အသက်နှစ်နှစ်အရွယ်ကလေးကို အဓမ္မပြုကျင့်သူကို ပထမအကြိမ်ရုံးထုတ်

အသက်နှစ်နှစ်အရွယ်ကလေးကို အဓမ္မပြုကျင့်သူကို ပထမအကြိမ်ရုံးထုတ်

မတ္တရာမြို့နယ်ရှိ ဝန်းစုကျေးရွာတွင်နေထိုင်သော အသက်၂နှစ်အရွယ်မိန်းကလေးအား အဓမ္မပြုကျင့်သတ်ခဲ့သည့် အမျိုးသားအား ပြင်ဦးလွင်ခရိုင်တရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

မိန်းကလေးငယ်သည် သားမယားပြုကျင့်ခံရပြီး သေဆုံးခဲ့သည့်အတွက် ကျူးလွန်သူ ဖြိုးထက်အောင်အား ရာဇသတ်ကြီးပုဒ်မ၃၀၂ လူသတ်မှု ၊ ပုဒ်မ ၃၇၆ တို့ဖြင့် အမှုဖွင့်ခဲ့သည်။

“သမီးလေးက သဂြိုလ်တဲ့နေ့မှာ နှစ်နှစ်ငါးလပြည့်တယ်။ ထောင်ဒဏ်တစ်သက်ကျွန်းချလို့ နှစ်၂၀ ဆိုရင်တောင် လွမ်ငြိမ်းချမ်းသာနဲ့ နယ်ဘက်ကိုပြန်ရောက်လာရင် သမီးလေးသေတုန်းကထက်ပိုခံစားရမယ်။ ပိုနာကျင်ရမှာပါ။ဖေဖေ၊မေမေ ကိုတောင် စခေါ်တတ်တဲ့ကလေး။ညဘက်ဆိုရင်တောင် နို့တိုက်နေရတုန်း၊ကလေးငယ်လေးကို ရက်ရက်စက်စက်လုပ်သွားတာ။ ကျွန်မခေါ်သံကြားတာတောင် သမီးလေးကပြန်မထူးနိုင်ခဲ့ဘူး။ သူ့ကို ဘာမှပြန်မလုပ်နိုင်ခဲ့တဲ့ကလေးကို ရက်ရက်စက်စက်လုပ်ရက်တယ်။ သမီးလေးခံစားရသလို သူ့ကိုခံစားရစေချင်တယ်။ဖြစ်နိုင်ရင် ထောင်ဒဏ် နှစ်၆၀ထိတောင်ချစေချင်ပါတယ်” ဟု ရုံးထုတ်သို့လာရောက်သည့် မိခင်ဖြစ်သူဒေါ်လှိုင်ဇင်မြင့်ကပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူကို သေဒဏ်ပေးရန် သေဆုံးသူကလေးငယ်၏မိဘနှင့် ဒေသခံ ၁,၅၀၀ ခန့်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။


ဓာတ်ပုံ ဖြိုးဖြိုးဇော်
Credit:yawthama.top

ပြန်​လည်​မျှ​ဝေ​ပေးရန်​နှိပ်​ပါ✌✌✌
Share on Facebook
Facebook
0

3total visits,1visits today

About popinvdo.xyz(ပဲပင်​​ပေါက်​)

View all posts by popinvdo.xyz(ပဲပင်​​ပေါက်​) →

Leave a Reply

Your email address will not be published. Required fields are marked *