ေၾကာက္မက္ဖြယ္ X ေရာဂါသစ္ တစ္မ်ဳိးေၾကာင့္ သန္းႏွင့္ ခ်ီေသာ ကမၻာ့ျပည္သူမ်ားေသဆံုးႏိုင္


ဂ်ီနီဗာ ၁၂-၃-၂ဝ၁၈

X ေရာဂါ (Disease X) အမည္ရွိ ေၾကာက္မက္ဖြယ္ေရာဂါ သစ္တစ္မ်ဳိးေၾကာင့္ သန္းႏွင့္ခ်ီေသာ ကမၻာ့ျပည္သူမ်ား အသက္ဆံုးပါး သြားႏိုင္ေၾကာင္း ကမၻာ့က်န္းမာေရးအဖ႕ဲြ (WHO) ပညာရွင္မ်ား၏ အဆိုကို ကိုးကား၍ The Daily Mail သတင္းစာက မတ္ ၁ဝ ရက္က ေရးသားတင္ျပ ထားသည္။

မည္သည့္ေရာဂါ မ်ဳိးျဖစ္သည္ကို မသတ္မွတ္ႏိုင္ျခင္းေၾကာင့္ X ေရာဂါဟူ၍ အမည္ေပးထားရေသာ အဆိုပါေရာဂါကို ေပၚေပါက္လာႏုိင္ဖြယ္ ကမာၻ့ကပ္ေရာဂါမ်ား စာရင္း၌ WHO ပညာရွင္မ်ားက ထည့္သြင္းထားၿပီး ျဖစ္သည္။

X ေရာဂါ မည္သည့္အတြက္ေၾကာင့္ ျဖစ္ရသည္ကို မသိရေသးေၾကာင္း၊ အဆိုပါ ေရာဂါသည္ လူသားပေယာဂေၾကာင့္ ေပၚလာသည့္ ေရာဂါလည္း ျဖစ္ႏိုင္သကဲ့သို႔ သဘာဝအေလ်ာက္ ေပၚလာေသာ ေရာဂါတစ္မ်ဳိးလည္း ျဖစ္ႏိုင္ေၾကာင္း WHO ပညာရွင္မ်ားက ေျပာၾကားသည္။

WHO သည္ ၿပီးခဲ့သည့္လအတြင္းက တစ္ကမၻာလံုးဆိုင္ရာ က်န္းမာေရးျပႆနာမ်ား ျဖစ္လာႏိုင္သည့္ ေရာဂါမ်ားစာရင္းကို ထုတ္ျပန္ခဲ့ရာ ၎စာရင္း၌ အီဘိုလာဗိုင္းရပ္စ္ေရာဂါ၊ ဇီကာဗိုင္းရပ္စ္ေရာဂါႏွင့္ ဆား ဗိုင္းရပ္စ္ေရာဂါမ်ားပါဝင္ၿပီး X ေရာဂါကိုလည္း ပထမဆံုးအႀကိမ္အျဖစ္ ထည့္သြင္းထားခဲ့ေၾကာင္း သိရသည္။

PyiChitThar

Unicode

ဂျီနီဗာ ၁၂-၃-၂ဝ၁၈

X ရောဂါ (Disease X) အမည်ရှိ ကြောက်မက်ဖွယ်ရောဂါ သစ်တစ်မျိုးကြောင့် သန်းနှင့်ချီသော ကမ္ဘာ့ပြည်သူများ အသက်ဆုံးပါး သွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပညာရှင်များ၏ အဆိုကို ကိုးကား၍ The Daily Mail သတင်းစာက မတ် ၁ဝ ရက်က ရေးသားတင်ပြ ထားသည်။

မည်သည့်ရောဂါ မျိုးဖြစ်သည်ကို မသတ်မှတ်နိုင်ခြင်းကြောင့် X ရောဂါဟူ၍ အမည်ပေးထားရသော အဆိုပါရောဂါကို ပေါ်ပေါက်လာနိုင်ဖွယ် ကမ္ဘာ့ကပ်ရောဂါများ စာရင်း၌ WHO ပညာရှင်များက ထည့်သွင်းထားပြီး ဖြစ်သည်။

X ရောဂါ မည်သည့်အတွက်ကြောင့် ဖြစ်ရသည်ကို မသိရသေးကြောင်း၊ အဆိုပါ ရောဂါသည် လူသားပယောဂကြောင့် ပေါ်လာသည့် ရောဂါလည်း ဖြစ်နိုင်သကဲ့သို့ သဘာဝအလျောက် ပေါ်လာသော ရောဂါတစ်မျိုးလည်း ဖြစ်နိုင်ကြောင်း WHO ပညာရှင်များက ပြောကြားသည်။

WHO သည် ပြီးခဲ့သည့်လအတွင်းက တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်သည့် ရောဂါများစာရင်းကို ထုတ်ပြန်ခဲ့ရာ ၎င်းစာရင်း၌ အီဘိုလာဗိုင်းရပ်စ်ရောဂါ၊ ဇီကာဗိုင်းရပ်စ်ရောဂါနှင့် ဆား ဗိုင်းရပ်စ်ရောဂါများပါဝင်ပြီး X ရောဂါကိုလည်း ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းထားခဲ့ကြောင်း သိရသည်။

PyiChitThar


Shar from:လွ​ေတာသား

ျပန္​လည္​မ်ွ​ေဝ​ေပးရန္​ႏွိပ္​ပါ✌✌✌
Share on Facebook
Facebook
0

1total visits,1visits today

About popinvdo.xyz(ပဲပင္​​ေပါက္​)

View all posts by popinvdo.xyz(ပဲပင္​​ေပါက္​) →

Leave a Reply

Your email address will not be published. Required fields are marked *