ဖေဖေ့ရဲ့ပရိသတ်တွေကသမီးကိုလည်းချစ်လို့ဝမ်းသာတယ်ဆိုတဲ့လေပြည်သွေး


သရုပ်ဆောင် မင်းမော်ကွန်းရဲ့ သမီးလေးဖြစ်ပါတယ်။

သရုပ်ဆောင်မင်းမော်ကွန်းရဲ့ သမီးလေး လေပြည်သွေးဟာ ၂၀၁၇ ခုနှစ်အကယ်ဒမီရွှေကြိုတစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ရွှေကြိုတစ်ယောက်ဖြစ်လာတဲ့ သူ့ရဲ့ ခံစားချက်ကိုလည်း Media ကနေအခုလိုပြောပြခဲ့ပါတယ်။

” ညီမ အသက်က ၁၆ နှစ်ပါ။ အကယ်ဒမီပေးပွဲအတွက် ရွှေကြိုလုပ်ခွင့်ရတယ်ဆိုတော့ စိတ်လှုပ်ရှားပါတယ်။ ငယ်ငယ်လေးကတည်းက ဖေဖေ့ကိုဝိုင်းချစ်ကြတဲ့ ပရိသတ်တွေက သမီးကိုလည်းဝိုင်းချစ်ကြလို့ အရမ်းလည်းဝမ်းသာတယ်။ အခုလောလောဆယ်ကတော့ IGCSE ပေါ့နော် ဆယ်တန်းစာမေးပွဲနဲ့အတူတူပဲ အဲ့ဒါပြီးသွားရင် ဘာဆက်လုပ်ဖြစ်မလဲ မသိသေးပါဘူး” လို့ ဆိုပါတယ်။

အနုပညာရှင်တစ်ယောက်ရဲ့ ရင်သွေးဖြစ်ပေမယ့် ကိုယ်ဝါသနာပါတဲ့ လမ်းကိုလျှောက်ဖို့ မိဘတွေက ပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။

” အိမ်ကတော့ ညီမလုပ်ချင်တာလုပ် ညီမရွေးချယ်တဲ့ လမ်းကိုပဲ သူတို့ လိုက်ပံ့ပိုးပေးမယ်လို့ ပြောပါတယ်။ ရွှေကြိုအတွက် ပြင်ဆင်နေမှု ကလည်း အခုဆိုရင် အဝတ်အစားတွေ၊ ဖိနပ်တွေ တိုင်းတယ်၊ အိမ်မှာဆိုရင် ဖေဖေက ဘယ်လိုလုပ် ဆိုတာမျိုး သင်ပေးပါတယ်။ ပထမဆုံးပွဲ ထုတ်တဲ့အနေနဲ့ဆိုတော့ အရင်နှစ်တွေကလိုရွှေကြိုတွေခေါ်တာမျိုးမဟုတ်တော့ အထူးအဆန်းလေးဖြစ်သွားတာပေါ့” လို့ သူက ဆိုပါတယ်။

သရုပ်ဆောင်မင်းမော်ကွန်းကတော့ သား ၂ ယောက် သမီးလေးတစ်ယောက်၊ ချစ်လှစွာသောဇနီးနဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သမီးလေး လေပြည်သွေးကတော့ ဒုတိယမြောက်ရင်သွေးလေးပါ။ သားကြီး မောင်မင်းမြတ်ကလည်း အနုပညာအလုပ်တွေကို လက်လှမ်းမှီသလောက် လုပ်ကိုင်ဆောင်ရွက်နေပါသေးတယ်။

Photo: လေပြည်သွေးဖေ့စ်ဘုတ်
From:လှ​တောသား

ပြန်​လည်​မျှ​ဝေ​ပေးရန်​နှိပ်​ပါ✌✌✌
Share on Facebook
Facebook
0

1total visits,1visits today

,

About popinvdo.xyz(ပဲပင်​​ပေါက်​)

View all posts by popinvdo.xyz(ပဲပင်​​ပေါက်​) →

Leave a Reply

Your email address will not be published. Required fields are marked *