မ​နောက်​ပါနဲ့ ဆရာမရယ်


1) မ​နောက်​ပါနဲ့ ဆရာမရယ်

ဆရာမ ။ ။ က​လေးတို့ ဒီ​နေ့မနက်​ပိုင်းမှာ ​နေ့တဝက်​ပဲ ​ကျောင်းတက်​ ရမယ်​ ။

က​လေးများ ။ ။ ​ဝေး​ဟေး ။

ဆရာမ ။ ။ ကျန်​တဲ့ ​နေ့တဝက်​ ကို​တော့ ည​နေ​မှ တက်​ရမယ်​ ။

က​လေးများ ။ ။ ဟွင့်​  ။

Credit _ သန်​၄ကို

(2) အ​ပျော်​ဆုံး ‘ လ ‘

ဆရာမက ​ကျောင်းသား​တွေကို ​မေးတယ်

Teacher – ​ကျောင်းတက်​ရတဲ့ ‘ လ​ ‘ တွေ မှာ ဘယ်​ လ ကို အ​ပျော်​ဆုံးလဲ သားတို့ သမီးတို့ ။

Students – Octembruary လ ပါ ဆရာမ

Teacher – ဟဲ့ အဲဒီ ‘ လ ‘ မရှိဘူး​လေ ဟယ်​ ။

Students – ဟုတ်​ပါတယ်​ ဆရာမ ။ ​ကျောင်းတက်​​ရတာ ​ပျော်​တဲ့ ‘ လ ‘ ဆိုတာလည်း မရှိပါဘူး ။

Credit _ OriginaL

(3) ဘာ့​ကြောင့်​လဲ

ဆရာမ – က​လေးတို့​ရေ  ငါးဖယ်​က ဘာ့​ကြောင့်​ ပြားရတာလဲ ကွယ်

ပီတာ – ​ဝေလငါးနဲ့ အိပ်​လို့ပါ ဆရာမ ။

ထိုအခါ ဆရာမက စိတ်​ဆိုးပြီး ပီတာ​လေးကို အပြင်​သို့ ထွက်​ခိုင်း​ လေသည်​ ။
ထို့​နောက်​ အတန်းထဲတွင်​ ​နောက်​ထပ်​ ​မေးခွန်း တခုကို ထပ်​​မေး ​လေသည်​ ။

ဆရာမ – က​လေးတို့​ရေ ပုစွန်​က ဘာ့​ကြောင့်​ မျက်​လုံးပြူးတာလဲ ။

အခန်းဝ က ပီ​တာ​လေးက လှမ်း​ဖြေလိုက်​တယ်

ပီတာ – ​ဝေလငါးနဲ့ ငါးဖယ်​ အိပ်​​နေတာကို မြင်​သွားလို့ပါ ဆရာမ ။

😁😁😁
Credit _ OriginaL
From:လှ​တောသား

About popinvdo.xyz(ပဲပင်​​ပေါက်​)

View all posts by popinvdo.xyz(ပဲပင်​​ပေါက်​) →

Leave a Reply

Your email address will not be published. Required fields are marked *