စန္ဒီမြင့်လွင်ရဲ့ မင်္ဂလာပွဲညမှာ ထိန်းမရအောင် ကဲခဲ့တဲ့ ခိုင်သင်းကြည်ရဲ့ ဗွီဒီယိုဖိုင်





အဆိုတော် စန္ဒီမြင့်လွင်ရဲ့ မင်္ဂလာဆောင်ညမှာ အပြတ်ကဲခဲ့တဲ့ သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ ဗွီဒီယိုဖိုင်လေးတစ်ခုကတော့ ဖေ့စ်ဘွက်လူမှုကွန်ယက်ပေါ် ရောက်လာခဲ့ပါတယ်။ စိတ်လွတ်လက်လွတ် ပျော်နေတဲ့ ခိုင်သင်းကြည်တစ်ယောက် ဆက်တိုက်ပဲ ကနေခဲ့တာဖြစ်ပြီး ဒီဗွီဒီယိုဖိုင်ကို လူစိတ်ဝင်စားမှုလည်း များခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်ညက အဆိုတော် စန္ဒီမြင့်လွင်ရဲ့ မင်္ဂလာပွဲကို အနုပညာရှင်များစွာတက်ရောက် အးပေးခဲ့ကြပါတယ်။ ပါတီပွဲမှာ အနုပညာရှင်အများအပြား အပျော်နဲ့ ကခဲ့ကြပြီး ဒီအထဲမှာမှာ ခိုင်သင်းကြည်တစ်ယောက်ကတော့ ထိန်းမရအောင်ကို ပျော်နေတာ တွေ့ရပါတယ်။ ဘေးနားမှာတော့ သူ့ရဲ့ သမီးလေးလည်းရှိနေပြီး ခိုင်သင်းကြည်ကို ဦးတည်ရိုက်ထားတဲ့ ဗွီဒီယိုဖိုင်တိုလေးတစ်ခုက ဖေ့စ်ဘွက်မှာ ပြန့်လာခဲ့တာ ဖြစ်ပါတယ်။

အပေါ်က ရင်နည်းနည်းဖော်ထားပြီး အောက်က ပေါင်လည်လောက်ရှိတဲ့ အနီရောင်ဖျော့ ဂါဝန်တိုလေးဝတ်ထားတဲ့ ခိုင်သင်ကြည်က ဘေးမှာ ခင်ဝင့်ဝါက လက်တွေကာထားတဲ့ကြားက အားရပါးရ ကနေခဲ့တာပဲ ဖြစ်ပါတယ်။ သတို့သမီးဖြစ်သူ စန္ဒီမြင့်လွင်ကလည်း ဘေးကနေ လက်ခုပ်တီးပြီး အားပေးနေတာကို တွေ့ရပါ့တယ်။
Share from:လှ​တောသား

ပြန်​လည်​မျှ​ဝေ​ပေးရန်​နှိပ်​ပါ✌✌✌
Share on Facebook
Facebook
0

2total visits,1visits today

,

About popinvdo.xyz(ပဲပင်​​ပေါက်​)

View all posts by popinvdo.xyz(ပဲပင်​​ပေါက်​) →

Leave a Reply

Your email address will not be published. Required fields are marked *