၇ရက္သားသမီးတစ္ပတ္စာေဟာစာတမ္း – 15.3.2018 – 21.3.2018


တနဂၤေႏြ

ဒီကာလထဲ အလုပ္ထဲမွာအဆင္မေျပတာမ်ိဳးေတြ ၾကံဳခဲ့ရမယ္ဆိုရင္ေတာ့ သည္းခံျပီးေတာ့ေက်ာ္ျဖတ္လိုက္ပါ။ တာ၀န္မယူတတ္တဲ့ လုပ္ေဖာ္ကိုင္ဖက္ ေတြေၾကာင့္ စိတ္ပင္ပန္းရတတ္ပါတယ္။ ဖခင္ရဲ့က်န္းမာေရးကိုအထူးပဲ ဂရုစိုက္သင့္လွပါတယ္။ အေရးၾကီးတဲ့ စာခ်ဳပ္စာတန္းမ်ားလက္မွတ္ထိုးစရာကိစၥမ်ား ၾကံဳလာပါကေသခ်ာစီစစ္ျပီးမွထိုးသင့္ပါတယ္။ က်န္းမာေရးကေတာ့ေရာဂါေဗဒအေနနဲ႔သိပ္ျပီးမခံစားရေပမဲ့ အလုပ္ပင္ပန္းလို႔ ပန္းဖ်ားဖ်ားတာမ်ိဳးေတာ့ ၾကံဳရနိုင္ပါတယ္။ လူငယ္မ်ား ဖခင္နဲ႔အေျခအတင္ျဖစ္ရတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ မိမိလိုခ်င္တဲ့ပံုစံမ်ိဳး အိမ္ေထာင္ဘက္ပံုသြင္းဖို႔ မၾကိဳးစားပါနဲ႕။ အခ်စ္ေရးကံေကာင္းပါတယ္။ မိဘေတြကိုေတာ့ လက္ထပ္ဖို႔ဖြင့္ မေျပာသင့္ေသးပါဘူး။ ပညာေရးအထူးေကာင္းမွာပါ။စိုးရိမ္စိတ္နဲ႔ေတာ့
စာမလုပ္ေစခ်င္ပါဘူး။

အက်ိဳးေပးဂဏန္း 2/5/9…အထူးေဟာ ပူပန္ရတတ္ပါတယ္။…ယၾတာ ဖိနပ္ျပတ္ေတြ အိမ္မွာရွိရင္စြန္႔ပစ္လိုက္ပါ။

တနင်္ဂနွေ

ဒီကာလထဲ အလုပ်ထဲမှာအဆင်မပြေတာမျိုးတွေ ကြုံခဲ့ရမယ်ဆိုရင်တော့ သည်းခံပြီးတော့ကျော်ဖြတ်လိုက်ပါ။ တာဝန်မယူတတ်တဲ့ လုပ်ဖော်ကိုင်ဖက် တွေကြောင့် စိတ်ပင်ပန်းရတတ်ပါတယ်။ ဖခင်ရဲ့ကျန်းမာရေးကိုအထူးပဲ ဂရုစိုက်သင့်လှပါတယ်။ အရေးကြီးတဲ့ စာချုပ်စာတန်းများလက်မှတ်ထိုးစရာကိစ္စများ ကြုံလာပါကသေချာစီစစ်ပြီးမှထိုးသင့်ပါတယ်။ ကျန်းမာရေးကတော့ရောဂါဗေဒအနေနဲ့သိပ်ပြီးမခံစားရပေမဲ့ အလုပ်ပင်ပန်းလို့ ပန်းဖျားဖျားတာမျိုးတော့ ကြုံရနိုင်ပါတယ်။ လူငယ်များ ဖခင်နဲ့အခြေအတင်ဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ မိမိလိုချင်တဲ့ပုံစံမျိုး အိမ်ထောင်ဘက်ပုံသွင်းဖို့ မကြိုးစားပါနဲ့။ အချစ်ရေးကံကောင်းပါတယ်။ မိဘတွေကိုတော့ လက်ထပ်ဖို့ဖွင့် မပြောသင့်သေးပါဘူး။ ပညာရေးအထူးကောင်းမှာပါ။စိုးရိမ်စိတ်နဲ့တော့
စာမလုပ်စေချင်ပါဘူး။

အကျိုးပေးဂဏန်း 2/5/9…အထူးဟော ပူပန်ရတတ်ပါတယ်။…ယတြာ ဖိနပ်ပြတ်တွေ အိမ်မှာရှိရင်စွန့်ပစ်လိုက်ပါ။

တနလၤာ

အေပါင္းအသင္းမိတ္ေဆြေတြ တိုးပြားမဲ့ကာလပါပဲ။ လွခ်င္ပခ်င္စိတ္ေတြျဖစ္ေပၚေနတာေၾကာင့္ အလွကုန္ပစၥည္းေတြ၀ယ္မိေနတတ္ပါတယ္။ လူခ်စ္လူခင္မ်ားသလို ရည္စားမရွိေသးသူမ်ားခ်စ္ေရးဆိုျခင္းခံရတတ္ပါတယ္။ ခ်စ္သူရွိသူမ်ားကေတာ့ ေ၀းေနရတာမ်ိဳးၾကံဳရတတ္တာေၾကာင့္ဖုန္းနဲ႔ပဲ အလြမး္ေျဖရမွာပါ။ စပ္တူအလုပ္ေတြအထူးအကိ်ဳးေပးတယ္။ online စီးပြားေရးမ်ားအထူးတိုးတတ္ပါလိမ့္မယ္။ ေငြကံအထူးေကာင္းတတ္ပါတယ္။ ခရီးသြားရင္းေရာက္တဲ့ျမိဳ႕မွာထီထိုးေစခ်င္ပါတယ္။ ကံေကာင္းေနခ်ိန္ျဖစ္တာေၾကာင့္ စိတ္ထဲေမွ်ာ္လင့္ထားတာေလးေတြျပည့္လာတတ္ပါတယ္။ က်န္းမာေရးအတြက္လဲ စိုးရိမ္စရာမရိွပါဘူး။ မတည့္တာေတြေတာ့မစား
ပါနဲ႔။ မဂၤလာကိစၥ အလွဴကိစၥေတြဒီကာလမွာၾကံဳရေတြ႔ရတတ္ပါတယ္။ ပညာေရးကံကေတာ့ ဒီကာလမွာအထူးေကာင္းပါတယ္။ မိမိကိုယ္တိုင္ကလဲ သင္ယူလြယ္တတ္ေျမာက္လြယ္ေနပါတယ္

အက်ိဳးေပးဂဏန္း 6/9/2…အထူးေဟာ ကံျမင့္ေနခ်ိန္ပါပဲ။…ယၾတာ သေျပပန္း လက္တစ္ဆုပ္ခန္႔ ေမြးနံေထာင့္မွာလွဴဒါန္းေပးလိုက္ပါ။

တနင်္လာ

အပေါင်းအသင်းမိတ်ဆွေတွေ တိုးပွားမဲ့ကာလပါပဲ။ လှချင်ပချင်စိတ်တွေဖြစ်ပေါ်နေတာကြောင့် အလှကုန်ပစ္စည်းတွေဝယ်မိနေတတ်ပါတယ်။ လူချစ်လူခင်များသလို ရည်စားမရှိသေးသူများချစ်ရေးဆိုခြင်းခံရတတ်ပါတယ်။ ချစ်သူရှိသူများကတော့ ဝေးနေရတာမျိုးကြုံရတတ်တာကြောင့်ဖုန်းနဲ့ပဲ အလွမး်ဖြေရမှာပါ။ စပ်တူအလုပ်တွေအထူးအကျိုးပေးတယ်။ online စီးပွားရေးများအထူးတိုးတတ်ပါလိမ့်မယ်။ ငွေကံအထူးကောင်းတတ်ပါတယ်။ ခရီးသွားရင်းရောက်တဲ့မြို့မှာထီထိုးစေချင်ပါတယ်။ ကံကောင်းနေချိန်ဖြစ်တာကြောင့် စိတ်ထဲမျှော်လင့်ထားတာလေးတွေပြည့်လာတတ်ပါတယ်။ ကျန်းမာရေးအတွက်လဲ စိုးရိမ်စရာမရှိပါဘူး။ မတည့်တာတွေတော့မစား
ပါနဲ့။ မင်္ဂလာကိစ္စ အလှူကိစ္စတွေဒီကာလမှာကြုံရတွေ့ရတတ်ပါတယ်။ ပညာရေးကံကတော့ ဒီကာလမှာအထူးကောင်းပါတယ်။ မိမိကိုယ်တိုင်ကလဲ သင်ယူလွယ်တတ်မြောက်လွယ်နေပါတယ်

အကျိုးပေးဂဏန်း 6/9/2…အထူးဟော ကံမြင့်နေချိန်ပါပဲ။…ယတြာ သပြေပန်း လက်တစ်ဆုပ်ခန့် မွေးနံထောင့်မှာလှူဒါန်းပေးလိုက်ပါ။

အဂၤါ

မိတ္ေဆြေတြရဲ့ အၾကံေပးျခင္းကိုလက္ခံလုပ္ကိုင္ျခင္းျဖင့္ေအာင္ျမင္မႈေတြရပါလိမ့္မယ္။၀န္ထမ္းေတြနဲ႔တက္ညီလက္ညီစေပါင္းလုပ္ကိုင္ျခင္းျဖင့္ ေအာင္ျမင္မႈေတြရရွိမွာပါ။ စပ္တူအလုပ္မ်ား ရွယ္ယာလုပ္ငန္းမ်ားလဲ အထူးအက်ိဳးျဖစ္ထြန္းမွာပါ။ ဘဏ္လုပ္ငန္း၊ security လုပ္ငန္း၊ဇိမ္ခံပစၥည္မ်ားႏွင့္ ပရိေဘာဂလုပ္ငန္းမ်ားလဲ အထူးေကာင္းမွာပါ။ က်န္းမာေရးလဲအည့ံအဆိုးကင္းေ၀ေနပါလိမ့္မယ္။ ကံအေကာင္းဆံုးကေတာ့အခ်စ္ေရးပါ။ စန္းအလြန္ပြင့္ေနပါလိမ့္မယ္။လူခ်စ္လူခင္အလြန္မ်ားမဲ့ ကာလပါပဲ။ ခ်စ္သူရဲ႕ ျမတ္ႏိုးတန္ဖိုးထားျခင္းကိုခံရပါလိမ့္မယ္။ ပညာေရးကံၾကမၼာကေတာ့ အထူးေကာင္းပါတယ္။ မိမိကိုယ္တိုင္ကလဲ ပညာေရးအေပၚစိတ္ဝင္
စားေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၃/၆/၂…အထူးေဟာ စိတ္ခ်မ္းေျမ႕စရာေတြၾကံဳရမည္။…ယၾတာ နီးစပ္ရာေစတီမွာ ညလံုးေပါက္လွ်ပ္စစ္မီးပူေဇာ္ပါ။

အင်္ဂါ

မိတ်ဆွေတွေရဲ့ အကြံပေးခြင်းကိုလက်ခံလုပ်ကိုင်ခြင်းဖြင့်အောင်မြင်မှုတွေရပါလိမ့်မယ်။ဝန်ထမ်းတွေနဲ့တက်ညီလက်ညီစပေါင်းလုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှုတွေရရှိမှာပါ။ စပ်တူအလုပ်များ ရှယ်ယာလုပ်ငန်းများလဲ အထူးအကျိုးဖြစ်ထွန်းမှာပါ။ ဘဏ်လုပ်ငန်း၊ security လုပ်ငန်း၊ဇိမ်ခံပစ္စည်များနှင့် ပရိဘောဂလုပ်ငန်းများလဲ အထူးကောင်းမှာပါ။ ကျန်းမာရေးလဲအညံ့အဆိုးကင်းဝေနေပါလိမ့်မယ်။ ကံအကောင်းဆုံးကတော့အချစ်ရေးပါ။ စန်းအလွန်ပွင့်နေပါလိမ့်မယ်။လူချစ်လူခင်အလွန်များမဲ့ ကာလပါပဲ။ ချစ်သူရဲ့ မြတ်နိုးတန်ဖိုးထားခြင်းကိုခံရပါလိမ့်မယ်။ ပညာရေးကံကြမ္မာကတော့ အထူးကောင်းပါတယ်။ မိမိကိုယ်တိုင်ကလဲ ပညာရေးအပေါ်စိတ်ဝင်
စားနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၃/၆/၂…အထူးဟော စိတ်ချမ်းမြေ့စရာတွေကြုံရမည်။…ယတြာ နီးစပ်ရာစေတီမှာ ညလုံးပေါက်လျှပ်စစ်မီးပူဇော်ပါ။

ဗုဒၶဟူး

ဒီကာလအတြင္း သတိထားရမွာကေတာ့ အိမ္ေထာင္သည္ေတြပါပဲ။ အိမ္ေထာင္ေရးကံၾကမၼာ အ
ထူးအားနည္းေနခ်ိန္ပါပဲ။ အိမ္ေထာင္ဖက္နဲ႕ျပႆ နာတတ္လြယ္တဲ့ကာလပါပဲ။ အလုပ္နဲ့ပက္သက္ျပီး
ပိတ္ဆို့ေနတဲ့ ကံေတြလဲ ပြင့္ပါလိမ့္မယ္။ ကံအားေနခ်ိန္ျဖစ္တာေၾကာင့္ အဘက္ဘက္က သတိထားဖို႔ေတာ့လိုပါတယ္။ တစ္အိမ္ထဲေနတဲ့ ေမာင္ႏွမေတြမတည့္တာမ်ိဳးလဲ ရွိပါလိမ့္မယ္။ က်န္းမာေရးကေတာ့ အဆိုးထဲကအေကာင္းလို႔ေျပာရမွာပါ။ ေရာဂါေဝဒနာခံစားေနရသူမ်ား ဒီကာလမွာ အနာနဲ႔ေဆးေတြ႕ၿပီး ခ်မ္းသာေပ်ာက္ကင္းပါလိမ့္မယ္။ အခ်စ္ေရးကံလဲ ေကာင္းေနပါတယ္။ ခ်စ္သူကို အလြန္အကၽြံစေနာက္ျခင္းမ်ိဳးေတာ့ေရွာင္ပါ။ ပညာေရးကံအားနည္းေနတယ္လို႔ သံုးသပ္ရပါတယ္။ အထူးႀကိဳးစားေစခ်င္ပါတယ္။

အက်ိဳးေပးဂဏန္း ၆/၁/၃…အထူးေဟာ ကံညံ့ေနခ်ိန္ပါပဲ…ယၾတာ ဘုရားရွင္အား ယပ္ေတာ္သြင္းပါ။

ဗုဒ္ဓဟူး

ဒီကာလအတွင်း သတိထားရမှာကတော့ အိမ်ထောင်သည်တွေပါပဲ။ အိမ်ထောင်ရေးကံကြမ္မာ အ
ထူးအားနည်းနေချိန်ပါပဲ။ အိမ်ထောင်ဖက်နဲ့ပြဿ နာတတ်လွယ်တဲ့ကာလပါပဲ။ အလုပ်နဲ့ပက်သက်ပြီး
ပိတ်ဆို့နေတဲ့ ကံတွေလဲ ပွင့်ပါလိမ့်မယ်။ ကံအားနေချိန်ဖြစ်တာကြောင့် အဘက်ဘက်က သတိထားဖို့တော့လိုပါတယ်။ တစ်အိမ်ထဲနေတဲ့ မောင်နှမတွေမတည့်တာမျိုးလဲ ရှိပါလိမ့်မယ်။ ကျန်းမာရေးကတော့ အဆိုးထဲကအကောင်းလို့ပြောရမှာပါ။ ရောဂါဝေဒနာခံစားနေရသူများ ဒီကာလမှာ အနာနဲ့ဆေးတွေ့ပြီး ချမ်းသာပျောက်ကင်းပါလိမ့်မယ်။ အချစ်ရေးကံလဲ ကောင်းနေပါတယ်။ ချစ်သူကို အလွန်အကျွံစနောက်ခြင်းမျိုးတော့ရှောင်ပါ။ ပညာရေးကံအားနည်းနေတယ်လို့ သုံးသပ်ရပါတယ်။ အထူးကြိုးစားစေချင်ပါတယ်။

အကျိုးပေးဂဏန်း ၆/၁/၃…အထူးဟော ကံညံ့နေချိန်ပါပဲ…ယတြာ ဘုရားရှင်အား ယပ်တော်သွင်းပါ။

ၾကာသပေတး

သိပ္ေထြေထြထူးထူး စဥ္းစားစရာမလိုတဲ့ကာလပါ။ တစ္ေၾကာင္းထဲေသာ စိတ္နဲ႔ ပဲ အရာရာတိုင္းကိုလုပ္ကိုင္ေဆာင္ရြက္ပါ။ သူမ်ားအၾကံေပးတာမ်ိဳးကို နားမေယာင္မိပါေစနဲ႔ ။မိမိစိတ္ကူးအေတြးအၾကံကသာ အဓိကပါပဲ။ အေျပာင္းအလဲ ဘာမွမလုပ္ေစခ်င္ပါ။ အေျပာင္းအလဲလုပ္ျခင္းက ေသခ်င္တဲ့က်ား
ေတာေျပာင္းဆိုတာမ်ိဳး ျဖစ္ရတတ္ပါတယ္။ က်န္းမာေရးအတြက္ သိပ္စိုးရိမ္ဖို႔ေတာ့ မလိုပါဘူး။ ဒါေပမဲ့ ဗိုက္ေအာက္ဗိုက္နာျဖစ္ရင္ေတာ့ ေဆးၿမီးတိုနဲ႔ မကုလိုက္ပါနဲ႔။ ဥပေဒနဲ႔ မလြတ္ကင္းတာေတြ လံုးဝမလုပ္ပါနဲ႔။ အခ်ဳပ္က်ျခင္း အမႈရင္ဆိုင္ရျခင္းမ်ိဳး ၾကံဳရတတ္လို႔ပါပဲ။ အခ်စ္ေရးကံေကာင္းေနတတ္ပါတယ္။ အခ်စ္နယ္ကၽြံတာမ်ိဳးေတာ့ မျဖစ္ပါေစနဲ႔။ ပညာေရးအထူးေကာင္းပါတယ္။ ပညာရပ္အသစ္မ်ား စတင္သင္ယူျခင္းက ထိုပညာရပ္ကို ဆံုးခန္းတိုင္တတ္ေျမာက္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၅/၃/၉ …. အထူးေဟာ ကံသင့္ပါတယ္။ ….ယၾတာ ငါးမုန္႔ေၾကာ္ေလးမ်ားဝယ္ၿပီး ရပ္ကြက္ထဲက ကေလးေတြကို ေဝေကၽြးလိုက္ပါ။

ကြာသပတေး

သိပ်ထွေထွေထူးထူး စဉ်းစားစရာမလိုတဲ့ကာလပါ။ တစ်ကြောင်းထဲသော စိတ်နဲ့ ပဲ အရာရာတိုင်းကိုလုပ်ကိုင်ဆောင်ရွက်ပါ။ သူများအကြံပေးတာမျိုးကို နားမယောင်မိပါစေနဲ့ ။မိမိစိတ်ကူးအတွေးအကြံကသာ အဓိကပါပဲ။ အပြောင်းအလဲ ဘာမှမလုပ်စေချင်ပါ။ အပြောင်းအလဲလုပ်ခြင်းက သေချင်တဲ့ကျား
တောပြောင်းဆိုတာမျိုး ဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးအတွက် သိပ်စိုးရိမ်ဖို့တော့ မလိုပါဘူး။ ဒါပေမဲ့ ဗိုက်အောက်ဗိုက်နာဖြစ်ရင်တော့ ဆေးမြီးတိုနဲ့ မကုလိုက်ပါနဲ့။ ဥပဒေနဲ့ မလွတ်ကင်းတာတွေ လုံးဝမလုပ်ပါနဲ့။ အချုပ်ကျခြင်း အမှုရင်ဆိုင်ရခြင်းမျိုး ကြုံရတတ်လို့ပါပဲ။ အချစ်ရေးကံကောင်းနေတတ်ပါတယ်။ အချစ်နယ်ကျွံတာမျိုးတော့ မဖြစ်ပါစေနဲ့။ ပညာရေးအထူးကောင်းပါတယ်။ ပညာရပ်အသစ်များ စတင်သင်ယူခြင်းက ထိုပညာရပ်ကို ဆုံးခန်းတိုင်တတ်မြောက်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၅/၃/၉ …. အထူးဟော ကံသင့်ပါတယ်။ ….ယတြာ ငါးမုန့်ကြော်လေးများဝယ်ပြီး ရပ်ကွက်ထဲက ကလေးတွေကို ဝေကျွေးလိုက်ပါ။

ေသာၾကာ

ေရွ႕တိုးေဆာင္ရြက္စရာရွိတဲ့ လုပ္ငန္းကိစၥမ်ားအားလံုး ဒီကာလမွာ လုပ္ကိုင္ဖို႔သင့္ပါၿပီ။ ရပ္ေဝးနဲ႔ခ်ိတ္ဆက္လုပ္ကိုင္ရေသာ စီးပြားေရးမ်ားအထူးအက်ိဳးေပးေနခ်ိန္ပါ။ စီးပြားေရးလုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႕ေအာင္ျမင္ပါလိမ့္မယ္။ ကားလုပ္ငန္း ကုန္သြယ္ေရးလုပ္ငန္း လက္ကားစီးပြားေရးမ်ား အထူးပဲ ေအာင္ျမင္တတ္ပါတယ္။ က်န္းမာေရးကေတာ့ အနညး္ငယ္ညံ့ပါတယ္။ ျခဴ ျခာလြယ္တဲ့ ကာလပါပဲ။ရက္လြန္ေနေသာ စားေသာက္ကုန္မ်ား မစားမိေအာင္ ဆင္ျခင္ပါ။ အခ်စ္ေရးကံက ခ်စ္လြန္းအားႀကီးမႈကလဲ ျပႆ နာကို ျဖစ္ေစတာပါပဲ။ သဝန္တိုၿပီး အထင္လြဲ ျပႆ နာရွာတဲ့ ခ်စ္သူကို နားလည္ေအာင္ရွင္းျပဖို႔ မလြယ္ကူတဲ့ကာလပါပဲ။ ပညာေရးအတြက္ ရည္မွန္းခ်က္သစ္မ်ား ပန္းတိုင္သစ္မ်ား ခ်မွတ္လို႔ အထူးေကာင္းေနပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၆/၃/၂ …. အထူးေဟာ တိုးတတ္ေအာင္ျမင္မဲ့ ကာလပါ ….ယၾတာ ေရသန္႔ဘူး ရဟန္းတစ္ပါးကိုလႉလိုက္ပါ။

သောကြာ

ရှေ့တိုးဆောင်ရွက်စရာရှိတဲ့ လုပ်ငန်းကိစ္စများအားလုံး ဒီကာလမှာ လုပ်ကိုင်ဖို့သင့်ပါပြီ။ ရပ်ဝေးနဲ့ချိတ်ဆက်လုပ်ကိုင်ရသော စီးပွားရေးများအထူးအကျိုးပေးနေချိန်ပါ။ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့အောင်မြင်ပါလိမ့်မယ်။ ကားလုပ်ငန်း ကုန်သွယ်ရေးလုပ်ငန်း လက်ကားစီးပွားရေးများ အထူးပဲ အောင်မြင်တတ်ပါတယ်။ ကျန်းမာရေးကတော့ အနညး်ငယ်ညံ့ပါတယ်။ ခြူ ခြာလွယ်တဲ့ ကာလပါပဲ။ရက်လွန်နေသော စားသောက်ကုန်များ မစားမိအောင် ဆင်ခြင်ပါ။ အချစ်ရေးကံက ချစ်လွန်းအားကြီးမှုကလဲ ပြဿ နာကို ဖြစ်စေတာပါပဲ။ သဝန်တိုပြီး အထင်လွဲ ပြဿ နာရှာတဲ့ ချစ်သူကို နားလည်အောင်ရှင်းပြဖို့ မလွယ်ကူတဲ့ကာလပါပဲ။ ပညာရေးအတွက် ရည်မှန်းချက်သစ်များ ပန်းတိုင်သစ်များ ချမှတ်လို့ အထူးကောင်းနေပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၆/၃/၂ …. အထူးဟော တိုးတတ်အောင်မြင်မဲ့ ကာလပါ ….ယတြာ ရေသန့်ဘူး ရဟန်းတစ်ပါးကိုလှူလိုက်ပါ။

စေန

အလုပ္နဲ႔ပက္သက္ေသာကိစၥေတြေၾကာင့္ ရပ္ေဝးသြားရဖို႔ အေၾကာင္းဖန္လာတတ္ပါတယ္။ ရစရာရွိတဲ့ ေႂကြးၿမီးေတြရွိရင္ ျပန္ေတာင္းဖို႔ခက္ပါလိမ့္မယ္။ အမႈေဟာင္း ျပႆ နာေဟာင္း ရန္ေႂကြးရန္စေဟာင္းမ်ားရွိခဲ့သူဆို ဒီကာလျပန္လည္ေျဖရွင္းရတတ္ပါတယ္။ အိမ္ေထာင္ဘက္ကို ျပႆ နာမရွာပါနဲ႔။ အိမ္ေပၚကဆင္းသြားတတ္ပါတယ္။ ေငြဝင္လာဖို႔ရွိေနပါတယ္။ အဓိ႒ာန္ဝင္ဖို႔လဲ အေၾကာင္းဖန္လာတတ္ပါတယ္။ ေလာကီထက္ ေလာကုတၱရာအက်ိဳးေပးမဲ့ကာလပါပဲ။ မိမိကိုယ္တိုင္ အခ်စ္ေရးကိုစိတ္မပါသလိုျဖစ္ေနတတ္ပါတယ္။ က်န္းမာေရးကေတာ့ သိပ္စိတ္ပူဖို႔မလိုပါဘူး။ သတိထားရမွာက ဒူးနာ ခါးနာဆိုတာမ်ိဳးပါပဲ။ ပညာေရးမွာ ေလာကီပညာထက္ ေလာကုတၱရာဉာဏ္ပညာဘက္ကို ပိုေကာင္းတဲ့သေဘာေတြ႕ရပါတယ္။

အက်ိဳးေပးဂဏန္း ၇/၅/၁ …. အထူးေဟာ အလုပ္မ်ားေနရလိမ့္မယ္။ ….ယၾတာ ဘုရားရွင္အား ထိုးမုန္႔ကပ္လႉေပးပါ။

စနေ

အလုပ်နဲ့ပက်သက်သောကိစ္စတွေကြောင့် ရပ်ဝေးသွားရဖို့ အကြောင်းဖန်လာတတ်ပါတယ်။ ရစရာရှိတဲ့ ကြွေးမြီးတွေရှိရင် ပြန်တောင်းဖို့ခက်ပါလိမ့်မယ်။ အမှုဟောင်း ပြဿ နာဟောင်း ရန်ကြွေးရန်စဟောင်းများရှိခဲ့သူဆို ဒီကာလပြန်လည်ဖြေရှင်းရတတ်ပါတယ်။ အိမ်ထောင်ဘက်ကို ပြဿ နာမရှာပါနဲ့။ အိမ်ပေါ်ကဆင်းသွားတတ်ပါတယ်။ ငွေဝင်လာဖို့ရှိနေပါတယ်။ အဓိဋ္ဌာန်ဝင်ဖို့လဲ အကြောင်းဖန်လာတတ်ပါတယ်။ လောကီထက် လောကုတ္တရာအကျိုးပေးမဲ့ကာလပါပဲ။ မိမိကိုယ်တိုင် အချစ်ရေးကိုစိတ်မပါသလိုဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးကတော့ သိပ်စိတ်ပူဖို့မလိုပါဘူး။ သတိထားရမှာက ဒူးနာ ခါးနာဆိုတာမျိုးပါပဲ။ ပညာရေးမှာ လောကီပညာထက် လောကုတ္တရာဉာဏ်ပညာဘက်ကို ပိုကောင်းတဲ့သဘောတွေ့ရပါတယ်။

အကျိုးပေးဂဏန်း ၇/၅/၁ …. အထူးဟော အလုပ်များနေရလိမ့်မယ်။ ….ယတြာ ဘုရားရှင်အား ထိုးမုန့်ကပ်လှူပေးပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝၾကပါေစ။

ၿငိမ္းေအးလူ (ေဗဒင္သုေတသီ) ….Viber Only( 09775555695)
Credit:dkhit.com

About popinvdo.xyz(ပဲပင္​​ေပါက္​)

View all posts by popinvdo.xyz(ပဲပင္​​ေပါက္​) →

Leave a Reply

Your email address will not be published. Required fields are marked *