ခါးနာ၊ ေပါင္တန္းၿပီး အေၾကာညပ္ေနသလား ဒါေလးဖတ္ၾကည့္ေပးပါ


အရင္တစ္ပတ္ခန္႔က စာေရးသူနဲ႔ senior ဆရာ ဝန္အစ္မတစ္ေယာက္နဲ႔ စကားေျပာျဖစ္ၾက ေတာ့ သူကစာေရးသူကို ခါးနာ၊ ေပါင္တန္းတဲ့အေၾကာင္း
ေလးေရးပါလားလို႔ အႀကံေပးပါတယ္။ ဘယ္သူမဆို လမ္းေလၽွာက္ရတာမေကာင္းဘူး။ လႈပ္ရွားသြားလာရ တာ မေကာင္းဘူးဆိုရင္ ငါဘာျဖစ္ၿပီလဲမသိဘူးဆိုၿပီး အလန္႔တၾကားျဖစ္တတ္ၾကတယ္။

ဒီလိုမ်ိဳး ခါးနာတယ္၊ ေပါင္တန္းတယ္၊ အေၾကာညပ္တယ္ဆိုတဲ့ ျပႆနာၾကဳံ ရတဲ့သူေတြက မ်ားလည္း မ်ားတတ္တာမို႔ စာေရးသူ လည္း ဒီတစ္ပတ္ေတာ့ အေၾကာညပ္တယ္ဆိုတဲ့ေခါင္း စဥ္ေလးနဲ႔အတူ Sciatica အေၾကာင္းကို တေစ့တေစာင္း မၽွေဝတင္ျပခ်င္ပါတယ္။

■ Sciatica ဆိုတာဘာလဲ။ ဘယ္လိုလကၡဏာေတြျဖစ္ တတ္သလဲ။

Sciatica ျဖစ္တယ္ဆိုတာဟာ ေဆးပညာ မွာ ေျခေထာက္အတြက္အေရးပါတဲ့ Sciatic အာ႐ုံေၾကာ ကို အစြဲျပဳေခၚထားတဲ့အေျခအေနတစ္ရပ္ျဖစ္ပါတယ္။ ူLumbosacral Radicular Syndrome? Nerve root pain? Nerve root entrapment စသည္ျဖင့္လည္း သုံးႏႈန္းပါတယ္။ လူေတာ္ေတာ္မ်ားမ်ားလည္း တစ္သက္ တစ္ခါျဖစ္ျဖစ္ ၾကဳံဖူးေလ့ရွိၾကၿပီး အဓိကျဖစ္တတ္တာ ကေတာ့ ေျခေထာက္တစ္ေလၽွာက္၊ အထူးသျဖင့္ ေပါင္ ေနရာနဲ႔ တစ္ခါတစ္ရံမွာ ဒူးေအာက္ပိုင္းက ေျခသလုံး ၾကြက္သားေတြ၊ ေျခေထာက္ေတြအထိနာတာ၊ ထုံက်င္ တာ စတာအျပင္ ခါးေအာက္ပိုင္းနာက်င္ကိုက္ခဲတာ မ်ိဳးလည္းျဖစ္တတ္ၿပီး မလႈပ္မရွားနိုင္တာအထိလည္း ျဖစ္တတ္ၾကတယ္။ ဒါကိုပဲအရပ္ထဲမွာေတာ့ ေပါင္တန္း တယ္၊ အေၾကာညပ္တယ္ စသည္ျဖင့္လည္းေခၚတတ္ ၾကၿပီး နာတာက်င္တာဟာ ေခ်ာင္းဆိုးတာ၊ ႏွာေခ်တာ စတာနဲ႔ <ျြကက္သားေတြအားစိုက္ထုတ္ရတဲ့အခါမွာ ပို ဆိုးတတ္ၾကပါတယ္။

■ ဘာေၾကာင့္ Sciatica ျဖစ္တတ္ၾကသလဲ။ Sciatica ျဖစ္တာဟာ ေျခေထာက္က Sciatica အာ႐ုံေၾကာမေကာင္းလို႔ဆိုတာထက္ သူ႔ရဲ့ျမစ္ ဖ်ားခံရာ ခါးဆစ္ေက်ာရိုးမႀကီးဆီကနာက်င္မႈဟာ ေအာက္ ကိုဆင္းလာတတ္တာျဖစ္တယ္။ ဒါေၾကာင့္ Sciatica ျဖစ္သူေတြရဲ့ရာခိုင္ႏႈန္း ၉ဝဟာ ခါးဆစ္ရိုးၾကားတစ္ခု နဲ႔တစ္ခုမွာရွိၿပီး ခါးဆစ္ရိုးေတြကို ခ်ိတ္ဆက္ေထာက္ ပံ့ေပးထားတဲ့ဒစ္ျပားေလးေတြ (Inter-vertebral Disc) ကၽြံၿပီး ပင္မအာ႐ုံေၾကာ Nerve root ကို သြားဖိမိတာ ေၾကာင့္လို႔ စာမ်ားမွာေဖာ္ျပၾကပါတယ္။ ဒါေပမဲ့လည္း တျခားျဖစ္နိုင္ေျခရွိေသးတဲ့ေရာဂါေတြကေတာ့ ခါးဆစ္ ရိုးအေခါင္းေပါက္က်ဥ္းတာ (Spinal Stenosis)၊ ခါး ေက်ာရိုးမွာအလုံးအက်ိတ္ျဖစ္တာ(Tumours)၊ ကင္ ဆာျဖစ္တာ၊ သို႔မဟုတ္ တျခားခႏၶာကိုယ္တစ္ေနရာရာ မွ ကင္ဆာက ခါးဆစ္ရိုးဆီပ်ံ႕ႏွံ့လာတာ၊ ခါးဆစ္ရိုးေတြ ေနရာလြဲေခ်ာ္တာ (Spondylolisthesis)၊ ခါးဆစ္ရိုးမွာ တီဘီေရာဂါျဖစ္တာနဲ႔ ျပည္တည္တာစတဲ့ေရာဂါေတြ ပါ။ အေရးႀကီးတဲ့ေရာဂါအေျခအေနတစ္ခုကေတာ့ Cauda Equina Syndrome ဆိုတာျဖစ္ၿပီး ခါးဆစ္အာ ႐ုံေၾကာမႀကီးရဲ့ေအာက္ဆုံးမွာျဖာထြက္တဲ့ Cauda Equina ဆိုတဲ့အာ႐ုံေၾကာမၽွင္ေတြ အဖိခံရတာ၊ ထိခိုက္ ခံရတဲ့အခါမွာျဖစ္ပါတယ္။ ဒီေရာဂါေၾကာင့္ အထက္ မွာစာေရးသူေဖာ္ျပထားတဲ့Sciaticaလကၡဏာေတြ အျပင္ ဆီးမထိန္းနိုင္တာ၊ ဝမ္းမထိန္းနိုင္တာဆိုတာပါ ျဖစ္လာမယ္ဆိုရင္ေတာ့ ၾကာလာရင္ အေၾကာေသၿပီး ေလျဖတ္သလိုျဖစ္တတ္တာမို႔ လ်င္ျမန္စြာကုသမႈခံယူ ဖို႔ လိုအပ္ပါတယ္။

■ Sciatica ျဖစ္တယ္ထင္ရင္ ဘာလုပ္သင့္သလဲ။ အထက္မွာေဖာ္ျပထားတဲ့လကၡဏာေတြ လိုမ်ိဳးခံစားလာရတဲ့သူတစ္ေယာက္ဟာ နားလည္တတ္ ကၽြမ္းတဲ့ဆရာဝန္နဲ႔ ေသခ်ာအရင္ျပသသင့္ပါတယ္။ မ်ားေသာအားျဖင့္ ႐ုတ္တရက္ထျဖစ္တဲ့ Acute Sciatica ေတြကို ေရာဂါရာဇဝင္နဲ႔စမ္းသပ္ၾကည့္တဲ့အေပၚ မွာမူတည္ၿပီး အေရးႀကီးနိုင္၊ မႀကီးနိုင္ဆိုတာကို ဆုံးျဖတ္ ၾကေလ့ရွိပါတယ္။ လိုအပ္မယ္ထင္တဲ့အခါ၊ လကၡဏာ ေတြဟာ ေျခာက္ပတ္မွသည္ ရွစ္ပတ္ေလာက္အထိ မသက္ သာတဲ့အခါ၊ ခြဲစိတ္ကုသရမယ္ထင္တဲ့အခါမ်ိဳးမွာမွ ေက်ာ ရိုးကို CT scan ေခၚ ကြန္ပ်ဴတာဓာတ္မွန္မ်ိဳး သို႔မဟုတ္ MRI (သံလိုက္စက္ကြင္းသုံး) ဓာတ္မွန္မ်ိဳးေတြကို ရိုက္ ၾကည့္ၿပီး ဆုံးျဖတ္ရေလ့ရွိပါတယ္။ ဒါမွသာ ခါးဆစ္ရိုး ဒစ္ျပားကၽြံတာ၊ ဘယ္ေနရာနဲ႔ ဘယ္ေလာက္အထိ အာ ႐ုံေၾကာကိုသြားေရာက္ဖိေနတာစတာေတြကို ပိုမိုသိရွိ နိုင္မွာပါ။ ■ Sciatica ကို ဘယ္လိုေတြကုသနိုင္သလဲ။ ႀကီးႀကီးမားမားေရာဂါအခံေၾကာင့္ မဟုတ္ ဘူးဆိုရင္ေတာ့ Acute Sciatica ျဖစ္တဲ့အခါမွာ Conservative treatment ေခၚ မခြဲမစိတ္တဲ့ကုသနည္း ေတြကို သုံးစြဲၾကပါတယ္။ ႏွစ္ပတ္ေလာက္အတြင္းမွာ လကၡဏာေတြ သက္သာလာတတ္ပါတယ္။ ကုသဖို႔အ တြက္ ပထမဆုံးအေနနဲ႔ကေတာ့ နာလို႔က်င္လို႔ဆိုၿပီး အိပ္ရာထဲမွာပဲ အနားယူေနတာထက္ လႈပ္ရွားမႈရွိေန ဖို႔ကို ကုသနည္းမွာ အားေပးၾကပါတယ္။ ဒါေပမဲ့ လူ ေတာ္ေတာ္မ်ားမ်ားဟာ ခါးနာ၊ ေျခေထာက္နာဆိုတဲ့ အခါမွာ ေၾကာက္ၿပီးေတာ့ မလႈပ္မယွက္ေတာ့ဘဲ အနား ယူေနေလ့ရွိတတ္ၾကတယ္။Sciatica မွာကေတာ့ လႈပ္ လႈပ္ရွားရွားေနထိုင္တာဟာ ပိုမိုအက်ိဳးရွိနိုင္တယ္လို႔ဆို ၾကပါတယ္။ (ဒါေၾကာင့္ မိမိရဲ့ခါးနာတာ၊ ေျခေထာက္ နာက်င္တာဟာ တျခားေရာဂါေတြေၾကာင့္ ျဖစ္ေနမလား ဆိုတာကို နားလည္တတ္ကၽြမ္းသူနဲ႔ အရင္ဆုံးျပသစစ္ ေဆးၾကည့္ဖို႔ေတာ့ လိုပါတယ္)။ တစ္ခ်ိန္တည္းမွာပဲ ပါရာစီတေမာလို အကိုက္အခဲေပ်ာက္ေဆးမ်ိဳးနဲ႔ ေသာက္သုံးနိုင္ပါတယ္။ လို အပ္မယ္ဆိုရင္ေတာ့ ပိုမိုျပင္းထန္တဲ့အကိုက္အခဲေပ်ာက္ ေဆးမ်ိဳးေတြကို ဆရာဝန္က ညြန္ၾကားေပး ပါလိမ့္မယ္။ သင့္ေတာ္တဲ့ ကိုယ္လက္ေလ့က်င့္ခန္းမ်ားျပဳလုပ္ေပး တာ၊ ခါးဆစ္ရိုးထဲကို စတီးရြိဳက္ေဆးထိုးတာ(Epidural Steroid Injection)၊ ခါးကို အပူအိတ္ကပ္ေပး တာစတဲ့နည္းလမ္းေတြကိုလည္း ကုသရာမွာ သုံးစြဲနိုင္ ပါတယ္။ ဒီနည္းလမ္းေတြဟာ ေသခ်ာေပါက္သက္သာ မယ္လို႔ေတာ့ အာမခံထားလို႔မရပါဘူး။ ဒါေၾကာင့္ တစ္ ခါတစ္ရံမွာ အျဖစ္မ်ားတတ္တဲ့ ခါးဆစ္ရိုးဒစ္ကၽြံတာ အတြက္ကို ခြဲစိတ္ကုသမွသာ ေျခေထာက္နာ၊ ခါးနာသက္ သာရာ ရေတာ့တာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒီေနရာမွာေတာ့ ခြဲစိတ္တာ နဲ႔ပတ္သက္ၿပီး ၿဗိတိသၽွနိုင္ငံမွ ေဆးဂ်ာနယ္တစ္ခုမွာ ၃၂ႏွစ္အရြယ္ အမ်ိဳးသမီးလူနာတစ္ေယာက္ရဲ့ရႈေထာင့္ကေနေရးသား ထားတဲ့Sciatica ကိုယ္ေတြ႕ခံစားခ်က္ေလးတစ္ခုကို ျပန္လည္မၽွေဝေပးခ်င္ပါတယ္။ ထိုစာစုတိုေလးမွာ သူမဟာ အပန္းေျဖခရီး တစ္ခုထြက္ရင္း ခါး<ျြကက္သားေတြနာက်င္တာကေန အစျပဳၿပီး ခါးေအာက္ပိုင္းေတြ ကိုက္ေနတတ္တာ၊ ေၿခ ေထာက္မွာ ထုံက်ဥ္ေနတာစတာေတြကို ကိုးလေလာက္ ခံစားလိုက္ရေၾကာင္းကိုေဖာ္ျပထားပါတယ္။ ေနာက္ပိုင္း မွာေတာ့ သူ႔ရဲ့ညာဘက္ေျခေထာက္ဟာ နာက်င္တာအင္ မတန္ဆိုးရြားလာတဲ့အတြက္ အိမ္ကေနေတာင္ ဘယ္မွ မသြားနိုင္ ျဖစ္ခဲ့ရတယ္။ ဆရာဝန္ႀကီးက MRI ဓာတ္ မွန္ရိုက္ခိုင္းၾကည့္တဲ့အခါ မွာ ခါးဆစ္ရိုးအဆစ္ဒစ္ ျပားတစ္ခု ေတာ္ေတာ္ႀကီး ကၽြံေနတာကို ေတြ႕လိုက္ ရၿပီး ေနာက္ပိုင္းမွာလည္း လကၡဏာေတြ ပိုဆိုးလာ တာနဲ႔ သူခြဲစိတ္မႈခံယူလိုက္ ပါတယ္။ ခြဲစိတ္ၿပီးေနာက္ ပိုင္းမွာ ခါးနာတာေတြ၊ ေၿခ ေထာက္နာတာေတြ တ ျဖည္းျဖည္းျပန္သက္သာ လာၿပီး လုံးဝျပန္ေကာင္း သြားတယ္။ အလုပ္လည္း ျပန္သြားနိုင္ၿပီး ပတ္ဝန္း က်င္နဲ႔ျပန္လည္ထိစပ္နိုင္ လာပါတယ္။ ဒါေပမဲ့လည္း လအနည္းငယ္ၾကာတဲ့အ ခါမွာ လကၡဏာေတြျပန္ ေပၚလာတယ္။ အရင္မခြဲ စိတ္ခင္ေလာက္ကေတာ့ မဆိုးေပမယ့္ ေနာက္ထပ္ MRI ရိုက္ၾကည့္တဲ့အခါ မွာ ဒစ္ျပားႏွစ္ခုအနည္း ငယ္စီကၽြံေနတာနဲ႔ အျခား ဒစ္ျပားႏွစ္ခုကေတာ့ မ ေကာင္းဘဲျဖစ္ေနတာကို ေတြ႕လိုက္ရတယ္။ ဒုတိယ အႀကိမ္ခြဲစိတ္နိုင္ဖို႔ကေတာ့ နည္းနည္းေစာင့္ရဦးမယ္ ျဖစ္ေၾကာင္း ဆရာဝန္ႀကီး က ေျပာျပပါတယ္။ သူမ လည္း ဒီၾကားထဲမွာ နာ တာ၊ က်င္တာနဲ႔ စိတ္ဒုကၡ ေရာက္ရတာနဲ႔ ေတာ္ေတာ္ ေလးအက်ပ္ရိုက္ေနတယ္ လို႔ သိရပါတယ္။ ဒါကိုၾကည့္ျခင္းအားျဖင့္Sciatica ေပ်ာက္ဖို႔အတြက္ တစ္ေခါက္ခြဲစိတ္ထားၿပီးျဖစ္ေပမယ့္ ေနာက္တစ္ေခါက္ျပန္နာမယ္ဆိုရင္ေတာ့ ထပ္ၿပီးေတာ့ စမ္းသပ္ဖို႔ လိုရင္လိုအပ္မွာမ်ိဳး၊ ခြဲစိတ္ရမွာမ်ိဳးလည္း ျဖစ္တတ္တယ္ဆိုတာကို သိထားသင့္ပါတယ္။ ဒါေၾကာင့္ နိဂုံးခ်ဳပ္အားျဖင့္ေတာ့ ေပါင္တန္း တယ္၊ ခါးနာတယ္ဆိုတာကို ရမ္းသမ္းၿပီးေတာ့ နင္း တာႏွိပ္တာ၊ အကိုက္အခဲေပ်ာက္ေဆးေတြ လြယ္လြယ္ ဝယ္ၿပီးသက္သာ႐ုံမၽွ ၾကာရွည္စားေနတာမ်ိဳးကို ေရွာင္ ၾကဥ္သင့္ပါတယ္။ ေသခ်ာနားမလည္ဘဲနဲ႔ တလြဲႏွိပ္မိ ရင္ ခါးရိုးဆစ္ကိုပိုၿပီးဒဏ္ျဖစ္ေစမွာျဖစ္သလို အကိုက္ အခဲေပ်ာက္ေဆးေတြကို ဒီတိုင္းစြဲေသာက္ေနရင္လည္း ေဆးေတြရဲ့ဆိုးက်ိဳးေတြကိုခံရပါမယ္။ ဒါေၾကာင့္ ေဘး ျဖစ္နိုင္တဲ့Sciatica လား၊ ျပန္ေပ်ာက္ေလာက္မယ့္ Sciatica လားဆိုတာကို သိနိုင္ဖို႔ ခါးနာ၊ ေပါင္တန္းၿပီး အ ေၾကာညပ္သလိုျဖစ္ရင္ နားလည္တတ္ကၽြမ္းသူမ်ားနဲ႔ ေသခ်ာကုပါဟုလည္း အႀကံျပဳလိုပါေၾကာင္း။

ေနျခည္ (ေဆး-၁)

ခါးနာ၊ ပေါင်တန်းပြီး အကြောညပ်နေသလား

အမျိုးသမီးနှင့်ကျန်းမာရေး ခါးနာ၊ ပေါင်တန်းပြီး အကြောညပ်နေသလား

အရင်တစ်ပတ်ခန့်က စာရေးသူနဲ့ senior ဆရာ ဝန်အစ်မတစ်ယောက်နဲ့ စကားပြောဖြစ်ကြ တော့ သူကစာရေးသူကို ခါးနာ၊ ပေါင်တန်းတဲ့အကြောင်းလေးရေးပါလားလို့ အကြံပေးပါတယ်။ ဘယ်သူမဆို လမ်းလျှောက်ရတာမကောင်းဘူး။ လှုပ်ရှားသွားလာရ တာ မကောင်းဘူးဆိုရင် ငါဘာဖြစ်ပြီလဲမသိဘူးဆိုပြီး အလန့်တကြားဖြစ်တတ်ကြတယ်။
ဒီလိုမျိုး ခါးနာတယ်၊ ပေါင်တန်းတယ်၊ အကြောညပ်တယ်ဆိုတဲ့ ပြဿနာကြုံ ရတဲ့သူတွေက များလည်း များတတ်တာမို့ စာရေးသူ လည်း ဒီတစ်ပတ်တော့ အကြောညပ်တယ်ဆိုတဲ့ခေါင်း စဉ်လေးနဲ့အတူ Sciatica အကြောင်းကို တစေ့တစောင်း မျှဝေတင်ပြချင်ပါတယ်။

■ Sciatica ဆိုတာဘာလဲ။ ဘယ်လိုလက္ခဏာတွေဖြစ် တတ်သလဲ။
Sciatica ဖြစ်တယ်ဆိုတာဟာ ဆေးပညာ မှာ ခြေထောက်အတွက်အရေးပါတဲ့ Sciatic အာရုံကြော ကို အစွဲပြုခေါ်ထားတဲ့အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ူLumbosacral Radicular Syndrome? Nerve root pain? Nerve root entrapment စသည်ဖြင့်လည်း သုံးနှုန်းပါတယ်။ လူတော်တော်များများလည်း တစ်သက် တစ်ခါဖြစ်ဖြစ် ကြုံဖူးလေ့ရှိကြပြီး အဓိကဖြစ်တတ်တာ ကတော့ ခြေထောက်တစ်လျှောက်၊ အထူးသဖြင့် ပေါင် နေရာနဲ့ တစ်ခါတစ်ရံမှာ ဒူးအောက်ပိုင်းက ခြေသလုံး ကြွက်သားတွေ၊ ခြေထောက်တွေအထိနာတာ၊ ထုံကျင် တာ စတာအပြင် ခါးအောက်ပိုင်းနာကျင်ကိုက်ခဲတာ မျိုးလည်းဖြစ်တတ်ပြီး မလှုပ်မရှားနိုင်တာအထိလည်း ဖြစ်တတ်ကြတယ်။ ဒါကိုပဲအရပ်ထဲမှာတော့ ပေါင်တန်း တယ်၊ အကြောညပ်တယ် စသည်ဖြင့်လည်းခေါ်တတ် ကြပြီး နာတာကျင်တာဟာ ချောင်းဆိုးတာ၊ နှာချေတာ စတာနဲ့ <ြွကက်သားတွေအားစိုက်ထုတ်ရတဲ့အခါမှာ ပို ဆိုးတတ်ကြပါတယ်။ ■ ဘာကြောင့် Sciatica ဖြစ်တတ်ကြသလဲ။ Sciatica ဖြစ်တာဟာ ခြေထောက်က Sciatica အာရုံကြောမကောင်းလို့ဆိုတာထက် သူ့ရဲ့မြစ် ဖျားခံရာ ခါးဆစ်ကျောရိုးမကြီးဆီကနာကျင်မှုဟာ အောက် ကိုဆင်းလာတတ်တာဖြစ်တယ်။ ဒါကြောင့် Sciatica ဖြစ်သူတွေရဲ့ရာခိုင်နှုန်း ၉ဝဟာ ခါးဆစ်ရိုးကြားတစ်ခု နဲ့တစ်ခုမှာရှိပြီး ခါးဆစ်ရိုးတွေကို ချိတ်ဆက်ထောက် ပံ့ပေးထားတဲ့ဒစ်ပြားလေးတွေ (Inter-vertebral Disc) ကျွံပြီး ပင်မအာရုံကြော Nerve root ကို သွားဖိမိတာ ကြောင့်လို့ စာများမှာဖော်ပြကြပါတယ်။ ဒါပေမဲ့လည်း တခြားဖြစ်နိုင်ခြေရှိသေးတဲ့ရောဂါတွေကတော့ ခါးဆစ် ရိုးအခေါင်းပေါက်ကျဉ်းတာ (Spinal Stenosis)၊ ခါး ကျောရိုးမှာအလုံးအကျိတ်ဖြစ်တာ(Tumours)၊ ကင် ဆာဖြစ်တာ၊ သို့မဟုတ် တခြားခန္ဓာကိုယ်တစ်နေရာရာ မှ ကင်ဆာက ခါးဆစ်ရိုးဆီပျံ့နှံ့လာတာ၊ ခါးဆစ်ရိုးတွေ နေရာလွဲချော်တာ (Spondylolisthesis)၊ ခါးဆစ်ရိုးမှာ တီဘီရောဂါဖြစ်တာနဲ့ ပြည်တည်တာစတဲ့ရောဂါတွေ ပါ။ အရေးကြီးတဲ့ရောဂါအခြေအနေတစ်ခုကတော့ Cauda Equina Syndrome ဆိုတာဖြစ်ပြီး ခါးဆစ်အာ ရုံကြောမကြီးရဲ့အောက်ဆုံးမှာဖြာထွက်တဲ့ Cauda Equina ဆိုတဲ့အာရုံကြောမျှင်တွေ အဖိခံရတာ၊ ထိခိုက် ခံရတဲ့အခါမှာဖြစ်ပါတယ်။ ဒီရောဂါကြောင့် အထက် မှာစာရေးသူဖော်ပြထားတဲ့Sciaticaလက္ခဏာတွေ အပြင် ဆီးမထိန်းနိုင်တာ၊ ဝမ်းမထိန်းနိုင်တာဆိုတာပါ ဖြစ်လာမယ်ဆိုရင်တော့ ကြာလာရင် အကြောသေပြီး လေဖြတ်သလိုဖြစ်တတ်တာမို့ လျင်မြန်စွာကုသမှုခံယူ ဖို့ လိုအပ်ပါတယ်။ ■ Sciatica ဖြစ်တယ်ထင်ရင် ဘာလုပ်သင့်သလဲ။ အထက်မှာဖော်ပြထားတဲ့လက္ခဏာတွေ လိုမျိုးခံစားလာရတဲ့သူတစ်ယောက်ဟာ နားလည်တတ် ကျွမ်းတဲ့ဆရာဝန်နဲ့ သေချာအရင်ပြသသင့်ပါတယ်။ များသောအားဖြင့် ရုတ်တရက်ထဖြစ်တဲ့ Acute Sciatica တွေကို ရောဂါရာဇဝင်နဲ့စမ်းသပ်ကြည့်တဲ့အပေါ် မှာမူတည်ပြီး အရေးကြီးနိုင်၊ မကြီးနိုင်ဆိုတာကို ဆုံးဖြတ် ကြလေ့ရှိပါတယ်။ လိုအပ်မယ်ထင်တဲ့အခါ၊ လက္ခဏာ တွေဟာ ခြောက်ပတ်မှသည် ရှစ်ပတ်လောက်အထိ မသက် သာတဲ့အခါ၊ ခွဲစိတ်ကုသရမယ်ထင်တဲ့အခါမျိုးမှာမှ ကျော ရိုးကို CT scan ခေါ် ကွန်ပျူတာဓာတ်မှန်မျိုး သို့မဟုတ် MRI (သံလိုက်စက်ကွင်းသုံး) ဓာတ်မှန်မျိုးတွေကို ရိုက် ကြည့်ပြီး ဆုံးဖြတ်ရလေ့ရှိပါတယ်။ ဒါမှသာ ခါးဆစ်ရိုး ဒစ်ပြားကျွံတာ၊ ဘယ်နေရာနဲ့ ဘယ်လောက်အထိ အာ ရုံကြောကိုသွားရောက်ဖိနေတာစတာတွေကို ပိုမိုသိရှိ နိုင်မှာပါ။ ■ Sciatica ကို ဘယ်လိုတွေကုသနိုင်သလဲ။ ကြီးကြီးမားမားရောဂါအခံကြောင့် မဟုတ် ဘူးဆိုရင်တော့ Acute Sciatica ဖြစ်တဲ့အခါမှာ Conservative treatment ခေါ် မခွဲမစိတ်တဲ့ကုသနည်း တွေကို သုံးစွဲကြပါတယ်။ နှစ်ပတ်လောက်အတွင်းမှာ လက္ခဏာတွေ သက်သာလာတတ်ပါတယ်။ ကုသဖို့အ တွက် ပထမဆုံးအနေနဲ့ကတော့ နာလို့ကျင်လို့ဆိုပြီး အိပ်ရာထဲမှာပဲ အနားယူနေတာထက် လှုပ်ရှားမှုရှိနေ ဖို့ကို ကုသနည်းမှာ အားပေးကြပါတယ်။ ဒါပေမဲ့ လူ တော်တော်များများဟာ ခါးနာ၊ ခြေထောက်နာဆိုတဲ့ အခါမှာ ကြောက်ပြီးတော့ မလှုပ်မယှက်တော့ဘဲ အနား ယူနေလေ့ရှိတတ်ကြတယ်။Sciatica မှာကတော့ လှုပ် လှုပ်ရှားရှားနေထိုင်တာဟာ ပိုမိုအကျိုးရှိနိုင်တယ်လို့ဆို ကြပါတယ်။ (ဒါကြောင့် မိမိရဲ့ခါးနာတာ၊ ခြေထောက် နာကျင်တာဟာ တခြားရောဂါတွေကြောင့် ဖြစ်နေမလား ဆိုတာကို နားလည်တတ်ကျွမ်းသူနဲ့ အရင်ဆုံးပြသစစ် ဆေးကြည့်ဖို့တော့ လိုပါတယ်)။ တစ်ချိန်တည်းမှာပဲ ပါရာစီတမောလို အကိုက်အခဲပျောက်ဆေးမျိုးနဲ့ သောက်သုံးနိုင်ပါတယ်။ လို အပ်မယ်ဆိုရင်တော့ ပိုမိုပြင်းထန်တဲ့အကိုက်အခဲပျောက် ဆေးမျိုးတွေကို ဆရာဝန်က ညွန်ကြားပေး ပါလိမ့်မယ်။ သင့်တော်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်ပေး တာ၊ ခါးဆစ်ရိုးထဲကို စတီးရွိုက်ဆေးထိုးတာ(Epidural Steroid Injection)၊ ခါးကို အပူအိတ်ကပ်ပေး တာစတဲ့နည်းလမ်းတွေကိုလည်း ကုသရာမှာ သုံးစွဲနိုင် ပါတယ်။ ဒီနည်းလမ်းတွေဟာ သေချာပေါက်သက်သာ မယ်လို့တော့ အာမခံထားလို့မရပါဘူး။ ဒါကြောင့် တစ် ခါတစ်ရံမှာ အဖြစ်များတတ်တဲ့ ခါးဆစ်ရိုးဒစ်ကျွံတာ အတွက်ကို ခွဲစိတ်ကုသမှသာ ခြေထောက်နာ၊ ခါးနာသက် သာရာ ရတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီနေရာမှာတော့ ခွဲစိတ်တာ နဲ့ပတ်သက်ပြီး ဗြိတိသျှနိုင်ငံမှ ဆေးဂျာနယ်တစ်ခုမှာ ၃၂နှစ်အရွယ် အမျိုးသမီးလူနာတစ်ယောက်ရဲ့ရှုထောင့်ကနေရေးသား ထားတဲ့Sciatica ကိုယ်တွေ့ခံစားချက်လေးတစ်ခုကို ပြန်လည်မျှဝေပေးချင်ပါတယ်။ ထိုစာစုတိုလေးမှာ သူမဟာ အပန်းဖြေခရီး တစ်ခုထွက်ရင်း ခါး<ြွကက်သားတွေနာကျင်တာကနေ အစပြုပြီး ခါးအောက်ပိုင်းတွေ ကိုက်နေတတ်တာ၊ ခြေ ထောက်မှာ ထုံကျဉ်နေတာစတာတွေကို ကိုးလလောက် ခံစားလိုက်ရကြောင်းကိုဖော်ပြထားပါတယ်။ နောက်ပိုင်း မှာတော့ သူ့ရဲ့ညာဘက်ခြေထောက်ဟာ နာကျင်တာအင် မတန်ဆိုးရွားလာတဲ့အတွက် အိမ်ကနေတောင် ဘယ်မှ မသွားနိုင် ဖြစ်ခဲ့ရတယ်။ ဆရာဝန်ကြီးက MRI ဓာတ် မှန်ရိုက်ခိုင်းကြည့်တဲ့အခါ မှာ ခါးဆစ်ရိုးအဆစ်ဒစ် ပြားတစ်ခု တော်တော်ကြီး ကျွံနေတာကို တွေ့လိုက် ရပြီး နောက်ပိုင်းမှာလည်း လက္ခဏာတွေ ပိုဆိုးလာ တာနဲ့ သူခွဲစိတ်မှုခံယူလိုက် ပါတယ်။ ခွဲစိတ်ပြီးနောက် ပိုင်းမှာ ခါးနာတာတွေ၊ ခြေ ထောက်နာတာတွေ တ ဖြည်းဖြည်းပြန်သက်သာ လာပြီး လုံးဝပြန်ကောင်း သွားတယ်။ အလုပ်လည်း ပြန်သွားနိုင်ပြီး ပတ်ဝန်း ကျင်နဲ့ပြန်လည်ထိစပ်နိုင် လာပါတယ်။ ဒါပေမဲ့လည်း လအနည်းငယ်ကြာတဲ့အ ခါမှာ လက္ခဏာတွေပြန် ပေါ်လာတယ်။ အရင်မခွဲ စိတ်ခင်လောက်ကတော့ မဆိုးပေမယ့် နောက်ထပ် MRI ရိုက်ကြည့်တဲ့အခါ မှာ ဒစ်ပြားနှစ်ခုအနည်း ငယ်စီကျွံနေတာနဲ့ အခြား ဒစ်ပြားနှစ်ခုကတော့ မ ကောင်းဘဲဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဒုတိယ အကြိမ်ခွဲစိတ်နိုင်ဖို့ကတော့ နည်းနည်းစောင့်ရဦးမယ် ဖြစ်ကြောင်း ဆရာဝန်ကြီး က ပြောပြပါတယ်။ သူမ လည်း ဒီကြားထဲမှာ နာ တာ၊ ကျင်တာနဲ့ စိတ်ဒုက္ခ ရောက်ရတာနဲ့ တော်တော် လေးအကျပ်ရိုက်နေတယ် လို့ သိရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်Sciatica ပျောက်ဖို့အတွက် တစ်ခေါက်ခွဲစိတ်ထားပြီးဖြစ်ပေမယ့် နောက်တစ်ခေါက်ပြန်နာမယ်ဆိုရင်တော့ ထပ်ပြီးတော့ စမ်းသပ်ဖို့ လိုရင်လိုအပ်မှာမျိုး၊ ခွဲစိတ်ရမှာမျိုးလည်း ဖြစ်တတ်တယ်ဆိုတာကို သိထားသင့်ပါတယ်။ ဒါကြောင့် နိဂုံးချုပ်အားဖြင့်တော့ ပေါင်တန်း တယ်၊ ခါးနာတယ်ဆိုတာကို ရမ်းသမ်းပြီးတော့ နင်း တာနှိပ်တာ၊ အကိုက်အခဲပျောက်ဆေးတွေ လွယ်လွယ် ဝယ်ပြီးသက်သာရုံမျှ ကြာရှည်စားနေတာမျိုးကို ရှောင် ကြဉ်သင့်ပါတယ်။ သေချာနားမလည်ဘဲနဲ့ တလွဲနှိပ်မိ ရင် ခါးရိုးဆစ်ကိုပိုပြီးဒဏ်ဖြစ်စေမှာဖြစ်သလို အကိုက် အခဲပျောက်ဆေးတွေကို ဒီတိုင်းစွဲသောက်နေရင်လည်း ဆေးတွေရဲ့ဆိုးကျိုးတွေကိုခံရပါမယ်။ ဒါကြောင့် ဘေး ဖြစ်နိုင်တဲ့Sciatica လား၊ ပြန်ပျောက်လောက်မယ့် Sciatica လားဆိုတာကို သိနိုင်ဖို့ ခါးနာ၊ ပေါင်တန်းပြီး အ ကြောညပ်သလိုဖြစ်ရင် နားလည်တတ်ကျွမ်းသူများနဲ့ သေချာကုပါဟုလည်း အကြံပြုလိုပါကြောင်း။
နေခြည် (ဆေး-၁)

Leave a Reply

Your email address will not be published. Required fields are marked *