ကင်မ် နှင့် ထိုးမယ့်ပွဲတွင် အချိန်ဆွဲ မထိုးပဲ အမြန်ပွဲသိမ်းမယ် ဆိုတဲ့ အောင်လအန်ဆန်

ကင်မ် နှင့် ထိုးမယ့်ပွဲတွင် အချိန်ဆွဲ မထိုးပဲ အမြန်ပွဲသိမ်းမယ် ဆိုတဲ့ အောင်လအန်ဆန်

ဂျပန်နိုင်ငံ ၊ တိုကျိုမြို့၌ ဂျပန်လက်ဝှေ့ သမား ကင်မ်ဟစဲဂါဝါ နှင့် ယှဉ်ပြိုင် ထိုးသတ် သွားရမည့် ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲ အတွက် အောင်လအန်ဆန်က အရမ်း ရင်ခုန်မိပြီး ကင်မ်ကို သတိကောင်း ကောင်းထား၍ ယှဉ်ပြိုင် သွားရမည် ဖြစ်ကြောင်း နှင့် ဇန်န၀ါရီ ၂ ရက် မြန်မာနိုင်ငံက ပြန်သည် နှင့် ဖရော်ရီဒါတွင် လေ့ကျင့်မှု များကို ပြုလုပ် သွားမည် ဖြစ်ကြောင်း ပြောသည် ။

One က ဂျပန်ဈေးကွက် အတွက် ပထမဦးဆုံး ပွဲလည်း ဖြစ်တယ် ကင်မ်က ဂျပန်မှာ နံပါတ်ဝမ်း ။ သူကလည်း နိုင်မယ်လို့ ယုံကြည်ချက် ရှိလို့ ဒီပွဲကို သူ လက်မှတ် ထိုးတာ ဖြစ်ပါတယ် ။ ဒီပွဲ အတွက် သူ အကောင်းဆုံး ပြင်ဆင်လာမယ်လို့ ယုံကြည်တယ် ။

အဲ့တော့ အခုလိုမျိုး ကင်မ်နဲ့ သူရဲ့ အိမ်မှာ ပြန်ကစားရမယ် ဆိုတော့ ကျွန်တော် ကောင်းကောင်း မွန်မွန် ပြင်ဆင် ရမယ် ။ ဖိအားတော့ မရှိပါဘူးနော် ။ ကင်မ်နဲ့ ကျွန်တော်နဲ့ နှစ်ယောက်ပဲ ကစားရမှာပါ ဂျပန် ပရိသတ်တွေ အားပေးမှုက ကျွန်တော့် ယှဉ်ပြိုင်မှု အတွက် ထိရောက်မှု ရှိမှာ မဟုပါဘူး ” ဟု အောင်လအန်ဆန်က ပြောသည် ။

၂၀၁၉ ခုနှစ် ၊ မတ်လ ၃၁ ရက်တွင် ယှဉ်ပြိုင် ထိုးသတ်သွားမည် အဆိုပါ ပွဲစဉ် သည် အောင်လအန်ဆန် နှင့် ကင်မ်ဟစဲဂါဝါ တို့ ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံခြင်း ဖြစ်ပြီး One MMA မစ်ဒယ်ဝိတ် နှင့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ် နှစ်ခု ရရှိထားသည့် အောင်လအန်ဆန် အတွက် တတိယ အကြိမ်မြောက် မစ်ဒယ်ဝိတ် ကမ္ဘာ့ ချန်ပီယံ ခါးပတ် ကာကွယ်ပွဲ လည်း ဖြစ်သည် ။

အောင်လအန်ဆန်သည် ကင်မ်နှင့် ပထမအကြိမ် တွေ့ဆုံစဉ်က ရန်ကုန်မြို့၌ ကိုယ့်ပရိသတ် ရှေ့တွင် ယှဉ်ပြိုင် ထိုးသတ်ခဲ့ရခြင်း ဖြစ်ပြီး နောက်ဆုံး အချီမှ အလဲထိုး အနိုင်ရရှိ ခဲ့သည် ။ ထိုပွဲစဉ်သည် အောင်လအန်ဆန်၏ ပထမဆုံး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ် ကာကွယ်ပွဲ ဖြစ်သည်နှင့် အညီ ခက်ခက်ခဲခဲ ယှဉ်ပြိုင် ထိုးသတ်ခဲ့ ရသည် ။ ထို့ကြောင့် အဆိုပါပွဲစဉ်သည် ၂၀၁၈ ခုနှစ် အတွက် MMA တစ်နှစ်တာ အကောင်းဆုံး ပွဲဆု ရရှိခဲ့သည် အထိ ပွဲကောင်း တပွဲ ဖြစ်ခဲ့သည်။

ပထမအကြိမ်တွင် ကင်မ်ကို ခက်ခက် ခဲခဲ ယှဉ်ပြိုင် ထိုးသတ် ခဲ့ရသော်လည်း အောင်လအန်ဆန်က ကင်မ်နှင့် ဒုတိအကြိမ် တွေ့ဆုံမှုတွင် ယခင်ပွဲ ကဲ့သို့ ပွဲချိန် ကြာကြာ မထိုးတော့ဘဲ အစောပိုင်း အချီများ အတွင်း ပွဲပြတ်အောင် ထိုးနိုင်ရန် အကောင်းဆုံး ပြင်ဆင် သွားမည် ဖြစ်ကြောင်း ပြောသည် ။

မိုင်းစောလွင်

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *