ဆူနာမီ တိမ်တိုက်လှိုင်းလုံးကြီး အင်ဒိုနီးရှားမှာ ဖြစ်ပေါ်၍ လူတွေ အထိတ်တလန့်ဖြစ်နေ

အင်ဒိုနီးရှားနိုင်ငံ တောင်ပိုင်းဆူလာဝေစီက မာကာဆာလေဆိပ်မှာ အင်္ဂါနေ့ နေ့လယ်ပိုင်းက လေယာဉ်ခရီးစဉ် ငါးခု ပျံတက်ဖို့ကို ရပ်တန့်ခဲ့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ လေဆိပ်ပတ်လည်မှာ တိမ်စိုင်တိမ်လိပ်တွေ ဖုံးလွှမ်းလာတာကြောင့်ပါပဲ။

ဖြစ်ပေါ်လာတဲ့ တိမ်စိုင်တိမ်လိပ်တွေဟာ လှိုင်းလုံးကြီးတွေလို တစ်လိပ်လိပ် တက်လာပြီး ဆူနာမီရေလှိုင်းတွေလိုမျိုးပဲ ဖြစ်တာကြောင့် ဒေသခံပြည်သူတွေ အထိတ်တလန့် ဖြစ်သွားခဲ့ရပါတယ်။ဆူလတန်ဟာဆန်နုဒင် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ခုလို ကြုံတွေ့ဖြစ်ပွားတာဖြစ်ပြီး လေဆိပ်ကို ဆင်းသက်မယ် လေယာဉ်တွေဟာလည်း တိမ်စိုင်တွေ ရှင်းလင်းချိန်အထိ မိနစ် ၂၀ ခန့် စောင့်ဆိုင်းပြီး မှ ဆင်းသက်ခဲ့ရပါတယ်။

ဒီလို ဆူနာမီတိမ်တိုက်လှိုင်းလုံးကြီးတွေ ဖြစ်ပေါ်နေတဲ့ အချိန်အတောအတွင်းမှာ မြေပြင်ထိန်းချုပ်ရေးစခန်းက လေယာဉ်တွေကို မဆင်းသက်စေတာပဲ ဖြစ်ပါတယ်။ ဖြစ်ပေါ်တဲ့ တိမ်တိုက်တွေဟာ တိမ်စိုင်မည်းတွေဖြစ်ပြီး မိုးကြိုးပစ်နိုင်ခြေလည်း ရှိနေတာကြောင့် တားမြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ဆန်ဒါရေလက်ကြားမှာ ဆူနာမီဖြစ်ပေါ်လို့ လူပေါင်း ၄၀၀ ထက်မနည်း သေဆုံးထားတာ မကြာသေးချိန် အခုဖြစ်ပေါ်တဲ့ ဆူနာမီတိမ်တိုက်တွေကြောင့် ဒေသခံပြည်သူတွေ အထိတ်တလန့် ဖြစ်ခဲ့ကြရပါတယ်။ ဆန်ဒါရေလက်ကြားမှာ ဒီဇင်ဘာ ၂၂ ရက်က မီးတောင်ပေါက်ကွဲရာက ရေအောက်မြေပြိုမှုဖြစ်ပြီး ဆူနာမီလှိုင်း ဖြစ်ပေါ်ခဲ့တာပါ။

အိမ်နီးချင်း ဗဟိုဆူလာဝေစီပြည်နယ်မှာလည်း စက်တင်ဘာ ၂၈ ရက်မှာ အားကောင်းတဲ့ ငလျင်ကြောင့် ဆူနာမီဖြစ်ပေါ်ပြီး လူပေါင်း ၂၀၀၀ ကျော်ထက်မနည်း သေဆုံးထားတာလည်း ဖြစ်ပါတယ်။အခု ဆူနာမီတိမ်တိုက်တွေ ဖြစ်ပေါ်တာကို ဒေသခံတွေအချို့က အွန်လိုင်းပေါ် ပို့စ်တွေတင်ပြီး ဖော်ပြကြပါတယ်။ “ဒါက ဘာလက္ခဏာလဲ။ တိမ်တွေဟာ သမုဒ္ဒရာက ရေလှိုင်းကြီးတွေလိုပဲ။ ဘေးမသီ ရန်မခကြပါစေနဲ့။”လို့ တွစ်တာသုံးစွဲသူတစ်ဦးက ပို့စ်ရေးတင်ခဲ့ပါတယ်။

“၂၀၁၉ ရဲ့ ပထမဆုံးရက်မှာပဲ မာကာဆာကောင်းကင်က ကျွန်တော်တို့ကို အလှပြတယ်။ ကောင်းကင်မှာ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်စေခဲ့တယ်။ ဒါပေမယ့် စိတ်အေးအေး ထားကြပါတယ်။ မိုးလေ၀သခန့်မှန်းသူတွေက ဒါမျိုးဟာ ဖြစ်တတ်ကြောင်းနဲ့ အခြားတိုင်းပြည်တွေမှာလည်း ဖြစ်ပေါ်ကြောင်း ပြောထားပါတယ်။”လို့လည်း နောက်ထပ်တွစ်တာသုံးစွဲသူတစ်ဦးက ရေးသားထားပါတယ်။

Embedded video

Nu’@Nunuf4

Pertanda apa ini??? Awan bentuk ombak, makassar, sulawesi selatan.

Berilah kesabaran dan lindungi kami atas semua ujianmu🙏

See Nu”s other Tweets

Rf; Asia One

Writer – မောင်သံဆင့်(Daily Hot News)

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *