FDA၀န္ထမ္းအမ်ိးသမီးအသတ္ခံရမႈမွစြပ္စြဲခံရသူအတြက္ လိုက္ပါေဆာင္ရြက္ေပးသည့္ေရွ႕ေန အားျပည္သူအခ်ဳိ႕ၾကမ္းတမ္းစြာေ၀ဖန္


FDA၀န္ထမ္းအမ်ိးသမီးအသတ္ခံရမႈမွစြပ္စြဲခံရသူအတြက္လိုက္ပါေဆာင္ရြက္ေပးသည့္ေရွ႕ေန အားျပည္သူအခ်ဳိ႕ၾကမ္းတမ္းစြာေ၀ဖန္

ရန္ကုန္ ၊ မတ္- ၁၂

FDA ၀န္ထမ္းအမ်ိဳးသမီး အသတ္ခံရမႈမွ တရားစြဲဆိုျခင္းခံထားရသူ မ်ိးေဇာ္ဦး(ေခၚ)ဆီဒုိးနားအားယေန႔တြင္ရန္ကုန္အေရွ႕ပုိင္းခရုိင္တရားရံုးတြင္ရံုးထုတ္စစ္ေဆးခဲ့ၿပီးေနာက္၎ဘက္မွလိုက္ပါေဆာင္ရြက္သည္႔အစိုးရေရွ႕ေနဦးေမာင္ေမာင္စိုးအားတရားခြင္တြင္၀င္ေရာက္နားေထာင္ခဲ့သည့္ျပည္သူအခ်ဳိ႕က ၾကမ္းတမ္းစြာေ၀ဖန္ေျပာဆိုခဲ႔ၾကသည္။

ရံုးထုတ္စစ္ေဆးေနခ်ိန္အတြင္းမ်ိဳးေဇာ္ဦးဘက္မွလိုက္ပါေဆာင္ရြက္ေပးသည့္ ေရွ႕ေနဦးေမာင္ေမာင္စုိးကေသဆံုးသူ၏ မိခင္အား သမီးျဖစ္သူမေရႊရည္၀င္းေပ်ာက္ဆံုး ေၾကာင္းသိသည္႔ေန႔က ၁၉၉ ကုိတုိင္ၾကားခဲ့ျခင္းရွိမရွိ၊ ယခုျဖစ္ရသည့္ အေၾကာင္းအရင္းတြင္ မိန္းကေလးတစ္ဦးတည္းညအခ်ိန္မေတာ္သြားလာခဲ့ျခင္းေၾကာင့္ ဟုယူဆႏုိင္ျခင္းရွိ၊မရွိ ေမးျမန္းရာ၊မေရႊရည္၀င္းမွာ ညဘက္အျပင္သုိ႔သြားလာတတ္သူမ ဟုတ္ေၾကာင္းမိခင္ျဖစ္သူကျပန္လည္ေခ်ပခဲ့သည္။

 

 

ယင္းအျပင္တရားစြဲဆုိျခင္းခံထားရသည့္မ်ိဳးေဇာ္ဦးကျပစ္မႈက်ဴးလြန္ေနမႈကုိမ်က္ျမင္ေတြ႔ရွိသူအားတရားရံုးတြင္သက္ေသအျဖစ္တင္ျပႏုိင္ျခင္းမရွိေၾကာင္းကုိေရွ႕ေနဦးေမာင္ေမာင္စိုးမွေထာက္ျပေျပာဆိုခဲ့သည္႔အတြက္တရားခြင္အတြင္း လာေရာက္နားေထာင္သည့္ျပည္သူအခ်ိဳ႕ကေရွ႕ေနဦးေမာင္ေမာင္စုိးအားယင္းကဲ႔သို႔ေ၀ဖန္ျပစ္တင္ခဲ့ျခင္းျဖစ္သည္။

“ကၽြန္ေတာ့္အေနနဲ႔ေသဆံုးသူရဲ႕မိဘေတြကုိစစ္ေဆးေမးျမန္းတဲ့အခ်ိန္မွာတကယ္ကုိစိတ္ထဲမေကာင္းဘူး။မိဘခ်င္းကုိယ္ခ်င္းစာပါတယ္”ဟုဦးေမာင္ေမာင္စုိးကမ်က္ရည္က်ရင္းေျပာသည္။မိန္းကေလးမ်ားအေနႏွင္႔ညဘက္အခ်ိန္မေတာ္သြားလွ်င္ ယခုကဲ႔သို႔ျဖစ္လာႏုိင္ေၾကာင္းကုိသတိျပဳ ေစခ်င္၍ေမးျမန္းခဲ့ျခင္းျဖစ္ၿပီးေ၀ဖန္ တိုက္ခိုက္မႈမ်ားႏွင္႔ပတ္သက္၍မည္သို႔မွ်ေျပာစရာမရွိေၾကာင္း၎ကေျပာသည္။

ယေန႔ရံုးခ်ိန္းတြင္ တရားလိုျပသက္ေသ (၅) ဦးကုိစစ္ေဆးခဲ့ၿပီး မ်ိဳးေဇာ္ဦးကေရႊဆြဲၾကိဳးႏွင့္ေရႊနားကြင္း သြားေရာက္ေရာင္းခ်ခဲ့သည့္ ေရႊဆုိင္ပုိင္ရွင္၊ ဖုန္းသြားေရာက္ျပဳျပင္ခဲ့သည့္ဖုန္းဆုိင္ပိုင္ရွင္၊ အခင္းျဖစ္ပြားရာ ေျမာက္ဒဂံု(၃၃)ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ႏွင့္ ေသဆုံးသူ မေရႊရည္၀င္း၏ မိခင္ႏွင့္ဖခင္တို႔ျဖစ္ၾကသည္။

“ကၽြန္ေတာ့္အလုပ္ကၽြန္ေတာ္လုပ္ေနတာပါ။ကၽြန္ေတာ္ကေရွ႕ေနေလကၽြန္ေတာ့အမႈသည္ ဘက္ကျပစ္မႈေလ်ာ့နည္းဖို႔ၾကိဳးစားေပးရမွာကၽြန္ေတာ့္တာ၀န္ပါ။ တုိက္ခိုက္သူေတြအတြက္ေတာ့ ဘာမွေျပာစရာမရွိပါဘူး”ဟုုဦးေမာင္ေမာင္စုိးကဆက္လက္ေျပာသည္။

ယင္းအမႈတြင္ တရားလိုျပသက္ေသ ၃၅ ဦးတင္ျပထားျပီး ယေန႔ ရံုးခ်ိန္းတြင္ ကုိးဦးထိ စစ္ေဆးခဲ့ျပီးျဖစ္သည္။ ေနာက္တစ္ၾကိမ္ရံုးခ်ိန္းကို မတ္ ၁၉ရက္ သို႔ျပန္လည္ခ်ိန္းဆိုထားသည္။

သတင္း – ထက္ဧကရီ

ဓာတ္ပံု – ေခါင္ႏုတ္

The Standard Time Daily

Unicode

FDAဝန်ထမ်းအမျိးသမီးအသတ်ခံရမှုမှစွပ်စွဲခံရသူအတွက်လိုက်ပါဆောင်ရွက်ပေးသည့်ရှေ့နေ အားပြည်သူအချို့ကြမ်းတမ်းစွာဝေဖန်

ရန်ကုန် ၊ မတ်- ၁၂

FDA ဝန်ထမ်းအမျိုးသမီး အသတ်ခံရမှုမှ တရားစွဲဆိုခြင်းခံထားရသူ မျိးဇော်ဦး(ခေါ်)ဆီဒိုးနားအားယနေ့တွင်ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင်ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက်၎င်းဘက်မှလိုက်ပါဆောင်ရွက်သည့်အစိုးရရှေ့နေဦးမောင်မောင်စိုးအားတရားခွင်တွင်ဝင်ရောက်နားထောင်ခဲ့သည့်ပြည်သူအချို့က ကြမ်းတမ်းစွာဝေဖန်ပြောဆိုခဲ့ကြသည်။

ရုံးထုတ်စစ်ဆေးနေချိန်အတွင်းမျိုးဇော်ဦးဘက်မှလိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေဦးမောင်မောင်စိုးကသေဆုံးသူ၏ မိခင်အား သမီးဖြစ်သူမရွှေရည်ဝင်းပျောက်ဆုံး ကြောင်းသိသည့်နေ့က ၁၉၉ ကိုတိုင်ကြားခဲ့ခြင်းရှိမရှိ၊ ယခုဖြစ်ရသည့် အကြောင်းအရင်းတွင် မိန်းကလေးတစ်ဦးတည်းညအချိန်မတော်သွားလာခဲ့ခြင်းကြောင့် ဟုယူဆနိုင်ခြင်းရှိ၊မရှိ မေးမြန်းရာ၊မရွှေရည်ဝင်းမှာ ညဘက်အပြင်သို့သွားလာတတ်သူမ ဟုတ်ကြောင်းမိခင်ဖြစ်သူကပြန်လည်ချေပခဲ့သည်။

ယင်းအပြင်တရားစွဲဆိုခြင်းခံထားရသည့်မျိုးဇော်ဦးကပြစ်မှုကျူးလွန်နေမှုကိုမျက်မြင်တွေ့ရှိသူအားတရားရုံးတွင်သက်သေအဖြစ်တင်ပြနိုင်ခြင်းမရှိကြောင်းကိုရှေ့နေဦးမောင်မောင်စိုးမှထောက်ပြပြောဆိုခဲ့သည့်အတွက်တရားခွင်အတွင်း လာရောက်နားထောင်သည့်ပြည်သူအချို့ကရှေ့နေဦးမောင်မောင်စိုးအားယင်းကဲ့သို့ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်အနေနဲ့သေဆုံးသူရဲ့မိဘတွေကိုစစ်ဆေးမေးမြန်းတဲ့အချိန်မှာတကယ်ကိုစိတ်ထဲမကောင်းဘူး။မိဘချင်းကိုယ်ချင်းစာပါတယ်”ဟုဦးမောင်မောင်စိုးကမျက်ရည်ကျရင်းပြောသည်။မိန်းကလေးများအနေနှင့်ညဘက်အချိန်မတော်သွားလျှင် ယခုကဲ့သို့ဖြစ်လာနိုင်ကြောင်းကိုသတိပြု စေချင်၍မေးမြန်းခဲ့ခြင်းဖြစ်ပြီးဝေဖန် တိုက်ခိုက်မှုများနှင့်ပတ်သက်၍မည်သို့မျှပြောစရာမရှိကြောင်း၎င်းကပြောသည်။

ယနေ့ရုံးချိန်းတွင် တရားလိုပြသက်သေ (၅) ဦးကိုစစ်ဆေးခဲ့ပြီး မျိုးဇော်ဦးကရွှေဆွဲကြိုးနှင့်ရွှေနားကွင်း သွားရောက်ရောင်းချခဲ့သည့် ရွှေဆိုင်ပိုင်ရှင်၊ ဖုန်းသွားရောက်ပြုပြင်ခဲ့သည့်ဖုန်းဆိုင်ပိုင်ရှင်၊ အခင်းဖြစ်ပွားရာ မြောက်ဒဂုံ(၃၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် သေဆုံးသူ မရွှေရည်ဝင်း၏ မိခင်နှင့်ဖခင်တို့ဖြစ်ကြသည်။

“ကျွန်တော့်အလုပ်ကျွန်တော်လုပ်နေတာပါ။ကျွန်တော်ကရှေ့နေလေကျွန်တော့အမှုသည် ဘက်ကပြစ်မှုလျော့နည်းဖို့ကြိုးစားပေးရမှာကျွန်တော့်တာဝန်ပါ။ တိုက်ခိုက်သူတွေအတွက်တော့ ဘာမှပြောစရာမရှိပါဘူး”ဟုဦးမောင်မောင်စိုးကဆက်လက်ပြောသည်။

ယင်းအမှုတွင် တရားလိုပြသက်သေ ၃၅ ဦးတင်ပြထားပြီး ယနေ့ ရုံးချိန်းတွင် ကိုးဦးထိ စစ်ဆေးခဲ့ပြီးဖြစ်သည်။ နောက်တစ်ကြိမ်ရုံးချိန်းကို မတ် ၁၉ရက် သို့ပြန်လည်ချိန်းဆိုထားသည်။

သတင်း – ထက်ဧကရီ

ဓာတ်ပုံ – ခေါင်နုတ်

The Standard Time Daily
From:dkhit.com

,

About popinvdo.xyz(ပဲပင္​​ေပါက္​)

View all posts by popinvdo.xyz(ပဲပင္​​ေပါက္​) →

Leave a Reply

Your email address will not be published. Required fields are marked *