ဝမ်းနည်းမှုတွေကို မြိုသိပ်ပါများလွန်းရင် ခန္ဓာကိုယ်မှာ ဒီလိုသက်ရောက်လာမယ်…..

ဝမ်းနည်းကြေကွဲမှုတွေဟာ သင့်ရဲ့ စိတ်ဝိညာဉ်ကို ဝါးမြိုနိုင်ရုံသာမက သင့်ရဲ့ခန္ဓာကိုယ်ကိုပါ ပျက်စီးစေနိုင်ပါတယ်။ သင့်ရဲ့ ခွန်အားတွေကို စုပ်ယူသွားပြီး သင့်အပေါ်ကို ဆိုးကျိုးတွေအများကြီး သက်ရောက်လာစေနိုင်ပါတယ်။ ဝမ်းနည်းမှုတွေိကု တစ်ယောက်တည်းကြိတ်ခံစားပြီး မြိုသိပ်ပါများလွန်းရင် သင့်ရဲ့ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာ ကြည့်လိုက်ပါနော်။ တကယ်လို့ သင်ဟာ ဒီလိုတွေ ခံစားနေရတယ်ဆိုရင် ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး စိတ်လေးကို ခဏအနားပေးလိုက်ပါနော်။

(၁) ထိခိုက်လွယ်မယ်

Shutterstock

ဝမ်းနည်းမှုတွေကို မြိုသိပ်ထားတာတွေ များလွန်းတဲ့အခါမှာ စိတ်ရှုပ်ထွေးစရာ ဘယ်လိုကိစ္စမျိုးကိုမှ သည်းမခံနိုင်တော့ပါဘူး။ အသေးအမွှားကအစ ပေါက်ကွဲလွယ်၊ ခံစားလွယ်နေမှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ အသေးအမွှားလေးတွေကအစ အရမ်းကိုဝန်လေးသလို ခံစားနေရမှာဖြစ်ပါတယ်။

(၂) ခေါင်းမူးမယ်

သင်ဟာ အိပ်ချိန်၊ စားချိန်လည်း မှန်ရက်သားနဲ့ အမြဲတမ်းပင်ပန်းနွမ်းနယ်နေတယ်၊ အားအင်တွေ ကုန်ခမ်းနေတယ်ဆိုရင်တော့ ဒါဟာ သင့်ရဲ့ဝမ်းနည်းမှုတွေကြောင့်ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းကို မသိဘဲ အမြဲတမ်း ပင်ပန်းနေတယ်၊ ခေါင်းမူးနေတတ်တယ်ဆိုရင်တော့ ဒါဟာ သင်မြိုသိပ်ထားတဲ့ ဝမ်းနည်းမှုတွေကြောင့်ဖြစ်နိုင်ပါတယ်။

READ
အသည်းကွဲပြီး နောက်ထပ်ချစ်ရမှာ ကြောက်နေတဲ့သူလေးတွေအတွက် ပေးစာ

(၃) စကားမပြောချင်ဘူး

Shutterstock

ဝမ်းနည်းမှုတွေကို မြိုသိပ်ထားတာများလာတဲ့အခါမှာ စကားတွေအများကြီးလည်း မပြောချင်တော့ပါဘူး။ မဖြစ်မနေပြောရမယ့် အကြောင်းအရာတွေကလွဲရင် တစ်ယောက်တည်းပဲ နေချင်ပြီး ကိုယ့်ခံစားချက်နဲ့ကိုယ် ခံစားချင်နေတော့မှာဖြစ်ပါတယ်။ စကားပြောနေရရင်ကို စိတ်ပင်ပန်းနေမှာဖြစ်ပါတယ်။

(၄) ကျောတွေ၊ ခါးတွေနာနေမယ်

သင့်ရဲ့တစ်ကိုယ်လုံးကို ထိန်းချုပ်ထားတာ ကျောရိုးဖြစ်ပါတယ်။ သင့်မှာ စိတ်ဖိစီးမှုတွေ များလာတဲ့အခါ၊ မြိုသိပ်ထားတဲ့ ဝမ်းနည်းကြေကွဲမှုတွေ များလာတဲ့အခါမှာ သင့်ရဲ့ ကျောကုန်းနဲ့ ခါးတွေက ကိုက်ခဲနာကျင်လာမှာဖြစ်ပါတယ်။

(၅) အအိပ်မူမမှန်ခြင်း

Shutterstock

ပြင်းထန်တဲ့ ဝမ်းနည်းကြေကွဲခြင်း၊ မြိုသိပ်ထားတဲ့ ဝမ်းနည်းမှုတွေက သင့်ရဲ့ အိပ်ချိန်တွေကို သက်ရောက်လာတော့မှာပါ။ တစ်ခါတလေ လုံးဝအိပ်လို့မရဘဲ တစ်ညလုံးနေမှ တစ်နာရီ နှစ်နာရီလောက်ပဲ အိပ်ရတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ တစ်ခါတလေ အိပ်ရေးဝရက်သားနဲ့ နိုးလာတဲ့အခါတွေမှာ တစ်ကိုယ်လုံးနုံးချိပြီး ကိုက်ခဲနေတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ ဒါတွေအားလုံးဟာ စိတ်ဖိစီးမှုရဲ့ အကျိုးသက်ရောက်မှုတွေဖြစ်ပါတယ်။

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *