ပကာသနမရှိတဲ့ Hollywood မင်းသားကြီး Keanu Reeves ရဲ့ချစ်စရာမြင်ကွင်းများ

Keanu Reeves လို့ပြောလိုက်တာနဲ့ ယောကျာ်းပီသတဲ့ အသွင်အပြင်နဲ့ အက်ရှင်ကားတော်တော်များများမှာ တွေ့ရတတ်တဲ့ မင်းသားချောကြီး တယောက်ဆိုတာ တကမ္ဘာလုံးသိကြမှာပါ။ တကယ့်ကို Hollywood ကြယ်ပွင့်တယောက်ဖြစ်ပြီး ကြေးအကြီးဆုံး မင်းသားတွေထဲက တယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ဘဝဖြတ်သန်းမှုကတော့ ရိုးရိုးရှင်းရှင်းလေးဖြစ်ပြီး ဘာပကာသနမှ မရှိခဲ့ပါဘူး။ Keanu Reeves ကလူသားအရမ်းဆန်တဲ့ လူတယောက်လည်း ဖြစ်ပါတယ်။ သူဟာ တူညီရဲ့ ဝတ်စုံပုံစံကိုလည်း နှစ်တွေ အများကြီးဝတ်ခဲ့တဲ့ မင်းသားတယောက်လည်း ဖြစ်ပါတယ်။ ပါတီပွဲတွေကိုလည်း မခုံမင်သလို ပျော်ပွဲရွှင်ပွဲတွေမှာလည်း သိပ်မတွေ့ရတတ်ပါဘူး။ သတင်းထောက်တွေကိုလည်း ရှောင်တတ်တဲ့ ဆယ်လီတွေထဲမှာ မပါသလို သူပျော်ရာပဲ သူလုပ်နေတတ်တဲ့ ကမ္ဘာကျော်မင်းသားကြီး တယောက်ပါ။ သူပြင်ပလောကမှ တယောက်ထဲ လျှောက်သွားလာနေတဲ့ ပုံတွေကတော့ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့ပါတယ်။ ဒါကြောင့်ပြောချင်လွန်းလို့ပေ့ခ်ျကတော့ ပကာသနမရှိတဲ့ မင်းသားကြီး Keanu Reeves ရဲ့ချစ်စရာမြင်ကွင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

မင်းသားကြီး Keanu Reeves လမ်းဘေးဆိုင်တစ်ဆိုင်မှာ ဘီယာသောက်နေတာ ဖြစ်ပါတယ်။ ဘီယာသောက်ပြီး အမူရာပျက်နေတဲ့ Keanu Reeves ရဲ့ချစ်စရာ အမူရာလေး ဖြစ်ပါတယ်။

မင်းသားကြီး Keanu Reeves လေယာဉ်စီးနေတုန်း သူ့ရဲ့ချစ်စရာကောင်းတဲ့ အရုပ်လေးကို လေယာဉ်ပေါ်ကနေ အောက်ကအကြောင်းရာလေးတွေကို ရှင်းပြနေတာ ဖြစ်ပါတယ်။ ကလေးတယောက်လိုပဲ ချစ်စရာကောင်းလှပါတယ်။

ငွေကြေးချမ်းသာတဲ့ မင်းသားတယောက်အနေနဲ့ ခရစ္စမတ်ပွဲတော်ကို ခမ်းခမ်းနားနားကျင်းပကြမှာ အမှန်ပါပဲ။ ဒါပေမယ့်လည်း Keanu Reeves ကတော့ အဲ့လိုမဟုတ်ပါဘူး။ ခရစ္စမတ်အတွက် ခရစ္စမတ်သစ်ပင်လေးကို သူ့ရဲ့ကိုယ်ပိုင် Porsche ကားလေးနဲ့ သယ်သွားတာကို တွေ့ရမှာပါ။

မင်းသားကြီး Keanu Reeves ကတော့ နေ့လည်စာကို သာမန်လမ်းဘေးဆိုင်မှာ စားပြီးတော့ ပင်ပန်းပြီး အိပ်ငိုက်နေတာ ဖြစ်ပါတယ်။

မင်းသားကြီး Keanu Reeves ကတော့ ပွဲတစ်ပွဲကို လာရောက်တတ်တဲ့အချိန်မှာတော့ သူ့ရဲ့ဖိနပ်ဟာ တော်တော်လေးကို စုတ်နေပါပြီ။ သူ့အတွက် ဖိနပ်သစ်ဆိုတာလည်း မလိုအပ်ပါဘူး။

Keanu Reeves ကတော့ တခြားဆယ်လီတွေလိုမျိုး ကင်မရာမန်းတွေနဲ့ ဓါတ်ပုံရိုက်မနေပါဘူး။ သူ့ရဲ့ ကိုယ်ပိုင်ဖုန်းလေးနဲ့ပဲ ဓါတ်ပုံကို ခက်ခက်ခဲခဲရိုက်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒါကလည်း မင်းသားကြီး Keanu Reeves ရဲ့ချစ်စရာကောင်းတဲ့ အမူအရာပါပဲ။ လမ်းဘေးတနေရာမှာ ဝိုင်သောက်ပြီး အဲ့နေရာမှာပဲ အိပ်ပျော်နေတာ ဖြစ်ပါတယ်။

Keanu Reeves ရဲ့လူသားဆန်မှုကတော့ အံ့မခန်းပါပဲ။ အိမ်ခြေမဲ့ တယောက်နဲ့ သူ့လိုနာမည်ကြီး တယောက်ဆိုသာ သာမန်အနေနဲ့ ဘာမှမဆိုင်ပါဘူး။ ဒါပေမယ့်လည်း သူကတော့ အိမ်ခြေမဲ့နဲ့လည်း ခွက်ခြင်းတိုက်နေတော့တာပါပဲ။

နောက်ထပ်သူ့ရဲ့ချစ်စရာကောင်းတဲ့ အမူအရာတခုကတော့ သူ့ပရိသတ်တွေကို အမြဲပျော်ရွှင်အောင်ထားတာပါပဲ။

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *