အနုပညာရှင်များစွာ နဲ့ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တဲ့ အိချောပိုရဲ့ အသက် ၂၈ နှစ်ပြည့် မွေးနေ့ပွဲ

မေ​န့က မင်းသမီးလေး အိချောပိုရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ အနုပညာပျိုးခင်းကစင်တင်ပေးလိုက်တဲ့ မင်းသမီးလေးတစ်လက်ဖြစ်တဲ့ အိချောပိုကတော့ လက်ရှိရုပ်ရှင်နှင့်ဗီဒီယိုလောကမှာ အောင်မြင်နေတဲ့မင်းသမီးလေးတစ်ဦးဖြစ်ပါတယ်။ အိချောပိုကတော့ ယနေ့ ကျရောက်လာတဲ့ သူမရဲ့ မွေးနေ့လေးမှာအလှူအတန်းတွေပြုလုပ်ခဲ့ပြီးတော့ ညနေပိုင်းမှာ မွေးနေ့ပါတီလေး ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင်အိချောပိုရဲ့အသက်၂၈နှစ်ပြည့် Birthday Partyကို ဒီကနေ့ ဇန်နဝါရီလ၃ရက်နေ့ ညနေ၆နာရီကနိုဗိုတယ်ဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။အသက်၂၈နှစ်ပြည့်မွေးနေ့မှာ မွေးနေ့တစ်နေ့လုံးကို အလှူအတန်းတွေနဲ့ဖြတ်သန်းဖြစ်ခဲ့ပြီး ညပိုင်းbirthday party ကိုတော့ အနုပညာများစွာတက်ရောက်ခဲ့ပါတယ်။

ပရိသတ်ကြီးအတွက် အိချောပိုရဲ့မွေးနေ့ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ အိချောပိုကိုမွေးနေ့ဆုတောင်းစကားလေးပြောပေးခဲ့ကြဦးနော်။

Photo Source : Popular Journal

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *