ထိုင်းလိဂ်ရောက် အောင်သူ့ခြေစွမ်းကိုချီးကျူးလိုက်တဲ့ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်


ထိုင်းလိဂ် (၁)ကလပ် Police Tero အသင်းသို့ သွား ရောက်ကစားနေသည့် တိုက်စစ် မှူးအောင်သူ၏ ခြေစွမ်းတိုးတက် လာကြောင်း မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ဂတ်ဖရိုင်း ဒရစ်က ပြောသည်။

လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် Police Tero အသင်းတွင် ခြေစွမ်းပြကစားနိုင် ပြီး ထိုင်းလိဂ် (၁)ပွဲစဉ်ငါးပွဲအပြီး၌ နှစ်ဂိုး သွင်းယူထားကာ အသင်း ဖော်များဂိုးရရှိရန် လေးကြိမ်ဖန်တီးပေးထားသည်။

‘‘အောင်သူရဲ့ ခြေစွမ်းက ပိုပြီး တိုးတက်လာတာကို တွေ့ရ တယ်။ ကြံ့ခိုင်မှု၊ နည်းစနစ် တော်တော်လေး တိုးတက်လာ တယ်။ ဒါဟာ မြန်မာအသင်း အတွက် သတင်းကောင်းပါ’’ဟု ဂတ်ဖရိုင်းဒရစ်က ပြောသည်။ ၂၀၁၈ ထိုင်းလိဂ်(၁) ပြိုင်ပွဲ ပွဲစဉ် (၅)အပြီးတွင် Police Tero အသင်းက တစ်ပွဲနိုင်၊ တစ်ပွဲ သရေ၊ သုံးပွဲရှုံး ရမှတ်လေးမှတ် ဖြင့် အမှတ်ပေးဇယားအဆင့် (၁၄) နေရာ၌ ရပ်တည်နေသည်။

ဂတ်ဖရိုင်းဒရစ်၏ မြန်မာ့လက်ရွေးစင်အသင်းသည် အာရှ ဖလားခြေစစ်ပွဲ လက်ကျန်နှစ်ပွဲ အဖြစ် ကာဂျစ္စတန်၊ မကာအို အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ် သည်။ မြန်မာအသင်းသည် မတ်လ ၆ ရက်က စတင်ကာ ကစားသမား ၁၀ ဦးဖြင့် ရန်ကုန် မြို့၌ လေ့ကျင့်နေပြီး လက်ရှိတွင် ကြံ့ခိုင်မှုကိုသာ အဓိကလေ့ကျင့်နေကြောင်း၊ ရန်ကုန်နှင့်ရှမ်းအသင်းတို့ အေအက်ဖ်စီဖလားပြိုင်ပွဲအပြီးမှသာ ကစားသမားအစုံအလင်ဖြင့် လေ့ကျင့်နိုင်မည်ဖြစ်ကြောင်း နည်းပြချုပ်က ပြောသည်။ လုံခြုံရေးအခြေအနေကြောင့်ရွှေ့ဆိုင်းခဲ့သည့် ကာဂျစ္စတန်နှင့် မြန်မာအသင်းတို့ပွဲကို မတ်လ ၂၂ ရက်တွင် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းအားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။

မြန်မာအသင်းပါဝင်သည့် ၂၀၁၉ အာရှဖလား တတိယ အဆင့် ခြေစစ်ပွဲအုပ်စု (က) တွင် အိန္ဒိယအသင်းက ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး လက်ကျန်ခြေစစ် ပွဲအောင် တစ်နေရာအတွက် ကာ ဂျစ္စတန်နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာ အသင်းသည် ခြေစစ်ပွဲနောက်ဆုံး ပွဲအဖြစ် မကာအိုအသင်းနှင့် မတ်လ ၂၇ ရက်တွင် ရန်ကုန်မြို့ ၌ ယှဉ်ပြိုင်မည်ဖြစ်သည်


Share from:လှ​တောသား

About popinvdo.xyz(ပဲပင်​​ပေါက်​)

View all posts by popinvdo.xyz(ပဲပင်​​ပေါက်​) →

Leave a Reply

Your email address will not be published. Required fields are marked *