးလျှင်​အတာစားကုန်​ရာ၏။(၁၃၈၀ခုနှစ်​အတာစား​သော​နေ့သည်တနင်္လာ​​နေ့ဖြစ်​သည်​ )

အတာစားခြင်းအကျိုးကား
အတာပုည၊ကုသလကို၊ပြုကြကုန်သောအမျိုးသား,အမျိုးသမီးတို့သည်​ `အတာကမ္မံက​ရောန္တဿ၊ မဟာ​ဘောဂံ မဟာသုခံ။မဟာပ္ဖလံ စတုဒ္ဒိသံ၊​ဝေရီ​ဇေယျသုမင်္ဂလံ´ဟုပ​သေနဒီ​ကောသလမင်းကြီးအားမြတ်​စွာဘုရား​ဟောကြား​တော်​မူသည်​ကိုအ​ကြောင်းပြု၍ထိုကဲ့သို့ရတနာသုံးပါးစသည်​တို့အားလှူဒါန်းပူ​ဇော်​ကြ​သောသူတို့သည်​​ကောင်းကျိုးချမ်းသာမင်္ဂလာတရားပြန့်​ပွားတိုးတက်​ပြည့်​စုံကုန်​ရာ၏။အတာဆန်းထူးနှစ်​​ဟောင်းကျူး၍တန်​ခူးလည်​သည်​၊နှစ်​အမည်​ကားဖုသျှနှစ်​တည်း။နှစ်​ကို​ခွေး​စောင့်​၏၊လကို​ကြောင်​​စောင့်​၏၊ရက်​ကိုကြွက်​​စောင့်​၏၊​မြေကိုဒက္ခရက်​ဘီလူး​စောင့်​၏၊​ကောင်းကင်​ကိုကာလမည်​​သောနတ်​သား​စောင့်​၏၊​​ရေကိုကြက်ေ​စာင့်​၏၊မိုးကို​ကျေး​စောင့်​၏၊​တောကိုခြ​င်္သေ့​စောင့်​၏။လူတို့၏အဓိပတိကားမင်း၊အ​ခြေ၄ခုတို့၏အဓိပတိကား ​ခွေး၊ငှက်​တို့၏အဓိပတိကား,ကြက်​၊သစ်​ပင်​တို့၏အဓိပတိကားသမင်​စာ၊ဝါးတို့အဓိပတိကား ဝသဲ၊မြက်​တို့အဓိပတိကား သမန်း၊နက္ခန်​၁၂လုံးငုတ်​၏၊၁၃လုံး​ပေါ်၏၊​မြေဩဇာတက်​အံ့။မိုးဦးမိုးလယ်​နာအံ့။မိုး​နှောင်း​ကောင်းအံ့၊မိုးအကြိမ်၁၀၀ရွာအံ့​ရေကြီးအံ့။တော​တောင်​မ​ကောင်းချိုင့်​ဝှမ်းရာ​ကောင်းအံ့။မြေထက်​​ရောက်​​သော​ကောက်​ပဲဟူသမျှအမြစ်​၊အဖု၊အရွက်​၊အသီးအနှံမ​ကောင်း။လူတို့မွတ်​သိပ်​ကုန်​အံ့၊အချင်းချင်းလုယက်​ကြကုန်​အံ့၊ငါး​သေအံ့၊လူတို့စကားမမှန်​ကျင့်​ကုန်​အံ့ထူးပြား​သောအနာတို့​ပေါက်​၍​သေ​ပျောက်​အံ့။ကဆုန်​၊ဝါဆို၊နတ်​​တော်​၊တ​ပေါင်းဤလကားစပါးရှားအံ့။လူတို့ငတ်​မွတ်​ကုန်​အံ့၊မီး​လောင်​ဖန်​များအံ့။မင်းလဲပမျတ်​ထွက်​ဖန်​များအံ့၊ဗိုလ်​ပါထိန်​လန့်​အံ့၊စစ်​​ရောက်​အံ့။ဥပဒ်​ကြီးဖြစ်​အံ့။ကဆုန်​လဆန်းမိုးသံကြားအံ့၊နယုန်​လမှာရွာအံ့​ကောက်​ရင်​၊​ကောက်​လတ်​ ​ကောင်းအံ့၊သစ်​သီးကွမ်းသီးနည်းအံ့၊ဤနှစ်​ဖွား​သောသားကားအနာအဖျားနည်းအံ့။စိတ်​နှလုံးဆင်းရဲအံ့။ပညာနည်းအံ့။သူ့အသက်​ကိုမချစ်​တတ်​။သူ့သားအိမ်​ယာကိုပြစ်​မှားတတ်​အံ့။အသက်​၆၀​နေရအံ့။(ဤကား အတာစက္ခုအလိုတည်း)*မြန်​မာနိုင်​ငံပြက္ခဒိ​န်​အကြံ​ပေးအဖွဲ့ဝင်​ဆရာဦးမင်းသိန်းB.Sc(Hons;)H.G.Pတို့ကတွက်​ချက်​စီမံထုတ်​​ဝေသည်​*

#Aung ko ko မှာ Copy ကူးပြိး
ဆရာမိတ်ဆွေများ သူရိယသိဒ္ဓန္တ သင်္ကြန်စာ ဟောစာတန်း လေး တင်ပေးလိုက်ပါသည်။
Share from:လှ​တောသား

ပြန်​လည်​မျှ​ဝေ​ပေးရန်​နှိပ်​ပါ✌✌✌
Share on Facebook
Facebook
0

13total visits,2visits today

, ,

About popinvdo.xyz(ပဲပင်​​ပေါက်​)

View all posts by popinvdo.xyz(ပဲပင်​​ပေါက်​) →

Leave a Reply

Your email address will not be published. Required fields are marked *