ျပည္ၿမိဳ႕တြင္ ရဲတပ္ဖြဲ႔လွည့္ကင္းအား ဓါးျဖင့္ ခ်ိန္းေျခာက္အႏၱရာယ္ျပဳသူမ်ားကုိ ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီး


ပဲခူးတုိင္းေဒသႀကီး(အေနာက္ပုိင္း) ျပည္ၿမိဳ႕တြင္ မတ္လ ၁၁ ရက္ ည ၆း၄၅ နာရီခန္႔က လွည့္ကင္း ေဆာင္ရြက္ ေနသည့္ ရဲတပ္ဖြဲ႔ကို ဓါးျဖင့္ခ်ိန္းေျခာက္ ရန္ျပဳသူမ်ားကို ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့ရေၾကာင္း ျပည္ၿမိဳ႕အမွတ္ (၃) နယ္ေျမ ရဲစခန္းမွ သိရွိရသည္။ ျပည္ၿမိဳ႕ ျပည္သာယာရပ္ကြက္ ဘုရားႀကီးေစတီအနီး ရဲတပ္ဖြဲ႔မွ လွည့္ကင္းေဆာင္ရြက္ေနစဥ္ ဆုိယ္ကယ္တစ္ စီးျဖင့္ လူငယ္သုံးေယာက္စီးလာကာ ဓါးကုိင္၍ ပတ္ဝန္းက်င္ရွိ လမ္းသြားလမ္းလာမ်ားႏွင့္ ယာဥ္အသြားအလာ မ်ားကို ႀကိဳက္တဲ့ေကာင္လုိက္ခဲ့ထိုးသတ္မည္ဟု ခိ်န္းေျခာက္ကာ စိန္ေခၚရမ္းကားေနစဥ္ လွည့္ကင္းအဖြဲ႔မွ ဓါးသိမ္းယူရန္ ဆုိင္ကယ္ရပ္ခုိင္းရာ ရဲတပ္ဖြဲ႔ကုိပါ စိန္္ေခၚထြက္ေျပးခဲ့ေၾကာင္း သိရသည္။

“ဒါကေသာင္းက်န္းေနၿပီ ပတ္ဝန္းက်င္လည္း ျပႆနာရွာေနတဲ့ အေျခအေနဆုိေတာ့ ရပ္ခုိင္းတယ္။ မရပ္ဘဲ ကြ်န္ေတာ္တုိ႔ကိုလည္း စိန္ေခၚၿပီး ထပ္ေမာင္းထြက္ေျပးတယ္။ ရပ္ရပ္ဆုိေတာ့ ဓါးကုိင္ၿပီးတန္းေျပးတယ္။ ေျပးရင္းကားတစ္စီးကို ေက်ာ္တက္ၿပီး ကားသမားကုိထပ္ေတာင္ ျပႆနာရွာေသးတယ္။ အဲ႔တာနဲ႔ ေနာက္က ေက်ာ္တက္လုိက္တယ္ ေဟ့ေကာင္ေတြ မင္းတုိ႔ခုခ်က္ျခင္းရပ္ဆုိၿပီး အနားကပ္ၿပီး ဖမ္းဖုိ႔ လုပ္တာေပါ့ဗ်ာ။ အဲ႔တာကုိ ေနာက္ကုိ ျပန္လွည့္ၿပီး ဓါးနဲ႔ျပန္တြတ္တယ္။

 

 

မရပ္ဘူး အဲဒီမွာပဲ ေျခာက္လွန္႔ပစ္တာ ရာဘာက်ည္နဲ႔ ထိတယ္ ေနာက္ဆုံးဖမ္းဆီးရမိခဲ့တယ္။”ဟု အဆုိပါ လွည့္ကင္းတြင္ ပါဝင္သူ အမွတ္(၃)နယ္ေျမ ရဲစခန္းမွ ဒုရဲအုပ္ ေဇာ္လြင္ထြန္းက ေျပာသည္။ ေသနတ္ျဖင့္ ပစ္ခတ္ရာတြင္ ၁၂ ဗုိ႔ ေျပာင္းေခ်ာေသနတ္ ရာဘာက်ည္ျဖင့္ (၁)ခ်က္ ပစ္ခတ္ခဲ့ရာ ပစ္ခတ္မႈ ေၾကာင့္ ဓါးျဖင့္ ျပန္လည္ခုခံသူ လူငယ္တြင္ ေနာက္ေက်ာေပါက္ၿပဲ ဒဏ္ရာ(၂)ခ်က္၊ ခါးတြင္ေပါက္ၿပဲဒဏ္ ရာ(၁)ခ်က္၊ ဆုိင္ကယ္ေမာင္းသူလူငယ္လက္ဖ်ံတြင္ ေပါက္ၿပဲဒဏ္ရာ(၁)ခ်က္ ရရွိခဲ့ၿပီး အလယ္မွထိုင္စီးသူ လူငယ္မွာ ဒဏ္ရာရရွိခဲ့ျခင္း မရွိေၾကာင္း သိရသည္။

အဆုိပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အသက္ ၂၃ ႏွစ္ႏွင့္ ၂၄ ႏွစ္အရြယ္ အသီးသီးရွိၾကသည့္ ေနဆန္း၊ ေကာင္းျမတ္ လင္းႏွင့္ ထက္ပုိင္ၿဖိဳးတုိ႔ (၃)ဦးအား အမွတ္(၃)နယ္ေျမရဲစခန္းမွ (ပ)၆၆/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၅၃/၁ ၄၄ ႏွင့္ အရုိးအသြား ၁၇ လက္မခန္႔ရွိသည့္ ဓါးဦးခြ်န္အား ကုိင္ေဆာင္ရမ္းကားခဲ့သူ ေနဆန္းအား (ပ)၆၇/၂၀၁၈ လက္နက္အက္ဥပေဒပုဒ္မ ၁၉(င)တို႔ျဖင့္ အမႈဖြင့္ကာ အေရးယူထားေၾကာင္း သိရသည္။

ရတနာပုံ သတင္းစာ

Unicode

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်မြို့တွင် မတ်လ ၁၁ ရက် ည ၆း၄၅ နာရီခန့်က လှည့်ကင်း ဆောင်ရွက် နေသည့် ရဲတပ်ဖွဲ့ကို ဓါးဖြင့်ချိန်းခြောက် ရန်ပြုသူများကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ပြည်မြို့အမှတ် (၃) နယ်မြေ ရဲစခန်းမှ သိရှိရသည်။ ပြည်မြို့ ပြည်သာယာရပ်ကွက် ဘုရားကြီးစေတီအနီး ရဲတပ်ဖွဲ့မှ လှည့်ကင်းဆောင်ရွက်နေစဉ် ဆိုယ်ကယ်တစ် စီးဖြင့် လူငယ်သုံးယောက်စီးလာကာ ဓါးကိုင်၍ ပတ်ဝန်းကျင်ရှိ လမ်းသွားလမ်းလာများနှင့် ယာဉ်အသွားအလာ များကို ကြိုက်တဲ့ကောင်လိုက်ခဲ့ထိုးသတ်မည်ဟု ချိန်းခြောက်ကာ စိန်ခေါ်ရမ်းကားနေစဉ် လှည့်ကင်းအဖွဲ့မှ ဓါးသိမ်းယူရန် ဆိုင်ကယ်ရပ်ခိုင်းရာ ရဲတပ်ဖွဲ့ကိုပါ စိန်ခေါ်ထွက်ပြေးခဲ့ကြောင်း သိရသည်။

“ဒါကသောင်းကျန်းနေပြီ ပတ်ဝန်းကျင်လည်း ပြဿနာရှာနေတဲ့ အခြေအနေဆိုတော့ ရပ်ခိုင်းတယ်။ မရပ်ဘဲ ကျွန်တော်တို့ကိုလည်း စိန်ခေါ်ပြီး ထပ်မောင်းထွက်ပြေးတယ်။ ရပ်ရပ်ဆိုတော့ ဓါးကိုင်ပြီးတန်းပြေးတယ်။ ပြေးရင်းကားတစ်စီးကို ကျော်တက်ပြီး ကားသမားကိုထပ်တောင် ပြဿနာရှာသေးတယ်။ အဲ့တာနဲ့ နောက်က ကျော်တက်လိုက်တယ် ဟေ့ကောင်တွေ မင်းတို့ခုချက်ခြင်းရပ်ဆိုပြီး အနားကပ်ပြီး ဖမ်းဖို့ လုပ်တာပေါ့ဗျာ။ အဲ့တာကို နောက်ကို ပြန်လှည့်ပြီး ဓါးနဲ့ပြန်တွတ်တယ်။

 

 

မရပ်ဘူး အဲဒီမှာပဲ ခြောက်လှန့်ပစ်တာ ရာဘာကျည်နဲ့ ထိတယ် နောက်ဆုံးဖမ်းဆီးရမိခဲ့တယ်။”ဟု အဆိုပါ လှည့်ကင်းတွင် ပါဝင်သူ အမှတ်(၃)နယ်မြေ ရဲစခန်းမှ ဒုရဲအုပ် ဇော်လွင်ထွန်းက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ရာတွင် ၁၂ ဗို့ ပြောင်းချောသေနတ် ရာဘာကျည်ဖြင့် (၁)ချက် ပစ်ခတ်ခဲ့ရာ ပစ်ခတ်မှု ကြောင့် ဓါးဖြင့် ပြန်လည်ခုခံသူ လူငယ်တွင် နောက်ကျောပေါက်ပြဲ ဒဏ်ရာ(၂)ချက်၊ ခါးတွင်ပေါက်ပြဲဒဏ် ရာ(၁)ချက်၊ ဆိုင်ကယ်မောင်းသူလူငယ်လက်ဖျံတွင် ပေါက်ပြဲဒဏ်ရာ(၁)ချက် ရရှိခဲ့ပြီး အလယ်မှထိုင်စီးသူ လူငယ်မှာ ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အသက် ၂၃ နှစ်နှင့် ၂၄ နှစ်အရွယ် အသီးသီးရှိကြသည့် နေဆန်း၊ ကောင်းမြတ် လင်းနှင့် ထက်ပိုင်ဖြိုးတို့ (၃)ဦးအား အမှတ်(၃)နယ်မြေရဲစခန်းမှ (ပ)၆၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၁ ၄၄ နှင့် အရိုးအသွား ၁၇ လက်မခန့်ရှိသည့် ဓါးဦးချွန်အား ကိုင်ဆောင်ရမ်းကားခဲ့သူ နေဆန်းအား (ပ)၆၇/၂၀၁၈ လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)တို့ဖြင့် အမှုဖွင့်ကာ အရေးယူထားကြောင်း သိရသည်။
From:လွ​ေတာသား

ျပန္​လည္​မ်ွ​ေဝ​ေပးရန္​ႏွိပ္​ပါ✌✌✌
Share on Facebook
Facebook
0

1total visits,1visits today

About popinvdo.xyz(ပဲပင္​​ေပါက္​)

View all posts by popinvdo.xyz(ပဲပင္​​ေပါက္​) →

Leave a Reply

Your email address will not be published. Required fields are marked *