သမီးလေး မွေးဖွားလိုက်တဲ့ ချောရတနာ


သရုပ်ဆောင် ချောရတနာက ဒီနေ့(မတ်လ၁၂ရက်) မနက်ပိုင်းမှာ သမီးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါပြီ။ သမီးလေးကို ဝိတိုရိယဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိမှာ ကလေးကော မိခင်ပါကျန်းမာတယ်လို့ သိရပါတယ်။ အဲ့ဒီသတင်းလေးကိုတော့ မိတ်ကပ် ညီညီမောင်(စမ်းချောင်း)က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက ရေးသားခဲ့တာ ဖြစ်ပါတယ်။

“သမီးတော် Chaw Yadana Chaw Yadana ဒီနေ့မနက် သမီးလေး မွေးတယ် အမေရော ကလေးရော ကျန်းမာတယ်  ကိုဒွေကတော့ အဘွားဖြစ်ပြီးရင်းဖြစ်ရာထူးတိုး တာပေါ့” ဆိုပြီး ပြောထားတာပါ။

Image may contain: 2 people, closeup

သူမအနေနဲ့ သမီးလေး ကိုယ်ဝန်လွယ်ထားစဉ်ကလည်း ရင်သွေးလေးနဲ့ ပတ်သက်ပြီး Duwun Media ကို ယခုလို ပြောပြခဲ့ပါသေးတယ။်

“အမကတော့ သားသားလေး ကိုယ်ဝန်ရှိကတည်းက ဘာလေးတော့ လိုချင်တယ်ဆိုပြီး အင်တာဗျူးတွေမှာ မဖြေပါဘူး။ဘာလို့လည်း ဆိုတော့ ကိုယ်က သားလေးလိုချင်တယ်ပြောပြီး သမီးလေးရလာရင်လည်း သူတို့နောက်ပိုင်း အင်တာဗျူးတွေ ပြန်ကြည့်တဲ့အခါမှာ သူတို့လေးတွေ စိတ်မကောင်းဖြစ်မှာစိုးလို့ အဲ့လိုမျိုးမဖြေခဲ့တာပေါ့နော်။ မိခင်ဆိုတော့ ဘာလေးပဲ ရရကိုယ့်သားသမီးပဲ ချစ်တာပေါ့နော်။ အမအမျိုးသားကတော့ သမီးလေးလိုချင်နေတာဆိုတော့ သူ့ဆန္ဒလေးလည်း ပြည့်သွားပါတယ်။ အမလည်း သမီးလေးဆိုတော့ ကိုယ့်အတွက်လည်း အဖော်ရတာပေါ့။”ဆိုပြီး သူမရဲ့ ခံစားချက်လေးကို ပြောပြခဲ့တာပါ။

Image may contain: one or more people, people sleeping and closeup

သားလေးနဲ့ သမီးလေးကတော့ လေးနှစ်လောက်ကွာပါတယ်။ သမီးလေးကိုယ်ဝန်စရှိကတည်းက အင်္ကျီကြောငြာတွေ ရိုက်ကူးခဲ့ရ သလိုပဲ သမီးလေး မွေးပြီးရင်လည်း ကြော်ငြာတွေ ရိုက်ကူးဖို့အတွက်ကို ကမ်းလှမ်းထားတာတွေ ရှိတယ်လို့ ချောရတနာက ပြောပြခဲ့ပါတယ်။

သားလေးကတော့ လက်ရှိမှာ (၃)နှစ်ကျော် လေးနှစ်အရွယ်ကို ရောက်နေပြီဖြစ်ပါတယ်။ ချောရတနာဟာ တစ်ချိန်”ဥ” ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

Photo : ချောရတနာ FB

Source -Duwun
Share from:လှ​တောသား

ပြန်​လည်​မျှ​ဝေ​ပေးရန်​နှိပ်​ပါ✌✌✌
Share on Facebook
Facebook
0

1total visits,1visits today

About popinvdo.xyz(ပဲပင်​​ပေါက်​)

View all posts by popinvdo.xyz(ပဲပင်​​ပေါက်​) →

Leave a Reply

Your email address will not be published. Required fields are marked *